Saturday, December 6, 2008

သန်းခေါင်ယံအမေးအဖြေ စာအုပ်အတွက် အလှူပါဝင်သူများ

  1. ကိုအောင်ကျော်နိုင်+မခင်ဌေးကြူမိသားစု ဆစ္ဒနီမြို့၊ သြစတေးလျားနိုင်ငံမှ လှူဒါန်းငွေ၂,၀၀၀၀၀ ကျပ်။
  2. မောင်ဝင်းမြင့်ဇော် (MIET) မော်စကို မှ လှူဒါန်းငွေ ဒေါ်လာ ၁၀၀ လှူဒါန်းကြပါသည်။
  3. ဒေါက်တာ တင့်ဇင်ဦး+ ဒေါ်ခင်သန္တာအေးမိသားစု mansfield,England ၂၀၀၀၀ ကျပ်။
  4. မောင်ပြည့်စုံအောင် (SMTU) စိန့်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း ၅၀ ဒေါ်လာ။
  5. မောင်ကျော်စိုးသူ (SMTU) စိန့်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း ၅၀ ဒေါ်လာ။
  6. မောင်ကိုကိုအောင် စဖရန်စစ္စကို၊ ၁၀၀ဒေါ်လာ။
  7. မမို့မို့မင်းသူ ဒန်ဗာမြို့၊ ကော်ရိုလာဒို ၅၀ဒေါ်လာ။

Type the rest of your post here.

7 comments:

အရှင်ဘုရား..
ဘုရားတပည့်တော် ဤသို့ယခုပြုခွင့်ရသော ဒါနအကျိုးအားကြောင့် ဘုရားတပည့်တော် အားထုတ်ဆဲဖြစ်သော ရုပ်နာမ်ဓမ္မတို့၏ ဖြစ်မှုပျက်မှုကိစ္စ၌သိသော ကိစ္စဉာဏ်သည် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရုတ်သိမ်းသည့် အသင်္ခတအငြိမ်းဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုသည့် ကတဉာဏ်သို့ ကျေးဇူးပြုကြောင်း အထောက်အပံ့ဖြစ်ရပါစေ...
ဤသို့ယခုပြုရသောဒါနကုသိုလ် အဖိုးပါဒကို ကျေးဇူးကြီးမားလှသော မိဘ၊ ဆရာသမားတို့အားလည်းကောင်း၊ ယခုကော့မန့်ဖတ်ရှု နေသော သူတော်ကောင်းဓမ္မမိတ်ဆွေတို့အားလည်းကောင်း နှင့် တကွသော (၃၁)ဘုံကျင်လည်နေကြကုန်သော သတ္တဝါအပေါင်းတို့အားလည်းကောင်း ဘုရားတပည့်တော်နှင့် ထပ်တူထပ်မျှရကြပါစေ အမျှပေးဝေပါ၏။ ဤအမျှရကြ၍ အားလုံးသောသူအပေါင်းတို့အား သစ္စာလေးပါးတရားတော်မြတ်အား ထိုးထွင်းသိ၊ ပိုင်းခြားသိခြင်းအကြောင်းသို့ ကျေးဇူးအထောက်အပံ့ပြုနိုင်ကြပါစေသတည်း။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ အေးမြကြပါစေ..
လေးစားစွာဖြင့်
ဝင်းမြင့်

ဦးဝင်းမြင့်ခင်ဗျား။
လှိုက်လဲံဝမ်းမြောက်စွာ သာဓုခေါ်သွားပါတယ်။
တောင်းတဲ့ဆုတွေ ပြည့်ပါစေ။

အလှူဒါန အားလုံးအတွက် ၀မ်းမြောက်ဝမ်းသာ သာဓု သာဓု သာဓု ခေါ်ဆိုပါတယ်။

သာဓု သာဓု သာဓု ပါ ကိုဝင်းမြင့် ခင်ဗျာ ...။

ကျေးဇူးတင်ပါတယ် ကိုဝင်းမြင့

>>> ဤကောင်းမှုကုသိုလ်ကံ စေတနာတို့ကြောင့် တပည့်တော်အားထုတ်ဆဲဖြစ်သော ၀ိပဿနာဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ ကျေးဇူးပြုသောအားဖြင့် ပဋိသန္ဓနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့၏ ကင်းရာ၊ ကုန်ရာ၊ ချုပ်ရာ၊ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

>>> ဤသို့ပြုရသောဒါနကုသိုလ်၏ အဖိုးပါဒကို မွေးသမိခင် ဒေါ်မြင့်အုန်းနှင့် ကွယ်လွန်သွားရှာလေပြီးသော ဖိုးသား၏ ဖေဖေ (ဦးကြည်လှိုင်) တို့အားလည်းကောင်း၊ ကိုယ်စောင့်နတ်အားလည်းကောင်း၊ ကျေးဇူးကြီးမားလှသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့အားလည်းကောင်း၊ ၀ိပဿနာ အလင်းတန်းကို ထိုးထွင်းသိ၊ ပိုင်းခြားသိအောင် အစ်ကိုလိုတစ်မျိုး၊ ဆရာလိုတစ်သွယ်၊ မိတ်ဆွေလိုတစ်ဖုံ နည်းစုံအောင် သွန်သင်ဆုံးမ လမ်းညွှန်ပေးခဲ့သော အစ်ကို ၀င်းမြင့်အား လည်းကောင်း၊ ဖိုးသား ဟူသောနာမည်၏ ဖန်ဆင်းရှင် ဆရာတော် အရှင် နာယကာ လင်္ကာရ အားလည်းကောင်း၊ ကွယ်လွန်လေပြီးသော ဖိုးသား၏ ဘိုးဘွားတို့အား လည်းကောင်း၊ ကွယ်လွန်လေပြီးသော အမေရဲ၊ DSA အပတ်စဉ် 45 မှ ကိုဖုန်းကိုကိုနှင့် DSTA အပတ်စဉ် 8 မှ ကိုကျော်ထင်လင်းတို့အားလည်းကောင်း၊ ယခုကော့မန့်ဖတ်ရှု နေသော သူတော်ကောင်းဓမ္မမိတ်ဆွေတို့ နှင့် တကွ (၃၁)ဘုံ ကျင်လည်နေကြကုန်သော သတ္တဝါအပေါင်းတို့အား ဘုရားတပည့်တော် ဖိုးသားနှင့် ထပ်တူထပ်မျှရစေခြင်းငှာ အမျှပေးဝေပါ၏။

>>> ဤ အမျှပေးဝေမှုကို ရရှိကြကုန်သော ပုဂ္ဂိုလ် သတ္တ၀ါအပေါင်းတို့သည် သစ္စာလေးပါး တရားတော်မြတ်အား ထိုးထွင်းသိ၊ ပိုင်းခြားသိနိုင်ခြင်းအကြောင်းသို့ ကျေးဇူးပြု၊ အထောက်အပံ့ပြုနိုင်သည် ဖြစ်ပါစေကြောင်း ဖိုးသားမှ အဖြူရောင်မေတ္တာများနှင့် ဆန္ဒပြု ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျာ၊ ရအောင်လည်း ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်သည် ဖြစ်ပါစေသား။

>>> အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံနိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား တစ်ဖြစ်
ပြည့်စုံအောင်

08.12.2008, MON:, 08:17:36 pm

သာဓု သာဓု သာဓု
ကျေးဇူးအများကြီးတင်ပါတယ်..

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More