This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ဓမ္မ၊ ရသ ဆောင်းပါး။. Show all posts
Showing posts with label ဓမ္မ၊ ရသ ဆောင်းပါး။. Show all posts

Thursday, February 24, 2011

လောကကို လွှမ်းမိုးသော အမှန်တရားတစ်ခု (သို့မဟုတ်) ဒုက္ခသစ္စာ

လောကမှာ လူတွေ နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်နေကြတာ၊ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ နေ့စဉ် ပြေးလွှား နေကြတာဟာ “ချမ်းသာသုခ”ကိုရှာဖွေဘို့ အလုပ်များနေကြတာပါ။ ဘယ်လိုပဲ အပင်ပန်းခံပြီး သုခကိုရှာဖွေ သော်ငြားလည်း လူသားတွေနေ့စဉ်ရင်ဆိုင်ကြုံတွေ့နေကြရတာတော့ လောကရဲ့ အမှန်တရားဖြစ်တဲ့ ဒုက္ခသစ္စာ ပါပဲ။ ဒါဟာလည်း လုံးဝရှောင်လွှဲလို့မရတဲ့ “အမှန်တရားတစ်ခုပါ”။ တစ်ကယ်တော့ “ချမ်းသာဆိုတဲ့ သဘော ကိုက ဒုက္ခနဲ့ကင်းပြီး ရလာရိုးထုံးစံမရှိပါဘူး။ လောကီ အာရုံကာမဂုဏ်တရားတွေကို လူတွေက ချမ်းသာလို့ မှတ်ယူကြတာပါ၊ (မဂ်၊ ဖိုလ် မရသေးတဲ့သက်ရှိသတ္တ၀ါတိုင်းပေါ့)၊ ဒီချမ်းသာသုခတွေဟာ သောက်လေ သောက် လေငတ်မပြေ၊ နောက်ဆုံး သောက်နေရင်းနဲ့ပဲ ဒုက္ခရောက်ကြရတာပါပဲ။ ချမ်းသာနောက်ကို လိုက်နေသမျှတော့ ကိုယ့်အရိပ်ကို ဖမ်းမိဘို့ ကြိုးစားနေတဲ့ လူရူးတစ်ယောက်လို နောက်ဆုံးတော့ အမောစို့လဲကျရတဲ့နိဂုံးမှာ အဆုံးသတ်ကြရတာပါပဲ။

လောကမှာချမ်းသာကြီးပွါးနေတဲ့ လူတစ်ယောက်ကို လူသားတွေက အားကျတတ်ပါတယ်။ တစ်ကယ်တမ်းသူတို့ အားကျတယ်ဆိုတာ အဲဒိလူချမ်းသာရဲ့ စည်းဇိမ်ချမ်းသာကိုပဲ မြင်ပြီး အားကျတာပါ။ အဲဒိစည်းဇိမ်ချမ်းသာနောက် က ကြိးမားလွန်တဲ့ သောက၊ ဒုက္ခတွေရဲ့ ထုတည်ကို မြင်နိုင်ရင်တော့ အပြည့်အ၀ အားကျနိုင်မယ်မထင်ပါဘူး။ လောကမှာ ဆိုရိုးစကားတစ်ခွန်းရှိပါတယ်။ “သူဌေးကြီးရင် ကြွေးကြိးတယ်” တဲ့။ လောကမှာတစ်ဆယ်ပဲ ချမ်းသာ တဲ့သူဟာ သူတစ်ပါးဆီက အရင်းနှီးငွေချေးတဲ့အခါမှာ တစ်ဆယ်ထက်သူ ပိုမချေးပါဘူး။ တစ်ရာရှိတဲ့သူကတော့ နှစ်ရာချေးဘို့ ၀န်မလေးသလို သုံးရာဆိုလည်း ခပ်လွယ်လွယ်ပါပဲ။ ဒါက သူရဲ့လည်ပါတ်နိုင်စွမ်းကို သူယုံကြည် တာပါ။ ဒါပေမယ့် အဲဒိလို မလည်ပါတ်နိုင်လို့ သတင်းစာထဲမှာ သန်းကြွယ်သူဌေးတွေရဲ့ ကိုယ့်ကိုယ်ကို အသုံးစီ ရင်တဲ့ သတင်းတွေကို လစဉ်နဲ့အမျှ ဖတ်နေကြရတာပါ။ ငွေကြေးစည်းဇိမ်တွေဟာ ရှာဖွေရစဉ်မှာလည်း အလွန် ဆင်းရဲလှပါတယ်။ လောဘ၊ ဒေါသ၊ မောဟ ဆိုတာတွေဟာ စီးပွါးရေးသမားတွေအတွက် နေ့စဉ်ပေါင်းသင်း နေရတဲ့ မရှိမကောင်း၊ ရှိမကောင်း အပေါင်းသင်းတွေပါပဲ။ စီးပွါးရေးလောကမှာ တစ်ယောက်နဲ့ တစ်ယောက် ခေါင်းပုံဖြတ်တာတို့။ မတရား အနိုင်ယူတာတို့ ဆိုတာတွေဟာ ကြာလာတော့လည်း “အမှားကြာ အမှန်ဖြစ်” ဆိုသလိုပဲ အကုသိုလ်လို့ကိုလို့ မထင်ကြတော့ပါဘူး။ သူတို့အမြဲလက်ကိုင်ထားကြတဲ့ စကားကတော့ “အူမ တောင့်မှ သီလစောင့်နိုင်မယ်”ဆိုတဲ့ စကားပါ။ အဲဒိလို အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုရင်တော့ ဘယ်တော့ မှ သီလစောင့်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ လူသားတို့ရဲ့အူမဟာ မသေမချင်း ဘယ်တော့မှ တောင့်မှာ မဟုတ်လို့ပါပဲ။

အဲဒိလို မနေမနားနဲ့ရှာဖွေထားတဲ့ ပစ္စည်း၊ဥစ္စာတွေကို မပျောက်မပျက်အောင် ထိမ်းသိမ်းရတဲ့နေရာမှာတော့ ရှာဖွေတုံးကထက်ကို ပိုပင်ပန်းပါတယ်။ တစ်ချို့ဆို စစ်တပ်နဲ့ အစောင့်ချရတဲ့ သူဌေးတွေတောင် ကမ္ဘာမှာ ကြား ဖူးပါတယ်။ အဲဒိ သူရဲ့ စိတ်အစဉ်ကို သူရဲ့ ပစ္စည်းဥစ္စာတွေက အမြဲပဲချည်နှောင်လို့ထားပါတယ်။ စားစား၊ သွား သွား၊ သူဟာ လွတ်လပ်မှုမရှိတော့ပါဘူး။ ဟော-အကြောင်းအမျိုးနဲ့ အဲဒိစည်းဇိမ်တွေ ပျောက်ပျက်ကုန်ဆုံး သွားတဲ့အခါမှာတော့ စည်းဇိမ်ရှင်ရဲ့ သောကဟာ အထွဋ်အထိပ်ကို ရောက်သွားတော့တာပါပဲ။ အဒီမှာ ကိုယ့် ကိုယ်ကို အဆုံးစီရင်တဲ့ ဇာတ်လမ်းတွေက ခေတ်စားလာတော့တာပါပဲ။ ခုလို ပြောတာဟာ ပစ္စည်းဥစ္စာ ရှာဖွေ စုဆောင်းခြင်း မပြုရဘူးလို့ မဆိုလိုပါဘူး။ ရှာဖွေတဲ့အခါမှ သတိလေးနဲ့ မသမာလောဘထားပြီး အန္တရယ်မကင်း တဲ့ရှာဖွေနည်းနဲ့ မရှာဖွေမိဘို့နဲ့။ ရလာတဲ့ပစ္စည်း ဥစ္စာပေါ်မှာ အလွန်အကျွံမတပ်မက်စေပဲ၊ အကယ်၍များ ကံမကောင်း၊ အကြောင်းမလှလို့ ပျောက်ပျက်သွားတဲ့အခါမှာလည်း “ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက်” ဆိုတဲ့ လောက သဘာဝကို နှလုံးသွင်းလို့လောကမှာ ဆက်လက်ပြိးအေချမ်းစွာနေထိုင်နိုင်ဘို့အတွက် အလွန်ပဲအရေး ကြိးလှပါတယ်။

မြတ်စွာဘုရားက ဓမ္မစကြာဒေသနာတော်မှာ “ဒုက္ခစာရင်း”ကို ဟောကြားပေးထားတာရှိပါတယ်။ အဲဒိဆင်းရဲ ဒုက္ခတွေကတော့ (၁)အမိဝမ်းမှာ ကိန်းအောင်းရခြင်းဟာလည်း အလွန်ဆင်းရဲပါတယ်။ ဒါကတော့ လူတွေမမှတ် မိကြတော့ ဒီဆင်းရဲကို လူတွေက စာရင်းထဲမှာ မထည့်ကြပါဘူး။ ဒါပေမယ့် အကယ်၍များ မှတ်မိမယ်ဆိုရင် တော့ ကျဉ်းကျဉ်းကြပ်ကြပ်လေးထဲမှာ ဘယ်လောက်ပူလောင်ဆင်းရဲလိုက်မလဲဆိုတာ ခန့်မှန်းမိမှာပါ။ (၂) အိုရ ခြင်းဟာလည်း ဆင်းရဲပါတယ်တဲ့။ ဒါကတော့ အားလုံးမြင်သာတဲ့ ဆင်းရဲတစ်ခုပါ။ အိုလာပြီဆိုရင် ဘာမှမ တော့ပါဘူး။ ဒါက ထင်ရှားတဲ့ ဆင်းရဲမို့ အကျယ်ချဲ့စရာမလိုတော့ပါဘူး။ (၃) ကျန်းမာရေး မကောင်း ဖြစ်ရခြင်း ဟာလည်း ကြီးမားတဲ့ဆင်းရဲတစ်ခုပါ။ တစ်ချို့ဆို အသက်ရှင်နေပေမယ့် လူသေတစ်ယောက်လို အိပ်ယာထဲ တစ် ချိန်လုံးလှဲနေရတဲ့ နာကျင်နေရတဲ့ လူမျိုးတောင် လောကမှ ရေတွက်လို့ မကုန်နိုင်ပါဘူး။ ဘယ်လောက် ဆင်းရဲ မလဲဆိုတာ တွေးသာကြည့်ပေတော့။ နောက်(၄)ကတော့ လောကရဲ့ အထွဋ်အထိပ် ဆင်းရဲပါ။ ဘာလဲ ဆိုတော့ “သေခြင်း”။ လောကမှာ ဘယ်သူမှ မသေချင်ပါဘူး။ (စိတ်ဓါတ်ပုံမှန်ရှိမယ်ဆိုရင်ပေါ့လေ)။

လမ်းဘေးမှာတောင်းစားနေတဲ့ သူတောင်းစားတွေတောင် ဒီလောက်ဆင်းရဲတာ “သေချင်လား”လို့သွားမေးရင် သူက မသေချင်ဘူးလို့ပဲဖြေမှာပါ။ ဘာလို့လည်းဆိုတော့ “သေခြင်းဆင်းရဲ”ဟာ နေစရာမရှိ၊ စားစရာမရှိတဲ့ ဆင်းရဲထက်ပိုဆိုးလို့ပါ။ သတ္တ၀ါတွေမှာ ဘ၀ကိုတပ်မက်တတ်တဲ့ “ဘ၀နိကန္တိကတဏှာ”ဆိုတာရှိပါတယ်။ အဲဒိ တဏှာကြောင့်ပဲ စကားပြောတတ်မယ်ဆိုရင် လမ်းဘေးက ခွေးလေးတစ်ကောင်ကို သေချင်လားလို့သွားမေး ရင် သူလည်းသေချင်တယ်လို့ ပြောမှာမဟုတ်ပါဘူး။ နောက်ဆင်းရဲတစ်မျိုးကတော့ အသက်ရှင်ကြတဲ့ သူတွေ အတွက်တော့ အဆိုးဆုံးလို့ မှတ်ယူထားကြတဲ့ ဆင်းရဲပါ။ (၅) မချစ်တဲ့သူနဲ့ အတူနေရခြင်း (၆)ချစ်တဲ့သူနဲ့ ဝေးကွားရခြင်းဆိုတဲ့ ဆင်းရဲကို လူသားတွေအလွန်ပဲကြောက်ရွံ့လှပါတယ်။ ဘယ်လိုပင်ကြောက်ရွံ့သည်ဖြစ်စေ၊ ဒီဆင်းရဲကို မည်သူမျှ ကျော်လွန်နိုင်ခြင်းမရှိပါဘူး။ လူတွေဟာ ချစ်တဲ့သူနဲ့တွေ့တဲ့ အခါ ပျော်တယ်၊ စကားအတူ ပြောရရင်ပျော်တယ်။ ကိုယ်ချစ်တဲ့သူကို အမြဲပဲ မြင်နေတွေ့နေချင်တယ်။ တစ်ခါတစ်ရံသတိ လက်လွှတ်ချစ်မိပြီ ဆိုရင်တော့ ၀မ်းနည်းစရာတွေဖြစ်လာတော့တာပါပဲ။ ချစ်ရင်လည်းသတိလေးနဲ့ ချစ်တတ်ဘို့ အရေးကြိးပါတယ်။ ဘယ်လို သတိလေးလည်း ဆိုတော့ လောကဆိုတာ အမြဲတမ်းပြောင်းလည်းနေတယ်ဆိုတဲ့ သတိလေးတစ်ခုရှိ ရင်ကိုပဲ ချစ်ရတာသက်သာပါတယ်။ ကိုယ်ချစ်တဲ့သူဟာလည်း လူသားတစ်ယောက်ဖြစ်တဲ့အတွက် ပြောင်းလဲ တတ်တယ် ဆိုတာမမေ့ပါနဲ့။ သူကကိုယ့်ကို ချစ်တဲ့စိတ်၊ ကိုယ်က သူ့ကိုချစ်တဲ့ စိတ်တွေကရော မြဲပါတယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ (လူ့စိတ်ဟာ မျောက်စိတ်လိုပဲ လို့ အဆိုရှိတယ်မို့လား) ။

အကယ်၍များရှေ့ရေစက်တွေ ခိုင်မြဲလွန်းလို့ ချစ်ခြင်းတရားတွေ တည်တံ့တယ်ရှိစေဦး၊ လောကမှာဘယ်သူ့ကိုမှ မျက်နှာမလိုက်တတ်တဲ့ “သင်္ခါရ”တရားက တစ်ချိန်ချိန်မှာ အဲဒိချစ်ခြင်းတရားကို ခွဲပစ်မှာသေချာပါတယ်။ မုန်းတဲ့ သူကိုနေ့စဉ်မြင်နေရတဲ့ ဆင်းရဲကတော့ ပြောနေစရာတောင်မလိုတော့ပါဘူး။ နောက်အရေးကြိးတဲ့ ဆင်းရဲက တော့ (၇)လိုချင်တာ မရတာ ဆင်းရဲတစ်ခုပါ။ ကိုယ်က ပစ္စည်းတစ်ခုကို လိုချင်နေပြီဆိုရင် အဲဒိတပ်မက်မှုက တော်တော်လေးကို နှိပ်စက်ပါတယ်။ မရမခြင်း စားလည်းဒီစိတ်၊ သွားလည်း ဒီစိတ်နဲ့ အဲဒီအရာကို မရမခြင်း နေရ ထိုင်ရတာတော်တော်ကို အဆင်မပြေပါဘူး။ သက်မဲ့ အရာဝတ္ထုပေါ်မှာစွဲလမ်းမှ ဆင်းရဲတာမဟုတ်ပါဘူး။ သက်ရှိ သတ္တ၀ါတွေအပေါ်စွဲလမ်းရင်လည်း ဆင်းရဲတာပါပဲ။ တစ်ခါတစ်လေ အဲဒိဆင်းရဲက ပိုဆိုးတတ်ပါတယ်။ နောက်ဆုံး ဆင်းရဲကို စာရင်းချုပ်လိုက်တဲ့အခါ (၈) ဒီလက်ရှိပိုင်ဆိုင်ထားတဲ့ ခန္ဓာငါးပါးကို ပိုင်ဆိုင်ထားတာကိုက ဆင်းရဲတုံးကြီးကို ပိုင်ဆိုင်ထားတာပါလို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။ မြတ်ဗုဒ္ဓက လောကရဲ့ ချမ်းသာ တွေကိုလည်း မျက်ကွယ်မပြုပါဘူး။ လောကကို ဗုဒ္ဓက အခြေနေပေါ်မူတည်ပြိး အဆင့်သုံးဆင့် သတ်မှတ်တော်မူ ပါတယ်။ (၁) အဿာဒ၊ သာယာမှုလို့ အဓိပ္ပါယ်ရပါတယ်။ ချမ်းသာခြင်းရဲ့ အဓိပ္ပါယ်တူ ဝေါဟာရတစ်ခုပါ။ ကိုယ် လိုချင်တာရရင် ချမ်းသာတယ်၊ ချစ်တဲ့သူနဲ့တွေ့ရရင် ချမ်းသာတယ်၊ ရုပ်ရည်အဆင်းလှပရင် ချမ်းသာတယ် စ သည်အားဖြင့် လူသားတို့ ယုံကြည်နေကြတဲ့ ချမ်းသာကို မြတ်ဗုဒ္ဓက မျက်ကွယ်ပြုတော်မမူပါဘူး။ ဒါတွေဟာ လည်း တစ်ကယ်ရနေတဲ့အချိန်မှာ ချမ်းသာတွေပါပဲလို့ မိန့်ကြားတော်မူပါတယ်။ နံပါတ်(၂) အာဒီန၀၊ ဒါကတော့ စောစောက ချမ်းသာတွေရဲ့ အပြစ်တွေပါ။ အဲဒိချမ်းသာတွေဟာ ဘယ်အရာမှ မမြဲခြင်းသဘောရှိပါတယ်။ ချစ်သူ နဲ့တွေ့ဆုံရခြင်းရဲ့ အဆုံးဟာ လမ်းခွဲရခြင်းပါ။ ရုပ်ရည်လေးတွေ လှပနေခြင်းရဲ့ အဆုံးသတ်ဟာ မလှမပအိုခြင်း မှာ အဆုံးသတ်ရပါတယ်။ နံပါတ်သုံးကတော့ တစ်ကယ့်ချမ်းသာစစ်ကို ညွှန်ကြားတော်မူထားတာပါ၊ (၃) အာဒီန ၀၊ လွန်မြောက်ခြင်း၊ သို့မဟုတ် ထွက်မြောက်ခြင်း အဲဒိစွဲလမ်းတပ်မက်မှုတွေကို လွန်မြောက်နိုင်မှ သို့မဟုတ် အဲဒိ စွဲလမ်းတပ်မက်မှုတို့မှ ထွက်မြောက်နိုင်မှ တစ်ကယ့်ချမ်းသာစစ်ကို ရနိုင်မှာပါ။ အဲဒိချမ်းသာစစ်ကတော့ ဆင်းရဲ ခြင်းအားလုံးရဲ့ အဆုံးသတ်ရာ “နိဗ္ဗာန်”ပါပဲလို့ ညွှန်ပြုရင်း “လောကကို လွှမ်းမိုးသော အမှန်တရားတစ်ခု” ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။

“အားလုံးပဲ ဗုဒ္ဓတရားတော်နဲ့ ဘ၀ရဲ့ ငြိမ်းချမ်းရာကို ရှာဖွေနိုင်ကြပါစေ”
အရှင်တေဇာနန္ဒ(စေတနာပန်းခင်း၊ နိဗ္ဗာန်ဆော်အသင်း)

ကိုးကား
၁။ ။ဓမ္မစကြာ ပါဠိတော်
၂။ ။ဓမ္မစာပေမျိုးစုံနှင့် လောကအတွေ့အကြုံ။



Twitter Delicious Facebook Digg Stumbleupon Favorites More