This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, April 28, 2007

နတ်ပြည် ဟာ တကယ်ရှိတယ်၊ အားလုံးလက်ခံနိုင်အောင်

ကြိုးစားပြီးပြောပေးပါ့မယ်။တိုက်ရိုက်ပြောလို့တော့မရနိုင်ဘူး၊

ဥပမာပေးပြောရအောင်- အမိဝမ်းက မွေးလာကတည်းက

မျက်စိကန်းလာသော လူတစ်ယောက်သည် (ဒါက အိမ်၊ ဒါက

ကား)လို့ဘယ်လောက်ပဲပြောပြော သူမသိနိုင်ပါဘူး။ ထို့အတူ

မျက်စိကန်းနဲ့တူတဲ့ အ၀ိဇ္ဖာဆိုတဲ့ အမှောင်ထုကြီးက ပုထုဇဉ်

လူသားများကို လွမ်းမိုးထားသည့်အတွက် နတ်ပြည်စသည်က

ိ မမြင်နိုင်ပါဘူး၊ ၀ိဇ္ဖာတည်းဟူသော အသိရှိသောသူသာလျှင်

နတ်ပြည်စတာတွေကို မြင်နိုင်ကြတာပါ။နတ်ပြည်တို့ကို မြင်ဖို့

ဆိုတာ မျက်စိကန်းနဲ့တူတဲ့ ပုထုဇဉ်တို့ရဲ့အရာမဟုတ်ပါဘူး

ဘုရား၊ ရဟန္တာများ၊ ဈန်အဘိဥာဏ်ရတဲ့ သူများရဲ့ အရာသာ

ဖြစ်တယ်။ လို့ပြောလိုက်ပါရစေ ဂျစ်တူးလေးရေ ။

Thursday, April 26, 2007

သဘာဝဟာ သဘာဝပါ
ကမ္ဘာလောကကြီးအတွင်း သဘာဝတရားတွေဟာ တကယ်
လည်းရှိတယ်။ဟိုအရင်ကလည်းရှိသလို၊ အခုလည်းရှိတယ်၊
နောင်လည်းရှိနေဦးမှာပါပဲ။ဒီစကားအရ သဘာဝတရားသည်
မြတ်ဗုဒ္ဓမပွင့်ပေါ်မှီကလည်းရှိနေတာပါပဲ။သဘာဝဆိုတာ
အမှန်တရားပါ ။ အမှန်တရားသည် တကယ်ရှိတဲ့ တရားပါ ၊
ကလျာဏကာရီ ကလျာဏံ ၊ ပါပကာရီစ ၊ ပါပကံ။ကောင်းတာ
ပြုလေ့ရှိသောသူသည် ကောင်းကျိုးရမည။် မကောင်းတာ
ပြုလေ့ရှိသောသူသည် မကောင်းကျိုးရမည်။ဗုဒ္ဓဘာသာ
မြန်မာလူမျိုးမှသာ မဟုတ်ပါ၊ တစ်ခြား မူဆလင်၊ ဟိန္ဒူ ၊
ခရစ်ယန် ၊ မည်သည့်လူမျိုးမဆို ကောင်းတာလုပ်ရင်
ကောင်းကျိုးရမည် ၊ မကောင်းတာလုပ်ရင်မကောင်းကျိုး
ရမည်။ ကောင်းတာလုပ်လိုက်တာနှင့် ကောင်းကျိုးရတယ်
ဆိုတာ ဘယ်ဖန်ဆင်းရှင်မှ ဖန်ဆင်းပေးလို့ မဟုတ်ပါဘူး။
ကောင်းတာလုပ်လိုက်တာနဲ့ ကောင်းကျိုးက သူ့အလိုလိုရ
လာမှာဖြစ်တယ်။ မှန်ပါတယ်နော်။
ဘာဖြစ်လို့လဲဆိုလျင် သဘာဝတရားမို့လို့ပါ။
သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်နဲ့ တွေးလျင် ကြံလျင် ၊
ကိုယ့်ရဲ့ qualityဟာလည်း အလိုလိုနဲ့ နိမ့်ကျလာရတာပါ။
သူတစ်ပါးကို မကောင်းတဲ့စိတ်ထားလိုက်ရင် ကိုယ့်မှာလည်း
စိတ်မချမ်းသာဘူး။သူတစ်ပါးကို စိတ်ကောင်းလေးနဲ့
ကူညီလိုက်လျှင် ကိုယ့်မှာ စိတ်ချမ်းသာရုံမျှမကပေါ့ပါးပြိးနေ
တော့တာပါပဲ။သဘာဝတရားက ဖြစ်လာတာ
နော်၊ တန်ခိုးကြီးလှသောနတ် ၊ ဗြဟ္မာ က ပြုလုပ်ပေးလို့မရပါဘူး၊
တစ်ခြားမကြည့်နဲ့ မြတ်စွာဘုရားတောင်မှဝိပါက်တော်တွေ ခံရပါသေး
တယ်။ မကောင်းတာလုပ်ထားပြီး ဘုရားဖြစ်တော်မူလာသည့်အတွက်
မကောင်းကျိုး မခံရတော့ဘူး မထင်လိုက်ပါနဲ့၊ သဘာဝတရားကို
မြတ်စွာဘုရားရှင်လည်း လွန်ဆန်လို့မရပါဘူး၊ မြတ်စွာဘုရားလည်း
ခံရတာပါပဲ။လောကမှာ ပြောသလိုလုပ် ၊ လုပ်သလိုပြော အပြောနဲ့
အလုပ်နဲ့ညီတာ မြတ်ဗုဒ္ဓပါ။မကောင်းတာလုပ်တော့ မကောင်းကျိုးရ
တယ်လို့ ပြောလည်းပြောသလို သူ့ကိုယ်တိုင်လည်း ခံစားခဲ့ရတာပါ၊
မြတ်ဗုဒ္ဓက သူကိုယ်တိုင်ဒါတွေ ခံစားခဲ့ရလို့ ဟောတော်မူခဲ့တာ
ဒါကိုလက်ခံတယ်ဆိုရင် သဘာဝတရားကို လက်ခံတာပဲပေါ့။
ဒိလိုပဲ လောက လူသားသတ္တ၀ါအားလုံး သဘာဝတရားကြီးက
စီမံဖန်တီးနေတာပါ။

ဓမ္မဟာ ဓမ္မပဲဖြစ်သင့်သည်၊ အဓမ္မမဖြစ်သင့်

အမှားကိုထောက်ပြနိုင်သောဆရာတော်များရှိနေလို့သာ အမှန်ရောက်အောင်

ဆုံးဖြတ်နိုင်တာပါ၊ ဒါဟာဝမ်းသာရမှာပါ။ အမှားဆိုတာ ကြာလာရင် အမှန်ဖြစ်

တတ်တယ်။ ဒီလိုဝိနိစ္ဆယမျိုး ပေါ်ပေါက်လာရတာသာသနာတော်မှာ သန့်သန့်

လေးဖြစ်သွားတာ ကောင်းပါတယ်။ အမှန်ဟာအမှန်၊ အမှားကအမှားပေါ့ ။

သတိရတုန်း ပြောချင်တယ်။ ဓမ္မဟာ ဓမ္မပဲ ဖြစ်သင့်တယ်။ အဓမ္မ မဖြစ်သင့်

ပါဘူး။တစ်ဦးနဲ့တစ်ဦးတရားတော်များ ဆွေးနွေးတဲ့အခါ အသိဥာဏ်တိုးပြီး

အကျိုးရှိလျှင်ကောင်းပါတယ်။ အကျိုးမရှိတဲ့တစ်ယောက်နဲ့တစ်ယေက်

အနိုင်မခံအရှုံးမပေး ငြင်းခုံမှုမျိုးဖြစ်လျှင်အဓမ္မပဲ ဖြစ်ပါလိမ့်မည် ၊ ဓမ္မမဖြစ်

နိုင်တော့ပါ။ ဂိုဏ်းဂဏစွဲ ဆရာစွဲပြီးကိုယ့်နည်းသာအမှန် ကိုယ့်ဆရာသာအ

မှန် လုပ်နေကြသော ပုဂ္ဂိုလ်များ သဏ္ဍန်မှာဓမ္မဆိုတာမရှိပါဘူး။ ဆေးနည်း

ချင်း၊ ဆရာချင်းပြိုင်နေကြတာဟာ အတော်ရှက်ဖို့ကောင်းလှပါတယ်။အခု

ဖြစ်နေကြတာက ဘာသာတူ အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်နေကြတာပါ။

ငါ့နည်းကသာ အမှန် သူ့နည်းကအမှား ဒီလိုနဲ့ပဲ သူ့နည်းငါ့နည်းနဲ့

နည်းအချင်းချင်းယှဉ်ပြိုင်နေကြတယ်။ ဗုဒ္ဓဘာသာဝင်များ အချင်းချင်း

ပြိုင်နေကြတာဟာ မကောင်းပါဘူး၊ကိုယ်ယှဉ်ပြိုင်ရမှာက ဘာသာခြား

တွေနဲ့ပါ။ ယနေ့ မျက်မှောက်ခေတ် စားဝတ်နေရေးခက်ခဲပြီး ကျောင်း

မနေရတဲ့ ကလေးတွေအမြောက်အများရှိနေတယ်။ အားငယ်နေတဲ့

မိဘမဲ့ ကလေးတွေကို အခွင့်ကောင်းယူပြီး ဘာသာခြားတွေက စား

ဝတ်နေရေး၊ ပညာရေး၊ကျန်းမာရေးပါမကျန် တာဝန်ယူပေးပြီး ၊သူတို့

ဘာသာထဲကို သိမ်းသွင်းနေကြပါပြီ ၊ အဲဒါတွေကို ဗုဒ္ဓဘာသာဝင်များ

ဘာသာရေးမှာ သွေးမအေးကြဘဲ၊ကိုယ်က လက်ဦးမှုရအောင် ချေ

ကုတ်ယူရမယ်။ ကိုယ့်ဘာသာက ကလေးတွေ တစ်ခြားဘာသာထဲ

ရောက်မသွားအောင် ထိန်းသိမ်းကြဖို့ပါ။ အချင်းချင်းပြိုင်တာ

တွေ ရပ်တန်းက ရပ်သင့်နေပါပြီ။ဒီအရေးနဲ့ပတ်သက်ပြီး အကောင်

အထည်ဖေါ်ဘို့ရာကြိုးစားနေကြပါတယ်၊ စိတ်ဝင်စားသူများအားလုံး

ဆက်သွယ်နိုင်ကြပါကြောင်း။

Wednesday, April 18, 2007

ညီလင်းဆက် ဘလော့ခ်

ကျေးဇူးတင်ပါတယ် ကိုညီလင်းဆက်

မိတ်ဆွေတစ်ယောက်ရဲ့ အပြောကြောင့် ကိုညီလင်းဆက် ဘလော့ခ်ထဲ

ဝင်ဖတ်ဖြစ်တယ်။ကိုညီလင်းဆက်ရဲ့ ဘလော့ခ်ကျေးဇူးကြောင့် မပြည့်စုံ

သေးတဲ့ ဘလော့ခ်အတွက် ပိုပြီးပြည့်စုံသွားတယ်။ ကျေးဇူးအထူးတင်ရှိ

ပါတယ် ကိုညီလင်းဆက်ရေ၊ ဘလော့ခ် လုပ်ချင်သူများ ကိုညီလင်းဆက်

ရဲ့ ဘလော့ခ်ကို ဖတ်ပြီး လုပ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More