Sunday, December 21, 2008

ပါရာဇိကကျတဲ့ ရဟန်းအကြောင်း

အမေး။ ။ပါရာဇိက လေးပါးမှာ တစ်ပါးပါးကို ကျူးလွန်မိတဲ့ရဟန်းတစ်ပါး အနေနဲ့ သာသနာတော်မှာ ဆက်နေချင်သေးရင် ဘာတွေလုပ်ရသလဲဘုန်းဘုန်း။ တကယ်လို့ အဲဒီရဟန်းဟာ လူထွက်သွားတယ်။ ကိုယ်တိုင် ပါရာဇိက ကျူးလွန်တာကို ကျူးလွန်မှန်းမသိရင် ဘာဖြစ်တတ်ပါသလဲ ဘုန်းဘုန်း။ တကယ်လို့ သိခဲ့ရင်ကော အဲဒီလူထွက် ထားတဲ့ ပုဂ္ဂိုလ် အနေနဲ့ အပြစ်ကို ဘယ်လိုချေဖျက်လို့ ရနိုင်ပါသလဲ ဖြေကြားပေးတော်မူပါဘုရား။
ပြည့်စုံအောင်
စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း
အဖြေ။ ။ ပါရာဇိက လေးပါးမှာ တစ်ပါးပါးကို ကျုးလွန်မိတဲ့ ရဟန်းတစ်ပါးအနေနဲ့ သာသနာတော်မှာ ဆက်နေချင်သေးတယ်ဆိုရင် သာမဏေ (ကိုရင်)အသွင်ဖြင့် နေနိုင်ပါတယ်။

ကိုယ်တိုင် ပါရာဇိက ကျုးလွန်မှန်းမသိဘဲ ကျုးလွန်ထားတဲ့ ရဟန်းဟာ သီးခြား လူထွက်နေစရာမလိုပါ။ ရဟန်းအဖြစ်မှ လူ့အဖြစ်သို့ အော်တိုမစ်တစ်ရောက်ရှိသွားပါတယ်။ တကယ်လို့ ပါရာဇိကကျတဲ့ ရဟန်းဟာ လူမထွက်ဘဲ နေရင် သေလွန်တဲ့အခါ ငရဲကျခံရမှာဖြစ်ပါတယ်။ တကယ်လို့ ပါရာဇိကကျမှန်းသိတဲ့အတွက် လူထွက်ထားတဲ့ သူဟာ လူ့အသွင်နဲ့ နေကာ ဒါန သီလ ဘာဝနာများ အားထုတ်လျှင် မဂ်ဖိုလ် နိဗ္ဗာန်တောင် ရောက်နိုင်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More