This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, May 26, 2009

ခရီးသွားမှတ်တမ်း(၂)

မြ ဘုရားအတွင်း
မြ ဘုရား
မြဘုရား တံတိုင်း
မြဘုရားအရှေ့က မြင်ကွင်း
ဘန်ကောက်မြို့အတွင်းတစ်နေရွာ
လေဆိပ် မြင်ကွင်း
လေဆိပ်အတွင်း
ဘန်ကောက် သုဝဏ္ဏဘုမ္မိ လေဆိပ်မြင်ကွင်း
ဘန်ကောက်အဲယားလိုင်း လေယာဉ်ပေါ်မှ ဘန်ကောက်မြို့ ရှုခင်း
ဘန်ကောက်အဲယား လေယာဉ်ကြီးပေါ်တွင် ထိုင်းလေယာဉ်မယ်များရဲ့ ၀န်ဆောင်မှုကတော့ အလွန်ကောင်းပါတယ်။ မကြာမီ စားစရာများကို လာရောက်ချပေး ပါတယ်။ နေ့ ၁၂ နာရီကျော်လျှင် အစာမစားဘဲ ရှောင်ကြဉ်ရတဲ့ ၀ိကာလဘောဇန သိက္ခာပုဒ်က ရှိတဲ့အတွက် လာရောက်ချပေးတဲ့ အစာများ စားချင်သော်လည်း မည်သို့မျှ လက်ရာမပျက်ခဲ့ပါ။ လေယာဉ်ကြီးစီးလို့ တစ်နာရီခန့်ကြာတဲ့အခါမှာ bangkok airline လေယာဉ်ကြီး ဘန်ကောက် သုဝဏ္ဏဘုမ္မိ လေဆိပ်သို့ ဆိုက်ရောက်ပါသည်။ လေဆိပ်ရောက်တော့ ညွန်ထားတဲ့ အတိုင်း အင်မဂေးရှင်း ကောင်တာ ရှိရာသို့ သွားကြပါတယ်။ imagration ကိုဖြတ်ပြီးတဲ့ အခါ ပစ္စည်းရွေးဖို့အတွက် baggage climb ကိုကြည့်ရပါတယ်။ အဲဒီမှာ ကိုယ်စီးလာတဲ့ လေယာဉ်နံပါတ်(PG.0702) နှင့်အတူ ပစ္စည်းရွေးရမယ့် နေရာကို ရှာရတယ်။ ကိုယ့် baggage ရွေးရမဲ့နေရာက 24 မှာပါ။ ပစ္စည်းရွေးစရာရှိရွေးပြီး၊ လေဆိပ်အပြင်ဖက် ထွက်လာ ခဲ့တယ်။ လာကြိုမဲ့သူကို မျှော်တော်ဇောနဲ့ ရှာဖွေမိပါတယ်၊ တစ်နာရီခန့်ကြာသွားပါတယ်။ ပေါ်မလာခဲ့ပါ။

သို့နှင့် လေဆိပ်တွင် အင်္ဂလိပ်စကားတတ်တဲ့ ထိုင်းနိုင်ငံသား တစ်ယောက်ကို အကူအညီတောင်းပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံသားများရဲ့ ရဟန်းတော်များအပေါ် စေတနာပါပါဖြင့် ကူညီတာကို တွေ့ရပါတယ်။ စာရေးသူတို့ သွားရမဲ့ လိပ်စာကို ထိုထိုင်းနိုင်ငံသားမှ တဆင့် Taxi သမား နဲ့ ပြောဆိုကြပြီး ဒီTaxi သမားကိုပဲ တည်းခိုမဲ့နေရာ အရောက် လိုက်ပို့ခိုင်းရပါတယ်။
လူဆိုတာ အမျိုးမျိုးအဖုံဖုံပါ လူတိုင်းကိုတော့ ကိုယ်စိတ်နဲ့နှိုင်းပြီး တွက်ထားမယ်ဆိုရင်တော့ မှားပါလိမ့်မယ်။ ယခုလည်းပဲ လာကြိုမယ်ဆိုလို့ အွန်လိုင်းကနေ contact လုပ်ထားပေမယ့် ထင်တဲ့အတိုင်း ဖြစ်မလာခဲ့ပါ။ ကိစ္စတစ်ခုခုကြောင့်များလား လို့တွေးကြည့်ပြန်တော့လဲ မဖြစ်နိုင်၊ တကယ်လို့ လာကြိုမဖြစ်ဘူးဆိုရင်လည်း ကြိုတင်အကြောင်းကြားရမှာဖြစ်တယ်။နောက်တော့ သိရတာ က လာကြိုမဲ့သူက လာမကြိုဘဲ အယုဒ္ဓယကို တက်သွားတယ်လို့ ပြောပါတယ်။
ဒါဟာ စာရေးသူတို့ကို ခရီးသွားရာမှာ ပညာရလိုက်ခြင်းပဲဖြစ်ပါတယ်။ နောက်သိလိုက်ရတာက လာကြိုမဲ့သူဟာ ဘာသာခြားတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အကြောင်းပါပဲ ရှိစေတော့။
ဒီလိုနဲ့ သုဝဏ္ဏဘုမ္မိလေဆိပ်ကနေ Bangkok မြို့အတွင်းသို့ ၉၆၉၆ သုံးပြီး ကိုယ့်အစီအစဉ်ဖြင့် လာခဲ့ကြပါတယ်။
အဲဒီမှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရဲ့ ထူးခြားတဲ့ အရာတစ်ခုက အကယ်၍ လမ်းမှားလို့ဖြစ်စေ၊ လမ်းကျော် သွားလို့ပဲ ဖြစ်စေ ၊ နောက်ထပ် တစ်နာရီခန့်အနည်းဆုံး ပြန်ပတ်ရပါတော့တယ်၊
ဘန်ကောက်မြို့အတွင်း လည်ပတ်မယ်ဆိုပါရင် တစ်နေ့ကို တစ်နေရာလောက်ပဲ ကောင်းပါတယ်တဲ့၊ ဘာကြောင့်တုန်းဆိုရင် ကား အသွားအလာလမ်းက ရှုပ်လွန်းလို့ဖြစ်ပါတယ်။ ဘန်ကောက်မှာ တစ်နေရာ သွားမယ်ဆိုပါရင် ကားစီးရတာ အနည်းဆုံး တစ်နာရီ ခွဲ၊ နှစ်နာ ရီခန့် စီးရပါတယ်။ ကားစီးတဲ့အခါ ထူးခြားချက်တစ်ခုက ကားဟွန်း တီးလေ့ မရှိတာကို တွေ့ရပါတယ်။ သွားချင်တဲ့နေရာကို ရောက်ဖို့အတွက် ကားစီးရတာက အကြာကြီး စီးရတယ်။(ကိုယ့်နိုင်ငံမှာဆိုရင်တော့ ဟွန်းမတီးရ ဇုံဆိုပြီး သတ်မှတ်ထားပေမယ့် ဟွန်းတီးလားတီးရဲ့၊ ထိုင်းနိုင်ငံမှာတော့ မြို့တော် Bangkok မြို့တွင်းမှာသာမဟုတ်၊ Bangkok မှ Chiang mai သွားတော့လည်း ဒီအတိုင်းပဲ ကားဟွန်း တီးတာ လုံးဝမတွေ့ရပေ၊ ညကားဖြစ်နေလို့လားတော့မသိပါ။
သို့နှင့်ဘန်ကောက်မြို့တည်းခိုမဲ့နေရာဆီသို့ ချောချောမောမောပဲ ရောက်ရှိခဲ့ပါတော့တယ်။ စာရေးသူတို့ တည်းခိုမဲ့နေရာက လူနေတိုက်ခန်းတစ်ခုပါ။ ရုတ်တရက်တော့ စိတ်ကျဉ်းကြပ်တယ်၊ဒါပေမဲ့ ကိုယ့်နိုင်ငံမဟုတ်တော့ တတ်နိုင်ဘူးလေ။ ထိုင်းနိုင်ငံမှာ ဘုန်းကြီးများ ဟော်တည်မတည်းရ လို့ ပြောပါတယ်။ ဟော်တယ် တည်းခိုခွင့်မရှိတဲ့ အတွက် ထိုင်းဘုန်းတော်ကြီးကျောင်းများမှာ တည်းခိုလို့ရမလား ဆိုတော့ မြန်မာဘုန်းကြီး ဆိုလျှင် ထိုင်းဘုန်းကြီးကျောင်းက အများအားဖြင့် တည်းခိုခွင့်မပေးပါ။ (သတိပြုစရာတစ်ခုပါ)။
ဘန်ကောက်မြို့အတွင်း တစ်ညတာ တည်းခိုပြီးနောက် ဘန်ကောက်မြို့အတွင်း လည်ပတ်ဖို့အတွက် ပါလာတဲ့ ဆရာတော်တစ်ပါးရဲ့တပည့်တစ်ဦးက ဘန်ကောက်မှာ နေတာကြာပီဖြစ်တဲ့အတွက် ဒကာရဲ့ အကူအညီနဲ့ နေ့လည်ဖက်မှာ ထင်ရှားတဲ့ နေရာတွေကို လည်ပတ်ခဲ့တယ်။ ဒကာနာမည်က ကိုကျော်ဌေး လို့ခေါ်ပါတယ်။
ဘန်ကောက်မြို့က မြ ဘုရား
ပထမဦးစွာ ထင်ရှားတဲ့ မြဘုရားကို သွားရောက်ဖူးမျှော်ကြပါတယ်။ မြ ဘုရားဝင်းအတွင်း ၀င်တယ်ဆိုရင်ပဲ ထိုင်းစစ်သားများက ဘယ်ဖက်အဆောင်တစ်ခုအတွင်း နေရာယူကာ စောင့်ကြပ်နေကြတာ ကို မြင်ရတယ်။ ပြည်ပမှ လာရောက်လည်ပတ်ကြတဲ့ forainer နိုင်ငံခြားသား များကို အရောင် အသွေး အမျိုးစုံ လူမျိုးစုံ တွေ့မြင်ခဲ့ရပါတယ်။
ယခင်ဆိုလျှင် မြဘုရား ကိန်းဝပ်စံရာ ကျောင်းဆောင်ကို တနင်္ဂနွေနေ့မှ ဖွင့်ပါတယ်။ ယခုတော့ စနေနေ့မှာ ဖွင့်နေတော့ စာရေးသူတို့အတွက် ကံကောင်းသည် ဟု ပြောဆိုရပေမည်။ ဘုရားအား ဖူးမျှော်လိုက်ရတယ်ဆိုရင်ပဲ အမေပြောတဲ့ အမောပြေဆိုတာ လို ပမ်းသမျှ လန်းဆန်းခဲ့ရပါတော့တယ်။
နိဂုံးလေးပြောချင်တာက မြ ဘုရားနဲ့ ပတ်သက်ပြီး လာအိုနိုင်ငံ Vientain မြို့နဲ့ ဆက်နွယ်မှု ရှိနေတယ်ဆိုတာကို Vientain မြို့မှ အထောက်အထားတစ်ခုအရ တွေ့ရပါတယ်ဆိုတဲ့ အကြောင်း နောက်ပိုင်းမှာ အကျယ်ချဲ့ပြီး ဓါတ်ပုံနဲ့တကွ တင်ပေးပါ့မယ်

Tuesday, May 19, 2009

ခရီးသွားမှတ်တမ်း

စာရေးသူတို့ စီးရမဲ့ ဘန်ကောက်အဲယားလိုင်း
၎.၅.၂၀၀၉ မှာ မြိတ်မှ ရန်ကုန်သို့ ရောက်ပါတယ်။ ရန်ကုန် ရောက်ရောက်ခြင်းပဲ သာသနာရေးက Thai sponsor လိုတယ်ဆို လို့ထိုင်းနိုင်ငံကို အွန်လိုင်းပေါ်မှ တဆင့် တောင်းယူရပါတယ်။ သာသနာရေးက sponsor ကို ထိုင်းလို ရေးထားတဲ့ sponsor ဖြစ်ပြီး ထိုင်းနိုင်ငံသားရဲ့ မှတ်ပုံတင်ကိုလည်း မိတ္တူလိုပါတယ်တဲ့။ သွားချင်တော့လည်း သူတို့ ခိုင်းတဲ့အတိုင်း လုပ်ပေးရမှာပေါ့၊ တတ်နိုင်ဘူး။

ဒါနဲ့ sponsor တောင်းရတာ အဆင်မပြေဘူး၊ အဆင်မပြေဘူးဆိုတာက မရသေးလို့ပါပဲ၊ စာရေးသူတို့ တောင်းလိုက်ရတဲ့ စပွန်ဆာ ဟိုတစ်ခု ဒီတစ်ခု ဘာတစ်ခုမှ မရလိုက်ဘူးပေါ့။ နောက်တော့ ကော့သောင်းမြို့ မဟာ စည်ရိပ်သာခွဲ၊ ကျောင်းဒကာထံမှ စပွန်ဆာအတွက် အခက်အခဲဖြစ်နေတယ် ကြားလို့ သူတို့လုပ်ပေးလိုက်ပါ့မယ် ဆိုတဲ့အကြောင်း တယ်လီဖုန်းလာတော့ ၀မ်းသာလိုက်တဲ့ ဖြစ်ခြင်း ၊ မကြာမီ ညနေဖက်မှာ စပွန်ဆာ ကို အီးမေးလ်နဲ့ပို့လိုက်ပြီ ဖြစ်တဲ့အကြောင်း တယ်လီဖုန်းလာတယ် ၊ ဒါနဲ့ နောက်တစ်နေ့ မနက်မှာ ထိုင်းစပွန်ဆာအတွက် အီးမေးလ် သုံးဖို့အတွက် အင်တာနက်ကဖေးကို သွားခဲ့တယ်၊ အဲဒီမှာ ပြဿနာက စပါလေရော။
စာရေးသူရယ် ဦးကုမာရရယ် နှစ်ယောက်သား အင်တာနက်ကဖေးဆိုင်ထဲ လှမ်းဝင်လိုက်တယ်ဆိုရင်ပဲ ဆိုင်ရှင်က ဘုန်းကြီးများ အင်တာနက်မသုံးရ ပါဘုရား ဆိုပြီး ဆိုင်ထဲဝင်ခွင့်မပေးတဲ့အပြင် အ၀င်ကို မခံတော့ပါ။
အင်တာနက်မသုံးရရင်လည်း အီးမေးလ် အကောက်ပေးပါ့မယ် ပို့လိုက်တဲ့ စပွန်ဆာကို print out ထုပ်ပေးပါ ဆိုပြန်တော့လည်း မရဘူး လို့ပဲ အကြောက်အကန်ငြင်းနေတော့တယ်။ ဘုန်းကြီးများ အင်တာနက်သုံးရင် ဆိုင်ကို ပိတ်ပစ်မယ်ဆိုပြီး သက်ဆိုင်ရာ ရပ်ကွက်လူကြီးများက လာပြောထားကြောင်း သိရပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပေမဲ့ ဘုန်းကြီးများကို လူများ အထင်သေးတာ လွန်လွန်းတယ်လို့ ထင်ပါတယ်။ ဘုန်းကြီးများ အင်တာနက်မသုံးရင် စပွန်ဆာ ဘယ်လိုလုပ်ရမလဲ စဉ်းစားကြပါအရပ်ကတို့ရေ.....
လူတိုင်းစာတတ်ရမယ်ဆိုတဲ့အတိုင်း အင်တာနက်ကို လူတိုင်း သုံးတတ်ရမယ် ဆိုတဲ့ စီမံကိန်းမျိုးချပေးရင် ကောင်းမှာပဲလို့ တွေးမိတယ်။ လူတွေပဲ အင်တာနက်သုံးပြီး ဘုန်းကြီးများက အင်တာနက်မသုံးရဆိုတော့ ဘုန်းကြီးများက ဘာမို့လို့လဲမသိဘူးနော်၊ စဉ်းစားရကြပ်ပါ့၊ မတွေးတော့ပါဘူး။
ဒါနဲ့ နောက်တစ်ဆိုင် သွားခဲ့တော့မှ အဆင်ပြေသွားပါတယ်။ ဒါနဲ့ Thai sponsor ကို ၁၀.၅.၂၀၀၉ မှာ ရရှိခဲ့တယ်။
နောက်တစ်နေ့...
သာသနာရေးဌာနကို ၀င်ရန်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းများကို ပြည်ပကြွမည့် သံဃာတော်များ သိစေရန် ဖေါ်ပြလိုပါသေးတယ်
(၁) ပါ့စ်ပို့ မိတ္တူ
(၂)သာသနာဝင်မှတ်ပုံတင်မိတ္တူ
(၃)ကိုယ်သွားမယ့်နိုင်ငံရဲ့ စပွန်ဆာ
(၄)ရဲထောက်ခံစာ
(၅)ဒေသခံ သာသနာရေးထောက်ခံစာ။
အထက်ပါ စာရွက်စာတမ်းများနဲ့အတူ သာသနာရေးကို ၀င်ပါတယ်၊ သာသနာရေးဝင်ရာမှာ တစ်ပါးလျှင် ကျပ်(၁၀၀၀၀)စီပေးရပါ တယ်။
အဲဒီအခါမှာ သာသနာရေးက ထိုင်းသံရုံးဝင်ဖို့အတွက် (MINISTRY OF RELIGIOUS AFFAIRS) သာသနာရေး ထောက်ခံ စာ တစ်စောင်ကို ရရှိပါမယ်
နောက် လေယာဉ်လက်မှတ် ၀ယ်ရပါတယ်၊ လေယဉ်လက်မှတ်ကလည်း အသွားအပြန်ဝယ်ရတယ်ဆိုတာကိုလဲ သတိထားရဦးမယ်။
လေယဉ်လက်မှတ်ကို စာရေးသူတို့က ထိုင်းသွားမည်ဖြစ်ရာ seven daimon မှာ သွားဝယ်ကြပါတယ်။ လေယာဉ်လက်မှတ် တစ် စောင်ကို ပုံမှန်ဈေးက ၂၀၇ ဒေါ်လာပါ၊ လျှော့ပေးတဲ့အတွက် ၁၉၇ ဒေါ်လာနဲ့ရလာခဲ့တယ်။
လိုအပ်တဲ့စာရွက်စာတမ်းများလည်း သိထားသင့်တယ်ထင်လို့ ဖေါ်ပြပေးလိုက်ပါတယ်။
(၁)(MINISTRY OF RELIGIOUS AFFAERS)သာနသာရေးထောက်ခံစာ။
(၂)IMFORMAION များ ဖြည့်ထားသော (APPLICATION FOR VISA) FORM တစ်ခု။
(၃)THAI SPONSOR
(၄)ရန်ကုန်မှ ကိုယ်သွားမယ့်နိုင်ငံသို့ အသွားအပြန် လေယာဉ်လက်မှတ်။တစ်ခါတစ်ရံ လေယာဉ်လက်မှတ်မိတ္တူတောင်းပါတယ်။
အထက်ပါစာရွက်စာတမ်းများ ယူပြီး သံရုံးဝင်ရပါတယ်။
သံရုံးဝင်ပြီး တစ်ချို့သံရုံးကတော့ တစ်ရက်ထဲနှင့် ဗီဇာရပါတယ်၊ထိုင်းသံရုံးဆိုရင်တော့ ပထမတစ်ရက်မှာ စလစ်ပေးပါတယ်။ နောက်တစ်ရက်ကျမှ ဗီဇာထုတ်ပေးပါတယ်။
၁၅.၅.၂၀၀၉
နေ့လည် ၁၂ နာရီမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ခဲ့တယ်။ စာရေးသူတို့စီးရမဲ့ AIR LINE က BANGKOK AIR LINE ပါ။ ဒါနဲ့လေယာဉ်ကြီးစီးကာ လာခဲ့ကြတယ်ပေါ့၊ နားခွင့်ပြုပါဦး (နောက်ဆက်ရေးပါဦးမည်)

မြိတ်ကျွန်းစုအကြောင်း သိကောင်းစရာမျာကို သိချင်တယ်ဆိုရင် ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်

Type the rest of your post here.

Wednesday, May 13, 2009

အားလုံးသော အွန်လိုင်းစာဖတ်သူများသို့.....
ယာယီခရီးထွက်နေပါသဖြင့် ပို့စ်အသစ်မတင်နိုင်သေးတာကို သည်းခံပေးကြပါရန်.....
ကျန်းမာပျော်ရွှင်ကြပါစေ...
ဘုန်းဘုန်း

Type the rest of your post here.

အားလုံးသော အွန်လိုင်းစာဖတ်သူများသို့.....
ယာယီခရီးထွက်နေပါသဖြင့် ပို့စ်အသစ်မတင်နိုင်သေးတာကို သည်းခံပေးကြပါရန်.....
ကျန်းမာပျော်ရွှင်ကြပါစေ...
ဘုန်းဘုန်း

Type the rest of your post here.

Monday, May 4, 2009

ထိရောက်အောင် ဘယ်လိုဆုတောင်းမလဲ

အမေး။ ။ဘုန်းဘုန်းဘုရား….
ထိထိရောက်ရောက် ဆုတောင်းချင်တယ် ဆိုရင် ဘယ်လို ဆုတောင်းရမလဲဆိုတာ သိချင်ပါတယ်ဘုရား။ ကြားဖူးတာကတော့ အဓိဋ္ဌာန်ပြီး ဆုတောင်းရင် ပြည့်တယ်လို့ ကြားဖူးပါတယ်။ ဥပမာ ပြောရရင်….တပည့်တော်ဟာ ဘုရားကို နေ့တိုင်းရှိခိုးပါတယ်။ ဒီမှန်ကန်တဲ့သစ္စာစကားကြောင့်………….. ၏ လို့ ဆုတောင်းရင် ပိုပြီး ပြည့်တယ်လို့ ကြားဖူးပါတယ်။ အဲဒါဟာ မှန်ပါသလားဘုရား။ တကယ်လို့ မှားတယ်ဆိုရင် လဲ ဘယ်လို ဆုတောင်းရင် ပိုပြီးထိရောက်မလဲ သိချင်ပါတယ်ဘုရား။
ရိုသေလေးစားစွာဖြင့်
လမင်းလေး
စင်္ကာပူ

အဖြေ။ ။“……….လှူရတဲ့အတွက်ကြောင့်…………………….ဖြစ်ရ ရောက်ရပါလို၏” လို့ ဆိုတာက ဆုတောင်းတယ်လို့ ခေါ်ပါတယ်။ “ဒီမှန်ကန်တဲ့သစ္စာစကားကြောင့်…………………ပါလို၏” လို့ ဆိုတာက ဆုတောင်းချက်ကို ခိုင်မြဲအောင် သစ္စာအဓိဋ္ဌာန်တယ်လို့ ခေါ်ပါတယ်။ ဦးစွာ ဆုတောင်းတာနဲ့ ပတ်သက်ပြီး ပြောပါ့မယ်။
ဤကောင်းမှုကံကြောင့် …………………..ဖြစ်ရပါလို၏ လို့ ကိုယ်က ဆုတောင်းတဲ့အခါ ဆုပေးတဲ့သူက “ တောင်းတဲ့ဆုနဲ့ တစ်လုံးတစ်ဝတည်း ပြည့်စုံပါစေ” လို့ ဆုပေးလိုက်ရုံနဲ့ ကိုယ့်မှာ ရပြီ လို့ မမှတ်သင့်ပေ။ အမှန်မှာ ဆုတောင်းလိုက်ရုံနဲ့ ကိစ္စမပြီးပါ။ ဒီဆုတောင်းကို ကာယကံရှင်က ဖြစ်အောင် အကောင်အထည်ဖေါ်ဖို့၊ လိုချင်တဲ့အတိုင်း ရအောင်လုပ်ကြဖို့ တိုက်တွန်းလိုက်တဲ့ သဘောပင်ဖြစ်တယ်။ လိုချင်တဲ့အရာများကို တစ်ပါးသူက ကူလုပ်ပေးလို့လည်း မရပေ။ မိမိကိုယ်ကို အားကိုးရမှာ ဖြစ်တယ်။
ဒီနေရာမှာ ဆုတောင်းတိုင်း ထိရောက်မှုရှိအောင် ဘယ်လိုလုပ်မလဲ ၊ ဘုရားရှင်ကိုယ်တော်မြတ်က “ ဆုတောင်းတဲ့အခါ ဆုတောင်းသလောက် လိုချင်သလောက် ရနိုင်တယ်” လို့ အာမခံချက်ပေးထားပါတယ်။ ဒီနေရာမှာ လိုချင်သလောက် တောင်းသလောက်ရနိုင်အောင် အကောင်အထည်ဖေါ်နိင်အောင် လိုက်နာရမဲ့ အင်အားများအကြောင်းကို ဘုရားရှင်က နိကာယ်ပါဠိတော်ကြီးတို့မှာ ဟောတော်မူထားပါ တယ်။ အဲဒါကို အကျဉ်းချူံးပြီး ဖေါ်ပြပါဦးမယ်။
၁။ သဒ္ဓါ = ရတနာသုံးပါးနှင့်မိမိအင်အားကို ယုံကြည်မှု အပြည့်အ၀ရှိရပါ့မယ်။
၂။ သီလ = ငါးပါးသီလ စတဲ့ ကိုယ်ကျင့်တရား ရှိရပါမယ်။
၃။ သုတ = တရားစာပေ ဗဟုသုတ ရှိရပါမယ်။
၎။ စာဂ = အရာရာကို စွန့်လွတ်နိုင်မှု ရှိရပါမယ်။
၅။ ပညာ = (ကမ္မဿကတာ ဥာဏ်အမြင် ပြတ်သားမှု) ကံနှင့်ကံရဲ့အကျိုးတရားကို သိမြင်တတ်တဲ့ ပညာရှိရပါမယ်။
(ဥပရိပဏ္ဏာသ-သခါင်္ရူပပတ္တိသုတ်)
ထိုအင်အားငါးမျိုးနဲ့ ပြည်စုံတဲ့သူဟာ “ဖြစ်လေရာဘ၀ ချမ်းသာရပါလို၏” ဆုတောင်းပြီး အောက်ပါ အချက်သုံးချက် ရှိနေမယ်ဆို ပါက ဆုတောင်းတိုင်းရနိုင်ပါတယ်။ အချက်သုံးချက်က…..
(က) ဖြစ်လို ရလိုတဲီ့စိတ်ကို တစ်ကြိမ်လောက်သာ မဖြစ်စေဘဲ ဆက်လက်ဖြစ်ပွားအောင် ထားရပါမယ်(ဒဟတိ = ပဒဟတိ)။
(ခ) စွဲမြဲခိုင်မာအောင်လည်း အဓိဋ္ဌာန်ထားရပါမယ် (အဓိဋ္ဌာတိ)။
(ဂ) အကြိမ်များစွာ တိုးပွားစေဖို့အတွက် အမြဲ ကြံစည်စိတ်ကူး နေရပါမယ် (ဘာဝိတာ ၊ ဗဟုလီကတာ)။
ဒါဆိုရင် ကိုယ်အလိုရှိတဲ့အတိုင်း တောင်းတတိုင်း ဘာမဆို လိုရာ ပြည့်စုံပါ့မယ် လို့ ဘုရားရှင် အာမခံတော်မူခဲ့တယ်။ ဒါတင်မကသေး….. သုံးဆယ့်တစ်ဘုံတွင် မဖြစ်နိုင်တာ မရှိ။ နောက်ဆုံး “အာသဝေါကင်းကွာ ရဟန္တာ ဖြစ်ရပါလို၏” လို့ ဆုတောင်းရင်လည်း ရနိုင်ကြောင်းကို တစ်ခုစီ ရှင်းပြကာ အာမခံတော်မူထားတဲ့အတွက် ဆုတောင်းပြည့်ချင်သူများ အားတက်ဖွယ်ရာပါ။
ဒါနဲ့ပတ်သက်ပြီး ဘုရားရှင်လက်ထက်က သာဓကများရှိခဲ့သလို ယခုခေတ်တွင်လည်း ရှိနေပါသေးတယ်။ လူပျံတော် ပတ္တမြား ဦးမောင်မောင်ဆိုတာ ကြားဖူးကြမှာပါ။ ရတနာသုံးပါးရဲ့အကျိုးကျေးဇူးကို အကြွင်းမဲ့ယုံကြည်တဲ့အတွက် သူ့ကိုသူလည်း ယုံကြည်မှု အပြည့်အ၀ ထားပါတယ်။ ကိုယ်ကျင့်တရားဆိုရင်လည်း ငါးပါးသီလ လုံအောင်ထိန်းလို့၊ တရားစာပေနဲ့ပတ်သက်ပြီး အထိုက်အလျောက် ဗဟုသုတ ရှိပါတယ်။ အရာရာကို စွန့်လွတ်နိုင်မှုဆိုတာကလည်း သူလုပ်ရပ်က သက်သေတည်နေပါတယ်။ ဘယ်လို အခက်အခဲနဲ့ပဲ ကြုံပါစေ၊ သံသယစိတ်တွေမမွေးပဲ ကံနဲ့ကံရဲ့အကျိုးကို သိမြင်တဲ့ ပညာလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့လက်ထဲမှာ ငွေအမောင်းအများကြီး မရှိသော်လည်း ရလာတဲ့ပစ္စည်းအပေါ် တစ်ဝက်ကို သုံး၊တစ်ဝက်ကို သာသနာအတွက် ဆိုပြီး ရည်ရွယ်ခဲ့တယ်။ ဒါကြောင့်လည်း သူမျှော်မှန်းထားတဲ့ သိန်းရာကျော်တန် စတဲ့ သာသနာ့အဆောက်အဦများကို လှူဒါန်းနိုင်ခဲ့ပါတယ်၊ လို့ ဓမ္မာစရိယ ဦးဌေးလှိုင်ရေးတဲ့ ရတနာသုံးပါး ဂုဏ်ကျေးဇူးစာအုပ်မှာ ဖတ်မှတ်ခဲ့ရတဲ့အတွက် ၀မ်းမြောက်ကြည်နူးမှု ဖြစ်ခဲ့ရပါတယ်။
လောကဥပမာတစ်ခု…..အတန်းပညာများကို ထိပ်ဆုံးက အောင်မြင်ချင်တဲ့သူများဟာ အောင်မြင်မှုအတွက် ထိုက်တန်တဲ့ အရင်းအနှီးများကို ပေးဆပ်ရသလို ဆုတောင်းပြည့်ရန်အတွက် ဆုတောင်းနဲ့ ထိုက်တန်တဲ့ အထက်ပါဆိုခဲ့ပြီးတဲ့ အရင်းအနှီးကိုတော့ ပေးဆပ်ရစမြဲ ဖြစ်ပါကြောင်း ဆုတောင်း အမေးကို ဖြေကြားပေးလိုက်တယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More