This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label အတွေးအမြင်. Show all posts

Tuesday, April 27, 2010

အတွေးအမြင်

"မိတ္တူဆိုင်"
စာချစ်သူတို့ရေ……
ဒို့တစ်တွေအားလုံး
“ဘ၀ဆိုတဲ့မိတ္တူဆိုင်” မှာ
နောင်ဘ၀အတွက် ကုသိုလ်ပုံရိပ်များကို
အများဆုံး ကူးယူနိုင်တဲ့သူများဖြစ်အောင်
ကြိုးစားကြစို့ရဲ့နော်……..

Type the rest of your post here.

အတွေးအမြင်

"မိတ္တူဆိုင်"
စာချစ်သူတို့ရေ……
ဒို့တစ်တွေအားလုံး
“ဘ၀ဆိုတဲ့မိတ္တူဆိုင်” မှာ
နောင်ဘ၀အတွက် ကုသိုလ်ပုံရိပ်များကို
အများဆုံး ကူးယူနိုင်တဲ့သူများဖြစ်အောင်
ကြိုးစားကြစို့ရဲ့နော်……..

Type the rest of your post here.

အတွေးအမြင်

ပတ်ဝန်းကျင်က ဓမ္မအမြင်
ပတ်ဝန်းကျင်ကို…..
လောဘမျက်စိ၊ဒေါသမျက်စိနဲ့ကြည့်ရင်
အဓမ္မအသွင် မြင်နိုင်ပါတယ်။ ဒါပေမဲ့
ပတ်ဝန်းကျင်ကို ဓမ္မမျက်စိနဲ့မြင်တတ်ရင်
ဓမ္မအသွင်အဖြစ်မြင်နိုင်ပါတယ်။
သတိထားကြည့်ဖို့သာ လိုအပ်တာပါ။
သတိမမူ ဂူမမြင်ဆိုတာလို
ပတ်ဝန်းကျင်က မမျှော်လင့်တဲ့
အဖြစ်အပျက်တွေဟာ တရားတွေပါ
သတိထား တရားနာနိုင်မယ်ဆိုပါက
အလွန်ကောင်းတဲ့ တရားနာခြင်းမျိုးဖြစ်ပါလိမ့်မယ်။

Thursday, November 5, 2009

တွေးဖြစ်လို့ ရေးဖြစ်ခဲ့တာတော့

အိုင်တီခေတ်ကြီး ဖြစ်လာတော့ နည်းပညာကလည်း အလျင်အမြန်ကြီးကို တိုးတက် လာတာ အံ့မခန်းဘဲ၊ ဒါကို အခွင့်ကောင်းယူပြီး ဘာ သာရေးခေါင်းဆောင်များဖြစ်တဲ့ ဒို့ဘုန်းကြီးတွေလည်း လာသာတုန်း ဗိုင်းငင်ကြမယ် ဆိုပြီး အင်တာနက်စာမျက်နှာပေါ် ခြေချမိခဲ့တာ သုံးနှစ်ကျော်ခဲ့ပါပြီ။ ။
သုံးနှစ်ကျော်ကလာအတွင်း စာပေဆောင်းပါးများလည်း အများကြီးရေးဖြစ်တယ်။ ဒီလိုရေးရင်းနဲ့ ဘာသာရေးပြဿနာများလည်း မေးလာ ကြတယ်။ ဒါနဲ့ ကမ္ဘာအရပ်ရပ်မှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ သူများအတွက် မသိတာလေးတွေကို အဖြေပေးလာခဲ့ပါ တယ်။ အခုဆိုရင် ဘာသာရေး အမေးအဖြေကဏ္ဍမှာ အတော်လေးကို များလာလို့ ယခုဆို (သန်းခေါင် ယံက အမေးအဖြေများ) စာအုပ် ထုတ်လိုက်ပြီးပါပြီ။ ဒါ့အပြင် ယခု အွန်လိုင်းပေါ်က အမေးအဖြေများ (၁) စာအုပ်လည်း မကြာမီ ထွက်လာတော့မှာပါ။
နောက်တခု ပြောချင်ပါသေးတယ်။ ပီးခဲ့တဲ့ နွေရာသီအချိန်တုန်းက ပထမအကြိမ် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ကို ဘုန်းကြီးတို့ ကျောင်းမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မမျှော်လင့်ဘဲ အောင်မြင်မှု ရရှိခဲ့တဲ့အတွက် ၀မ်းသာပီတိဖြစ်ရသူက ဥယျဉ်မှူးဖြစ်တဲ့ ဘုန်းကြိးပါပဲ။ သူတို့လေးတွေဟာ အနာဂါတ်မှာ ဘာသာရေးမျိုးဆက်သစ်လေးတွေ၊ ဗုဒ္ဓယဉ်ကျေးမှုကို အမွေခံမဲ့သူတွေ ဖြစ်တဲ့အပြင် မောင်ယဉ်ကျေး၊ မယဉ်ကျေးလေးတွေ ဖြစ်လာကြမှာပါ။
ဒါကြောင့်လည်း ယခုလို ဗုဒ္ဓယဉ်ကျေးမှုသင်တန်း ကျင်းပရပါတယ်။ နောင် နှစ်တိုင်း လုပ်သွားနိုင်အောင် ကြိုးစားအားထုတ်သွားမယ်လို့ လဲ ရည်ရွယ်ထားပါတယ်။ ဒီသတင်တန်းနဲ့ ပတ်သက်ပြီး ကမ္ဘာအရပ်ရပ်က သိအောင် website ပေါ်တင်ရင်ကောင်းမယ် လို့စဉ်းစားမိ လာတယ်။ ဘာ့ကြောင့် ဒိလိုသင်တန်းလှုပ်ရှားမှုပုံလေးတွေကို တင်လိုက်ရတာလည်းဆိုရင် ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ မိသားစု ကြည့်နိုင် မြင်နိုင်အောင်လို့ပါပဲ။ ထို့အတူ မိဘများက ဖတ်ရမြင်ရတာ့ သားသမီးလေးတွေကို ပြလိမ့်မယ်။
ဒိလိုပါပဲ မိဘများက သားသမီးလေးတွေ အတုမြင်အတတ်သင်နိုင်အောင် ယဉ်ကျေးမှုလှုပ်ရှားမှု ပုံလေးတွေကို ပြမယ်ဆိုရင် သားသမီးလေးတွေလည်း စိတ်ဝင်စားလာကြမယ်။ မိဘများကလည်း သားသမီးလေးတွေ စိတ်ဝင်တစားရှိလာတယ်ဆိုရင် ယဉ်ကျေးမှုဆိုင်ရာ စာပေများကို ရှာဖွေသင်ပေးကြရပါ့မယ်။ တကယ်လို့ ကိုယ်က မစွမ်းနိုင်ဘူးဆိုရင် ကိုယ့်နယ်အသီးသီးမှာ သာသနာပြုနေကြတဲ့ ဘုန်းကြီးများနဲ့တိုင်ပင်ကာ သင်ပေးကြမယ်ဆိုရင် နောင်တချိန်ကလေးတွေဟာ ကမ္ဘာမှာ လူ့ယဉ်ကျေးလေးများ ဖြစ်လာနိုင်စရာရှိပါတယ်။ လို့ ရင်ထဲရှိတဲ့ အကြောင်းအရလေးကို ပြောရင်း..........

Sunday, September 13, 2009

အတွေး

စိတ်ပျက်စိတ်ဆိုးတာတွေ၊ အာဃာတအငြိုးတေးတာတွေ၊ မတရားလိုချင်မှုတွေ၊ ငါရှိမှ ဖြစ်မှာ ငါလုပ်မှဖြစ်မှာ ဆိုတဲ့ အတ္တမာနတွေ လျော့သင့်နေပါပြီ၊ ကုသိုလ်လိုလိုနဲ့ အကုသိုလ်ဖက်ကို ရောက်မှန်းမသိရောက်နေတာတွေ သတိထားသင့်ပါပြီ။ ဘာကြောင့်ဆိုရင် ကိုယ်နေရမယ့်အချိန်က သိပ်မလိုတော့လို့ပါပဲ။

Wednesday, July 1, 2009

တွေးစရာ

့H1 N1 virus ကြောင့် ကမ္ဘာတ၀ှမ်း ရောဂါဖြစ်နေကြတာဟာ သတင်းများအရ တော်တော်များတယ်လို့ သိရတယ်။
ဒီနေ့ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံးထဲမှာ လူတုပ်ကွေးရောဂါလည်းတစ်ခုပါဝင်နေတယ်။
ဒါပမဲ့ ဘုရားလက်ထက်က လူတုပ်ကွေးရောဂါထက် အဆပေါင်း များစွာ ဆိုးဝါးတဲ့ ရောဂါတစ်မျိုးကို ပိဋကတ်စာပေမှာ စာသင်သားဘ၀ ကဖတ်လိုက်ရပါတယ်။
အဲဒီရောဂါရဲ့ နာမည်က 'ယင်းနာ' ရောဂါ လို့ခေါ်တယ်၊ ဒီရောဂါဖြစ်ပွားနေတဲ့မြို့(သို့)ရွာဆိုရင် အနည်းဆုံး ကိုက်(၃၀)ခန့်အကွာက နေရောဂါဖြစ်နေရင် မြန်မြန်သာ လွတ်ရာကို ရှောင်ပြေးတော့တဲ့ တကယ်လို့ မပြေးဘူးဆိုရင် မိနစ်ပိုင်းအတွင်း ဒီရောဂါအကူးစစ်ခံရကာ သေတော့တာပဲ ။ အလွန်ကြောက်စရာကောင်းတဲ့ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါကြောင့် တစ်ချို့ဆို ရွာလုံးကျွတ် သေဆုံးရတယ် ပြေးနိုင်သူ အနည်းငယ်သာ လွတ်ကြတယ် လို့ဆိုပါတယ်။
စဉ်းစားကြည့်တယ်။ အခုဖြစ်နေတဲ့ လူတုပ်ကွေးရောဂါဟာ ရှေးတုန်းကဖြစ်ခဲ့တဲ့ ယင်းနာ ရောဂါ လောက်မဆိုးသော်လည်း ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုပါ။
ဒီရောဂါဟာ လူစုလူဝးများတဲ့နေရာမှာ ကူးစက်ဖို့ လွယ်ကူတဲ့ ရောဂါတစ်ခုဆိုတော့။ မကြာမီ ၀ါဆိုဖို့လည်း နီးကပ်လာပြီ၊ ၀ါဆိုသင်္ကန်း ကပ်ကြတဲ့အခါ လူတွေကအများကြီး လူတွေမှာတော့ ပါးစပ်ကို အ၀တ်လေးနဲ့ပိတ်ထားရပေမယ့်လို့ ပါးစပ်နဲ့ အလုပ်လုပ်နေတဲ့ တရားဟော ဘုန်းကြီးမှာတော့ ဘယ်လို ပါးစပ်ကို ပိတ်ထားရမလဲ ...............တွေးကြည့်မိတာပါ။

Thursday, July 24, 2008

၁၉ဂျုလှိုင် မေ့ပါနိုင်

My diary ခေါ်သည့် ကျွန်ပ်၏ နေ့စဉ်မှတ်တမ်းကို ရေးခဲ့သည်မှာ ကြာခဲ့ပြီဟုဆိုရချေမည်၊ နေ့စဉ်မှတ်တမ်းဆိုသည်မှာ နေ့စဉ်ကိုယ် တွေ့ကြုံခံစားရသည်များကို စကားလုံးအဆင့်သို့ ရောက်မလာဘဲ၊ စာအဖြစ်သို့ ရောက်ရှိအောင် ရေးရသည်ကို ခေါ်သည်ထင့်၊သို့သော် လည်းစာရေးသူသည် နေ့စဉ်မှတ်တမ်းဆိုသည့်အတိုင်း နေ့စဉ်ရေးဖြစ်သည်ကား တစ်လနှစ်လ စသည်တော့ ရှိပါသည်၊ တစ်ခါတစ်ရံ လုံးဝမရေးဖြစ် သည်ကြားထဲ ကွန်ပျူတာ၏ နှိပ်စက်မှု၊ပညာပြမှုကြောင့် ရေးထားသည့် မှတ်တမ်းများ ပျက်သွားရသည့်အခါ နောင်ရေးချင်စိတ်မရှိအောင် ဖြစ်ခဲ့ရသည်၊ သည်လိုနှင့်စာရေးသူ့ဒိုင်ယာရီကား ရေးချင်သည့်နေ့ရေးပြီး မရေးချင်သည့်အခါတွင် မရေးဖြစ်သည့်အပြင် ယခင်က ရေးထားသည့် နေ့စဉ်မှတ်တမ်းများလည်း မရှိတော့ အော်……..သမိုင်းကြောင်း (History)လိုက်ကာ ကောက်ကြောင်းရှာမည်ဆိုလျှင် လွယ်အံ့မထင်ပေ။

ယနေ့ (၁၉)ဂျုလိှုင် မမေ့နိုင်…. ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်နေ့ဖြစ်သည့်အတွက် မြန်မာနိုင်ငံနှင့် နိုင်ငံသူ/သားများအား မည်သည့်အခါမျှ မမေ့နိုင်သည့် အာဇာနည်နေ့ဖြစ်ပါသည်။
စာရေးသူအတွက်လည်း သည်နေ့သည်အချိန်သည် မည်သို့မျှ မမေ့နိုင်ခဲ့ချေ၊ အဘယ်ကြောင့်နည်း……. စာရေးသူသည် (19,july,2009) အာဇာနည်နေ့၊ ညသန်းကောင်ယာမ်တွင် တုနှိုင်းမမီ (၁)ဆောင်းပါးကို အောင်မြင်စွာရေးသားပြီးစီးခဲ့ကာ စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ရသည့်အတွက်ကြောင့် သည်နေ့သည်အချိန်ကို မည်သည့်အခါမျှ မေ့နိုင်မည် မထင်ပေ။ ကိုယ့်ဇာတိဖြစ်သည့် မွေးရပ်မြေကို(native)ကို မည်သူမှ မမေ့နိုင်သကဲ့သို့ပင်။
အော်……စာပေနယ်ထဲရောက်လာသည်မှာ ဘာလိုလိုနဲ့ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ၊ စာရေးသူ၏ စာရေးသက်တမ်းသည် တစ်နှစ်သားအရွယ်သို့ပင် ရောက်ခဲ့ပေမယ့် လူ့လောကအလယ်သို့ ရောက်ခဲ့သည်ကား (၅၂)နှစ်သို့ပင်တိုင်ခဲ့ချေပြီ၊ သေမင်းနှုတ်ခမ်း တစ်ဝက်နင်းမိနေချေပြီ၊ ယခင်က အကြောင်းတစ်ခုခုကြောင့် စာရေးရလျှင် စာကြောင်းရေ သုံးကြောင်းထက်ပို၍ မရေးတတ်သည်က တစ်ကြောင်း၊ ၀ါသနာမပါသည်ကတစ်ကြောင်း အပျင်းထူသည်ကတစ်ကြောင်း အကြောင်းသုံးကြောင်းကြောင့် စာပေနှင့်မရင်းနှီးခဲ့ပေ၊ အသက်(၅၁)နှစ်သို့ရောက်သောအခါ မမျှော်လင့်ဘဲ ဆရာဝင်းမြအောင်၏ ကျေးဇူးကြောင့် စာရေးဆရာမ မြတ်နိုးရှင်း(မြိတ်)နှင့် တွေ့ဆုံရင်းနှီးခဲ့ရကာ သူ၏ လမ်းညွန်မှု၊အားပေးကူညီမှုတွေကြောင့် စာပေနယ်ထဲသို့ ရောက်ခဲ့ရာကနေ ယခုဆိုလျှင် တုနှိုင်းမမီ ဓမ္မရသစာစုများကို စာအုပ်အဖြစ် ထုတ်နိုင်ရန်အတွက် စာပေစီစစ်ရေးတင်ထားသည့်အဆင့်သို့ပင် ရောက်နေချေပြီ၊ သိရသည်မှာ စီစစ်ရေးက နောက်တစ်ပတ်ထဲ ကျမည်…တဲ့၊ မကြာမီ တုနှိုင်းမမီ စာအုပ်အဖြစ်နှင့် မြန်မာပြည်သူ/ပြည်သားများနှင့် ပြည်ပရောက်မြန်မာ လူမျိုးများလက်ဝယ်သို့ ရောက်ရှိပေတော့မည်။
ထိုအကြောင်းကို တွေးကာ စာရေးသူပျော်ခဲ့ရပါသည်။ သည်တွင်မက ဆောင်းပါးရေးပြီးသည့် အချိန်တိုင်း ဖေါ်မပြနိုင်သော ပီတိတွေ ဖြစ်ခဲ့ရသည်ကား စာရေးသူပါ၊ ထိုထက်ပို၍ပီတိဖြစ်ခဲ့ရသည်ကား တုနှိုင်းမမီ (၁)ဆောင်းပါး ရေးပြီးခါစ သန်းကောင်ယာမ်အချိန် ခံစားဖြာဝေခဲ့ရသည့် ပီတိကိုကား ဗြဟ္မာကြီးများ၏ ပီတိတောင်မှ မမှီနိုင်ဟု တင်စားရလောက်အောင်ပင် အတိုင်းအဆမရှိ ပီတိဖြာဝေခဲ့ရပါသည်၊ ဤသည်မှာ စာရေးဆရာတိုင်းရဲ့ သဘာဝပေပဲ ဟု ထင်မိပါသည်။

Monday, June 16, 2008

အတွေးအမြင်

လိုချင်မှု၊ မနှစ်သက်မှု၊ တွေဝေမှု ၊ မနာလိုမှု၊ တွန့်တိုမှု၊ ပူပန်မှု၊ ထောင်လွှားတက်ကြွမှု ၊ ပျံ့လွင့်မှု၊ ယုံမှားမှု စတာတွေဟာ
နှောင်ဖွဲ့တတ်သော တရားများဖြစ်ပါတယ်၊ ဘယ်နေရာမှာ နှောင်ဖွဲ့တတ်တာလဲဆိုရင် စိတ်မှာပါ၊
အနှောင်အဖွဲ့တို့ဖြင့် ငြိတွယ်မှုမကင်းသော စိတ်သည် ဆင်းရဲ၏ ၊
အနှောင်အဖွဲ့မှ လွတ်ကင်းသောစိတ်သည် ပေါ့ပါးပီး ချမ်းသာနေ၏ ၊
အနှောင်အဖွဲ့မှ ငြိတွယ်မှု ကင်းအောင် စိတ်ဖြစ်ဆဲခဏကို သတိဥာဏ်ဖြင့် ကြည့်ကာ သိနိုင်ရမည်၊
စိတ်၏ ဖြစ်ဆဲအကြောင်းအရာများကို သိနိုင်ဖို့အတွက်
အရင်းအနှီးကား-
အဖန်ဖန်အထပ်ထပ် သိအောင် ကြောင့်ကြစိုက်ရတဲ့ ၀ီရိယ
စိတ်ဖြစ်တိုင်း အမှတ်ရမှု သတိ
စိတ်ဖြစ်တိုင်းဆဲ၌ အမှန်အတိုင်းသိမှု ပညာ၊ ထိုတရား(၃)မျိုး အရင်းအနှီးပြု၍ အဖန်ဖန်အထပ်ထပ်
နှလုံးသွင်းပေးမည်ဆိုပါက မကြာမီကာလအတွင်း
စိတ်၏ သဘောသဘာဝ၊ ရုပ်၏ သဘောသဘာဝကို သင်ကိုယ်တိုင်သိရှိနားလည်လာသည့်အပြင်
လွတ်လပ်ပေါ့ပါးပြီး၊ချမ်းသာသော စိတ်ပိုင်ရှင် တစ်ယောက်ဖြစ်လာမည်မှာ အမှန်ပင်ဖြစ်ပေသည်။

Sunday, June 15, 2008

အတွေးအမြင်

လူသားအားလုံး မေတ္တာဓါတ် အပြည့်အ၀ရှိကြပြီး တစ်ဦးနဲ့တစ်ဦး

နားလည်မှုပေးနိုင်ကြမည်ဆိုပါရင် လောကကြီးမှာ စစ်ပွဲဆိုတာ

ရှိလာနိုင်မှာမဟုတ်သလို သာယာလှပတဲ့ လောကကြီးတစ်ခု

ဖြစ်နေတော့မှာပါ၊ ဒါဖြင့်ရင် မေတ္တာကိုယ်စီဖြင့် လောကကြီး

သာယာလှပအောင် တည်ဆောက်ကြပါစို့။ ။

Friday, June 13, 2008

အတွေး

လူတစ်ယောက်သည် ဘယ်အချိန်မှာ အရေးအကြီးဆုံး လို့ မေးလာခဲ့ရင်....
လူတစ်ယောက်ရဲ့ အရေးအကြီးဆုံးချိန်ဟာ ဘ၀ နေ၀င်ချိန်ပဲလို့........လေ
ဟုတ်တော့လည်း ဟုတ်မှာပါ၊
ဒါပေမယ့်......
တွေးကြည့်တော့ ဒါထက်အရေးကြီးတဲ့ အချိန်ဟာ တစ်ခြားမဟုတ်
အခုဖြစ်ဆဲ ပစ္စုပ္ပန်အချိန်ဟာ အရေးအကြီးဆုံးပဲလို့ တွေးမိပါတယ်...
ဘာကြောင့်လည်းဆိုရင်.....
အခုဖြစ်ဆဲမှာ ကောင်းတာတွေကြီး ပြုလုပ်၊ပြောဆို၊ကြံစည်ကြမယ်ဆိုရင်
ဖြစ်ဆဲခဏတိုင်းတိုင်း ပစ္စုပ္ပန်တိုင်းမှာ ကောင်းနေမှာပါ...
ဒီလိုကောင်းနေမှလည်း ဘ၀နေ၀င်ချိန်အတွက် အဆင်သင့်ဖြစ်မှာ မဟုတ်လား..
သေသေချာချာ တွေးပီး ........................? လုပ်စရာရှိတာလုပ်ကြဖို့ပါပဲ
စာဖတ်သူများ ကျန်းမာချမ်းသာကြပါစေ

Friday, January 25, 2008

အရှင်ထွက်

ကျိုက်ထီးရိုးရောက်ရင် မုဆိုးတောင်ကိုတော့ သွားရောက်ကြစမြဲပါ၊ ကျီးကန်းပါးစပ်ကနေပြန်တက်လာသောအခါ မုဆိုးတောင် ဖက်သို့ရောက်ပါသည်၊ မုဆိုးတောင်နားအရောက် အလှူခံတို့၏ အမှတ်မထင် အသံတစ်ခု ကြားခဲ့ရသည်။
“ ဘုရားဆိုတာ နေရာတိုင်းမှာရှိတဲ့အတွက် ဖူးမျှော်ဖို့ရာ မခက်ခဲပေမယ့်လို့ “အရှင်ထွက်” ဆိုတာ နေရာတိုင်းမှာ မတွေ့နိင်ပါဘူး။ တွေ့ရခဲလှတယ် ၊ ဒါကြောင့် ဒီမှာ အရှင်ထွက်ကိုယ်တော်ကြီး ဦးအာဘော ကို ဖူးမျှော်သွားကြပါဦး” တဲ့၊ မှတ်ကရော့--
သူတို့ပြောသည့်အတိုင်းဆိုလျှင် မြတ်ဘုရားပွင့်တော်မူတာ အလွန်ပေါများတဲ့အတွက်ဖူးမျှော်ရလွယ်ကူတယ်၊ သူတို့ “အရှင်ထွက်” ဆိုတာကြီးကို တော့ တွေ့ရဖို့မလွယ်ဘူး ဟူသည့် အဓိပ္ပါယ်ပါပဲ၊
ဒီလိုဆိုလျှင် မြတ်ဗုဒ္ဓဟောခဲ့သည့် ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော ဆိုသည့်နေရာတွင် “အရှင်ထွက်ဆရာတော် ဒုလ္လဘော” ဟု ဆိုရချေတော့မည်။ အရှင်ထွက်ဆိုတာကြီးကို မြတ်စွာဘုရားမဟောခဲ့ပါဘူး၊ သူ့ဟာသူအရှင်ထွက်မကလို့ အသေပဲထွက်ထွက် အစိမ်းသေနဲ့ပဲ ထွက်ထွက် သီလ၊သမာဓိ၊ပညာအကျင့်မဟုတ်သောကြောင့် မိမိအတွက် မည်သို့အကျိုးရှိမည်နည်း၊ တစ်ခုတော့ရှိသည်၊ အလှူခံတွေရဲ့လှည့်စားမှုကြောင့် မိမိမှာပါသော ပိုက်ပိုက်လေးများကုန်သွားနိုင်သော အကျိုးတော့ ရလိမ့်မည်ထင်ပါသည်၊ ထို့ကြောင့် ချင့်၍ လှူဒါန်းကြပါရန်။
အလှူခံတို့ပြောသော ထိုအရှင်ထွက်ဆိုသူ၏ နေရာကို အနီရောင်ဝိုင်းပြထားပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More