Wednesday, December 17, 2008

ငါဘုရားကို ဘယ်အချိန်မှာ သတိရ

အမေး။ ။မြတ်စွာဘုရားက “ ချစ်သမီး…ဘယ်အချိန်တွေမှာ ငါဘုရားကို သတိမရတာလဲ” လို့ ၀ိသာခါကို မေးတယ်။ ဒီအခါ ၀ိသာခါက “ ကျင်ကြီးကျင်ငယ် စွန့်တဲ့အချိန်နဲ့ မေထုန်အမှုပြုတဲ့အချိန်တွေမှာ သတိမရတတ်ပါဘုရား” လို့ ပြန်လျှောက်သတဲ့။ ဘုရားရှင်က “ကျင်ကြီးကျင်ငယ် စွန့်တဲ့အချိန်မှာ ငါဘုရားကို သတိရရင် ကျန်းမာမယ်၊ မေထုန်အမှုပြုတဲ့အချိန်မှာ သတိရရင်တော့ သားကောင်းရတနာ၊သမီးကောင်းရတနာ ထွန်းကားလိမ့်မယ်” လို့ မိန့်တော်မူပါတယ်ဆိုတာကို တစ်နေရာမှာ ဖတ်လိုက်ရ ပါတယ်။ အဲဒါ ဟုတ်ပါသလား၊ အဖြေပေးတော်မူပါဘုန်းဘုန်းဘုရား။ ။
ဖိုးသား
စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း

အဖြေ။ ။ဒီအမေးနဲ့ပတ်သက်ပြီး ပိဋကတ်တော်မှတ်တမ်းမှာ လုံးဝမတွေ့ရတဲ့အတွက် လုံးဝမဟုတ်ပါလို့ပဲ ပြောပါရစေ။
ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ဘုရားရှင်က သတိပဋ္ဌာနသုတ်တော်မှာ “ဥစ္စာရ ပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ”ကျင်ကြီးကျင်ငယ် စွန့်တဲ့အခါမှာလည်း မှန်စွာအပြားအားဖြင့် သိအောင် ရှုမှတ်ရပါမယ် လို့ သမ္ပဇညပဗ္ဗပိုင်းမှာ ဟောထားပါတယ်။ အဓိပ္ပါယ်က တရားရှုမှတ်တယ်ဆိုတာ ကျင်ကြီးကျင်ငယ်စွန့်တဲ့အခါမှာလည်း သတိကပ်ရှုမှတ်ရတယ် လို့ မိန့်တော်မူတာကို တလွဲတွေးပြီး ရေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More