Tuesday, December 9, 2008

ဗုဒ္ဓ၀င်စား အလိမ်ပေါ်ပြီ

ဗုဒ္ဓလူဝင်စားအကြောင်းကို AFP သတင်းက လာတဲ့အတိုင်း ဖေါ်ပြလိုက်ပါတယ်။
" နှစ်နှစ်နိးပါးမျှ လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သော ဗုဒ္ဓတရားကို ကျင့်ကြံလိုက်နာသည့် သူတော်စင်လေးဟု ထင်ရှားသူ နိပေါလ်နိင်ငံ သားသည် နှစ်နှစ်နီးပါးမျှ လူမြင်ကွင်းမှ ပျောက်ကွယ်နေရာမှ နိုင်ငံတောင်ပိုင်းတွင် ပြန်လည် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ယခုအခါ အသက်(၁၈)နှစ်အရွယ်ရှိပြီဖြစ်သော ရန်ဗဟာဒူဘွန်ဟမ်သည် လပေါင်းများစွာ မစားမသောက် မအိပ်မနေဘဲ တရားကျင့်ကြံနေသည်ဟု ၂၀၀၅ ခုနှစ်ကတည်းက သတင်းထွက်ပေါ်လာခဲ့သည်။
၂၀၀၇ ခုနှစ် မတ်လတွင် မြေအောက်၌ သုံးနှစ်ကြာ တရားကျင့်မည်ဟု ဆိုကာ ပျောက်ကွယ်သွားခဲ့သည်။ ယင်းကာလတွင်နှစ်ကြိမ်မျှ ပေါ်ထွက်လာခဲ့သေးသည်။ ယခုအခါတွင် မြို့တော် ခေတ္တမန္ဒူတောင်ဘက်ရှိ တောတွင်း၌ နေ့စဉ် လာရောက်သူတို့ကို ၄၅ မိနစ်ကြာ လက်ခံတွေ့ဆုံလျှက် ရှိပြီး၊ နိုဝင်ဘာလ (၁၈)ရက်နေ့အထိ လူများနှင့် လက်ခံတွေ့ဆုံသွားမည်ဟုဆိုသည်။
၎င်းနေထိုင်ရာ တောတွင်းသို့ နေ့စဉ်လူထောင်ပေါင်းများစွာ လာရောက်ကြသည်ဟု နယ်ဒေသခံရဲတပ်ဖွဲ့မှ တာဝန်၇ှိသူက ပြောသည်။ သူတော်စင်ကလေးအား စောင့်ကြပ်ကြည့်ရှုသူများထံမှ အလှူငွေ များစွာ လက်ခံရရှိသည်ဟု သိရသည်။ အစားဘဲနေသည်ဟုဆိုသော် လည်း ပြင်သစ်ရုပ်သံ ဂျာနယ်လစ်တစ်ဦးက ထိုသူငယ် အသီးစားနေသည်ကို ရိုက်ကူးနိုင်ခဲ့သလို အေအက်ဖ်ပီ သတင်းထောက်ကလည်း ၄င်းတရားကျင့်ချိန်၌ သွားရောက်စုံစမ်းမိရာ အိပ်ပျော်နေသည်ကို တွေ့ခဲ့ရသည် ဟုဆိုသည်။(Ref: AFP)


Type the rest of your post here.

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More