This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label အဆိုအမိန့်များ. Show all posts

Sunday, November 18, 2007

အဆိုအမိန့်များ

ပြုံးချင်သလား မဲ့ချင်သလား
မေတ္တာထား မေတ္တပွားတဲ့ ပုဂ္ဂိုလ်ရဲ့အတွင်းအဇ္ဈတ္တသန္တာန်မှာ ပူနေမှာလား….၊ အေးနေမှာလား….၊ အေးနေမှာပါ။ မေတ္တာဓာတ်တွေ ဖြန့်ဝေနေတဲ့အချိန်မှာ အေးနေမယ်။
မေတ္တာက အအေး၊ ဒေါသက အပူ၊မေတ္တာက တည်ငြိမ်မှု၊ ဒေါသက လှုပ်ရှားမှု၊ မေတ္တာက တည်ဆောက်မှု၊ ဒေါသက ဖျက်ဆီးမှု၊ မေတ္တာက ကုသိုလ်၊ ဒေါသက အကုသိုလ်၊
မေတ္တာက ချစ်ခြင်း၊ ဒေါသက မုန်းခြင်း၊ မေတ္တာက အပြုံးရုပ်၊ဒေါသက အမဲ့ရုပ်၊ မေတ္တာက ခွင့်လွတ်ခြင်း၊ ဒေါသာက အာဃာတ၊ မေတ္တာက ဆွဲဆောင်မှု၊ ဒေါသက တွန်းကန်မှု။
မေတ္တာအားကောင်းရင် လောကသံသရာအကျိုးတွေ အကုန်ပြီးသွာမှာပါ။
(သူငယ်တော်တောရဆရာတော်)

မီးငြိမ်းပါစေ
မေတ္တာမရှိလျှင် ဆင်းရဲသူကို မြင်သည့်အခါ သနားခြင်း-ကရုဏာ၊ချမ်းသာသူကို မြင့်သည့်အခါ ၀မ်းမြောက်ခြင်း-မုဒိတာ မဖြစ်နိုင်တော့ပါ။
အကျိုးဆောင်ရွက်ခွင့်ကြုံလာပါက မိမိကို မလိုလားသူ၏ အကျိုးကိုပင် စိတ်ပါလက်ပါ ဆောင်ရွက်ပေးလျှက် အဖိုးတန်လှစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။
မေတ္တာသည် ရေနှင့်တူသည်။ ဒေါသသည် မီးနှင့်တူသည်၊ ရေများလေ မီးငြိမ်းလေပင်။
(မဟာဂန္ဓာရုံဆရာတော်)

တုမနှိုင်းသာ

တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်
ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက်
မယွင်းစင်စစ်၊နို့တစ်ညှစ်စာ
ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ
ကျိုးကြီးမားသည် ၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။
(မဟာစည်ဆရာတော်)

တန်ဖိုးသိသူ
မေတ္တာကို မေတ္တာနဲ့တူအောင် ပွားရင် လက်ဖျစ်တစ်တွက်၊လျှပ်တစ်ပြက်၊မျက်စိတစ်မှိတ် အချိန်အတွင်း စိတ်ဖြင့် ညွတ်လိုက်တဲ့ မေတ္တာတောင်မှ အင်မတန်စွမ်းအားကြီးပါတယ်လို့ ဘုရာရှင်က ဂုဏ်တင်ချီးမွန်းထားပါတယ်။
တဒင်္ဂ အချိန်ကလေးအတွင်းမှာပဲ ထိထိမိမိ ပွားလိုက်ရင် ဈာန်တရား မဆိတ်သုဉ်းသူ၊ ဗြဟ္မစိုရ်တရားရှိသူ၊ ဘုရားအဆုံးအမကို လိုက်နာသူ၊ သာသနာပြုသူ၊ အများရိက္ခာကို အကျိုးရှိရှိ အသုံးပြုနေသူလို့ ဆိုလို့ ရပါတယ်။

(တိပိဋကဓရ-ယော-ဆရာတော်)

အရင်းအနှီး

အစွမ်းသတ္တိရှိရှိ၊ လုံ့လ၀ီရိယ ကြီးကြီးမားမားနဲ့ အလုပ်ကို တန်ဖိုးထားလုပ်မယ်ဆိုရင် နေရာ နေရာတကာမှာ သြဇာညောင်းလာပါလိမ့်မယ်။ လုပ်သမျှ အလုပ်တွေ အောင်မြင်ပြီး အထွတ်အထိတ် ရောက်တယ်ဆိုတာ အရင်းစစ်လိုက်တော့ ကြိုးစားကြလို့ပါ။ အမြင့်ရောက်သူတိုင်း လုံးလ၀ီရိယနဲ့ ကြိုးစားခဲ့ရတာ ချည်းပါပဲ။
(မဟာဂန္ဓာရုံဆရာတော်)

မြင်ကြစမ်းပါ
ဘုရားရှင် ပွင့်တဲ့အခါကို အခါကောင်းမည်တယ်။ လူ့ဘ၀ နတ်ဘ၀ ရကြမှုသည် ဘ၀ကောင်း လို့မည်တယ်။ ၀ီရိယ ထူထောင်မှုကို ၀ီရိယကောင်းတယ်လို့မည်တယ်။
ကိုယ့်ရည်ရွယ်ချက် ရှိတဲ့အတိုင်း ပြီးစီးပြည့်စုံအောင် မြင်ကြပါ။ သူတော်ကောင်း အစားစားတို့သည် နိဗ္ဗာန်ဝင်စံ သွားကြတာ အသီးသီးရှိပါတယ်။ သူတော်ကောင်းတို့ကလဲ ဤကဲ့သို့ အတုယူပြီး ၀ီရိယကို ထူထောင်ကြမယ်ဆိုရင် ပစ္စုပ္ပန် သံသရာ နှစ်ဖြာပြည့်စုံကြမယ်။
ဒါကြောင့် ၀ီရိယကို ထူထောင်ပြီး အားထုတ်ပြီး ယူကြပါ။
(ဝေဘူဆရာတော်ကြီး)

ရဲရင့်သူတို့၏ စိတ်ထား
“ကုသိုလ်လုပ်ငန်းနဲ့ ပတ်သက်ရင် ငါ့တာဝန် မရှိဘူး” ဆိုပြီး တာဝန်ချထားတဲ့ ပုဂ္ဂိုလ်ဟာ လုံ့လ ၀ီရိယကင်း တဲ့ အတွက်ကြောင့် သူ့အတွက် ကုသိုလ်ရလိမ့် မဟုတ်ဘူး။ ကုသိုလ်လုပ်ငန်းမှာ အမြဲတမ်း ငါ့အပါ် တာဝန်ရှိနေတယ်လို့ တွက် ထားရမယ်။
တာဝန်ရှိနေတယ်လို့ တွက်ထားတဲ့ ပုဂ္ဂိုလ်ဟာ မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ၀ီရိယ အလိုလိုရလာတယ်။ ဖြစ်ပြီးတဲ့ကုသိုလ်တွေ ခိုင်မြဲအောင်၊ မဖြစ်သေးတဲ့ အကုသိုလ်တွေ တားနိုင်အောင်၊ ဖြစ်ပြီးတဲ့ အကုသိုလ်တွေ ပယ်ရှားနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ ခိုင်မြဲတဲ့ လုံ့လ၀ီရိယ၊ ကုသိုလ်လုပ်ငန်းမှာ ငါ့တာဝန်ချည်းပဲလို့ တာဝန်ကို အမြဲတမ်း ခေါင်းမှာတင်ထားတဲ့ စိတ်ဓာတ်၊ တာဝန်ကို ချမထားတဲ့ စိတ်ဓာတ်နဲ့ ပြည့်စုံရမယ်၊ ရဲရင့်တဲ့ စိတ်ဓာတ် ရှိရမယ်။
(သီတဂူဆရာတော် အရှင်ဉာဏိဿရ)

အောင်မြင်မှု၏ သော့ချက်
ဝီရိယမရှိရင် ဘာမှ မအောင်မြင်ပါဘူး။ ၀ီရိယ ဆိုတာ ကာယ၀ီရိယ၊စိတ္တ၀ီရိယဆိုပြီး နှစ်မျိုးရှိပါတယ်။
ကာယ၀ီရိယဆိုတာက ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်လို့ လမ်းလျှောက်ပြီး စာကျက် စာအံနေတာဟာ ကာယ၀ီရိယ လို့ခေါ်တယ်။
စေတသိက၀ီရိယဆိုတာကတော့ ဒီစာမရရင်(ဒီအလုပ်မပြီးရင်-မအောင်မြင်ရင်) ဒီနေရာက မထတော့ဘူးဆိုပြီး စာကျက်နေတာကို စေတသိက ၀ီရိယလို့ခေါ်တယ်။
ဒါကြောင့် နေရာတကာမှာ ၀ီရိယ ရှိကြပါ။ ဒါမှ အောင်မြင်ပါလိမ့်မယ်။
(မဟာဇောတိကာရာမဆရာတော်)

မွေးမဆုံး သေမဆုံး
မွေးနေ့ကုသိုလ်ပြုရင်
ချိန်ရှိတိုင်း ပြုရမယ်။
တရားသဘောအရ-
အချိန်ရှိတိုင်း - -
မွေး-သေနေကြတာပဲ မဟုတ်လား။
(မဟာဂန္ဓာရုံဆရာတော်)

တစ်ချိန်တည်းသာ
ဘ၀မှာ တကယ်သုံးလို့ဖြစ်တဲ့ ကိုယ့်အချိန်ဟာ ပစ္စုပ္ပန်တစ်မျိုးတည်းသာ ဖြစ်တယ်။ အတိတ်က လွန်ခဲ့ပြီ၊အနာဂတ် ကလဲ မရောက်သေးတာဖြစ်လို့ စကားအနေနဲ့ ပြောလို့ဖြစ်ပေမဲ့ လက်တွေ့မှာ အသုံးချလို့ မဖြစ်ပါဘူး။
သုံးလို့ဖြစ်နိုင်တဲ့ ပစ္စုပ္ပန်တိုင်းကို အချိန်ထိန်းကရိယာ သတိ တပ်ဆင်သွားရင် လုပ်သင့်တာတွေလဲ ဧကန်လုပ်ဖြစ် မယ်။ ရှောင်သင့်တာတွေလဲ မုချရှောင် ဖြစ်တော့မှာမို့ နောင်ရေးအတွက် စိတ်အေးစရာ ဖြစ်သွားရပါတယ်။
(တိပိဋကဓရ၊ ယော-ဆရာတော်)

သူငယ်တို့ အိမ်တည်ဆောက်ခြင်း
ကလေးသူငယ်တို့သည် မြေမှုန့် သလဲမှုန့်တို့ဖြင့် အိမ်ဆောက်လုပ်၍ ကစားကြလေ၏။ ထိုမြေမှုန့်သလဲမှုန့်များ ကို ခင်မင်ခြင်း ၊တွယ်တာခြင်း၊ လိုချင်မက်မောခြင်း ရှိနေသမျှ ကာလပတ်လုံး သူငယ်တို့သည် ကစားလျှက်သာ နေကုန်၏ ။
ထိုကလေးသူငယ်တို့သည် မြေမှုန့်သလဲမှုန့်အိမ်များကို ခင်မင်ခြင်း၊ တွယ်တာခြင်း၊ လိုချင်မက်မောခြင်း၊ မရှိတော့ သောအခါ၌ကား ဖျက်ဆီးကြဲဖြန့် ပစ်လိုက်ကြကာ ကစားမှုကို ရပ်စဲကြလေတော့၏။
“ရာဓ….သင်တို့သည်လည်း ရုပ်ကိုဖျက်ဆီး ကြဲဖြန့် ပစ်ကြကုန်လော့ ၊ ဝေဒနာ-သညာ-သင်္ခါရ-၀ိဉာဏ်တို့ကိုဖျက် ဆီးကြဲဖြန့်ကြကုန်လော့၊ ကစားမှုကို ပြီးဆုံးကြကုန်လော့၊တဏှာကုန်အောင် ကျင့်သုံးဆောက်တည်ကြကုန်လော့၊ ဤစကားသည် မှန်၏၊ ရာဓ……တဏှာကုန်ခြင်းသည် နိဗ္ဗာန်ပင်ဖြစ်သတည်း” ။
(ခန္ဓ၀ဂ္ဂ၊ရာဓသံယုတ်၊ပဌမ၀ဂ်၊သတ္တသုတ်)

မစင်ကို မထိလေနှင့်
မစင်တွင်းသည် ကျောက်စရစ်ခဲ၊ အိုးခြမ်းကွဲကဲ့သို့ သေးငယ်သော အရာဝတ္ထုမျှဖြင့် ထိခိုက်မိသော်လည်း အနံ့ဆိုးထွက်လေ၏။ လွန်လွန်ကဲကဲ ဆိုးဆိုးရွားရွား အနံ့ထွက်တတ်၏။
ဤလောက၌ အချို့သောသူတို့သည် မပြောပလောက်သည့် အကြောင်းအချက်ကလေးမျှဖြင့်လည်း အမျက်ထွက် တတ်၏။ အနည်းငယ်မျှ ပြောရုံဖြင့်လည်း အမျက်ထွက်တတ်၏။ ခက်ထန်တတ်၏။ အမှတ်အစွဲကြီးတတ်၏။ ရန်ပြုပေ၏။
ထိုသို့သော ပုဂ္ဂိုလ်မျိုးကို ပေါင်းသင်းဆက်ဆံခြင်း မပြုအပ်ပေ၊ ရှောင်ကြဉ်ရာ၏။
(တိကနိပါတ်၊ ပုဂ္ဂလ၀ဂ်၊ဇိဂုစ္ဆိတဗ္ဗသုတ်)

Monday, July 23, 2007

သေနည်းသင်တန်း တက်ထားပါ။

သေနည်းသင်တန်း တက်ထားဖို့လိုတယ်။ ဒါအရေးကြီးဆုံးပဲ။

လူတိုင်းတစ်နေ့မှာ မုချသေရမှာ မလွဲဘူး။ ကြောက်ဖို့အလိုဘူး။ ကြောက်လို့လည်း မရဘူး။

၁။ ကြိုတင်ပြင်ဆင်ထားကြရအောင် သေနည်းသုံးမျိုး ပြောမယ်။ “ငါတော့ ဒီတောင်က မကျော် တော့ဘူး” လို့ ကိုယ့်ဟာကိုယ် သိလာပြီဆိုလျှင် အနားမှာ ဘယ်သူမှ မလာစေနှင့် ၊ မိမိတစ်သက် တာအတွင်း ပြုလုပ်ဖူးတဲ့ အလှူတွေကို စဉ်းစားကြည့်။ ဒါနကို လူတိုင်းလုပ်ဖူးကြတာချည်းပဲ။ တန် ဖိုးနည်းတာ များတာ လိုရင်းမဟုတ်ဘူး။ ဒုဋ္ဌဂါမဏိမင်းကြီးလို မိမိစိတ်အကြည်လင်ဆုံး အကျေနပ် ဆုံး၊ အလှူတစ်ခုကိုပဲ ဆင်ခြင်နေ ။သေန

၂။ ဒါမှမဟုတ် ကိုယ်ရှုမှတ်နေကျ ဘာဝနာတစ်ခုခုကို နှလုံးသွင်းနေ။ ဒါမှမဟုတ်လဲ…….

၃။ ရောဂါက ပြင်းထန်လို့ ၊ ဆေးတွေလွန်နေလို့ ၊ သတိမရတစ်ချက် ၊ ရတစ်ချက်၊ ကယောင်က တမ်း ဖြစ်တယ်ပဲထား၊ သတိရလာတာနဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ” ရွတ်နေ ။ ဒါလူတိုင်းရပြီးသား။ ဒီသုံးနည်း တစ်နည်းနည်းနှင့် အသေရင် အနည်းဆုံး နတ် ပြည်ရောက်မှာ သေချာတယ်။

နယ်ခြားတောင်သာသနာပြု

“စိတ်ရှင်းရှင်းထား”

လူ့ဘ၀ဆိုတာ ချမ်းသာအော်နေတတ်မှ ချမ်းသာမယ်။ စိတ်ကို ရှင်းရှင်းထား သောက ဗျာပါဒတွေ မ၀င်စေနှင့်။ “ စိတ်ကို ရှင်းရှင်းထား” ဆိုသည်မှာ ကိုယ်နှင့်မဆိုင်တဲ့ အာရုံတွေကို စိတ် ထဲမှာ မထားရဘူး။ အကြောင်းကိစ္စတွေဆိုတာ သူ့အကြောင်းနှင့်သူ ဖြစ်တာ။

ကိုယ့်အိမ်ရှေ့မှာ သူများက အမှိုက်သရိုက်တွေလာပြီး စုပုံထားရင် မကြိုက်သလို မေတ္တာ နှင့် တစ်လောကလုံးကို ဖြန့်ပြီး ။ စိတ်ကို ရှင်းရှင်းထား နေတတ်တဲ့သူဟာလဲ အမှိုက်သရိုက်နဲ့တူတဲ့ သူ့အကြောင်း ၊ ကိုယ့်အကြောင်း ရှုပ်ရှုပ်ရှက်ရှက်တွေကို မစဉ်းစားဘူး။ ကိုယ်လာပြောလဲ နားမ ထောင်ဘူး။ စိတ်ကို ရှင်းရှင်းထားမှ ချမ်းသာမယ်။

(နယ်ခြားတောင်သာသနာပြု) ဆရာတော်ဦးဥတ္တမသာ

Thursday, July 5, 2007

ကြီးပွားချမ်းသာရေးအတွက် လိုအပ်သောအချက်များ

၁။ထကြွလုံ့လရှိခြင်း
၂။သတိရှိခြင်း
၃။ စင်ကြယ်သော ကံသုံးပါးရှိခြင်း
၎။ စူးစမ်း၍ ပြုလေ့ရှိခြင်း
၅။ဣနြေ္ဒတို့ကို စောင့်စည်းခြင်း
၆။တရားသဖြင့် အသက်မွေးခြင်း
၇။မမေ့မလျော့ခြင်း တို့ ဖြစ်၏ ။

မိမိတို့ ဘ၀တိုးတက်မြင့်မားရေးအတွက် ဤအချက်များနှင့် မိမိမည်မျှ
ညီညွတ်သည်ကို
အဖန်ဖန် စစ်ဆေးရန် ပင်ဖြစ်သည်။ လွဲမှားသော
အားကိုးရာများကို အလောတကြီး
ရှာရန်မလိုပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More