This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 30, 2007

ကျောက်ကွင်းဝါဒပြိုင်ပွဲ တင်ပေးထားပါတယ် download လုပ်ယူကြပါရန်

Friday, June 29, 2007

နဖူးစွန်းနှင့် ဒူးပွန်းခံကာ

ကိုးကွယ်ပါလည်း ဆရာလွဲက

ငရဲအပါယ် အမြစ်တွယ်

ဝဋ်လည်း ရှည်လျားရာ ။

(လယ်တီဆရာတော်ဘုရားကြီး)

နဖူးစွန်းနှင့် ဒူးပွန်းခံကာ

ကိုးကွယ်ပါလည်း ဆရာလွဲက

ငရဲအပါယ် အမြစ်တွယ်

ဝဋ်လည်း ရှည်လျားရာ ။

(လယ်တီဆရာတော်ဘုရားကြီး)

ချစ်သင့်တဲ့ အလုပ်ကိုလုပ်ပြီး ကိုယ့်ကိုယ်ကို ချစ်ကြ၊ မုန်းသင့်တဲ့ အလုပ်ကို လုပ်မိရင်လည်း ကိုယ့်ကိုယ်ကို မုန်းကြ ၊ ချစ်စရာအကောင်းးဆုံးလည်း ငါပဲ ။ မုန်းစရာအကောင်းဆုံးလည်း ငါပဲ ဆိုတဲ့ စကားနှစ်လုံးကို မြဲမြဲမှတ်ထားပြီးတော့ မုန်းဖွယ်အကုသိုလ် အမှုတွေကို ရှောင်ကြဉ်ကြ၊ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတွေ ပွားများအားထုတ်နိုင်ကြပါစေ။´´

(သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီး)

Thursday, June 21, 2007

လောကဓံ

နေရာတိုင်းမှာ အဆိုးနှင့်အကောင်း ဒွန်တွဲလျက်ရှိရာ၊

ဦးတည်ချက်မှန်သူဟာ လုပ်ဆောင်ချက်လည်း မှန်တော့တာပဲ။

လုပ်ဆောင်ချက်မှန်သောသူအတွက် ဘယ်လိုအတားအဆီးပဲဖြစ်ဖြစ်

ကျော်လွှားနိုင်မှာ အမှန်ပင်ဖြစ်၏။

အများအကျိုးရွက်သည်ပိုးက

ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း

မရွဲ့မစောင်း

ကိုယ့်လမ်းကြောင်းကို

စိတ်ကောင်းနှင့်ယှဉ်

ရှေးရှုနှင်လော့

(ရွှေဟင်္သာဆရာတော်ဘုရားကြီး သြ၀ါဒတော်)

Wednesday, June 20, 2007

ဓမ္မဆိုတဲ့ သဘာဝတရား

ဓမ္မဆိုသည်မှာ ဝေဖန်ရုံမျှ ၊ သုတေသနပြုရုံမျှ ၊ ပြောရုံမျှ ၊ နာရုံမျှ နှင့်ပြီးသောအရာမဟုတ်၊ဓမ္မသည် လူတိုင်းအတွက် အသုံးချတရားဖြစ်သည်။ အရေးကြုံလာလျှင် ဓမ္မကို လက်တွေ့ကျကျ အသုံးချရမည်။
ဥပမာ -လိုချင်မှု များ အားကြီးလာသောအခါ၌ ဖြစ်စေ။လိုချင်သည့်အတိုင်းမရလျှင် အလိုမကျခြင်း။ ဒေါသဖြစ်ခြင်း၊ စိတ်တိုင်းမကျခြင်း အစရှိသောအခါ၌ ဖြစ်စေ။ ပြီး စိုးရိမ်ပူဆွေးမှု ၊ငိုကြွေးမှု၊ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ပြင်းထန်စွာ ပူပန်ခြင်းစတာတွေ ဖြစ်လာတဲ့အခါ် လက်တွေ့ကျကျ အသုံးချရသော ဓမ္မဖြစ်သည်။ မြတ်ဗုဒ္ဓ၏ လက်တွေ့အသုံးချ ဓမ္မများအနက်က တစ်ခု-

ယံ ပုဗ္ဗေ တံ ၀ိသောသေဟိ ၊ ပစ္ဆာ တေ မာဟု ကိဥ္စိနံ။
မဇ္စျေ စေ နောဂဟဿတိ ၊ ဥပသန္တော စရိဿသိ။
အရင်က ဖြစ်ခဲ့ဖူးသော ဖြစ်ပြီးပြီ ဖြစ်သော တရားတို့၌ ပြန်လည်တွေးတောခြင်းဖြင့် ကိလေသာမဖြစ်ပါစေနဲ့။
နောင် မဖြစ်သေးသော ဖြစ်လတ္တံ့သော တရားတို့၌ ကိလေသာဖြစ်အောင် ကြောင့်စိုက်မှု မဖြစ်ပါစေနဲ့ ။အလယ်ပိုင်း(ပစ္စုပ္ပန်) တရားတို့ တဏှာ၊ ဒိဋ္ဌိ တို့ဖြင့် အကယ်၍ မစွဲယူဘူး ဆိုရင်၊သင်သည် ငြိမ်းချမ်းစွာ နေရလိမ့်မည်။

မြန်မာနိုင်ငံရဲ့ ခေတ်မှီစက်ကြီး။

လူတိုင်း မနက်လင်းတာနဲ့ စာဝတ်နေရေး အတွက် အလုပ်လုပ်ကြရသည်ထိုသို့ လုပ်ကြရာတွင် တစ်ခါတစ်ရံ လိုချင်မှုနှင့်ယှဉ်ပြီးလုပ်ကြရ၊ တစ်ခါတစ်ရံ မလိုလား မနှစ်သက်မှုတွေနဲ့ အလုပ်လုပ်ကြရသည့်အတွက် ကိုယ်ပင်ပမ်းရုံမျှ မကဘဲ စိတ်ပါပင်ပမ်းကြရသည်။ ကိုယ်ပင်ပမ်းတာ ခံနိုင်ပြီး စိတ်ပင်ပမ်းတာကို မည်သူမှ မလိုလားကြပါ။ ဒီစိတ်ပင်ပမ်းတာ ခံနိုင်ဘို့အတွက် စိတ်ခွန်အားကောင်းဖို့ စိတ်သန့်စင်ဖို့ အထူးလိုအပ်လှပါသည်။ လူတစ်ယောက်စိတ်သန့်စင်ဖို့တွက်-

မနက်တိုင်း စောစောထပြီး ၊ ဘုရားရှိခိုး ၊ မေတ္တာပို့ ၊ စွမ်းနိုင်ရင် ၀ိပဿနာတရားကို အနည်းဆုံး (၃၀) မိနစ်လောက်၊ အားထုတ်၊ပါ၊ အဲဒါကို နေ့တိုင်း နေ့တိုင်း အလေ့အကျင့်ဖြစ်အောင် ပြုလုပ်သွားပါက မကြာမှီမှာ စိတ်တည်ငြိမ်မှု စိတ်ရဲ့အေးချမ်းမှု အတော်လေးရရှိလာကြမှာ ဖြစ်သလို စိတ်ဓါတ်ဟာလည်းအမြဲတက်ကြွပြီး၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်မှာ ပြဿနာတစ်စုံတစ်ရာနှင့်ကြုံလာရင်လည်း အတော်အတန် သီးခံနိုင်လာသောကြောင့် အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာလည်း ရလာကြမှာဖြစ်ပါတယ်။
ကမ္ဘာနဲ့အ၀ှမ်း အသိပေးချင်တာက-
ဘယ်နိုင်ငံမှာမှ မရှိသေးသော စိတ်ခွန်အားကောင်းစေပြီး ၊ စိတ်သန့်စင်သော စက်ကြီးသည် မြန်မာနိုင်ငံမှာ ပေါ်ထွန်းနေပါပြီလို့ အားလုံးကို အသိပေးချင်ပါတယ်။ အဲဒီစက်ကြီးဟာ အခုမှ ပေါ်ထွန်းလာခြင်းမဟုတ်၊ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀) တုန်းက ပေါ်ထွန်းခဲ့တာပါ၊ ဒါပေမဲ့ အဲဒီစက်ကြီးဟာအသုံးပြုသူတိုင်းအတွက် အမြဲတမ်း update ဖြစ်နေပြီး အစဉ်သဖြင့်လည်း သစ်လွင်တောက်ပဆဲပါ ။

Sunday, June 17, 2007

Saturday, June 16, 2007

မွေးနေ့တစ်ခု၏ အတွေးပုံရိပ်

မွေးဖွားခြင်း၏ နောက်ကွယ်မှာ ဘ၀တစ်ခုကို ပိုင်ဆိုင်ရစမြဲ ၊ အဲဒီနောက်
နားကနေ ကပ်ပြီးပါလာသော အရာကား တစ်ခြားမဟုတ်၊ အရှက်ခွဲတတ်တဲ့
ကြီးရင့်ခြင်းဆိုတဲ့အိုခြင်းသဘော ဖြစ်သည်။ဒါလောက်နဲ့ မရပ်နားသေး၊ ဘဝ
တစ်ခုကို အပြီးအတိုင် ချေဖျက်မည့် သေမင်းကလည်း ဘယ်အချိန်မျာ
ငါ့အလှဲ့ရောက်မလဲဆိုတာကို အလစ်ချောင်းလို့နေပါသေးသည်။
ဒီကြားထဲ လောကဓံတရားကို အခြေတည်၍ ဖြစ်ပေါ်လာသော လိုချင်မှု၊
စွဲလန်းမှု၊ စိုးရိမ်ပူဆွေးမှု ၊ ငိုကြွေးမှု ၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ၊ ပြင်း
ထန်စွာပူပန်မှုစသော ခါးသီးသောခံစားမှုတွေကိုလည်း ကြုံသလို ခံစားလိုက်
ရပေသေးသည်။ အနေမတတ်ရင်တော့-လားလား ၊ မတွေးရဲဘူး။
ကြိုးတန်းပေါ်လျှောက်နေသော သူလိုပါပဲလား။ ဘယ်ဖက်တိမ်းရင်လည်း
အောက်ပြုတ်ကျနိုင်သလို၊ ညာဘက်တိမ်းရင်လည်း မသက်သာ အောက်ကျ
ပြီး သေနိုင်တယ်။မသက်သာလှပါ။ အင်းအရေးကြီးဆုံးက တည့်မတ်အောင်
လျှောက်လမ်းနိုင်ဘို့ နှင့်ပန်းတိုင်ရောက်အောင် အန္တရာယ်ကင်းစွာ လျှောက်
လမ်းနိုင်ဘို့ ရှေ့လျှောက်အများကြီး
ကျိုးစားရဦးမှာပါလား ။

Friday, June 15, 2007

စစ်မှန်သော အလှပိုင်ရှင်များဖြစ်ကြပြီလား
လူ့လောကထဲမှာ ရှေ့တန်းက ရောက်နေသူများကို လေ့လာကြည့်ရင်
ကြည့်ကောင်းသော ရုပ်ရည်ကို ပိုင်ဆိုင်သူများသာ ဖြစ်ကြသည်။
လူဖြစ်လာတဲ့အခိုက် ရှေးအတိတ်ကံ ကောင်းခြင်းကြောင့် ရုပ်ရည်ရည်
ချောမောလှပကြသည်။ အလှအားနည်းသူ အချို့ဆိုရင်လည်း ပြုပြင်လိုက်
ရင် ကြည့်ကောင်းလာတော့တာပဲ။ လောကမှာ လှခြင်း နှင့် မလှခြင်းသည်
အဓိကကျလားဆိုတော့ ၊ မကျဘူးလို့ပဲ ဖြေရမှာပဲ။
ဒါဖြင့် အရေးကြီးတာက ဘာလဲ၊ အရေးကြီးတာက အရုပ်လှဖို့ထက် စိတ်
လှဖို့က ပိုပြီးအဓိကကျ ၊ ပိုပြီး အရေးကြီးတာပါ။ အရုပ်ဘယ်လောက်ပဲ
လှလှ စိတ်လှတဲ့သူ မဟုတ်ဘူးဆိုရင် ထိုသူ့ကို အလှဆုံးလို့ မခေါ်ဆို
နိုင်ပါ။ အရုပ်ဆိုးအကျည်းတန်သော သူပင်ဖြစ်စေကာမူ စိတ်လှတယ်ဆို
ရင် ထိုသူ့ကို စစ်မှန်သောအလှပိုင်ရှင် လို့ ခေါ်ဆိုရင်နိုင်ပါကြောင်း။
စစ်မှန်သော အလှပိုင်ရှင်ဖြစ်ဖို့ဆိုတာက ကုသိုလ်လုပ်ငန်းမှန်သမျှ အား
လုံးကို လုပ်နိုင်သမျှလုပ်ဖို့ပါပဲ ။
စာဖတ်သူများအားလုံး စစ်မှန်သော အလှပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ။

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့လယ် ထင်ရှားသော ကျောက်တိုင်တစ်ခု

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့ ပြတိုက်အနီး၊ ရထားစက်ခေါင်းပေါ်က A myanmar flag

ထိုင်းနိုင်ငံ (canchanabury ) မြို့၊ ကွေးမြစ်ပေါ်ရှိ ကမ္ဘာကျော် ကွေးတံတား

Wednesday, June 13, 2007

အစာကိုသာမြင်တဲ့ ငါး

``လောကကြီးတစ်ခုလုံးက လာဘ်ရွှင်တာ ၊ နာမည်ကျော်တာ၊အခြံအရံ

ပေါတာကိုမှအဟုတ်ကြီးထင်တယ်။ ဦးစားပေးတယ်၊ ပကာသနလုပ်တယ်၊

လာဘ် ၊ နာမည် ၊ အခြံအရံ တွေကို မရသေးရင် ရအောင်လုပ်တယ်၊

ရပြီးရင်လည်း ထပ်လုပ်တယ်။

ဘုရားကတော့ ``အဲဒါတွေကြောင့် အပါယ်ရောက်ကြရတာ မနည်းဘူး´

လို့အတန်တန်ဟောတယ်။ တကယ်တော့ လာဘ်၊ နာမည်ကျော်တာ ၊

အခြံအရံပေါတာတွေဟာ စိတ်ထားမတတ်ရင် အပါယ်လက်မှတ်တွေပဲ ။

Monday, June 11, 2007

အယူအမြင်စင်ကြယ်ရေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဓမ္မဒူတခရီး ကြွစဉ်က - ထိုင်းနိုင်ငံရောက်

မြန်မာများသည် အလုပ်များတဲ့ ကြားထဲက လာရောက်ပြီး ၀မ်းသာစွာ

တွေ့ဆုံကြပေါ့၊ ကိုယ်ကလည်း ဓမ္မကို ဆာလောင် မွတ်သိပ်နေတဲ့

သူတို့အား ဘ၀တိုးတက်ကြောင်းနှင့် လိုက်နာစရာတရားများကို လည်း

ပြောပြဟောပြနဲ့ တန်ဖိုးရှိသော ဓမ္မဒူတခရီးတစ်ခု ဖြစ်ခဲ့ရပါတယ်။

အဲဒီအထဲ ဗုဒ္ဓဘသာဝင် ထိုင်းလူမျိုးတစ်ဦးက မေးတယ်`အရှင်ဘုရား

မြန်မာပြည်က ဘုရားပုံတော်တွေ မပါဘူးလား၊ ပါရင် တပည့်တော်တို့

လည်း ၀ယ်ချင်တယ် ´ တဲ့ဘာပြုလို့ ၀ယ်ချင်ရတာလဲ မေးတော့

တပည့်တော်တို့ အဆောင်၊ လက်ဖွဲ့အနေနှင့်အသုံးပြု ဆောင်ထားခြင်

လို့ပါ´ တဲ့ သူတို့ ဘုရားကို အဲဒီလို အားကိုးချင်တာကိုး၊သူတို့သိအောင်

မြတ်ဘုရားရဲ့ မြင့်မြတ်တဲ့ ပါရမီဖြည့်ပုံတွေ ၊ ဘုရားဖြစ်ရခြင်းရဲ့

ရည်ရွယ်ချက်တွေကို လူတတ်ကြီးလုပ်ပြီး ပြောခဲ့ရပါသေးတယ်။

ထိုင်းနိုင်ငံရောက်သွားတာက ကထိန်ခေတ်ကာလဆိုတော့ ထိုင်းရောက်

မြန်မာတွေ စုပေါင်းပြီး လုပ်ကြတဲ့ ကထိန်သင်္ကန်းအလှူပွဲ တစ်ခုမှာ-

ပြောဖြစ်ခဲ့တယ်။လူတကာပြုနိင်ခဲတဲ့ ပါရမီတော်တွေကို ဖြည့်ကျင့်ခဲ့ရတဲ့

မြတ်ဗုဒ္ဓရဲ့ ရည်ရွယ်ချက်က သတ္တ၀ါတွေ အို နာသေ ကလွတ်အောင်လို့

ဆိုတဲ့အကြောင်း၊ မြတ်ဘုရားကိုကိုးကွယ်တဲ့နေရာမှာ လောကီအကျိုး

လောက်တင်မဟုတ်ဘဲ ၊ ဘ၀လွတ်မြောက်ရေးအတွက်ပါ ၊ ကိုးကွယ်ကြ

ခြင်းဖြင့် ကိုးကွယ်မှု မှန်ကန်ကြရန် အထူးလိုအပ်ကြောင်းကို တတ်သ

လောက်ပြောခဲ့ရသည်။

သတ္တ၀ါမှန်သရွေ့ ၊ တရားတွေ့ ၊ ချမ်းမြေ့သာယာရှိပါစေ။

Saturday, June 9, 2007

ပညာရေး

ယခင်နှစ် ပညာသင်နှစ်မှ စတင်၍ မူလတန်း ကျောင်းသူ/သားမျာသည်
ကျောင်းအပ်နှံရာတွင် မည်သည့်ငွေကြေး တစ်စုံတစ်ရာမှ ပေးရန်မလိုဘဲ
(အခမဲ့) ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ယခုလ
အတွင်း တရားဝင် သတင်းထုတ်ပြန် ထားသည်။ ဖေါ်ပြပါ အကြောင်းကို
ဖတ်လိုက်ရသည့်အတွက် ချို့တဲ့ နွမ်းပါးသောကလေးများအတွက်အလွန်
ပဲ ၀မ်းမြောက်ကြည်နူးမိပါသည်။ဒါပေမဲ့ ကြည်နူးမှုက သိပ်မကြာလိုက်ပါ ။
လူတစ်ယောက်က ``ကျွန်တော့ကလေး ကို မူလတန်း တွင် ကျောင်းအပ်
်ရာ ပိုက်ဆံက (၈၀၀၀၀)ရှစ်သောင်းနှင့် (A)အခန်းမှာရရေးအတွက် မုန့်ပုံးနဲ့
headmaster ကြီးကို သွားကန်တော့ရတယ်တဲ့။ ဒါတင်ဘယ်ကမလဲ၊သူပေး
တဲ့ ရှစ်သောင်းဆိုတာအနည်းဆုံးအဆင့်မှာရှိတယ်၊ ကျောင်းအပ်ဖို့ ပိုက်ဆံ
လာပေးထားကြတဲ့ စာရင်းထဲကြည့်လိုက်တာ ကျောင်းသားတစ်ယောက်
အတွက်(၂၅၀၀၀၀)အထိ ရှိနေတာတွေ့ရတယ်။အင်း (အခမဲ့)လို့သာတော်
တော့တာပေါ့ ၊ အခမဲ့မဟုတ်လို့ကတော့ မတွေးရဲအောင်ပါပဲ။
ဒီအတိုင်းဆိုရင် ချို့တဲ့သော ကလေးတွေ ဘယ်လိုပညာသင်ကြမလဲ၊
သူတို့ရဲ့အနာဂတ်မတွေးဝံ့စရာပဲ၊၊ ဒီလို ချို့တဲ့သော မိဘများမှ မွေးဖွားလာ
သော ကလေးတွေ မြန်မာပြည်မှာ အများကြီးပါ၊ ဒီကလေးတွေ မည်သူတာ
ဝန်ယူကြမလဲ၊ စဉ်းစားတယ် ၊ သူတို့လေးတွေပညာရေးအတွက် တစ်စိတ်
တစ်ဒေသ ထောက်ပံ့ရင် ကောင်းမှာပဲ ဆိုပြီး၊ မေတ္တာဖောင်ဒေးရှင်း ဆိုတဲ့
organization လေးကို အကောင်အထည်ဖေါ်ကာ ယခု ချို့တဲ့သော
အထက်တန်းကျောင်းသူ/သား ဆယ်ယောက်ကို စားဝတ်နေရေး
ပညာရေးအားလုံး ကို တတ်နိုင်သလောက်တာဝန်ယူစောင့်ရှောက်ပေးပြီး
ညနေခင်းကျောင်းက ပြန်လာသော ကလေးများကို ကြည့်နူးမှုအပြည့်နှင့်
ပီတိတွေဖြစ်ရပါကြောင်း ။

ဒီစာတန်းလေးကို ဟိုလွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က မကွေးမြို့ `မြသလွန်´ဘုရား
စေတီတော် စောင်းတန်း မုခ်ဦးအ၀မှာ တွေ့မြင်ခဲ့ရပါသည်။ ဓါတ်ပုံမှတ်တမ်း မရှိပါ
သဖြင့် အကယ်၍ စွမ်းနိင်မည်ဆိုပါက ဆိုက်ပေါ်တင်ပေး စေလိုပါသည်။ အားလုံး
ဗုဒ္ဓဘာသာဝင်များ သိစေချင် အတုယူစေချင်လို့ပါ။
ဒီစာတန်းလေးအတိုင်းပဲ မကွေးမြို့ ဧရာဝတီမြစ်ကမ်း နဖူး၌ တည်ထားသော မြသ
လွန် စေတီတော်ရင်ပြင်၌ ဂြိုလ်ခွင်၊ ဂြိုလ်အိမ် ၊ ဘိုးတော်၊ မယ်တော်မျိုးစုံတို့ကို
လည်း စံမြန်းခွင့် permission မပေးထားသောကြောင့် သန့်ရှင်းပြီး ထေရ၀ါဒဆန်
သော ထိုစေတီတော်ကို ဖူးမြင်ရသူများ စိတ်ကြည်နူးဘွယ် အထူးကောင်းလှပါသည်။
ဆက်ဦးအံ့ ၊ ဘုရားရင်ပြင်တိုင်း၊ ရင်ပြင်တိုင်း `မြသလွန်´ စေတီတော်လို ဖြစ်သင့်
သည်မှာ အမှန်ပါ။ အခုတော့- ရန်ကုန်မြို့ရွှေတိဂုံစေတီတော် အပါအ၀င် အနယ်
နယ်အရပ်ရပ်မှ စေတီတော်များတွင် ဂြိုလ်ခွင်၊ ဂြိုလ်အိမ် ၊ ဘိုးတော် ၊ မယ်တော်
မျိုးစုံနှင့် အခြားအမည်မသိ နတ်တွေကလည်း နေထိုင်ခွင့် visa အပြည့်နဲ့ ဘုရား
ရင်ပြင်တော်ပေါ် နေရာယူကုန်ကြပြီ။
ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသလိုမျိုး ဖြစ်ကုန်ပြီ ၊ ဒါကြောင့် ဘုရားရင်ပြင်မှာ
အုတ်ရောရော ကျောက်ရောရော မဖြစ်ရလေအောင် နိုင်ငံတော် တိုင်း/မြို့နယ်
ကျေးရွာ သံဃာ့နာယကအဖွဲ့ အဆင့်ဆင့်များ၊ အစိုးရ အာဏာပိုင်အဖွဲ့တို့ဖြင့်ပူး
ပေါင်းပြီး ဘုရားရင်ပြင်တော်ပေါ် ၊ ဘုန်းတော်ကြီးကျောင်း တော်ပေါ်သို့
special visa နှင့် ရောက်လာကြကုန်သော သာသနာနှင့် မလျော်သည့် ပုဂ္ဂိုလ်
ထူးများ အားလုံးကို ပြည်နှင်ဒဏ် ပေးကြမည်ဆိုပါက -
မြတ်ဘုရားချွေးနဲ့ သွေးနဲ့ ရင်းခဲ့ရတဲ့ သာသနာတော်ကြီးသည် ဖြူစင်သန့်ရှင်း
သော သာသနာတော်ကြီး ဖြစ်လာမှာ အမှန်ပါ။

Wednesday, June 6, 2007

သာသနာနဲ့တွေ့သ

မြတ်စွာဘုရားရှင် ပေးတော်မူခဲ့တဲ့ သြ၀ါဒတော် သုံးချက်ကို အတော်များ
များလည်း သိကြမှာပါ။ အကုသိုလ်မှန်သမျှကို ရှောင်ကြဉ်ရမည် ကုသိုလ်
မှန်သမျှ ရအောင်ယူကြ၊ (ပြည့်စုံအောင်အားထုတ်ကြ)၊ ဒီနှစ်ချက်ကို စဉ်း
စားကြည့်ရအောင် သြ လူတွေနော် စားဝတ်နေရေး၊ အိမထောင်ရေးစတဲ့
များစွာသော အရေးတွေကြားမှာ အကုသိုလ် လုံးဝမဖြစ်နိုင်အောင် လုပ်
လို့ လွယ်ပါ့မလား၊ ဟုတ်တယ် ၊ သတိပါရင် လွယ်ပြီး ၊ သတိမပါရင် မလွယ်
ပါဘူး။ ဒါကြောင့်လည်း မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးမိန့်ခဲ့
တဲ့စကားတော်က (ချစ်သားတို့ သတိတရားဖြင့် မမေ့မလျော့ ပြည့်စုံအောင်
အားထုတ်ကြဆိုပြီး သတိတရားအရေးကြီးကြောင်း နောက်ဆုံးမှာတော်မူခဲ့
တာလေ၊ ဘယ်လိုအနေအထားမျိုးမှာပဲ ဖြစ်ဖြစ် သတိတရားလေးထားပေး
မယ်ဆိုရင်မဖြစ်သင့်တာတွေ မဖြစ်တော့ဘဲ ၊ဖြစ်သင့်တာပဲ ဖြစ်တော့မှာပါ။
နံပါတ်သုံး သြ၀ါဒတော်က စိတ်ကို ဖြူစင်အောင်ထားကြ လို့ဆိုတဲ့နေရာမှာ
စိတ်လေးဖြူစင်အောင်ထားဖို့ ဘယ်လိုလုပ်ကြမလဲ၊ ဝေးဝေးကြည့်စရာမလို
မိမိကိုယ်ကိုယ်ကို ပြုပြင်၊ လေ့ကျင့်ယူရမှာပါ။ သူတစ်ပါးအပေါ် စိတ်ကောင်း
ထားမယ်၊နားလည်ပေးတတ်ရမယ်၊ သူတစ်ပါးအပေါ် အပြစ်မမြင်ရဘူး၊ အ
ပြစ်မြင်လာရင်လည်း ကိုယ့်ထဲက အမြန်ဆုံးထုတ်ပယ်နိုင်အောင် ကြိုးစားရ
မယ်၊ စိတ်နှလုံး အေးချမ်းဖို့အတွက် မေတ္တာပို့ခြင်းစတဲ့ သမထဘာဝနာတွေ
ကို အချိန်မှန်မှန် လေ့ကျင့်ပေးကြရပါမယ်၊ ဒီထက် တတ်နိုင်ရင်တော့ ၀ိပဿ
နာ ဘာဝနာပွားများခြင်းဖြင့် မိမိစိတ်ကို တည်ငြိမ်အောင် လေ့ကျင့်ပေးကြ
မယ်ဆိုပါရင် တည်ငြိမ်သော စိတ်လေးတွေနဲ့ ကိုယ်စီ ကိုယ်ခံအားကောင်း
လာကြမှာပါ။အဲဒါဆိုရင် စိတ်လေးတွေလည်း ဖြူစင်လာပြီး မြတ်စွာဘုရား
အဆုံးအမနဲ့အညီ နေနိင်မယ် မြတ်ဘုရားအဆုံးအမနဲ့အညီနေနိုင်ရင်
ဘုရားသာသနာနဲ့ တွေ့တဲ့သူလို့ဆိုနိုင်ပြီပေါ့။
အားလုံးဘုရားသာသနာနဲ့ တွေ့သောသူများ ဖြစ်အောင်ကြိုးစား အားထုတ်
နိုင်ကြပါစေ

သာနသာအတွက် ရင်လေးစရာ
ရောက်လာသော ဖိတ်စာတစ်စောင်ကို အံ့သြစွာ ဖတ်လိုက်ရတယ်။
ကွမ်ရင်မယ်တော်အနေကဇာတင်ပွဲ တဲ့ ဒီလိုမျိုး ဖြစ်ပေါ်ရတဲ့ အ
ကြောင်းအရင်းကို စုံစမ်းကြည့်ရာမှာ-ဘာသာခြားကျောင်းမှ သီလရှင်
်တစ်ပါးရဲ့ အကြံပေးချက်အရ လုပ်တာပါ လို့ အလှူရှင်ရဲ့ ပြောပြချက်
အရ သိရတယ်။ မယ်တော်စံမြန်းတဲ့ နေရာကလည်း ကြည့်ပါဦး
ဘုန်းတော်ကြီးကျောင်းဝင်းထဲက အလျူမီနီယံ အဆောင်ပြသာဒ်ထဲ၊
တိုင်းသံဃာ့နာကဆရာတော်တစ်ပါးနဲ့ ဆက်နွယ်နေတဲ့ ကျောင်းဖြစ်
နေတယ်။ ဆရာတော်က အဲဒါကိုမသိဘူးလား၊ (သို့) မသိချင်ယောင်
ဆောင်နေတာလား မသိပါ ၊ အခုတော့ ဘုန်းတော်ကြီးကျောင်းထဲ
ကွမ်ရင်ရောက်လို့နေပါပြီ၊ သာသနာအတွက် ရင်လေးစရာဖြစ်နေပြီ။
စာဖတ်သူများအားလုံး-
ဘုရားမှတစ်ပါး မည်သူကိုမှ အနေကဇာတင်တယ်ဆိုတာ အရင်က
လည်း မရှိခဲ့သလို အခုလည်း မရှိ နောင်လည်း ရှိနိုင်မှာ မဟုတ်ပါဘူး။
ဒီအကြောင်းကို သာသနာရေးဌာန အရေးပါတဲ့ လူကြီးများကို
ဆွေးနွေးပြန်တော့လည်း `တင်ပါ့ဘုရား´ဆိုပြီး ဘာအကြောင်း
မှ မထူးလာပါ။ ဘယ်လိုလုပ်ကြမလဲ ၊ ဒီရုပ်တုကြီး ဘုန်းတော်ကြီး
ကျောင်းမှာ ထားရှိခြင်းဖြင့် `အမှားကြာတော့ အမှန်ဖြစ်ဆိုတဲ့အတိုင်း´
နောင်လာနောင်သားများက ဘုန်းတော်ကြီးကျောင်းထဲ ဒီရုပ်တုကြီး ကို
မြင်သည့်အတွက် ကွမ်ရင်ကိုလည်း ကိုးကွယ်ရတာပဲ
ဆိုပြီး ကိုးကွယ်ကြမှာ မြင်ယောင်မိပြီး နောင်သာသနာအတွက် ရင်လေး
မိတာ အမှန်ပါပဲ။

Monday, June 4, 2007

မြန်မာ့လဖက်ရည်ဆိုင် မဖွင့်တာ ဘာကြေင့်ဘာလိမ့်

ပဋ္ဌာန်းဒေသာနာတော် အဓိပ္ပါယ် သိလိုသူများ patthana ၌ ဖတ်ရှုလေ့လာနိုင်ပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More