Sunday, December 21, 2008

ပွဲဘာကြောင့်ထိုးရ

အမေး။ ။ သာသနာပွဲအကြောင်းဖတ်ရတဲ့အတွက် ကျေးဇူးများလှပါတယ်ဘုရား။ အခြားပွဲထိုးတာနဲ့ပတ်သက်ပြီး အခမ်းအနား၊ ပွဲ၊ အိမ်ဆောက်၊ စသည်ဖြင့် ပွဲထိုးတာတွေ့ဖူးကြုံဖူးပါသည်။ ဒီပွဲတွေကို ဘာကြောင့်ထိုးရလဲ။ ဘာအတွက်လဲ။ အကျိုးရမလား။ ရိုးရာလား။ ကွဲပြားစွာ သိလိုပါသည် ဘုရား။
ရတီ

အဖြေ။ ။ ဒီမှာ ထိုးတဲ့ပွဲတွေက ငှက်ပျောပွဲအုန်းပွဲ တွေပဲများပါတယ်။ ဒါကြောင့်လည်း သိပ်မကုန်တဲ့အတွက် ထိုးကြတာပေါ့။ ဒီပွဲတွေကို ဘာကြောင့် ထိုးရလဲ……..။ အကြောင်းကို ရှာကြည့်တဲ့အခါ ကိုယ်လုပ်တဲ့ အခမ်းအနား၊ဇာတ်သဘင်စတာတွေမှာ အန္တရာယ်ကင်းအောင် လို့ ဆိုတာရယ်။ လာဘ်လာဘရွှင်အောင်လို့ဆိုပြီး ပွဲတင်ကြတာပါ။ တစ်ချို့ကလည်း ရိုးရာလို့ဆိုပြီး ပွဲတင်ကြတာရှိပါတယ်။
အိမ်ဆောက်မယ်ဆိုရင်လည်း အဆင်ပြေအောင် အန္တရာယ်ကင်းအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ အိမ်တည်ဆောက်ခါစမှာ ပွဲပေးကြတယ်။ ဒီတင်လိုက်တဲ့ ပွဲတွေဟာ အမှန်တကယ်အကျိုးပေးမှာလား ဆိုတော့ “ဟင့်အင်း” လို့ပဲ ပြောလိုက်ပါရစေ။ ဒီလိုပွဲတင်တဲ့အတွက် ငှက်ပျော်သီး ၊ အုန်းသီးများကို စားရမှာ သေချာသလောက် ဖြစ်ပေမယ့် ၊ ပွဲတင်သူ လူသားများ အတွက် ဘာအကျိုးမှ မရနိုင်ပါကြောင်း၊ ပွဲတင်ခြင်းဖြင့် ရိုးရာဟု ဆိုကြသော်လည်း ထေရ၀ါဒရှုထောင့်ကနေ ကြည့်ရင် ရိုးရာပွဲများလည်း မရှိစေကောင်းပါ လိ့ ဖြေကြားပေးလိုက်ပါတယ်။ ( မေးခွန်းမေသူရဲ့နာမည်နဲ့ နေတဲ့ လိပ်စာတတ်ပြီးမေးပါရန်)

1 comments:

ဖတ်မှတ်သွားပါတယ် ဘုရား... မက်မက်တစ်ခုလောက် မေးချင်လို့ မေးခွင့်ပြုပါဘုရား...

မဂီလာဆောင်တွေ သမီးရည်းစားခိုးပြေးတဲ့အတွဲတွေမှာ ပြန်လာအပ်ရင် ဘာလို့ ကန်တော့ပွဲ ထိုးရတာလဲ ဘုရား...

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More