Friday, December 5, 2008

မောင်ပြည့်စုံအောင်ရဲ့အမေး

အမေး။ ။သစ္စာသိအောင် ဟောပြောဆုံးမနိုင်တဲ့ ဆရာသမား (လူပုဂ္ဂိုလ်) နဲ့ သစ္စာတရားကို ဟောပြောဆုံးမနိုင်စွမ်းမရှိ တဲ့ မိဘနှစ်ပါးမှာ ဘယ်သူ့ကို ရှေ့တန်းတင် ဦးစားပေးသင့်ပါသလဲ ဘုရား ။ တကယ်လို့ မိဘစကားနားမထောင်ဘဲ အဲဒီ သစ္စာဟောပြနိုင်သူရဲ့ စကားပဲ နားထောင်မယ်ဆိုရင် ဘယ်ကောင်းကျိုး ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသလဲဘုရား။
မောင်ပြည့်စုံအောင်
S.M.T.University
စိန့်ပီတာစဘတ်မြို့ ရုရှားဖက်ဒရေးရှင်း

အဖြေ။ ။အနာဂတ်လူငယ်မျိုးဆက်သစ်တွေရဲ့ အယူအဆအတွေးခေါ်များ မြှင့်တင်ဖို့အတွက် အရေးကြီးတယ်။ သစ္စာသိအောင် ဟောပြောဆုံးမနိုင်တဲ့ သူရဲ့ လမ်းညွန်မှုကိုလည်း မပယ်သင့်သလို မိဘများရဲ့ ကောင်းတဲ့ လမ်းညွန်မှု၊ ဆုံးမသွန်သင်မှုအောက်ကနေ ရုံးထွက်လို့လည်း မရပါဘူး။ ဥပမာ မြတ်စွာဘုရားတရားတော်ဟာ လူသားအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လမ်းညွန်မှုကို ပေးသလို မိဘများကလည်း သားသမီးများအပေါ် ကောင်းမြတ်တဲ့ ဆုံးမပဲံ့ပြင်လမ်းညွန်မှုတွေကို ပေးစေပါတယ်။ ရတနာသုံးပါးနဲ့ မိဘတို့ရဲ့ ဂုဏ်များဟာ မတူညီကြသော်လည်း သူ့နေရာနဲ့သူ တန်ဖိုးမဖြတ်နိုင်တဲ့ ဂုဏ်များ ရှိကြပါတယ်။ ဒါကြောင့် မောင်ပြည့်စုံအောင်က ဆရာသမားရော မိဘများပါ နှစ်ဦးစလုံးကို ဆည်းကပ်သင့်ကြောင်း အဖြေပေးလိုက်ရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More