This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label မှတ်တမ်း. Show all posts

Friday, January 16, 2009

ခရီးသွားမှတ်တမ်း

ရေလွှာပေါ်မှာ နေခြည်ဖြာခဲ့ပြီ တနင်္သာရီ

Type the rest of your post here.

ခရီးသွားမှတ်တမ်း

ရေလွှာပေါ်မှာ နေခြည်ဖြာခဲ့ပြီ တနင်္သာရီ

Type the rest of your post here.

ကျွန်းဆင်းရဲ

ကျွန်းဆင်းရဲ

ဒီကျွန်းလေးက မြိတ်ခရိုင်၊ ကျွန်းစုမြို့အ၀င် ပင်လယ်ထဲရှိတဲ့ ကျွန်းလေးတစ်ကျွန်းပါ။

နာမည်က ‘ကျွန်းဆင်းရဲ’ လို့ ခေါ်ပါသတဲ့……

ဘာ့ကြောင့် ဒီနာမည်တွင်ရတာလဲ လို့ မေးတဲ့အခါ စက်လှေပေါ်ပါလာတဲ့ စာရေးဆရာအုပ်စုက အမျိုးမျိုးဖွင့်ဆိုကြတယ်။

ဆရာဦးမြင့်သိန်းက ‘အရှင်ဘုရား…ဒီကျွန်းလေးကို ကျွန်းဆင်းရဲ လို့ခေါ်တယ်ဘုရား၊ ဘာ့ကြောင့်ဆင်းရဲလဲဆိုတာကို အရှင်ဘုရား အတွေးနဲ့ အဖြေပေးပါဦးဘုရား’ လို့ မေးလာတယ်၊ ရုတ်တရက်ကြီး တွေးပြီးဖြေရမှာဆိုတော့ လွယ်ဖူး၊ဒါပေမယ့် ဖြေလိုက်ပါတယ်။

ပျော်စရာ ခေါင်းပါး

အစားလည်း ရှားပါ့

သောက်စရာ့ နတ္ထိ

နေမထိ ထိုင်မသာ

သည့်တွက်တာ

မှန်စွာ ကျွန်းဆင်းရဲ။ ။

ဦးကောဝိဒ(မြိတ်)

အဲလိုဖြေလိုက်တော့ ဆရာဦးမြင့်သိန်းက “အရှင်ဘုရား…မပြည့်စုံသေးဘူးဘုရား” တဲ့ ဒါဆိုရင်လည်း ဒကာကြီးရဲ့ idea ကိုပြောပြပါဦးဆိုတော့

ဒီကျွန်းလေးကို ကြည့်ပြီး အမျိုးသားစာပေဆုရ ဦးမြင့်သိန်း(တက္ကသိုလ်ကိုလတ်)က ကျွန်းဆင်းရဲအကြောင်းကို အတွေးလေးတွေနဲ့ အတူ ပြောလိုက်တာက……

ငှက်လည်း မနေ

- လှေလည်း မနား

ငါးလည်းမခို

ထိုကျွန်းပို

(တက္ကသိုလ်ကိုလတ်)

ကျွန်းလေးပေါ် ကြည့်လိုက်ရင် ပတ်ဝန်းကျင်မှာ ကျောက်ဆောင်တွေ ပေါများလှတဲ့အတွက် လှေများ မဆိုက်ကပ်နိုင်သလို၊ ငါးလေးတွေလည်း မခိုနိုင်တဲ့အပြင် ငှက်လေးတွေလည်း ညနေ၀င်အချိန် အိပ်တန်းတက် နေထိုင်တာကိုလည်း မတွေ့ရပါ ဘူး။ ဒါကြောင့် ဒီကျွန်းလေးကို ‘ကျွန်းဆင်းရဲ’ လို့ ခေါ်တာတဲ့…..ကောင်းလိုက်တဲ့ အတွေးလေးပဲ။

ဒါကြောင့် စာဖတ်သူများလည်း ထိုကျွန်းလေးရဲ့ ဆင်းရဲပုံကို အတွေးလေးနဲ့ စာဖွဲ့ပေးကြပါလို့…………..

Wednesday, January 14, 2009

ခရီးသွားမှတ်တမ်း

ပင်လယ်ပျော် လမုပင်

အဲဒါက ကျွန်းစုမြို့ကအပြန် ကျွန်းလေးတွေရဲ့အကြား ကျဉ်းမြောင်းလှတဲ့ ရေကြောင်းကနေ မော်တော်ဘုတ် စီးပြီး လာတဲ့ အခိုက် ရုက်ကူးထားတာပါ။ ဒီအပင်လေးတွေရဲ့နာမည်ကို မေးကြည့်တော့ ပင်လယ်လမုပင် လို့ ခေါ်ပါသတဲ့။

ဒီအပင်လေးတွေရဲ့ ခိုင်ခန့်မှုက ပင်စည်ရဲ့အမြစ်တစ်ခုသာမက အခြားအမြစ်များပါ ၀န်းရံပေါက်ရောက်နေတဲ့အတွက် အပင်ကို ပိုမိုခိုင်ခန့်စေတယ်။ ဒေသခံများ ပြောတာကတော့ ဒီအပင်လေးတွေဟာ သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိတယ် တဲ့ မုန်းတိုင်းလာလည်း အပင်ရဲ့ ခိုင်ခန့်မှုကြောင့် ပျက်စီးမသွားဘူးလို့ဆိုပါတယ်။ ပင်လယ်လမုပင်ရဲ့ အရည် အသွေးလို့ပဲ ဆိုရမှာပဲ

ဒီအပင်လေးဟာ သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်ရှိသလို ငါတို့လူသားတွေလည်း ပတ်ဝန်းကျင်ရဲ့ လောကဓံတရား များကို ကြံ့ကြံ့ခံနိုင်ကြမယ်ဆိုရင် ခံနိုင်အောင်လည်း အလေ့အကျင့်ပြုလုပ်ထားကြမယ်ဆိုပါရင် …………………………..?

ဒါနဲ့ပတ်သက်ပြီး ပြည်ပရောက်မြန်မာမိသားစုများနှင့် လူသားအားလုံးအတွက်ပါ ပြောချင်တာလေးတစ်ခုရှိတယ်။

အခက်အခဲနဲ့တွေ့လာတဲ့အခါ မိမိအတွက် အားဆေးတစ်ခွက် သောက်လိုက်ရသလို ဘ၀အတွက် ခံနိုင်ရည်ရှိစေမဲ့ အားပေးစကားစုလေးပါ။

“ဖြစ်ချင်ရာဖြစ် စိတ်မညစ်နဲ့

လုပ်သာလုပ် နောက်မဆုတ်နဲ့”

မဇ္ဈုသက စေတီတော်၊ ပန်းမွှေးတောင်၊ ကျွန်းစုမြို့၊ကတ္တလူရွာ၊ မြိတ်ခရိုင်

မြန်မာပြည်တောင်ဘက်စွန်းက တောင်ဇလပ်ပန်း

ပန်းမွှေးတောင်

မြန်မာပြည်တောင်ဖျားက (မြိတ်) ဘိတ်မြို့လေးရဲ့ အနောက်ဖက် ကျွန်းဘုရင် လို့ခေါ်တဲ့ ကတန်ကျွန်းကြီး အတွင်းမှာ တည်ရှိတယ်။ ဒီတောင်ပေါ်ကို ကတ္တလူရွာနားကနေ တက်ရပါတယ်၊ ယခင်ကတော့ ခြေလျင်တက်ရတယ်။ ယခုတော့ မော်တော်ဆိုင်ကယ်နဲ့ တက်လို့ ရနေပါပြီ။ ဒီတောင်ရဲ့ အမြင့်က ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၁၂၈၀) ရှိတယ် လို့ သုတေသီများ တိုင်းထွာချက်အရသိရပါတယ်။

ပန်းမွှေးတောင် တောင်ပေါ်ထိပ်တွင် ထူးခြားတဲ့ ပန်းတောကြီးတစ်တောရှိတယ်။ ပန်းရဲ့အမည်က ‘တောင်ဇလပ်ပန်း’ လို့ ခေါ်တယ်။ တောင်ဇလပ်ပန်းဟာ အများအားဖြင့် တွေ့ရတာက ချင်းပြည်နယ်မှာ အများအားဖြင့် တွေ့ရတတ်ပါတယ်။ ယခုတော့ မြန်မာပြည်တောင်စွန်းရဲ့တစ်နေရာ တောင်ထိပ်ပေါ်မှာ တောင်ဇလပ်ပန်းပင်များဟာ သဘာဝရေမြေအရ ရှင်သန်နေကြတယ်။ တောင်ဇလပ်ပန်းများကို နမ်းရှူရင် အနံ့မရပေမယ့် ထိုပန်းတောထဲဝင်သွားရင်တော့ လေပြေနဲ့အတူ ပန်းရနံ့သင်းလို့ ရောက်လာသူများ ရဲ့ ရင်ကို အေးမြစေတယ်၊ ပတ်ဝန်းကျင်ရဲ့ ရှုခင်းတွေကြောင့်လည်း စိတ်ကြည်နူးရတယ်။ ဒါကြောင့်လည်း တောင်ဇလပ်ပန်းပင်တောကို အကြောင်းပြုပြီး တောင်အမည်ကို ပန်းမွှေးတောင် လို့ ခေါ်တွင်ကြတယ်။

ပန်းမွှေးတောင်ပေါ်မှာ မဉ္ဇူသက စေတီတော် တည်ရှိပါတယ်။ ထူးခြားချက်က စေတီတည်ဖို့အတွက် အုတ်မြစ်ချ တဲ့နေ့ နှင့် စေတီထီးတော်တင်လှူတဲ့နေ့များမှာတော့ ကွက်ကြားပွင့်နေတဲ့ တောင်ဇလပ်ပန်းများဟာ အပင်လုံးဝေဆာအောင် ပွင့်နေတာကို ထူးခြားစွာ တွေ့မြင်ရတယ်လို့ သတိထားမိသူများက ပြောပြကြပါတယ်။ နောက်ထူးခြားချက်တစ်ခုက… ပန်းမွှေးတောင်ကြီးဟာ မကြာခဏဆိုသလို သဘာဝအလျောက် တောမီးများ လောင်လေ့ရှိပေမယ့် တောင်ထိပ်ပေါ်ရှိ တောင်ဇလပ်ပန်းတောကိုတော့ ယခုအချိန်အထိ လုံးဝ မီးကူးခြင်းမရှိသေးပါဘူး။

ထိုမြင့်မားလှတဲ့ ပန်းမွှေးတောင်ပေါ်ကို စာရေးသူတို့ မော်တော်ဆိုင်ကယ်စီးပြီး တက်ခဲ့ရတယ်။ တောင်ပေါ် အတက်မှာတော့ စိုးရိမ်စိတ်အနည်းငယ် ဖြစ်မိတယ်။ တောင်ပေါ်ကနေ ပြန်ဆင်းတဲ့အခါမှာ တော့ ပိုလို့ စိတ်လှုပ်ရှားစွာနဲ့ ဆင်းခဲ့ရပါတယ်။

Saturday, April 26, 2008

သာရဘွင်ကျောက်တောင်

ိဇာတိရပ်ရွာသို့ အလယ်တစ်ခေါက် ရောက်ခဲ့စဉ်က သာရဘွင်ကျောက်တောင်ဘုရားတွင် အမှတ်တရ-

Type your summary here.

Type the rest of your post here.

သာရဘွင်ကျောက်တောင်

ိဇာတိရပ်ရွာသို့ အလယ်တစ်ခေါက် ရောက်ခဲ့စဉ်က သာရဘွင်ကျောက်တောင်ဘုရားတွင် အမှတ်တရ-

Type your summary here.

Type the rest of your post here.

Sunday, April 20, 2008

နှစ်ကူးစုဗူးအလှူမင်္ဂလာနှင့် သင်္ကြန်တရားစခန်း

မြိတ်မြို့-အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာ သင်္ကြန်အထူးတရားစခန်းတွင်ရဟန်း/အမျိုးသား/အမျိုးသမီးယောဂီ (၁၈၀)ခန့် တရားအားထုတ်ကြပါသည်။အမျိုးသမီး/အမျိုးသားများအား တရားစစ်မေးသည့်အချိန်မှာ နံနက် ၆ နာရီမှ ၈ နာရီအထိ၊ ရဟန်းယောဂီ
များအား တရားစစ်မေးသည့်အချိန်မှာ ညနေ ၃ နာရီမှ ၅ နာရီအထိ ဖြစ်ပါတယ်။
ည ၆ နာရီကနေ ၇ နာရီအထိ ယောဂီများအား တရားဟောကြားပေးပါတယ်။
ရေကတော့ တစ်နေ့တစ်ကြိမ်ပဲ ချိုးခွင့်ပေးပါတယ်။ ရေကုန်မှာစိုးလို့တော့ မဟုတ်ပါဘူး၊ယောဂီများအတွက် ဗာဟီရ ကိစ္စများနေရင် ကမ္မဋ္ဌာန်းဘက် အလုပ်လုပ်နည်းသွားမှာစိုးလို့ပါ။သင်္ကြန်အထူးတရားစခန်းကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။
ဝမ်းမြောက်ဖွယ်ရာတစ်ခုက စုဗူးဒုလ္လဘပွဲတွင် ရဟန်းတော်နှင့်သမဏေများအတွက် စီဝိုင်စီ သင်္ကန်းကိုတော့ တစ်စုံ ၉၀၀၀ကျပ်ဖြင့် အစုံတစ်ရာ= ၉၀၀၀၀၀ ၊ကိုးသိန်းကျပ်တိတိကို
ကိုကျော်ကို +မသောင်းသောင်းဆင့်မိသားစုတို့က လှူဒါန်းခဲ့တာဖြစ်ပါကြောင်း။ ။

Twitter Delicious Facebook Digg Stumbleupon Favorites More