This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, October 30, 2006

လောကကြီးမှာ လူတွေ ဘယ်လောက်ပင် များပြားသော်လည်း

သဘောတူရာပေါင်းလိုက်ရင် လေးမျိုးပဲရှိပါတယ်၊ ဒီလေးမျိုးထဲက

ဘယ်လိုလူမျိုးလည်းဆိုတာ ကိုယ့်ကိုယ်ကို ဆန်းစစ်နိုင်အောင်

မြတ်ဗုဒ္ဓက လူလေးမျိုးဟောတော်မူခဲ့ပါတယ်။

(၁) ငရဲသားနဲ့တူတဲ့လူ၊

(၂) ပြိတ္တာနဲ့တူတဲ့လူ၊

(၃) တိရစ္ဆာန်နဲ့တူတဲ့လူ၊

(၄) လူနဲ့တူတဲ့လူ ဆိုပြီး လေးမျိုးဟောတော်မူပါတယ်။

(၁) ငရဲသားများသည် နေချင်သလိုမနေရ၊ သွားချင်သလိုမသွားရပါ၊

ထို့အတူ ဒုစရိုက်မှုကျူးလွန်၍ ရာဇ၀တ်ဘေးဒဏ်သင့်သောသူများ

ထောင်ထဲအချူပ်ထဲ သို့ ရောက်သောအခါ စားချင်တိုင်းမစားရ၊

နေချင်တိုင်းမနေရ သောကြောင့် ထောင်ကျနေသော သူများကို

ငရဲသားနဲ့တူတဲ့လူလို့ ခေါ်ပါတယ်။

(၂) ပြိတ္တာများသည် အနေဆင်းရဲ၊ အစားလည်းဆင်းရဲ၊ ၀တ်စရာလည်း

မရှိ ဆင်းရဲကြသည်။ ထို့အတူ လူလောကသို့ ကံကောင်းထောက်မ၍

ရောက်လာသော်လည်း သူတောင်းစားမျိုး၌ ဖြစ်ပြီး

စားရမဲ့သောက်ရမဲ့ဘဝ

ရောက်နေကြရှာတဲ့ သူတောင်းစားများကို ပြိတ္တာနဲ့တူတဲ့လူ

လို့ခေါ်ပါတယ်။(၃) တိရစ္ဆာန်များသည် ကာမဂုဏ်မှီဝဲမယ်၊ အိပ်မယ်၊

စားမယ်ဆိုတဲ့ လုပ်ငန်းသုံးခုသာ သိကြသည် ၊ အသိဥာဏ်ဟူ၍ မရှိကြပါ၊

ထို့အတူ အတိတ်ကံပေး၍ လူဖြစ်လာသော်လည်း

ကုသိုလ်တရား ဘာမှမရှိ ကာမဂုဏ် မှီဝဲ ၊ အိပ်၊ စား ၊

ဆိုတဲ့ အလုပ်သုံးခုနဲ့သာ အချိန်ကုန်နေသောသူများကို

တိရစ္ဆာန်နဲ့တူတဲ့လူ လို့ ခေါ်ဆိုရပါတယ်။

(၄)လူနဲ့တူတဲ့လူ ဖြစ်အောင်ဆိုတာက-

(က)သာရဏဂုံ သုံးပါး၌ တည်မြဲသူဖြစ်ရမည်။

(ခ) ငါးပါးသီလမြဲရမည် (ဂ) အသက်မွေး

ဝမ်းကျောင်းမှု မှန်ကန်ရမည်၊ ဒီသုံးချက်နဲ့ ပြည့်စုံရင်

လူနဲ့တူတဲ့လူ ဖြစ်ပါပြီ၊လူနဲ့တူတဲ့လူ မှာလည်း အဆင့် (၃)ဆင့်

ခွဲထားပြန်ပါသည်။(က) ကံ, ကံ၏အကျိုးကို ယုံကြည်ရင်

မူလတန်းအဆင့်ရှိသောလူ လို့ခေါ်ပါသည်။

(ခ) ၀ိပဿနာ တရားအားထုတ်၍ (မမြဲ,ဆင်းရဲ,အစိုးမရ )

စတဲ့ လက္ခဏာရေးသုံးပါးသိမြင်ရင် အလယ်တန်းအဆင့်ရှိသောလူ

လို့ခေါ်ပါသည်။(ဂ) ၀ိပဿနာတရားအားထုတ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်

မျက်မှောက်ပြုသွားရင်တော့ထိုသူကို အထက်တန်းအဆင့်ရှိသောသူ

ဟုခေါ်ဆိုရပါသည်။အထက်ပါလူများထဲက ဘယ်လိုလူမျိုးလည်းဆိုတာ

ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီးလူထဲကလူဖြစ်အောင် ထိုမှတဆင့် ၊

ူလတန်းလူဖြစ်အောင်၊ မူလတန်းလူမှ အလယ်တန်းလူဖြစ်အောင်

ထိုမှတဆင့် အထက်တန်းလူဖြစ်အောင် ကြိုးစား

အားထုတ်နိုင်ကြပါစေ။ ။

Thursday, October 5, 2006

copy from

Pe Nwe Gone Sayadaw U Candar Vara,s
"A Bouquet of Dhamma Words"

copy from

Pe Nwe Gone Sayadaw U Candar Vara,s
"A Bouquet of Dhamma Words"

-ရဟန်းဘ၀၌ ဒါနပြုသူက ဒါနမပြုသူကို သင်္ကန်း၊

ဆွမ်း၊ ကျောင်း၊ ဆေးပစ္စည်းလေးပါး ပေါများခြင်း

အတူနေပုဂ္ဂိုလ်တို့ကကြည်ညိုလေးစားခြင်းဖြင့် သာလွန်လွမ်းမိုးနိုင်တယ်။

-In the world of clergy (monk hook), the benefits

for those monks who aregenerous in their alms-

giving include greater amount of offerings such as

robes, food, monastery, shelter and medicine from

lay people as well as respect and veneration from

the religious community.

-လူကြီးဖြစ်မှတော့ လူကြီးစိတ်ထား လူကြီးစကားပြော

လူကြီးအပြုအမူ ပြုလုပ်ပါ။

-Being an adult calls for the kind of disposition, words and

deeds that befit an adult.

-အထက်လူကို မဖားနဲ့ အောက်လူကို မနှိမ်နဲ့တန်းတူလူကို အပြစ်မဖို့နဲ့။

စိတ်ကောင်းထားပြီး မျှတစွာ ဆက်ဆံပါ။

-Don't fawn upon your superiors, don't look down on those under

you; don't put the blame on your peers. Keep a pure, balanced

mind and treat everyone with fairness and respect.

-တခြားဆေးတွေက ရောဂါစုံပျောက်ပေမဲ့ ကိလေသာ

ရောဂါကျတော့ တရားဆေးနှင့်မှ ပျောက်တယ်။

-Chemical and herbal drugs might be able to

cure a variety of diseases of the body.

The disease of the mind

brought on by kilesa (cravings) can only be

cured with dhamma (religious discourse and practice).

-ဒေ၀ဒတ်အလောင်းက ဘုရားအလောင်းတော်

ခန္တီပါရမီ ပြည့်စုံဖို့ အတွက်သူ့ခမျာ လူကြမ်းကြီး လုပ်ရတယ်။

-Evil acts as a foil for virtue. An evil person can help

a virtuous person in his attainment of perection (parami).

Thus, Devadatta (the villain prince)

helped lord Buddha in his fulfilment of perfection

in tolerance or sufferaance (Khanti parami)

-သင်ခန္တီပါရမီပြည့်စုံဖို့အတွက် လူကြမ်းတစ်ယောက်

ပေါ်လာလျှင် ၀မ်းမနည်းနဲ့။

-To help you in your striving for perfection

in tolerance, there can besome person assuming

the guise of a villain.

-အသက်၊ ရောဂါ၊ အချိန်၊ စွန့်ပစ်ရာ၊ ရောက်မည့်

ဘ၀ဘယ်သူမှ အတိအကျ မသိနိုင်ဘူး။

-No one can foretell how long a person will live,

of what disease and when he

will die, nor where he is headed.

-ဖြစ်ခိုက်ရုပ်နာမ်ကို ရှုမှတ်နေခြင်းဖြင့် မဂ်ဖိုလ်နိဗ္ဗာန်

ရောက်မယ်ဟု ယုံကြည်လျှင်

ဝိပဿနာတရားကို ကြိုးကြိုးစားစား အားထုတ်လျှင်

သွား၊ရပ်၊ ထိုင်၊ လျောင်း ၊ စားနေစဉ်

အချိန်မရွေး တရားရနိုင်တယ်။

-Armed with firm faith and reliance upon

meditation work, if one truly persists in

vipassana work, if is not impossible to obtain

genuine insightful knowledge of

dhamma at any given time of your life.

-တောအုပ်ကြီးထဲ လကွယ်ညသန်းခေါင်ယံအချိန် မိုးမှောင်ကျနေတုန်း

လျှပ်စီးလေး ခဏလက်သလို အ၀ိဇ္ဖာမှောင်ထဲ သာသနာရောင်

လက်တယ်ဆိုတာ ခဏလေးပါပဲ။

-A strand of lightening can only briefly light up a

dense forest at midnight of a

thunder laden moonless night. The light offered

by sasana (dispensation of

Buddha's teachings) is as brief as that of the

oightening in the forest when the

world is gripped by the darkness of ignorance and

wrong perception.

-ဘုရားပွင့်တဲ့အခါ သာသနာထွန်းကားရာအရပ် လူဖြစ်ရတဲ့အခါ

မှန်ကန်တဲ့ အယူအဆ ရရှိတဲ့အခါ မျက်စိအကြည်ဓါတ်စတဲ့

အကြည်ဓါတ် ၆-ဖြာပြည့်စုံတဲ့အခါသည် တရားရရန်

အခွင့်ကောင်း ဖြစ်တယ်။

-The time is right for us to gain genuine insightful

knowledge of Dhamma when

the following are present: Buddha's Enlightenment;

being born in the region where the Buddha's

sasana flourishes; being blessed with right thinking;

being endowed with six unimpaired sense faculties

such as a good sense of sight.

-တရားပျောက်တော့ ကိုယ်မှာရှာ၊ တရားရှာတော့ ကိုယ်မှာတွေ့။

-Your physical body can be the vehicle or medium of

either the loss or gain of

insightful knowledge of dhamma for yourself.

-ဓါတ်ပုံရိုက်တဲ့အခါ အချိုးကျကျ နေတတ်ဖို့လိုသလို

လှူတဲ့အခါ စေတနာထားတတ်ဖို့လိတယ်။

-A goof posture will result in a good picture.

The right kind of cetana

(volition) is also needed for an act fo dana

(alms-giving/charity)to yield good results.

-ပင်စည်ကို ခုတ်သော်လည်း ရေသောက်မြစ် ရှိနေလျှင် အတက်ပေါက်ဦးမယ်၊

တဏှာရှိနေလျှင်တော့ ပဋိသန္ဓေနေရခြင်း စသော ဆင်းရဲက ဖြစ်နေဦးမယ်။

-A tree might lose its trunk, but can flourish again

if the root is left. If tanha (craving for worldy delights) is left,

we will not be able to escape from the

round of rebirth and suffering.

-တရားအားထုတ်တဲ့အခါ မျက်စိက မြင်ပေမဲ့ မမြင်တဲ့လူလို

နားက ကြားပေမဲ့ မကြားတဲ့လူလို

စကားပြောကောင်းပေမဲ့ ဆွံ့အနေသူလို အားရှိပေမဲ့

အားနည်းနေတဲ့ လူမမာလို ကျင့်ရမယ်။

-When doing vipassana meditation,

one must be able to let go of the

sensations brought on by our senses.

-ကံ ၊ ဥာဏ် ၊ ၀ီရိယ ပြည့်စုံအောင်လုပ်၊ နတ်က မတာ မျှော်မနေနဲ့။

-Don't depend on good fortune, luck or miracles.

Depend on your own deeds(kamma), koowledge

(nana) and diligence (viriya).

-သာသနာနောက်ပိုင်းကာလမှာ ရှင်သာရိပုတ္တရာလို

ဘုန်းကြိးက မရှိတော့သလို အနာထပိဏ် ၊ ၀ိသာခါလို ဒကာ

ဒကာမကလည်း ခပ်ရှားရှားမို့ ရှီတာလေးနဲ့ ကျေနပ်ရတယ်။

-This is the time in the sasana when both monds

and laity cannot compete with

the eminence and illustriousness of the monks

and laity belonging to the time of Lord Buddha.

ဟိုဟာလိုချင် ဒီဟာရချင်နဲ့ လောဘမကြီးနဲ့ရှိတာလေးနဲ့

ရောင့်ရဲတာ ချမ်းသာတယ်။

-Don't let greed dictate your life. Let your life be blessed

with contentment and moderation.

-စိတ်တိုင်းမကျလျှင် ဒေါသမဖြစ်နဲ့ဒေါသနေရာမှာ

ဥပေက္ခာနဲ့ အစားထိုးလိုက်ပါ။

-Don't let anger follow displeasure.

Just substitute equanimity in its place.

-ပစ္စည်းရှိတော့ တဒင်္ဂ တခဏချမ်းသာတယ်။

တရားရှိတော့ အစဉ်ထာဝရ ချမ်းသာတယ်။

-Happiness given by material wealth can

last only a short while.Life-long joy and peace can come

only with dhamma knowledge and practice.

-ပစ္စည်းရှိဖို့ ၊ ပညာရှိဖို့ ၊ ရာထူးရှိဖို့ထက်စိတ်ကောင်းရှိဖို့က

ပိုအရေးကြီးတယ်။

-Having a comassionate mind is more desirable

than having material

possessions, a good education or a high posetion.

-တောင်သူလယ်သမား ကုန်သည်၊ အစိုးရအမှုထမ်း ကျမ်းဂန်တတ်သည့်

သီလရှိသော ရဟန်းများ ပြန့်ပြောတိုးတက်လာလျှင်

တိုင်းပြည် စည်ကားတိုးတက်မယ်။

-Greater numbers of farmers, traders.public servants,

morally impeccablemonks well-read in scriptures

are needed for a country to grow and flourish.

-ဘုရားအရာ ၊ ဈာန်အရာ ၊ ကံအရာ ၊ လောကအရာ

ကြံစည်နေလျှင် ရူးသွားမယ်။

-It will be foolish to aspire to be a Buddha,

to try to attain (jana)

supernatural powers, to change the immutable

laws of kamma and fo the whole universe.

-လှူတာက တစ်ရာဖိုး အတင်းပြောတာက တစ်ထောင်ဖိုး

ဖြစ်နေလျှင် လေနည်းနည်လျှော့မှ ဖြစ်မယ်။

-If words of gossip and idle talk occupy you

more than thoughts and

deeds of meritorious nature, then it is time to talk less.

-ဒါနရဲ့ အကျိုးလိုချင်လို့ လှူတာဆိုရင် စေတနာပါမှ ရမယ်။

စေတနာ မပါဘဲ အားနာလို့ လှူတာကတော့ ဒါနရဲ့အကျိုး မရနိုင်ဘူး

-Giving alms out of inability to resist another

person's insistence and not out of real cetana will

not yield good results.

-တရားအလှူ တရားအရသာ တရားနဲ့ပျော်တာ

အကောင်းးဆုံး အမြတ်ဆုံးပါပဲ။

-Taking joy in being able to spread dhamma

words and to practice dhamma yourself is the best

mode of living in this world.

-သေခြင်းတရားကို ဝေးဝေးထားပြီး စီးပွားရှာ။

သေခြင်းတရားကို နီးနီးထားပြီး တရားရှာ။

-When one is trying to build a fortune,

it is appropriate not to dwell on death and

impermanence of this world. When one is

trying to build an awareness and

insightful knowledge of the Dhamma,

it is appropriate to well on death and

impermanence of this world.

-လောကီလူ့ဘောင်နေသူ ဖြစ်လျက် ပျင်းနေလျှင် ရဟန်းဖြစ်ပါလျက်

ကိုယ် နှုတ် နှလုံး မစောင့်သုံးလျှင် အစိုးရမင်းဖြစ်လျှက်

မဆင်မခြင် ပြုလုပ်လျှင် ပညာရှိဖြစ်လျက် စိတ်တိုလျှင် မကောင်းဘူး။

-It is shameful to be a lazy sloth in spite of

being a human being worthy ot better

things; to be careless in bodily and

mental actions. speech and thoughts in

spite of being a monk; to take thoughtless

actions in spite of being the

ruler of a country; to be impatient in spite of being a sage.

-များများပဲ ပြောပြော၊ နည်းနည်းပဲ ပြောပြော၊

ဆိတ်ဆိတ်ပဲ နေနေ ၊ အကဲ့ရဲ့လွတ်တဲ့ လူ မရှိဘူး။

-One cannot escape being criticized and reviled whether one

keeps silent or is loquacious.

-အမျိုးသမီးတို့၏ ကိုယ်ပိုင်ဥစ္စာက အဆင်းလှခြင်း၊

အမျိုးသားတို့၏ ကိုယ်ပိုင်ဥစ္စာက အတတ်ပညာ၊

ရဟန်းတို့၏ ကိုယ်ပိုင်ဥစ္စာက အကျင့်သီလ၊

အစိုးရမင်းတို့၏ ကိုယ်ပိုင်ဥစ္စာက စစ်သည်ဗိုလ်ပါ ဖြစ်တယ်။

-Beauty is the strength of women. Education

is the strengh of men Morality is the strength of

monks clergy. Mliltary might is the strength

ot the govemment.

-လူ့ဘ၀ဇရပ်ပေါ်မှာ ခဏနားပြီး ကိုယ့်အထုပ်

ကိုယ်ထမ်းကိုယ့်လမ်း ကိုယ်သွားရမှာ။

-We are just taking a rest on life's stage.

We come burdened with our own

load and each has to go his own way.

-အလုပ်တစ်ခု စေခိုင်းကြည့်မှ အလုပ်သမားရဲ့ သဘောမှန်ကို သိရတယ်။

ဘေးအန္တရာယ် ကြုံလာမှ ဆွေးမျိုးတွေရဲ့ သဘောမှန်ကို သိရတယ်။

ပစ္စည်းနည်းပါး မွဲသွားမှ မိတ်ဆွေတို့ရဲ့ သဘောမှန်ကို သိရတယ်။

စည်းစိမ်ဥစ္စာ ပျက်စီးကုန်ဆုံးသွားမှ ဇနီးမယားရဲ့ သဘောမှန်ကို သိရတယ်။

-The moment o truth for a servant comes

when one entrusts him with a task.

The moment of truth for relative comes

when one faces danger and desturction.

The moment of truth for friends comes

when one faces financial loss and

poverty. Teh moment of truth for a wife comes

when one faces ruin and adversity.

-သူတော်ကောင်းတွေက နိဗ္ဗာန်ရောက်ကုန်ပြီ။

ဘယ်အရပ်သွားသွား ဒီလိုပုဂ္ဂိုလ်တွေ့မှာပဲ။

-People with pure impeccable moral integrity

are sure to enjoy the

incomparable bliss of Nibbana.

It is not impossible to encounter such

people in this world.

- သစ်ပင်အရိပ်ထက် ဆွေမျိုးမိဘတို့၏အရိပ်က

ဆွေမျိုးမိတို့၏အရိပ်ထက် ဆရာသမားအရိပ်က

ဆရာသမားအရိပ်ထက် အစိုးရမင်းအရိပ်က

အစိုးရမင်းအရိပ်ထက် မြတ်စွာဘုရား၏အရိပ်က ပိုချမ်းသာတယ်။

-The shelter and protection given by a

tree is surpassed by that of parents and

family. The more exalted level of protection

is that of teachers and

mentors and this is again superseded by

that of the rulers of a country.

However, the refuge, peace and protection

afforded by our lord Buddha's

Dhamma is unmatched by even that of

the government/rulers or kings.

-တရားရှုမှတ်တဲ့အခါ စူးစူးစိုက်စိုက် စေ့စေ့စပ်စပ် စိပ်စိပ် မမှတ်လျင်

ရက်ကြာပေမဲ့ မတိုးတက်ဘူး။

-It is not the time one takes in one's

meditation work that counts. It is the

degree of conecntration put forth and

sustained that proves to be the

determining factor.

Wednesday, October 4, 2006

-ခွေးက မဟောင်ဘူး ကြောင်က မခုတ်ဘူးဆိုလျှင် ၀တ္တရားပျက်ကွက်လို့ လူတွေက

မကြိုက်ကြဘူး။ဆရာဝတ် တပည့်ဝတ် မိဘ၀တ် သားသမီးဝတ်ပျက်ကွက်လျှင်

လူတွေက မကြိုက်ကြဘူး။

-
If a dog does not bark, and a cat does not catch mice,

they are regarded as not fulfilling their duties. If a person

neglects the responsibilities imposed by his various social

roles such as parent child, teacher/ taught, he will not be

accepted by society.

-ဘုရားကို ရုပ်တုက မကွယ်အောင် တရားကို ကျမ်းစာအုပ်က မကွယ်အောင်

သံဃာကို ဘုန်းကြီးက မကွယ်အောင်ဥာဏ်မျက်စိနဲ့ ကြည့်ပြီး ကြည်ညိုပါ။

-Let not the image supercede the Buddha.

Let not the scriptures supercede the Dhamma.

Let not the indivedual monks supercede the Sangha

the order of monks). It is up to you to differentiate

and show respect and reverence to the substance

and not the shadow.

-၀ိပဿနာတရား အားထုတ်တဲ့အခါ ယုံကြည်မှုက မယုံကြည်မှုကို

ကြိုးစားမှုက ပျင်းရိမှုကို ရှုမှတ်မှုက မေ့လျော့မှုကို တည်ကြည်မှုက ပျံ့လွင့်မှုကို

သိမှုက မသိမှုကို လွှမ်းမိုးနိုင်မှ တရားရမယ်။

-In mindfulness meditation; let faith supplant lack of faith,

let effort supplant sloth or tardiness, let mindfulness supplant

forgetfulness, let integrity supplant wandering mind, let know-

ledge/ insight supplant ignorance. This is the only path to attainment

of spiritual wisdom and insight.

-တရားနာလျှင် မနာဖူးသေးသော တရားနာကြားရခြင်း

နာဖူးသောတရား ရှင်းလင်းစွာသိခြင်း၊ ယုံမှားသံသယ လွန်မြောက်ခြင်း။

အယူ ဖြောင့်မတ်ခြင်း ၊ စိတ်ကြည်လင်ခြင်း၊ အကျိုးငါးမျိုးရနိုင်တယ်။

-
Listening to a dhamma discourse has fivefold benefits: getting new

dhamma knowledge; more thorough understanding of the dhamma

knowledge already obtained; freedom from heresy and ignorance; the

right thinking; and a happy unclouded mind.

-တရားရတယ်ဆိုတာ အထုပ်ကြီးရသလို ပြမဖြစ်ဘူး။

တရားသဘောသိသွားတာကို တရားရတယ် ပြောတာ။

-
When a person truly understands the is said

to gave spiritual insight.

-သင့်လျော်သည်ကို ပြုမှ သင့်လျော်သည်၌ အတိုင်းအရှည်ကို သိမှ

ကြေကျက်လွယ်သည့် အစာကိုစားမှ အချိန်အခါနှင့် သွားလာမှ

မြတ်သောအကျင့်ကို ကျင့်မှ အသက်ရှည်မယ်။

His life will be blessed with longevity when a person does what is fit

and right, understands the situation he finds himself in, eats easily digestible foods,

follows the dictates of time, and leads a spiritually blameless life.

-ညွန်နစ်သော ဆင်က မိမိကိုယ်ကို ညွန်မှ ထုတ်သလိုကိလေသာညွန်မှ မိမိကိုယ်ကို

ထုတ်ဆောင်ရတယ်။

-An elephant uses his strength to move out of the mire.

A person needs his spiritual strength to move himself out

of the mire of worldly desires (kilesa).

-ဇနီမောင်နှံ နှစ်ဦး ယုံကြည်မှု သဒ္ဓါ၊ ကိုယ်ကျင့်သီလ၊စွန့်ကြဲမှုစာဂ

သိမှုပညာ ၊ အညီအမျှရှိလျှင် ယခုဘ၀မှာလည်း ချစ်ချစ်ခင်ခင်

နောင်ဘ၀မှာ လည်း ပြန်လည်ဆုံတွေ့နိုင်ကြတယ်။

-If a husband and wife team are equal in their faith, morality, generous

giviing and knowledge, they will enjoy a harmonious union in this life.

They have a fair chance to be husband and wife in the next existence.

-တစ်ယူသန် အစွဲကြီးတဲ့သူဟာ ဘုရားချွတ်တောင် မကျွတ်ဘူး။

-Even Lord Buddha will not be able to detach a bigoted

person from his wrong beliefs.

-စိုက်ပျူိးရေးလုပ်တဲ့အခါ လယ်ယာပြေက ကောင်းလျှင်

မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးလျှင် မိုးဦး၊မိုးလယ်၊ မိုးနှောင်း

မိုးသုံးမျူိးအဆင်ပြေလျှင် အသီးအနှံတွေ အများကြီးရမယ်။

-A fertile land, planted with good and healthy seeds, and blessed

by regular and favourable erly,mid and late monsoon raims,

will give off a good yield.

-အလှူဒါန ပြုတဲ့အခါ အလှူခံပုဂ္ဂိုလ်က သီလရှိလျှင်

သန့်ရှင်းစင်ကြယ်စွာရတဲ့ ပစ္စည်းလှူလျှင် စေတနာသုံးတန် ထက်သန်လျှင်

ဒါနရဲ့အကျိုးတွေ အများကြီးရမယ်။

-When giving alms, it is essential to have a morally pure person as the

recipient, the offerings being obtained by honest means, and the three

kinds of cetana (generous spirit arising before during and after the

performance of the deed). An act of alms-giving will yield immeasurable

benefits when attended by the above requisites.

-ဒါနပြု သီလဆောက်တည်၍ ကံလမ်းမှသွားလျှင် လူ့ပြည်နတ်ပြည် ရောက်မယ်

သမထ ဘာဝနာပွား၍ ဈာန်လမ်းမှ သွားလျှင် ဗြဟ္မာ့ပြည် ရောက်မယ်။

ဝိပဿနာဘ၀နာပွား၍ ဥာဏ်လမ်းမှ သွားလျှင် နိဗ္ဗာန်ရောက်မယ်။

-Acts of dana and sila (giving freely and living a moral life)will plut you on

kamma road to auspicious planes of existence, such as humman world and

celestial abodes. Samatha bhavana (strict concentration) will put you on

jana road (high level of spiritual power)to higher celestial planes like Brahma

abodes. Vipassana bhavana (mindfulness meditation) will put you on

nana road (wisdom) to Nibbana (Cessation of suffering).

-အိမ်ကို ကချော်ကချွတ် မိုးထားလျှင် မိုးရေဖောက်ဝင်နိုင်သလို စိတ်ကို သမထ ၀ိပဿနာဖြင့် မပွားလျှင် ရာဂတွေ ဖောက်ဝင်နိုင်တယ်။

-
A haphazardly put up roof cannot stop the rains from leaking in. A mind,not

conditioned by strict concentration and mindful vipassana practice will be

assailed by such cravings as lust.

-အိမ်မီးလောင်တော့ ပစ္စည်းကိုလည်း ဆွဲထုတ်၊ မီးကိုလည်းငြိမ်းရတယ်၊

ခန္ဓာအိမ်မီး(၁၁ မီး)လောင်တော့ ဒါနပြုပြီး ဆွဲထုတ်၊

တရားရှုပြီး ငြိမ်းရတယ်။

-When a house is on fire, one needs to salvage possessions as well as put out

the fire. When your body and mind is consumed by 11 types of kilesa fire

(enemies)-only dana can salvage what is left and the fires within you can only

be extinguished by mindful meditation.

-ယောက်မက အရသာ အသိသလို လူမိုက်က ပညာရှိနဲ့ပေါင်းပေမယ့်

တရားမသိဘူး။

-The wooden spoon does not know the taste of food. A foolish ignorant

person does not realize the bliss of Dhamma even though he has a wise

and enlightened person at his side.

-လျှာက အရသာ သိသလို လိမ္မာသူက ပညာရှိနဲ့ ခစပေါင်းရုံနဲ့ တရားသိတယ်။

-The tongue knows the taste of food. A good, worthy person konws the peace

given by Dhamma just by a brief association with an enlightened sage.

-သာသနိက အဆောက်အအုံကြီးတွေ ကြည့်ပြီး သာသနာတိုးတက်တယ် မပြောနဲ့။

သီလ၊သမာဓိ၊ပညာ အကျင့်တိုးတက်မှ သာသနာ တိုးတက်တာ။

-It is not the grandness of religious structures that determines the level of

development of the sasana. The practice of sila samadhi and panna

provides the real foundation of Buddha sasana.

နွားကောင်း မကောင်း သိချင်ရင် မောင်းကြည့်။ရွာကောင်းမကောင်း သိချင်ရင် ကျောင်းကြည့်။

လူကောင်းမကောင်း သိချင်ရင် ပေါင်းကြည့်။

-Drive the ox to find out whether it will work well. Look at the monastery

to find out what kind of village harbours it. Associate with a person to find

out his true nature.

-ဘဒ္ဒကမ္ဘာမှာ ဘုရားလေးဆူ ပွင့်ပြီးလို့ကျွတ်တမ်းဝင်ကြတဲ့ အထဲ

ကိုယ်မပါတာ ကုသိုလ်နည်းလို့ပါ။

-Having been excluded from the list of people who enjoyed liberation from

samsara during the sasana of the four Enlightened . Ones belonging to this

Five Buddha world, it is obvious that we do not have enough kusala punna (merits

from good, wholesome acts).

-လေးသမားသည် မြားကို ဖြောင့်အောင်ပြုသလို ပညာရှိသည် စိတ်ကို

ဖြောင့်အောင်ပြုသင့်တယ်။

-The archer takes care to make his arrows straight; a wise person

takes care to purify his mind.

-ထင်ပေါ်ဖို့က ပဓာန မဟုတ်ဘူး ကုသိုလ်ရဖို့က ပဓာနပဲ။

-The aim of giving alms should not be for recognition and applause.

It should be for accruing merits.

-သာသနာ့အကျိုးဆောင်ဆိုတာ သာသနာတော်အတွက် အကျိုးများအောင်

ဆောင်ရွက်ရတယ်။ ကိုယ့်အတွက် တွက်ခြေကိုက်အောင်လုပ်လျှင်

ကိုယ်ကျိုးဆောင်ဖြစ်မယ်။

-If one's actions assist in spreading the word of the Buddha in a concrete way,

then he is a true protector of the sasana While claiming to work for the

sasana promulgation, feathering one,s own nest will turn a person into an

egoistic hypocrite.

-အကိုသိုလ်အထုတ် ထမ်းပြီး မကောင်းတဲ့လမ်း မသွားချင်နဲ့

ကုသိုလ်အထတ် ထမ်းပြီး ကောင်းတဲ့လမ်းကိုသွားပါ။

-Don't take the wrong path, shouldering akusala deserts. Take the right

path, shouldering kusala merits.

အလှူခံပုဂ္ဂိုလ်ရဲ့ ဆက်ဆံရေးကို မကြည့်နဲ့သီလ၊သမာဓိ၊ ပညာကို ကြည့်။

-Don't be sidetracked by the lack of social grace of the person receiving

your alms. Focus on his morality, integrity and insightful wisdom. (sila,

samadha, panna).

-အလှူခံပုဂ္ဂိုလ်ကရာဂ၊ ဒေါသ၊ မောဟ ကင်းတဲ့ ပုဂ္ဂိုလ် (သို့မဟုတ်)

ကင်အောင် ကျင့်နေတဲ့ ပုဂ္ဂိုလ်ဖြစ်လျှင် အလှူရှင်က

စေတနာသုံးတန် ထက်သန်လျှင်ဒါနရဲ့ အကျိုးတွေ အများကြီး ရနိုင်တယ်။

-Provided that the recipient of alms giving is one who has already been able

to renounce the three defilements greed, anger and delusion, or one who

is striving hard to be such a pure being, and provided that the giving of alms the

attended by three types of cetana, the kusala merits will quantify accordingly.

-ထင်ပေါ်အောင် အာရုံပြုမလှူနဲ့။နိဗ္ဗာန်ရအောင် အာရုံပြုလှူ။

-The aim of alms-giving should be to accrue merits to smooth our path to the

truly blissful state of Nibbana and not to display wealth or be ostentatious.

-ရေထဲကငါး ကုန်းပေါ်ထားတော့ တဖျပ်ဖျပ် တုန်လှုပ်သလို

ကမ္မဋ္ဌာန်းရှုသောစိတ်က ဟိုတွေး ဒီတွေး တွေးတတ်တယ်။

နိုင်အောင်ထိန်းပါ။

-A fish out of water and on land will jump ceaselessly. Likewise.when one tries

to meditate, the mind will leap from one thought to another. It is crucial to

control this wandering.

-ကိုယ်ရှုမှတ်တဲ့တရား လျှောက်ထားတဲ့အခါ စာသိ နာသိ ကို မလျှောက်ပါနဲ့

ရှုသိကို စာသံပေသံမပါဘဲ မြန်မာလို ရှင်းရှင်းလေးလျှောက်ပါ။

-Be careful to recount your genuine meditation experiences to your

kammathana cariya (meditation instructor)in simple lay terms. Do not

attempt to use terms and words that you have read or heard of.

ကံလေးကောင်းတုန်း မြောက်ကြွားကြွား မလုပ်နဲ့

နောက်ပိုင်းဘယ်လို ဘ၀နဲ့ ဇာတ်သိမ်းမယ် မသိဘူး။

-Do not ever be arrogant and haughty when you are enjoying good fortune.

One cannot know ahead how long one's good fortune will last and how

one is going to end up in life.

-ဘယ်ဌာနမှာ ပဲဖြစ်ဖြစ် လူကို မကြည့်နဲ့ မူကိုကြည့်။

-Where one goes, be sure to focus on principles and not on people.

-ရဟန်းတော်များ အာပတ်သင့်တာ ပြောမနေနဲ့။

ရဟန်းမဟုတ်လျှင် အာပတ်က မသင့်တော့ဘူး။

-If a monk is guilty of breaking rules of the Sangha (vinaya) then he is no

longer a member of this sacred order.

-လူဖြစ်ရခြင်း၊ အသက်ရှင်ခြင်း၊ သူတော်ကောင်းတရား နာကြားရခြင်း။ ဘုရားပွင့်ခြင်း ဆိုတာ

ခဲယဉ်းတယ်။ တွေကြုံတဲ့အခိုက် အကျိုးရှိအောင် နေပါ။

-Being born as a human being; being able to hear and heed good religious

advice; and the Buddha attaining Enlightenment; these are all instances of

great good fortune. It is important to realize it and live life to benefit from

this olden opportunity.

-ဆွေမျိုးပျက် စီးပွားပျက် ရောဂါနှိပ်စက်မှု ဟုသော ပျက်စီးခြင်းကြောင့် ငရဲမကျဘူး။

သီလပျက် အယူပျက်လျှင် ငရဲကျမယ်။

-Death of loved ones, financial loss or disease cannot lead us to hell(apaya).

Only if we are immoral or embrace wrong thinking that such a fate awaits.

-တရားရှုမှတ်တဲ့အခါ ထိုင်နိုင်ဖို့ထက် မှတ်နိုင်ဖိုပက ပိုအရေးကြီးတယ်။

-It is more important to apply your mind to the task of meditation than to

be able to spend long periods of time at meditation.

-စီးပွားရှာတဲ့အခါ- အတိတ်အနာဂါတ် ပစ္စုပ္ပန် ၃ မျိုးလုံးကိုကြည့်။
တရားရှာတဲ့အခါ ပစ္စုပ္ပန်တည့်တည့် ကြည့်။

-When doing business, one has to take into account the past and the future,

and not just the present. When one is concerned with religious, truths, it is

better to concentrate only on the present.

-သဒ္ဒ္ဓါ ၊ သီလ ၊ သမာဓိ ၊ ပညာလေမျိုးဖြင့် နိဗ္ဗာန်ခရီးသွားနေတဲ့ ပုဂ္ဂိုလ်များလည်း

ဝိပဿနာပညာ ယုတ်လျော့နေလျှင် နိဗ္ဗာန်မရောက်နိုင်ဘူး။

-Those beings bent on following the path to Nibbana need to be equipped with

faith, morality, concentration power, insightful wisdom(saddha,sila, samadhi,panna)

the four essentials of right living, If insightful wisdom (meditation practice) is

missing,it is not possible to attain Nibbana.

-သဒ္ဓါနဲ့ပညာ ၀ီရိယနဲ့သမာဓိ၊ လိုတာပိုတာ ရှိချင်ရှိမယ်၊

သတိကတော့ လိုတာသာရှိတယ် ပိုတာမရှိဘူး။

-Faith and knowledge (saddha, panna), perseverance and concentration

(viriya and samadhi), people can have more or less of these four than needed.

However mindfulness (sati) is the only ingredient that will always be needed

and never be regarded as excess.

-ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ မသင့်တော်တာတွေ ပြုလုပ်တဲ့ပုဂ္ဂိုလ်ကို

သံဃာတော်များက ကန့်ကွက်တဲ့အခါ လူတွေက မနာလိုလို့ဟု

ပြောကြတယ်။

-The sangha needs to criticize and raise objections to those who

go against Theravada principles.

-ဆန်ပြုတ်လှူလျှင် ထမင်းငတ်တာ ရေငတ်တာ

လေရာဂါ ဆီးရောဂါ အစာအိမမရောဂါတွေ မဖြစ်ပါဘူး။

-The benefits of offering gruel / porridge deliverance from starvation,

thirst,colic, urinary and stomach problems.

-တရားထိုင်တာ ၁-နာရီ၊ တွေးနေတာက မိနစ် ၆၀ ဆိုတော့

ညောင်းတာပဲ အဖတ်တင်တယ်။

-During a one-hour stint of meditation, if one lets his thoughts to

wander for 60minutes, the result will be just a feling of weariness

from sitting so long.

-အကပ်ခံပြိးသော အစာကို ရဟန်းက အာလယပြတ် မစွန့်သေးလျှင်

လူသာမဏေတို့က ကိုင်သော်လည်း အကပ်မပျက်ပါဘူး။

-Once food is offered and touched by the monds, it is still

possible for monks to eat it even if lay people might touch

the food.

-ကိုယ်နဲ့ မတည့်တိုင်း ထင်ရာလျှောက်မပြောနဲ့။ဘုရားတောင်မှ ၀စီကံဝိပါက် ၅ မျိုးခံရတယ်။

-Don't talk ill of those you are not on good terms with.Even Lord

Buddha cannot escape the retributory results of 5 types of vacikamma.

(verbal transgressions).

-၀ိပဿနာတရား မရှုမှတ်လျှင် ကိလေသာဝဋ် ၊ကမ္မ၀ဋ် ၊ ၀ိပါက၀ဋ်၊

ဝဋ်သုံးပါးလည်ပြီး ဘ၀ဆက်တိုင်း ဒုက္ခတွေ တွေ့ကြုံနေရမှာပဲ။

- Without the delivering merits of meditation practice, one will go through

the cycle of rebirths, assailed by suffering in each and every existence.

-ယုံကြည်မှု၊ ကျန်းမာမှု ၊ စိတ်ထားဖြောင့်မှတ်မှု ၊ ကြိုးစားမှု၊ ဖြစ်ပျက် မြင်မှု ရှိမှ မဂ်ဖိုလ်နိဗ္ဗာန်ရမယ်။

-Faith, health. integrity, industry and insightful knowledge of the

impermanence of life-these will put you on the path to attainment

of magga phala Nibbana.

-သားသမီးကျင့်ဝတ်ငါးပါးနှင့်အညီ မိဘကျေးဇူးဆပ်ခြင်းထက်

သဒ္ဓါ ၊ သီလ ၊ စာဂ ၊ ပညာနဲ့ ပြည့်စုံအောင် ကူညီစောင့်ရှောက်တာက

ပိုပြိး ကျေးဇးဆပ်ရာရောက်တယ်။

-
In showing gratitude to your paarents. it is of greater benefit to help them

attain firm faith, moral living, generosity in spirit, and knowledge than just

fulfilling the filial obligations.

-ငယ်ရွယ်တုန်း ကျန်းမာတုန်း။ ဆွမ်းရလွယ်တုန်း၊ တိုင်းပြည်အေးချမ်းတုန်း၊

သံဃာညီညွတ်နေတုန်း တရားအားထုတ်ရတာ အကောင်းဆုံးပဲ။

-Youth, health. food obtained easily, peace in the land, clergy in

agreement these are all conducive to meditation work.

-အတိတ်ဘ၀များက ပြုလုပ်ခဲ့သော ကုသိုလ်ပါရမီရှိလျှင်

ကျန်းမာရေးနှင့် ပြည့်စုံလျှင် ရှုနည်းမှတ်နည်း မှန်ကန်လျှင်

တရားမြန်မြန်ရမယ်။

-Past merits, coupled with good health and the right method of

meditation will help one attain insights more quickly.

-ဘုန်းကြီးကို ရုပ်သေးကြည့်သလို မနီးမဝေးက ကြည့်ပြီး ကြည်ညိုရတယ်။

-It is best to show reverence to the monks from a place not too

near nor too far.

-ကျောက်မှဖြစ်သော စိန်သည် ကျောက်ကို ထွင်းဖောက် ဖျက်ဆီးသလို

ကိုယ်ပြုတဲ့ မကောင်းမှုက ကိုယ့်ပြန် ဖျက်ဆီးတယ်။

-It is only your own unwholesome akusala acts which can

bring destruction upon yourself.

-ကိုယ်က မှန်ပေမဲ့ ၀ဋ်ကျွေးရှိက ခံရတာပဲ။

-No one can escape retribution; regardless of how pure you

are now, misfortune can claim you.

-လူသေခြင်း၊ ပန်းကန်ကွဲခြင်း စတဲ့ ပညတ်အနိစ္စ သိရုံနဲ့ နိဗ္ဗာန်မရဘူး။

ရုပ်နာမ်တို့၏ ဖြစ်ခြင်း ပျက်ခြင်း ပရမတ် အနိစ္စသိမှ နိဗ္ဗာန်ရမယ်။

-Death of a person, china plate being broken-these constitute superficial,

trivial pannatti knowledge ot the impermanence, Only if one has

experienced and have insightful paramattha knowledge of impermanence

as the arising and dissolving of mind and matter (nama, rupa)that one

is headed in the right direction to wards the true bliss of Nibbana.

-လူ့ဘ၀ နတ်ဘ၀တို့၌ ဒါနပြုသူက ဒါနမပြူသူကို

အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာများခြင်း၊ အခြွေအရံပေါများခြင်း၊

အစိုးရခြင်းဖြင့် သာလွန် လွမ်းမိုးနိုင်တယ်။

-In the world of humans as well as in celestial abodes, those that are

blessed with longevity, beauty, multitude of friends and well - wishers

are the ones who have been generous in their alms giving.

Twitter Delicious Facebook Digg Stumbleupon Favorites More