Tuesday, October 14, 2008

သိသမျှ တွေးဆအဖြ (၈)

အမေး။ ။မြတ်စွာဘုရားက နန္ဒမင်းသားကို ကျောင်းသို့ သပိတ်ယူစေပြီး ဇွတ်ခေါ်သွားကာ ကျောင်းရောက်တော့ ရဟန်းပြုမလား မေးတော်မူပါတယ်၊ာင် တည်ခိုင်းလို့မရဘူးလို့ သိရပါတယ်။ ရဟန်းတော်များ သိမ်ဝင်တဲ့အခါ မေးစစ်ခံရတဲ့ မေးခွန်းများမှာလဲ သဒ္ဓါတရားနဲ့ ရဟန်းပြုသူ မှန်/မမှန် အသေးစိတ် စစ်ဆေးတယ်လို့ ဖတ်ရပါတယ်။ ဒါဆို မြတ်စွာဘုရားက နန္ဒမင်းသားကို ကာယကံရှင်ရဲ့ ဆန္ဒမပါဘဲနဲ့ ဇွတ်ရဟန်းပြုပေးခြင်း ဟုတ်/မဟုတ် သိလိုပါတယ်ဘုရား။နောင်တော်ကို ကြောက်ပြီး ခေါင်းညိတ်လိုက်ရတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓ၀ါဒဟာ ကာယကံရှင် သဘောဆန္ဒမပါရင် ရဟန်းပြုဖို့ မပြောနဲ့ သရဏဂုံတေ
အဖြေ။ ။ ရဟန်းပြုဖို့ရာ နောင်တော် မြတ်စွာဘုရားအား ကြောက်၍ ခေါင်းညိတ်လိုက်ရတယ်ဆိုတာကို အရင်ပြောကြစို့ရဲ့၊
[( “ပဗ္ဗဇိဿသိ နန္ဒာ” တိ အာဟ။ သော ဗုဒ္ဓဂါရဝေန “ န ပဗ္ဗဇိဿာမီ” တိ အ၀တွာ “ အာမ ပဗ္ဗဇိဿာမီ”တိ အာဟ၊ သတ္ထာ “ တေန ဟိ နန္ဒံ ပဗ္ဗာဇေထ တိ အာဟ) ဓမ္မပဒအဋ္ဌကထာ] အဓိပ္ပါယ်က “နန္ဒ…ရဟန်းပြုမှာလား” ဟုမေးတော်မူရာ နန္ဒမင်းသားက (ဗုဒ္ဓဂါရဝေန) မြတ်စွာဘုရားအား ရိုသေခြင်းကြောင့် “ရဟန်းမပြုလို” ဟု မပြောတော့ဘဲ “ရဟန်းပြုပါ့မယ်”လို့ လာရှိပါတယ်။ ဤတွင် ဘုရားရှင်ကမေး၍ နန္ဒမင်းသားက ကြောက်၍ မဟုတ်ဘဲ ရိုသေလေးစားမှု ဂါရ၀ဖြင့် လုပ်ပါ့မယ် လို့ ၀န်ခံခဲ့တာပါ။ ထိုသို့ ၀န်ခံခဲ့ခြင်းကြောင့် ဘုရားရှင်က ရဟန်းပြုပေးတော်မူခဲ့ပါတယ်။ (ရဟန်းမပြုလိုသော်လည်း ဘုရားရှင်အား အလွန်ရိုသေလေးစားမှုဖြင့် ရဟန်းပြုခဲ့တယ် လို့ မှတ်ယူရပါမယ်)

“ဘုရားရှင်အား ရိုသေခြင်းကြောင့်” ဆိုတဲ့စကားလုံးကို အနက်ပြန်သူများက ချစ်ကြောက်ရိုသေခြင်းကြောင့် လို့ အနက်ပြန်ကြပါတယ်။ အဲဒီကနေ ကြောက်ခြင်းကြောင့် လို့ ဖြစ်သွားဟန်တူပါတယ်။ ဤစာပုဒ်ဖြင့် ကြောက်၍ ရဟန်းပြုခဲ့တာ မဟုတ်သလို ဘုရားရှင်ကလည်း လုပ်ကိုလုပ်ရမယ်လို့ မပြောခဲ့ပါဘူး။ နန္ဒရဲ့ ၀န်ခံမှုဖြင့်သာ လုပ်ပေးတာ ဖြစ်ပါတယ်။ အဲသလောက်ဆို ဘုရားရှင်က နန္ဒမင်းသားအား ဇွတ်အတင်း မလုပ်ပေးခဲ့ကြောင်း သိသာထင်ရှားပြီ ဖြစ်ပါတယ်။
နောက်တစ်ခုက သိမ်ဝင်တဲ့အခါ ရဟန်းလောင်းအား မေးစိစစ်ချက်မှာ မေးခွန်းရှင်က (သဒ္ဓါတရားဖြင့် ရဟန်းပြုသူ မှန်/မမှန်)အသေးစိပ် စစ်ဆေးတယ်လို့ပြောထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရဟန်းလောင်းအား စစ်ဆေးခန်းတွင်ပါရှိတာများကို ဗဟုသုတအနေဖြင့် ဖေါ်ပြလိုက်ပါတယ်။
ရဟန်းလောင်း မေးစိစစ်ခန်းတွင်………အနာကြီးငါးမျိုး ရှိ/မရှိ။ လူသားစင်စစ် ဟုတ်/မဟုတ်။ ယောင်္ကျားစင်စစ် ဟုတ်/မဟုတ်။ သူတစ်ပါးထံ ကျွန်ခံနေရသူ ဟုတ်/မဟုတ်။ ကြွေးမြီကင်းသူဟုတ်/မဟုတ်။ မင်းမှုထမ်း ဟုတ်/မဟုတ်။ အမိအဘတို့က ခွင့်ပြုသူ ဟုတ်/မဟုတ်။ အသက်(၂၀) ပြည့်သူ ဖြစ်/မဖြစ်။ သပိတ်သင်္ကန်းပြည့်စုံမှု ရှိ/မရှိ။ ပဉ္ဇင်းလောင်း အမည်မေးခြင်း။ ဥပဇ္ဈာယ်အမည်မေးခြင်း တို့ ဖြစ်ပါတယ်။ ၄င်းတို့တွင် သဒ္ဓါတရားဖြင့် ရဟန်းပြုသူ ဟုတ်/မဟုတ်ဆိုတာတော့ မပါပါ။

အမေး။ ။ မြတ်စွာဘုရားအလောင်းတော် ဖွားတော်မူတော့ မယ်တော်မာယာ ၅၆နှစ်၊ မိထွေးတော် ပဇာပတိ ဂေါတမီ ၅၆ နှစ်လို့ဖတ်ရပါတယ်။ သားဦး ဖြစ်ပါလျက်နဲ့ မြတ်စွာဘုရားရဲ့ခမည်းတော် မယ်တော်များဟာ ဘာလို့ သားသမီး ထွန်းကားခဲတဲ့ (အရွယ်လွန်)အရွယ်မှ မြတ်စွာဘုရားအလောင်းတော်ကို ဖွားတော်မူပါလဲဘုရား။ဆိုလိုတာက ဒီလိုဖြစ်တာ ဘုရားအလောင်းတော်ရဲ့ဓမ္မတာ လားဆိုတာ သိချင်ပါတယ်ဘုရား။ ။
အဖြေ။ ။ ထိုအကြောင်းကို ဖြေရမယ်ဆိုလျှင် ရှေးဦးစွာ တုသိတာနတ်ပြည်က အလောင်းတော်သေတကေတုနတ်သားအကြောင်းကနေ စပြောမှ အဆင်ပြေပါလိမ့်မယ်။
နတ်ဗြဟ္မာအပေါင်းတို့ဟာ နတ်သက်တမ်း စုတေခါနီး၊လူတို့အရေအတွက်အားဖြင့် (၇)ရက်သာလိုတော့သဖြင့် နတ်သက်ကြွေရန် ပုဗ္ဗနိမိတ်ငါးပါး ထင်ရှားဖြစ်ပေါ်နေတဲ့ အလောင်းတော် သေတကေတု နတ်သားထံသို့ လာရောက်ကာ လက်အုပ်ချီမိုးပြီး “ အို…အလောင်းတော်အရှင်နတ်သား….ဘုရာဖြစ်ရန် အချိန်တန်ပါပြီ” (ဤ၌ အကျဉ်းချုံးထားခြင်းဖြစ်တယ်) လို့ လျှောက်ထားတောင်းပန် သောအခါ အလောင်းတော် သေတကေတုနတ်သားက အဆောတလျင် ပဋိညာဉ်ဝန်ခံချက်ကို မပေးသေးဘဲ ရှေးရှေးသော ဘုရားအလောင်းတော်တကာတို့ ကြည့်ရှုမြဲ ဓမ္မတာဖြစ်တဲ့အတိုင်း ကြည့်ခြင်းငါးပါးကို ကြည့်တော်မူပါတယ်။
၎င်းတို့မှာ……..
(၁) ဘုရားဖြစ်ရာ ခေတ်အခါကာလကို ကြည့်ရှုဆင်ခြင်ခြင်း။
(၂) ဘုရားဖြစ်(ပွင့်)ရာ ကျွန်းကို ကြည့်ရှု ဆင်ခြင်ခြင်း။
(၃) ဘုရားဖြစ်ပွင့်ရာ အရပ်ဒေသကို ကြည့်ရှု ဆင်ခြင်ခြင်း။
(၄) (ပစ္ဆိမဘ၀သား) ဘုရားအလောင်းတော်တို့ ဖြစ်တော်မူရာ အမျိုးကို ကြည့်ရှု ဆင်ခြင်ခြင်း။
(၅) ဘုရားအလောင်းမယ်တော်၏ အရွယ်တော်အပိုင်းအခြားကို ကြည့်ရှု ဆင်ခြင်ခြင်း တို့ဖြစ်ပါတယ်။
ထိုအကြောင်းတို့တွင် မယ်တော်ရဲ့ အရွယ်အပိုင်းအခြားကို ကြည့်ရှုဆင်ခြင်တယ် လို့ဆိုရာမှာ ဘုရားရဲ့ မယ်တော်ဟာ လျပ်ပေါ် လော်လည်ခြင်း အလျင်းမရှိ၊ သေရည်သောက်စားခြင်း အလျင်းမရှိ၊ ဘုရားမယ်တော်ဖြစ်ကြောင်း ကောင်းမှုပါရမီတို့ကို ကမ္ဘာတစ်သိန်းကာလပတ်လုံး ဖြည့်ကျင့်ခဲ့ပြီးသူ ဖြစ်ရပါတယ်။ ဘုရားမယ်တော်ဖြစ်ရမယ့် ဘ၀ကို ရရှိ ဖွားမြင်ခဲ့ရာမှ အစပြု၍ ငါးပါးသီလကို တစ်ရံတစ်ခါမျှ မကျိုးပေါက်စေဘဲ အမြဲလုံခြုံစွာ စောင့်ရှောက်ထိန်းသိမ်းခဲ့သူ ဖြစ်ရပါတယ်။ သုဒ္ဓေါဒနမင်းကြီးရဲ့ မိဖုရားကြီးဖြစ်သော သီရိမဟာမာယာဒေ၀ီဟာ ဆိုခဲ့ပြီးတဲ့ ကျေးဇူးဂုဏ် အင်္ဂါအပေါင်းတို့နှင့် ပြည့်စုံပါတယ်။ သည် သီရိမဟာမာယာဒေ၀ီမိဖုရားကြီးဟာ ငါ့ရဲ့မယ်တော် ဖြစ်ပါလိမ့်မယ်( မယ်တော်ဖြစ်ထိုက်တဲ့ သီရိမဟာမာယာဒေ၀ီရဲ့ အသက်အကြွင်းက ဘယ်လောက်ရှိသလဲ လို့ ဆက်ပြီး ဆင်ခြင် ကြည့်ရှုတော်မူသောအခါ) ဆယ်လနှင့် ခုနှစ်ရက်သာ မယ်တော်ရဲ့ အသက်ကြွင်း ရှိတော့တာကို ကောင်းစွာ သိမြင်တော်မူသော ကြောင့် အရွယ်ကိုကြည့်ခါ ပဋိသန္ဓေယူ ရပါတယ်။
ထို့အပြင် အသက်အရွယ်လွန် ငါးဆယ်ကျော်မှ ပဋိသန္ဓေနေတော်မူရတဲ့ နောက်အကြောင်းတစ်ခုက…….
(အရွယ်သုံးပါးတွင် ပဌမအရွယ်က ၃၃နှစ်၊၄လ၊ မဇ္ဈိမအရွယ်က ၃၃နှစ်၊ ၄လ၊ ပစ္ဆိမအရွယ်က ၃၃နှစ်၊၄လ ယူရပါမယ်) ။
ပဌမအရွယ်မှာ သတ္တ၀ါတို့ရဲ့ခန္ဓာကိုယ်မှာ ဆန္ဒ ရာဂ ထူပြောများပြားသောကြောင့် ထိုပဌမအရွယ်တွင် ကိုယ်ဝန်စွဲကပ်သော မိန်းမဟာ ကိုယ်ဝန်ကို ကောင်းစွာ မစောင့်ရှောက်နိုင်။ထိုပဌမအရွယ်မှာ စွဲကပ်သော ကိုယ်ဝန်ဟာ အနာရောဂါ များပြားတတ်ပါတယ်။ မဇ္ဈိမ အရွယ်ကို သုံးပုံပြု၍ နှစ်ပုံလွန်မြောက် သုံးပုံအချိန်ကို ရောက်သောအခါတွင် အမိဝမ်းတိုက်ဖြစ်တဲ့ ၀တ္ထုအိမ်ဟာ သန့်ရှင်းနေပါတယ်။ ထိုသို့ သန့်ရှင်းသော ၀တ္ထုအိမ်၌ မွေးဖွားရသောသူငယ်ဟာ အနာရောဂါ ကင်းရှင်းကြပါတယ်။
ထို့ကြောင့် ဘုရားအလောင်းရဲ့မယ်တော်ဟာ ပဌမအရွယ်(၃၃နှစ်၊၄လ)မှာ ထီးနန်းစည်းစိမ်ကို ခံစားပြီးမှ မဇ္ဈိမအရွယ်ရဲ့ သုံးပုံအနက် တတိယအပုံသို့ ရောက်တဲ့ကာလမှာ အလောင်းတော်ကို မွေးဖွားရပြီး ခုနှစ်ရက်အကြာမှာ နတ်ရွာစံတော်မူပါတယ်။ ဒါဆို အရွယ်လွန်မှ မွေးဖွားတော်မူရတယ်ဆိုတဲ့အကြောင်း ရှင်းလင်းလောက်ပြီ ထင်ပါရဲ့။ ။(ဒီ-ဋ္ဌ ၂၊ စာမျက်နှာ ၂၉- ဗောဓိသတ္တဓမ္မတာအဖွင့်)

အမေး။ ။ အသောကမင်းကြီးဟာ သေခါနီး ဆီးဖြူသီးတစ်ခြမ်းကို စွဲလန်းပြီး မြွေပြိတ္တာ ဖြစ်သွားတာ သားတော် မဟိန္ဒမထေရ်နဲ့တွေ့မှ ကျွတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အသောကမင်းကြီးဟာ နတ်ရွာစံခါနီးမှာ မိမိစားဖို့ရွှေခွက်များကို သံဃာတော်တွေအား လှူလို့ ငွေခွက်နဲ့သာကျွေး၊ ငွေခွက်များကိုပါ သံဃာကို လှူပြန်လို့ ကြေးခွက်နဲ့၊ ဒါလည်း ရှိသမျှ သံဃာကို အကုန်လှူတယ်။ နောက်ဆုံးဆီးဖြူသီး တစ်ခြမ်းသာ ကျန်တာကိုပါ လှူတယ်။ ဆီးဖြူသီးခြမ်းကို တပ်မက်လောဘနဲ့ စွဲလမ်းတာ မဟုတ်ဘဲ ဧကရာဇ်မင်းတစ်ပါးမှာ နောက်ဆုံး ဆီးဖြူသီးတစ်ခြမ်းသာ ပိုင်တော့တယ်လို့ သံဝေဂနဲ့ ပြောတာသာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဆို ဆီးဖြူသီးခြမ်းကြောင့် မြွေပြိတ္တာ ဖြစ်ရတယ်ဆိုတာ ဖြစ်နိုင်ပါသလားဘုရား။
အဖြေ။ ။ ဤအကြောင်းနှင့်ပတ်သက်ပြီး သီရိဓမ္မာသောကအကြောင်းကို သိရှိရန် မဟာရာဇ၀င်ကြီးများကို လှန်လောရှာဖွေကြည့်ရာ မဟာရာဇ၀င်တော်ကြီး နှစ်စောင်တွင် မတူခြားနား နေတာကို တွေ့ရပါတယ်။
မှန်နန်းမဟာရာဇ၀င်တော်ကြီးအဆိုအရ…..
သီရိဓမ္မာသောကမင်းကြီးကား သာသနာအကျိုးကို ဆထက်တန်ဘိုး ဆောင်ရွက်ကာ အသန္ဓိမိတ္တာမိဖုရားမရှိတဲ့နောက် တိဿရက္ခာမိဖုရားနှင့် သုံးနှစ်တာ မင်းပြုတော်မူ၍ အဘိသိက်မခံမီ လေးနှစ်၊ အဘိသိက်ခံပြီး သုံးဆယ့်ခုနှစ်နှစ်၊ အားလုံးပေါင်း လေးဆယ် တစ်နှစ်၊ သက္ကရာဇ် (၂၅၅)တွင် အနိစ္စရောက်တော်မူပါတယ်။ အနိစ္စရောက်ပြီးသောအခါ အဆုံးအစွန် အလှူရဲ့ အာနုဘော်ကြောင့် နတ်ပြည်၌ ဖြစ်ရပါတယ် လို့ လောကပညတ္တိကျမ်း၌ ဆို၏ ။ ဟု ရေးသားထားပါသည်။
တစ်ဖန်ဆက်လက်၍ ….
(ရာဇ၀င်ကြီး၌ကား စုတိခါနီးတွင် ပြင်းစွာ အမျက်ဒေါသရှိသဖြင့် စုတိအခြားမဲ့၌ စပါးကြီးမြွေဖြစ်၍ အရှင်မဟိန္ဒမထေရ် တရားဟောသည်တွင်မှ တရားကို နှလုံးသွင်းမိသဖြင့် စပါးကြီးအဖြစ်မှ စုတိ၍ နတ်ပြည်၌ ဖြစ်ကြောင်းကို ကျယ်စွာဆိုလေသည်။ ထိုစကားကို ကျမ်းကြီးကျမ်းခိုင်တို့၌ လာသောစကား မဟုတ်သောကြောင့် ဤ မဟာရာဇ၀င်တော်၌ မရေးမသွင်းသတည်း။) လို့ ဦးကုလားမဟာရာဇ၀င်မှ လာသော အကြောင်းများကို ကျမ်းမခိုင် ဟုဆိုကာ မှန်နန်းမဟာရာဇ၀င်တော်ကြီးက ပယ်ထားပါတယ်။
ဆက်လက်ပြီး မှန်နန်းမဟာရာဇ၀င်တော်ကြီးတွင်ရေးသားထားသည်မှာ…
သီဟဠ၀တ္ထု၌ ဤသို့လာ၏ ။ သီရိဓမ္မာသောကမင်းကြီး၏ အဆွေတော်ဖြစ်သော လင်္ကာဒီပ သီဟိုဠ်ကျွန်းကို အစိုးရသော ဒေ၀ါနံပိယတိဿ မင်းကြီးလည်း တာဝတိံသာနတ်ပြည်၌ တန်ခိုးကြီးသော နတ်သား ဖြစ်လေ၏။ ထိုနတ်နှစ်ပါးသည် နတ်၏ အသက်အတိုင်း နတ်ပြည်၌ မနေဘဲ၊ သိကြားမင်း တောင်းပန်အပ်သည်ဖြစ်၍ သီဟိုဠ်ကျွန်း၌ သဒ္ဓါတိဿမင်းလက်ထက် သီရိဓမ္မာသောကမင်းကြီးကား သမ္ဘူလသူဋ္ဌေးကြီး ဖြစ်လာ၏။ ဒေ၀ါနံပိယတိဿမင်းကြီးကား ဗျဂ္ဃသာလ သူဋ္ဌေးမ၏ ၀မ်း၌ ဖြစ်လာ၏ ။ ခုနှစ်နှစ်အရွယ်သို့ ရောက်ကြလျှင် ရဟန်းပြု၍ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်တော်မူကုန်၏။ သီရိဓမ္မာသောကမင်းကြီးက ကုဏ္ဍလတိဿထေရ်ဟူ၍ တွင်၏။ ဒေ၀ါနံပိယတိဿမင်းကြီးက ဗျဂ္ဃထေရ်ဟူ၍ တွင်၏။ ထိုမဟာထေရ်နှစ်ပါးကား ဖွားသောအခါလည်း အတူဖွားတော်မူကြသည်။ ရဟန်းပြုသောအခါလည်း အတူ ရဟန်းပြုကြသည်။ ကျမ်းဂန်လည်း အတူသင်ကြားတော်မူကြသည်။ ပရိနိဗ္ဗာန်ပြုတော်မူသောအခါလည်း သီဟိုဠ်ကျွန်းအလုံး၌ ကြီးစွာသော ပြာဋိဟာကို ပြတော်မူ၍ အတူပင် ပရိနိဗ္ဗာန် ပြုတော်မူကြသတည်း။ လို့ သီရိဓမ္မာသောကမင်းကြီးရဲ့ နောက်ဆုံးဘ၀ ရဟန္တာဖြစ်တော်မူကာ ပရိနိဗ္ဗာန်စံဝင်တော်မူပုံကို အကျဉ်းချုံးကာ မှန်နန်းမဟာရာဇ၀င်တော်ကြီးတွင် ရေးပြထားသည်ကို ထောက်၍ သီရိဓမ္မာသောကမင်းကြီး သေသောအခါ စပါးကြီးမြွေဖြစ်တယ်ဆိုတာ အထောက်အထား မခိုင်လုံတဲ့အတွက် မဟုတ်ပါကြောင်း ပြန်ဆိုပေးလိုက်ရပါတယ်။
ထိုအကြောင်းနဲ့ပတ်သက်ပြီး နောက်ဆုံးဘ၀ ပရိနိဗ္ဗာန်စံတဲ့အကြောင်း စိတ်ဝင်စားဖွယ်ရာရေးထားတဲ့ ဟံသာသီရိ ရဲ့ ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ စာအုပ်တွင် အင်္ဂုတ္တထိုရ် အဋ္ဌကထာလာအတိုင်း တင်ပြထားတာကို ရှာဖွေ ဖတ်ရှုနိုင်ပါကြောင်း။ ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More