Wednesday, October 22, 2008

အေးရိပ်ချောင် ဘုံကထိန်

ကထိန်အလှူရှင်များအား ချီးမြောက်ရန် ဓမ္မာရုံသို့အလာ
ကထိန်ပွဲလာတဲ့ စာရေးဆရာမ မြတ်နိုးရှင်းကိုလည်း တွေ့ရပါတယ်။
ကထိန်တရားတော်နာ၊ အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာ

တက္ကသိုလ် ပါမောက္ခများ၊ ဆရာမများကလည်း ကူညီကြပါသည်။
ကထိန်သင်္ကန်း၊ပရိက္ခရာလှူဒါန်းသူများဖြင့်
ကထိန်အလှူပွဲလာကြသော ဆရာလေးများ
Type the rest of your post here.

5 comments:

ဆရာတော် တပည့်တော်လည်း ဆရာတော့်ဘလော့ကို ကြည့်ရင်း အားကျဝမ်းသာကြည်ညိုရပါတယ် အထူးသဖြင့် ဆရာတော်ရဲ့ အမေဖြေကို ပိုကြိုက်တယ် သံသယတွေကို အများကြီးရှင်းလိုက်နုင်တာဟာ ဆရာတော့်ကျေးဇူးပါ။

ဓမ္မအလင်းဖြင့် အဓမ္မသံသယအမှောင်ကို ဖောက်ထွင်းပေးတဲ့ ဆရာတော်ရဲ့ဆောင်ရွက်မှုကို တပည့်တော် ကျေနပ်အားရ ဝမ်းမြောက်စွာဖြင့် ဂုဏ်ယူမိပါတယ် အရှင်ဘုရား။ ပန်းရနံ့ကို လေညှင်းဆောင်၍ ဝန်းကျင်လုံးမွှေးရပါတယ်။ ဓမ္မအလင်းဆိုတဲ့ မီးရူးတိုင်ကို သံဃာတော်အရှင်မြတ်တို့၏ လက်ဆင့်ကမ်းသယ်ဆောင်မှုဖြင့် တပည့်တော်တို့၏ အဝိဇ္ဇာအမှောင်ကို ဖောက်ထွင်း၍ သစ္စာတရားများကို သိခွင့်ကြုံခဲ့ပါပြီ အရှင်ဘုရား။ ကျန်းမာရွှင်လန်းစွာဖြင့် သာသနာ့အကျိုးကို ဆဆတပိုး ဆောင်ရွက်နိုင်ပါစေ အရှင်ဘုရား...

*မေထုန်အမှုမှ ရှောင်ကြဉ်တာဟာ မြတ်သောအကျင့်လို့ မှတ်ယူရပါမယ်။
*မိမိ လင်၊မယားမှ တစ်ပါး တစ်ခြားတစ်ပါးသော ယောက်ျား၊ မိန်းမတို့နှင့် မေထုန်အမှုမပြုဘဲ ရှောင်ကြဉ်တာကို မြတ်သောအကျင့် လို့ဆိုလိုတာပါ---- ဆိုတဲ့ အရှင်ဘုရား၏ ဖြေကြားရှင်းလင်းဖော်ပြချက်ကို လေးစားစွာဖြင့် ဂုဏ်ယူပါတယ် အရှင်ဘုရား... ကျေးဇူးအထူးတင်ရှိပါတယ် အရှင်ဘုရား...

“ ဒီလိုဆို ချစ်သား…..ချစ်သားသိသော တရားများကို တပည့်တော်အား ဟောပြပါလား” ဟု ကျွန်ပ်၏ လျှောက်ထား တောင်းပန်မှု ကြောင့် နိဂြောဓသာမဏေက “ ကောင်းပါပြီ” ဟု ၀န်ခံ၍ ကျွန်ပ်အား တရာဟောတော်မူပါသည်။
အပ္ပမာဒေါ အမတံ ပဒံ ၊ ပမာဒေါ မစ္စုနော ပဒ။ံ
အပ္ပမတ္တာ နမီယန္တိ ၊ ယေ ပမတ္တာ ယထာမတာ။
“တကာတော်မင်းကြီး….မမေ့မလျော့သော အပ္ပမာဒတရားဟာ မသေဖို့ရာ အကြောင်းဖြစ်တယ်၊ မေ့လျော့သော ပမာဒတရားဟာ သေဖို့အကြောင်းဖြစ် တယ်။ မမေ့မလျော့နေသူဟာ မသေနိုင်၊ မေ့လျော့နေသူဟာ အသက်ရှင်သော်လည်း လူသေနှင့်အလားတူပါပေတယ်”
--- အဲဒီတရားကို တစ်ဆင့်ကြားနာခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အရှင်ဘုရား။

တပည့်တော် လာရောက်ဖူရှုနှလုံးသွင်းခံယူသွားပါတယ် အရှင်ဘုရား..ဆရာတော်ဘုရား၏ မျှဝေမှုကို နေ့စဉ်စောင့်မျှော်ဖတ်ရှု နေပါတယ် အရှင်ဘုရား.. အရှင်ဘုရား ကိုယ်ရောစိတ်ပါ ကျန်းမားအေးမြပါစေ...

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More