Thursday, November 5, 2009

တွေးဖြစ်လို့ ရေးဖြစ်ခဲ့တာတော့

အိုင်တီခေတ်ကြီး ဖြစ်လာတော့ နည်းပညာကလည်း အလျင်အမြန်ကြီးကို တိုးတက် လာတာ အံ့မခန်းဘဲ၊ ဒါကို အခွင့်ကောင်းယူပြီး ဘာ သာရေးခေါင်းဆောင်များဖြစ်တဲ့ ဒို့ဘုန်းကြီးတွေလည်း လာသာတုန်း ဗိုင်းငင်ကြမယ် ဆိုပြီး အင်တာနက်စာမျက်နှာပေါ် ခြေချမိခဲ့တာ သုံးနှစ်ကျော်ခဲ့ပါပြီ။ ။
သုံးနှစ်ကျော်ကလာအတွင်း စာပေဆောင်းပါးများလည်း အများကြီးရေးဖြစ်တယ်။ ဒီလိုရေးရင်းနဲ့ ဘာသာရေးပြဿနာများလည်း မေးလာ ကြတယ်။ ဒါနဲ့ ကမ္ဘာအရပ်ရပ်မှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ သူများအတွက် မသိတာလေးတွေကို အဖြေပေးလာခဲ့ပါ တယ်။ အခုဆိုရင် ဘာသာရေး အမေးအဖြေကဏ္ဍမှာ အတော်လေးကို များလာလို့ ယခုဆို (သန်းခေါင် ယံက အမေးအဖြေများ) စာအုပ် ထုတ်လိုက်ပြီးပါပြီ။ ဒါ့အပြင် ယခု အွန်လိုင်းပေါ်က အမေးအဖြေများ (၁) စာအုပ်လည်း မကြာမီ ထွက်လာတော့မှာပါ။
နောက်တခု ပြောချင်ပါသေးတယ်။ ပီးခဲ့တဲ့ နွေရာသီအချိန်တုန်းက ပထမအကြိမ် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ကို ဘုန်းကြီးတို့ ကျောင်းမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မမျှော်လင့်ဘဲ အောင်မြင်မှု ရရှိခဲ့တဲ့အတွက် ၀မ်းသာပီတိဖြစ်ရသူက ဥယျဉ်မှူးဖြစ်တဲ့ ဘုန်းကြိးပါပဲ။ သူတို့လေးတွေဟာ အနာဂါတ်မှာ ဘာသာရေးမျိုးဆက်သစ်လေးတွေ၊ ဗုဒ္ဓယဉ်ကျေးမှုကို အမွေခံမဲ့သူတွေ ဖြစ်တဲ့အပြင် မောင်ယဉ်ကျေး၊ မယဉ်ကျေးလေးတွေ ဖြစ်လာကြမှာပါ။
ဒါကြောင့်လည်း ယခုလို ဗုဒ္ဓယဉ်ကျေးမှုသင်တန်း ကျင်းပရပါတယ်။ နောင် နှစ်တိုင်း လုပ်သွားနိုင်အောင် ကြိုးစားအားထုတ်သွားမယ်လို့ လဲ ရည်ရွယ်ထားပါတယ်။ ဒီသတင်တန်းနဲ့ ပတ်သက်ပြီး ကမ္ဘာအရပ်ရပ်က သိအောင် website ပေါ်တင်ရင်ကောင်းမယ် လို့စဉ်းစားမိ လာတယ်။ ဘာ့ကြောင့် ဒိလိုသင်တန်းလှုပ်ရှားမှုပုံလေးတွေကို တင်လိုက်ရတာလည်းဆိုရင် ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ မိသားစု ကြည့်နိုင် မြင်နိုင်အောင်လို့ပါပဲ။ ထို့အတူ မိဘများက ဖတ်ရမြင်ရတာ့ သားသမီးလေးတွေကို ပြလိမ့်မယ်။
ဒိလိုပါပဲ မိဘများက သားသမီးလေးတွေ အတုမြင်အတတ်သင်နိုင်အောင် ယဉ်ကျေးမှုလှုပ်ရှားမှု ပုံလေးတွေကို ပြမယ်ဆိုရင် သားသမီးလေးတွေလည်း စိတ်ဝင်စားလာကြမယ်။ မိဘများကလည်း သားသမီးလေးတွေ စိတ်ဝင်တစားရှိလာတယ်ဆိုရင် ယဉ်ကျေးမှုဆိုင်ရာ စာပေများကို ရှာဖွေသင်ပေးကြရပါ့မယ်။ တကယ်လို့ ကိုယ်က မစွမ်းနိုင်ဘူးဆိုရင် ကိုယ့်နယ်အသီးသီးမှာ သာသနာပြုနေကြတဲ့ ဘုန်းကြီးများနဲ့တိုင်ပင်ကာ သင်ပေးကြမယ်ဆိုရင် နောင်တချိန်ကလေးတွေဟာ ကမ္ဘာမှာ လူ့ယဉ်ကျေးလေးများ ဖြစ်လာနိုင်စရာရှိပါတယ်။ လို့ ရင်ထဲရှိတဲ့ အကြောင်းအရလေးကို ပြောရင်း..........

Type the rest of your post here.

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More