Wednesday, November 18, 2009

ဒီလိုအိမ်မျိုး နောက်သွားရအုံးမှာလား

အမေး။ ။အရှင်ဘုရား……ရဟန်းတော်များမှာ ဒါယကာ/မ တို့ရဲ့ ပစ္စည်းလေးပါး အထောက်အပံ့ရမှာသာ သာသနာပြုနိုင်ကြ ပါတယ်ဘုရား။ တခါတရံ တစ်ချို့ ရင်းနှီးတဲ့ အိမ်တွေကို မလွဲမရှောင်သာ သွားရပါတယ်။ အဲဒီအခါမျိုးမှာ ရဟန်းသံဃာတော်များ ကြွလာမှန်း သိပါလျက် အဖက်မလုပ်၊ ခရီးဦးလည်းမကြိုဆို တာတွေ့ရပါတယ်။ ရဟန်းတော်များအတွက် စိတ်မကောင်းရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါ။ တပည့်တော် သိချင်တာက ဒီလို အိမ်မျိုးကို နောက်တစ်ခါ သွားသင့်/မသင့် ဆိုတာ သိချင်ပါတယ်ဘုရား။ ။
မနွယ်နွယ်အေး
ရန်ကုန်

အဖြေ။ ။လူတွေဟာ အလုပ်ကို အချိန်နဲ့ လုပ်နေကြရတဲ့အတွက် ရဟန်းတော်များကို မအားလပ်တဲ့ကြားက ဧည့်ခံဖို့ရာ လုံးဝမဖြစ်နိုင်ပါ။ သူတို့ကိုယ်၌က ရဟန်းတော်များအား ကြည်ညိုကြတာရှိပါတယ်။ အကြောင်းကြောင်းကြောင့် ဧည့်ဝတ်ချွတ်ယွင်းခဲ့ပေမဲ့ ကြည်ညိုတဲ့ဒါယကာများက ရှိပါတယ်။ ဒါပေမဲ့ တချို့ကျတော့ ရင်းနှီးကျွမ်းဝင်ပြီးသား ဒါယကာအိမ်ကို သွားတဲ့အခါ အဖက်မလုပ်၊ ခရီးဦးမကြိုဆို၊ လုံးဝကြည်ညိုမှုမရှိ ဘူးဆိုရင် နောက်တစ်ခါ မသွားမိအောင် သတိထားရပါ့မယ်။ဒါယကာများက ကိုယ့်ကို မကြည်ညိုဘူးဆိုရင်တော့ နောက်တစ်ခါ သွားဖို့ရာ စဉ်းစားရပါလိမ့်မယ်။ ဒါကိုတော့ ခွဲခြားသိဖို့လိုပါလိမ့်မယ်။
ဒါနဲ့ပတ်သက်ပြီး အဂ္ဂင်္ုတ္တရာနိကာယ်၊ ကုလသုတ်မှာ ဟောတော်မူထားပါတယ်။
ဒါတွေက-
(၁) မြတ်နိုးသဖြင့် ခရီးဦးမကြိုဆိုခြင်း။ (၂)မြတ်နိုးသဖြင့် ရှိမခိုးကြခြင်း။ (၃) မြတ်နိုးသဖြင့် နေရာထိုင်ခင်း မပေးကြခြင်း။ (၄) ထင်ရှားရှိတဲ့ လှူဖွယ်ဝတ္တုကို ရဟန်းတို့အား လျှို့ဝှက်ကြခြင်း။ (၅) လှူဖွယ်ဝတ္ထု များစွာရှိပါလျက် အနည်းငယ်ကိုသာပေးလှူခြင်း။ (၆) မွန်မြတ်သော လှူဖွယ်ဝတ္ထု ရှိပါလျက် ရုန့်ရင်းကြမ်းတမ်းသော လှူဖွယ်ဝတ္ထုကို ပေးလှူကြခြင်း။ (၇) ရိုသေစွာ မပေးလှူဘဲ မရိုမသေ ပေးလှူကြခြင်း။ (၈) တရားနာရန် ရဟန်းထံသို့ မချဉ်းကပ် မနေထိုင်ကြခြင်း။ (၉) ထိုရဟန်းဟောသော တရားများကို ရိုသေစွာ မနာယူကြခြင်း။
အထက်ပါဖေါ်ပြခဲ့တဲ့ အင်္ဂါ(၉)ချက်နဲ့ ပြည့်စုံတဲ့ ဒါယကာအိမ်သို့ ရဟန်းတော်များ မသွားရောက်သင့်ပါ။ တကယ်လို့ သွားခဲ့တောင်မှ ထိုင်နေဖို့ မသင့်ပါ။ (အင်္ဂ္ဂုတ္တရနိကာယ်၊ န၀ကနိပါတ်၊ ပဌမပဏ္ဏာသက၊သီဟနာဒ၀ဂ်၊ ကုလသုတ်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More