Wednesday, June 20, 2007

မြန်မာနိုင်ငံရဲ့ ခေတ်မှီစက်ကြီး။

လူတိုင်း မနက်လင်းတာနဲ့ စာဝတ်နေရေး အတွက် အလုပ်လုပ်ကြရသည်ထိုသို့ လုပ်ကြရာတွင် တစ်ခါတစ်ရံ လိုချင်မှုနှင့်ယှဉ်ပြီးလုပ်ကြရ၊ တစ်ခါတစ်ရံ မလိုလား မနှစ်သက်မှုတွေနဲ့ အလုပ်လုပ်ကြရသည့်အတွက် ကိုယ်ပင်ပမ်းရုံမျှ မကဘဲ စိတ်ပါပင်ပမ်းကြရသည်။ ကိုယ်ပင်ပမ်းတာ ခံနိုင်ပြီး စိတ်ပင်ပမ်းတာကို မည်သူမှ မလိုလားကြပါ။ ဒီစိတ်ပင်ပမ်းတာ ခံနိုင်ဘို့အတွက် စိတ်ခွန်အားကောင်းဖို့ စိတ်သန့်စင်ဖို့ အထူးလိုအပ်လှပါသည်။ လူတစ်ယောက်စိတ်သန့်စင်ဖို့တွက်-

မနက်တိုင်း စောစောထပြီး ၊ ဘုရားရှိခိုး ၊ မေတ္တာပို့ ၊ စွမ်းနိုင်ရင် ၀ိပဿနာတရားကို အနည်းဆုံး (၃၀) မိနစ်လောက်၊ အားထုတ်၊ပါ၊ အဲဒါကို နေ့တိုင်း နေ့တိုင်း အလေ့အကျင့်ဖြစ်အောင် ပြုလုပ်သွားပါက မကြာမှီမှာ စိတ်တည်ငြိမ်မှု စိတ်ရဲ့အေးချမ်းမှု အတော်လေးရရှိလာကြမှာ ဖြစ်သလို စိတ်ဓါတ်ဟာလည်းအမြဲတက်ကြွပြီး၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်မှာ ပြဿနာတစ်စုံတစ်ရာနှင့်ကြုံလာရင်လည်း အတော်အတန် သီးခံနိုင်လာသောကြောင့် အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာလည်း ရလာကြမှာဖြစ်ပါတယ်။
ကမ္ဘာနဲ့အ၀ှမ်း အသိပေးချင်တာက-
ဘယ်နိုင်ငံမှာမှ မရှိသေးသော စိတ်ခွန်အားကောင်းစေပြီး ၊ စိတ်သန့်စင်သော စက်ကြီးသည် မြန်မာနိုင်ငံမှာ ပေါ်ထွန်းနေပါပြီလို့ အားလုံးကို အသိပေးချင်ပါတယ်။ အဲဒီစက်ကြီးဟာ အခုမှ ပေါ်ထွန်းလာခြင်းမဟုတ်၊ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀) တုန်းက ပေါ်ထွန်းခဲ့တာပါ၊ ဒါပေမဲ့ အဲဒီစက်ကြီးဟာအသုံးပြုသူတိုင်းအတွက် အမြဲတမ်း update ဖြစ်နေပြီး အစဉ်သဖြင့်လည်း သစ်လွင်တောက်ပဆဲပါ ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More