Saturday, June 9, 2007


ဒီစာတန်းလေးကို ဟိုလွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က မကွေးမြို့ `မြသလွန်´ဘုရား
စေတီတော် စောင်းတန်း မုခ်ဦးအ၀မှာ တွေ့မြင်ခဲ့ရပါသည်။ ဓါတ်ပုံမှတ်တမ်း မရှိပါ
သဖြင့် အကယ်၍ စွမ်းနိင်မည်ဆိုပါက ဆိုက်ပေါ်တင်ပေး စေလိုပါသည်။ အားလုံး
ဗုဒ္ဓဘာသာဝင်များ သိစေချင် အတုယူစေချင်လို့ပါ။
ဒီစာတန်းလေးအတိုင်းပဲ မကွေးမြို့ ဧရာဝတီမြစ်ကမ်း နဖူး၌ တည်ထားသော မြသ
လွန် စေတီတော်ရင်ပြင်၌ ဂြိုလ်ခွင်၊ ဂြိုလ်အိမ် ၊ ဘိုးတော်၊ မယ်တော်မျိုးစုံတို့ကို
လည်း စံမြန်းခွင့် permission မပေးထားသောကြောင့် သန့်ရှင်းပြီး ထေရ၀ါဒဆန်
သော ထိုစေတီတော်ကို ဖူးမြင်ရသူများ စိတ်ကြည်နူးဘွယ် အထူးကောင်းလှပါသည်။
ဆက်ဦးအံ့ ၊ ဘုရားရင်ပြင်တိုင်း၊ ရင်ပြင်တိုင်း `မြသလွန်´ စေတီတော်လို ဖြစ်သင့်
သည်မှာ အမှန်ပါ။ အခုတော့- ရန်ကုန်မြို့ရွှေတိဂုံစေတီတော် အပါအ၀င် အနယ်
နယ်အရပ်ရပ်မှ စေတီတော်များတွင် ဂြိုလ်ခွင်၊ ဂြိုလ်အိမ် ၊ ဘိုးတော် ၊ မယ်တော်
မျိုးစုံနှင့် အခြားအမည်မသိ နတ်တွေကလည်း နေထိုင်ခွင့် visa အပြည့်နဲ့ ဘုရား
ရင်ပြင်တော်ပေါ် နေရာယူကုန်ကြပြီ။
ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသလိုမျိုး ဖြစ်ကုန်ပြီ ၊ ဒါကြောင့် ဘုရားရင်ပြင်မှာ
အုတ်ရောရော ကျောက်ရောရော မဖြစ်ရလေအောင် နိုင်ငံတော် တိုင်း/မြို့နယ်
ကျေးရွာ သံဃာ့နာယကအဖွဲ့ အဆင့်ဆင့်များ၊ အစိုးရ အာဏာပိုင်အဖွဲ့တို့ဖြင့်ပူး
ပေါင်းပြီး ဘုရားရင်ပြင်တော်ပေါ် ၊ ဘုန်းတော်ကြီးကျောင်း တော်ပေါ်သို့
special visa နှင့် ရောက်လာကြကုန်သော သာသနာနှင့် မလျော်သည့် ပုဂ္ဂိုလ်
ထူးများ အားလုံးကို ပြည်နှင်ဒဏ် ပေးကြမည်ဆိုပါက -
မြတ်ဘုရားချွေးနဲ့ သွေးနဲ့ ရင်းခဲ့ရတဲ့ သာသနာတော်ကြီးသည် ဖြူစင်သန့်ရှင်း
သော သာသနာတော်ကြီး ဖြစ်လာမှာ အမှန်ပါ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More