Wednesday, June 6, 2007

သာနသာအတွက် ရင်လေးစရာ
ရောက်လာသော ဖိတ်စာတစ်စောင်ကို အံ့သြစွာ ဖတ်လိုက်ရတယ်။
ကွမ်ရင်မယ်တော်အနေကဇာတင်ပွဲ တဲ့ ဒီလိုမျိုး ဖြစ်ပေါ်ရတဲ့ အ
ကြောင်းအရင်းကို စုံစမ်းကြည့်ရာမှာ-ဘာသာခြားကျောင်းမှ သီလရှင်
်တစ်ပါးရဲ့ အကြံပေးချက်အရ လုပ်တာပါ လို့ အလှူရှင်ရဲ့ ပြောပြချက်
အရ သိရတယ်။ မယ်တော်စံမြန်းတဲ့ နေရာကလည်း ကြည့်ပါဦး
ဘုန်းတော်ကြီးကျောင်းဝင်းထဲက အလျူမီနီယံ အဆောင်ပြသာဒ်ထဲ၊
တိုင်းသံဃာ့နာကဆရာတော်တစ်ပါးနဲ့ ဆက်နွယ်နေတဲ့ ကျောင်းဖြစ်
နေတယ်။ ဆရာတော်က အဲဒါကိုမသိဘူးလား၊ (သို့) မသိချင်ယောင်
ဆောင်နေတာလား မသိပါ ၊ အခုတော့ ဘုန်းတော်ကြီးကျောင်းထဲ
ကွမ်ရင်ရောက်လို့နေပါပြီ၊ သာသနာအတွက် ရင်လေးစရာဖြစ်နေပြီ။
စာဖတ်သူများအားလုံး-
ဘုရားမှတစ်ပါး မည်သူကိုမှ အနေကဇာတင်တယ်ဆိုတာ အရင်က
လည်း မရှိခဲ့သလို အခုလည်း မရှိ နောင်လည်း ရှိနိုင်မှာ မဟုတ်ပါဘူး။
ဒီအကြောင်းကို သာသနာရေးဌာန အရေးပါတဲ့ လူကြီးများကို
ဆွေးနွေးပြန်တော့လည်း `တင်ပါ့ဘုရား´ဆိုပြီး ဘာအကြောင်း
မှ မထူးလာပါ။ ဘယ်လိုလုပ်ကြမလဲ ၊ ဒီရုပ်တုကြီး ဘုန်းတော်ကြီး
ကျောင်းမှာ ထားရှိခြင်းဖြင့် `အမှားကြာတော့ အမှန်ဖြစ်ဆိုတဲ့အတိုင်း´
နောင်လာနောင်သားများက ဘုန်းတော်ကြီးကျောင်းထဲ ဒီရုပ်တုကြီး ကို
မြင်သည့်အတွက် ကွမ်ရင်ကိုလည်း ကိုးကွယ်ရတာပဲ
ဆိုပြီး ကိုးကွယ်ကြမှာ မြင်ယောင်မိပြီး နောင်သာသနာအတွက် ရင်လေး
မိတာ အမှန်ပါပဲ။

2 comments:

ဘုန်းဘုန်း.. စင်္ကာပူမှာလည်း ဗမာတွေ ကွမ်ရင်မယ်တော်ကို အတော်ကိုးကွယ်ကြပါတယ် ။ နောက် တပည့်တော် ကျိုက်ထီးရိုးတက်တုန်းက ဘိုးဘိုးကြီးတို့ဘာတို့ နတ်ဆောင် နတ်နန်းတွေ ပေးထားတာ တွေ့ ပါတယ် ဘုရား ။ အဲဒါ.. ဗုဒ္ဓဘာသာ အနေနဲ့ ဘယ်လိုမြင်ပါသလဲ ။ တပည့်တော်တို့ကို ညွှန်ပြပါဦး ။

တပည့်တော် ကျိုက်ထီးရိုးရောက်တုန်းကတောင် အဲဒီ အဆောင်နန်းတွေထဲ မ၀င်ခဲ့ပါဘူး ။ မရိုသေတာတော့ မဟုတ်ပါ ။ တပည့်တော်အမြင်ကတော့ ဘုရားမှတပါး ကိုးကွယ်ရာမရှိလို့ ယုံကြည်လို့ပါ ဘုရား ။

မှန်လိုက်လေ ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိ ၊

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More