Monday, June 11, 2007


အယူအမြင်စင်ကြယ်ရေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဓမ္မဒူတခရီး ကြွစဉ်က - ထိုင်းနိုင်ငံရောက်

မြန်မာများသည် အလုပ်များတဲ့ ကြားထဲက လာရောက်ပြီး ၀မ်းသာစွာ

တွေ့ဆုံကြပေါ့၊ ကိုယ်ကလည်း ဓမ္မကို ဆာလောင် မွတ်သိပ်နေတဲ့

သူတို့အား ဘ၀တိုးတက်ကြောင်းနှင့် လိုက်နာစရာတရားများကို လည်း

ပြောပြဟောပြနဲ့ တန်ဖိုးရှိသော ဓမ္မဒူတခရီးတစ်ခု ဖြစ်ခဲ့ရပါတယ်။

အဲဒီအထဲ ဗုဒ္ဓဘသာဝင် ထိုင်းလူမျိုးတစ်ဦးက မေးတယ်`အရှင်ဘုရား

မြန်မာပြည်က ဘုရားပုံတော်တွေ မပါဘူးလား၊ ပါရင် တပည့်တော်တို့

လည်း ၀ယ်ချင်တယ် ´ တဲ့ဘာပြုလို့ ၀ယ်ချင်ရတာလဲ မေးတော့

တပည့်တော်တို့ အဆောင်၊ လက်ဖွဲ့အနေနှင့်အသုံးပြု ဆောင်ထားခြင်

လို့ပါ´ တဲ့ သူတို့ ဘုရားကို အဲဒီလို အားကိုးချင်တာကိုး၊သူတို့သိအောင်

မြတ်ဘုရားရဲ့ မြင့်မြတ်တဲ့ ပါရမီဖြည့်ပုံတွေ ၊ ဘုရားဖြစ်ရခြင်းရဲ့

ရည်ရွယ်ချက်တွေကို လူတတ်ကြီးလုပ်ပြီး ပြောခဲ့ရပါသေးတယ်။

ထိုင်းနိုင်ငံရောက်သွားတာက ကထိန်ခေတ်ကာလဆိုတော့ ထိုင်းရောက်

မြန်မာတွေ စုပေါင်းပြီး လုပ်ကြတဲ့ ကထိန်သင်္ကန်းအလှူပွဲ တစ်ခုမှာ-

ပြောဖြစ်ခဲ့တယ်။လူတကာပြုနိင်ခဲတဲ့ ပါရမီတော်တွေကို ဖြည့်ကျင့်ခဲ့ရတဲ့

မြတ်ဗုဒ္ဓရဲ့ ရည်ရွယ်ချက်က သတ္တ၀ါတွေ အို နာသေ ကလွတ်အောင်လို့

ဆိုတဲ့အကြောင်း၊ မြတ်ဘုရားကိုကိုးကွယ်တဲ့နေရာမှာ လောကီအကျိုး

လောက်တင်မဟုတ်ဘဲ ၊ ဘ၀လွတ်မြောက်ရေးအတွက်ပါ ၊ ကိုးကွယ်ကြ

ခြင်းဖြင့် ကိုးကွယ်မှု မှန်ကန်ကြရန် အထူးလိုအပ်ကြောင်းကို တတ်သ

လောက်ပြောခဲ့ရသည်။

သတ္တ၀ါမှန်သရွေ့ ၊ တရားတွေ့ ၊ ချမ်းမြေ့သာယာရှိပါစေ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More