Friday, June 15, 2007

စစ်မှန်သော အလှပိုင်ရှင်များဖြစ်ကြပြီလား
လူ့လောကထဲမှာ ရှေ့တန်းက ရောက်နေသူများကို လေ့လာကြည့်ရင်
ကြည့်ကောင်းသော ရုပ်ရည်ကို ပိုင်ဆိုင်သူများသာ ဖြစ်ကြသည်။
လူဖြစ်လာတဲ့အခိုက် ရှေးအတိတ်ကံ ကောင်းခြင်းကြောင့် ရုပ်ရည်ရည်
ချောမောလှပကြသည်။ အလှအားနည်းသူ အချို့ဆိုရင်လည်း ပြုပြင်လိုက်
ရင် ကြည့်ကောင်းလာတော့တာပဲ။ လောကမှာ လှခြင်း နှင့် မလှခြင်းသည်
အဓိကကျလားဆိုတော့ ၊ မကျဘူးလို့ပဲ ဖြေရမှာပဲ။
ဒါဖြင့် အရေးကြီးတာက ဘာလဲ၊ အရေးကြီးတာက အရုပ်လှဖို့ထက် စိတ်
လှဖို့က ပိုပြီးအဓိကကျ ၊ ပိုပြီး အရေးကြီးတာပါ။ အရုပ်ဘယ်လောက်ပဲ
လှလှ စိတ်လှတဲ့သူ မဟုတ်ဘူးဆိုရင် ထိုသူ့ကို အလှဆုံးလို့ မခေါ်ဆို
နိုင်ပါ။ အရုပ်ဆိုးအကျည်းတန်သော သူပင်ဖြစ်စေကာမူ စိတ်လှတယ်ဆို
ရင် ထိုသူ့ကို စစ်မှန်သောအလှပိုင်ရှင် လို့ ခေါ်ဆိုရင်နိုင်ပါကြောင်း။
စစ်မှန်သော အလှပိုင်ရှင်ဖြစ်ဖို့ဆိုတာက ကုသိုလ်လုပ်ငန်းမှန်သမျှ အား
လုံးကို လုပ်နိုင်သမျှလုပ်ဖို့ပါပဲ ။
စာဖတ်သူများအားလုံး စစ်မှန်သော အလှပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More