Wednesday, June 6, 2007

သာသနာနဲ့တွေ့သ

မြတ်စွာဘုရားရှင် ပေးတော်မူခဲ့တဲ့ သြ၀ါဒတော် သုံးချက်ကို အတော်များ
များလည်း သိကြမှာပါ။ အကုသိုလ်မှန်သမျှကို ရှောင်ကြဉ်ရမည် ကုသိုလ်
မှန်သမျှ ရအောင်ယူကြ၊ (ပြည့်စုံအောင်အားထုတ်ကြ)၊ ဒီနှစ်ချက်ကို စဉ်း
စားကြည့်ရအောင် သြ လူတွေနော် စားဝတ်နေရေး၊ အိမထောင်ရေးစတဲ့
များစွာသော အရေးတွေကြားမှာ အကုသိုလ် လုံးဝမဖြစ်နိုင်အောင် လုပ်
လို့ လွယ်ပါ့မလား၊ ဟုတ်တယ် ၊ သတိပါရင် လွယ်ပြီး ၊ သတိမပါရင် မလွယ်
ပါဘူး။ ဒါကြောင့်လည်း မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးမိန့်ခဲ့
တဲ့စကားတော်က (ချစ်သားတို့ သတိတရားဖြင့် မမေ့မလျော့ ပြည့်စုံအောင်
အားထုတ်ကြဆိုပြီး သတိတရားအရေးကြီးကြောင်း နောက်ဆုံးမှာတော်မူခဲ့
တာလေ၊ ဘယ်လိုအနေအထားမျိုးမှာပဲ ဖြစ်ဖြစ် သတိတရားလေးထားပေး
မယ်ဆိုရင်မဖြစ်သင့်တာတွေ မဖြစ်တော့ဘဲ ၊ဖြစ်သင့်တာပဲ ဖြစ်တော့မှာပါ။
နံပါတ်သုံး သြ၀ါဒတော်က စိတ်ကို ဖြူစင်အောင်ထားကြ လို့ဆိုတဲ့နေရာမှာ
စိတ်လေးဖြူစင်အောင်ထားဖို့ ဘယ်လိုလုပ်ကြမလဲ၊ ဝေးဝေးကြည့်စရာမလို
မိမိကိုယ်ကိုယ်ကို ပြုပြင်၊ လေ့ကျင့်ယူရမှာပါ။ သူတစ်ပါးအပေါ် စိတ်ကောင်း
ထားမယ်၊နားလည်ပေးတတ်ရမယ်၊ သူတစ်ပါးအပေါ် အပြစ်မမြင်ရဘူး၊ အ
ပြစ်မြင်လာရင်လည်း ကိုယ့်ထဲက အမြန်ဆုံးထုတ်ပယ်နိုင်အောင် ကြိုးစားရ
မယ်၊ စိတ်နှလုံး အေးချမ်းဖို့အတွက် မေတ္တာပို့ခြင်းစတဲ့ သမထဘာဝနာတွေ
ကို အချိန်မှန်မှန် လေ့ကျင့်ပေးကြရပါမယ်၊ ဒီထက် တတ်နိုင်ရင်တော့ ၀ိပဿ
နာ ဘာဝနာပွားများခြင်းဖြင့် မိမိစိတ်ကို တည်ငြိမ်အောင် လေ့ကျင့်ပေးကြ
မယ်ဆိုပါရင် တည်ငြိမ်သော စိတ်လေးတွေနဲ့ ကိုယ်စီ ကိုယ်ခံအားကောင်း
လာကြမှာပါ။အဲဒါဆိုရင် စိတ်လေးတွေလည်း ဖြူစင်လာပြီး မြတ်စွာဘုရား
အဆုံးအမနဲ့အညီ နေနိင်မယ် မြတ်ဘုရားအဆုံးအမနဲ့အညီနေနိုင်ရင်
ဘုရားသာသနာနဲ့ တွေ့တဲ့သူလို့ဆိုနိုင်ပြီပေါ့။
အားလုံးဘုရားသာသနာနဲ့ တွေ့သောသူများ ဖြစ်အောင်ကြိုးစား အားထုတ်
နိုင်ကြပါစေ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More