Wednesday, June 20, 2007

ဓမ္မဆိုတဲ့ သဘာဝတရား

ဓမ္မဆိုသည်မှာ ဝေဖန်ရုံမျှ ၊ သုတေသနပြုရုံမျှ ၊ ပြောရုံမျှ ၊ နာရုံမျှ နှင့်ပြီးသောအရာမဟုတ်၊ဓမ္မသည် လူတိုင်းအတွက် အသုံးချတရားဖြစ်သည်။ အရေးကြုံလာလျှင် ဓမ္မကို လက်တွေ့ကျကျ အသုံးချရမည်။
ဥပမာ -လိုချင်မှု များ အားကြီးလာသောအခါ၌ ဖြစ်စေ။လိုချင်သည့်အတိုင်းမရလျှင် အလိုမကျခြင်း။ ဒေါသဖြစ်ခြင်း၊ စိတ်တိုင်းမကျခြင်း အစရှိသောအခါ၌ ဖြစ်စေ။ ပြီး စိုးရိမ်ပူဆွေးမှု ၊ငိုကြွေးမှု၊ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ပြင်းထန်စွာ ပူပန်ခြင်းစတာတွေ ဖြစ်လာတဲ့အခါ် လက်တွေ့ကျကျ အသုံးချရသော ဓမ္မဖြစ်သည်။ မြတ်ဗုဒ္ဓ၏ လက်တွေ့အသုံးချ ဓမ္မများအနက်က တစ်ခု-

ယံ ပုဗ္ဗေ တံ ၀ိသောသေဟိ ၊ ပစ္ဆာ တေ မာဟု ကိဥ္စိနံ။
မဇ္စျေ စေ နောဂဟဿတိ ၊ ဥပသန္တော စရိဿသိ။
အရင်က ဖြစ်ခဲ့ဖူးသော ဖြစ်ပြီးပြီ ဖြစ်သော တရားတို့၌ ပြန်လည်တွေးတောခြင်းဖြင့် ကိလေသာမဖြစ်ပါစေနဲ့။
နောင် မဖြစ်သေးသော ဖြစ်လတ္တံ့သော တရားတို့၌ ကိလေသာဖြစ်အောင် ကြောင့်စိုက်မှု မဖြစ်ပါစေနဲ့ ။အလယ်ပိုင်း(ပစ္စုပ္ပန်) တရားတို့ တဏှာ၊ ဒိဋ္ဌိ တို့ဖြင့် အကယ်၍ မစွဲယူဘူး ဆိုရင်၊သင်သည် ငြိမ်းချမ်းစွာ နေရလိမ့်မည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More