Saturday, June 9, 2007

ပညာရေး

ယခင်နှစ် ပညာသင်နှစ်မှ စတင်၍ မူလတန်း ကျောင်းသူ/သားမျာသည်
ကျောင်းအပ်နှံရာတွင် မည်သည့်ငွေကြေး တစ်စုံတစ်ရာမှ ပေးရန်မလိုဘဲ
(အခမဲ့) ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ယခုလ
အတွင်း တရားဝင် သတင်းထုတ်ပြန် ထားသည်။ ဖေါ်ပြပါ အကြောင်းကို
ဖတ်လိုက်ရသည့်အတွက် ချို့တဲ့ နွမ်းပါးသောကလေးများအတွက်အလွန်
ပဲ ၀မ်းမြောက်ကြည်နူးမိပါသည်။ဒါပေမဲ့ ကြည်နူးမှုက သိပ်မကြာလိုက်ပါ ။
လူတစ်ယောက်က ``ကျွန်တော့ကလေး ကို မူလတန်း တွင် ကျောင်းအပ်
်ရာ ပိုက်ဆံက (၈၀၀၀၀)ရှစ်သောင်းနှင့် (A)အခန်းမှာရရေးအတွက် မုန့်ပုံးနဲ့
headmaster ကြီးကို သွားကန်တော့ရတယ်တဲ့။ ဒါတင်ဘယ်ကမလဲ၊သူပေး
တဲ့ ရှစ်သောင်းဆိုတာအနည်းဆုံးအဆင့်မှာရှိတယ်၊ ကျောင်းအပ်ဖို့ ပိုက်ဆံ
လာပေးထားကြတဲ့ စာရင်းထဲကြည့်လိုက်တာ ကျောင်းသားတစ်ယောက်
အတွက်(၂၅၀၀၀၀)အထိ ရှိနေတာတွေ့ရတယ်။အင်း (အခမဲ့)လို့သာတော်
တော့တာပေါ့ ၊ အခမဲ့မဟုတ်လို့ကတော့ မတွေးရဲအောင်ပါပဲ။
ဒီအတိုင်းဆိုရင် ချို့တဲ့သော ကလေးတွေ ဘယ်လိုပညာသင်ကြမလဲ၊
သူတို့ရဲ့အနာဂတ်မတွေးဝံ့စရာပဲ၊၊ ဒီလို ချို့တဲ့သော မိဘများမှ မွေးဖွားလာ
သော ကလေးတွေ မြန်မာပြည်မှာ အများကြီးပါ၊ ဒီကလေးတွေ မည်သူတာ
ဝန်ယူကြမလဲ၊ စဉ်းစားတယ် ၊ သူတို့လေးတွေပညာရေးအတွက် တစ်စိတ်
တစ်ဒေသ ထောက်ပံ့ရင် ကောင်းမှာပဲ ဆိုပြီး၊ မေတ္တာဖောင်ဒေးရှင်း ဆိုတဲ့
organization လေးကို အကောင်အထည်ဖေါ်ကာ ယခု ချို့တဲ့သော
အထက်တန်းကျောင်းသူ/သား ဆယ်ယောက်ကို စားဝတ်နေရေး
ပညာရေးအားလုံး ကို တတ်နိုင်သလောက်တာဝန်ယူစောင့်ရှောက်ပေးပြီး
ညနေခင်းကျောင်းက ပြန်လာသော ကလေးများကို ကြည့်နူးမှုအပြည့်နှင့်
ပီတိတွေဖြစ်ရပါကြောင်း ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More