Saturday, June 16, 2007

မွေးနေ့တစ်ခု၏ အတွေးပုံရိပ်

မွေးဖွားခြင်း၏ နောက်ကွယ်မှာ ဘ၀တစ်ခုကို ပိုင်ဆိုင်ရစမြဲ ၊ အဲဒီနောက်
နားကနေ ကပ်ပြီးပါလာသော အရာကား တစ်ခြားမဟုတ်၊ အရှက်ခွဲတတ်တဲ့
ကြီးရင့်ခြင်းဆိုတဲ့အိုခြင်းသဘော ဖြစ်သည်။ဒါလောက်နဲ့ မရပ်နားသေး၊ ဘဝ
တစ်ခုကို အပြီးအတိုင် ချေဖျက်မည့် သေမင်းကလည်း ဘယ်အချိန်မျာ
ငါ့အလှဲ့ရောက်မလဲဆိုတာကို အလစ်ချောင်းလို့နေပါသေးသည်။
ဒီကြားထဲ လောကဓံတရားကို အခြေတည်၍ ဖြစ်ပေါ်လာသော လိုချင်မှု၊
စွဲလန်းမှု၊ စိုးရိမ်ပူဆွေးမှု ၊ ငိုကြွေးမှု ၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ၊ ပြင်း
ထန်စွာပူပန်မှုစသော ခါးသီးသောခံစားမှုတွေကိုလည်း ကြုံသလို ခံစားလိုက်
ရပေသေးသည်။ အနေမတတ်ရင်တော့-လားလား ၊ မတွေးရဲဘူး။
ကြိုးတန်းပေါ်လျှောက်နေသော သူလိုပါပဲလား။ ဘယ်ဖက်တိမ်းရင်လည်း
အောက်ပြုတ်ကျနိုင်သလို၊ ညာဘက်တိမ်းရင်လည်း မသက်သာ အောက်ကျ
ပြီး သေနိုင်တယ်။မသက်သာလှပါ။ အင်းအရေးကြီးဆုံးက တည့်မတ်အောင်
လျှောက်လမ်းနိုင်ဘို့ နှင့်ပန်းတိုင်ရောက်အောင် အန္တရာယ်ကင်းစွာ လျှောက်
လမ်းနိုင်ဘို့ ရှေ့လျှောက်အများကြီး
ကျိုးစားရဦးမှာပါလား ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More