Sunday, September 13, 2009

ဥပုသ်နဲ့ အွန်လိုင်း သုံးချင်တယ်

အမေး။ ။ အရှင်ဘုရား.....ဥပုသ်ယူပြီး online သုံးလို့ရ - မရ သိချင်ပါတယ်ဘုရား။ ပြီးတော့ ဥပုသ်သီလဆောက်တည်ထားတဲ့ လူစ်ယောက်ဟာလူနာတစ်ယောက်ကိုလည်း သွားမေးချင်တယ်၊ မကောင်းတဲ့စိတ်လည်း ဖြစ်မိမယ်ဆိုရင် ဥပုသ်သီလ ပျက်နိုင်ပါသလားဘုရား။ မရှင်းလင်းတဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား။ ။
စုမြတ်စန္ဒီ
ဝါးခယ်မ

အဖြေ။ ။ ဒီအမေးနဲ့ပတ်သက်ပြီးသီလအကြောင်းကို သိဖို့လိုလိမ့်မယ်။ ကိုယ်ကျင့်သီလရဲ့သဘောက ကိုယ်နဲ့ နှုတ်မှာ မကောင်းတာတွေ မပြုမိ၊ မပြောမိအောင် စောင့်ထိန်းဖို့ပါ။ ခန္ဓာကိုယ်နဲ့ မကောင်းတာမှန်သမျှ မလုပ်ဘဲ ရှောင်ကြဉ်ရပါမယ်။ နှုတ်ကလည်း မကောင်းတာမှန်သမျှ မပြောမိပါစေနဲ့။ မုသာဝါဒရဲ့ နောက်ကွယ်မှာ ၀စီဒုရိုက်လေးပါး ရှိတယ်။ လိမ်ပြောခြင်း၊ ကြမ်းတမ်းတဲ့စကားပြောဆိုခြင်း၊ အနှစ်မရှိတဲ့ စကားပြောဆိုခြင်း၊ ရန်တိုက်ခြင်း စတာတွေပါ။ ဒါတွေကို မလွန်ကျူးမိဖို့ပဲ လိုတာပါ။ အရေးကြီးတာက ဥပုသ်သီလစောင့်ထိန်းတဲ့နေရာမှာ မေ့ပြီးမလုပ်မိ၊မပြောမိဖို့ပါ။ သတိထားပြီး ပြောမယ် ပြုမယ်ဆိုရင် သီလမကျိုးနိုင်ပါဘူး။ဥပုသ်စောင့်နေတဲ့သူရဲ့ online သုံးတာနဲပတ်သက်ပြီး ပြောရရင် သူရဲ့ online သုံးတဲ့အပေါ်မှာ မူတည်ပါတယ်။ တရားနဲ့ပတ်သက်တဲ့ ၀ဘ်ဆိုက်တွေကို လေ့လာဖတ်ရှုနားထောင်မယ်၊ ကုသိုလ်ရတဲ့ ၀ဘ်ဆိုက်တွေကို လေ့လာဖတ်ရှုနားထောင်မယ်ဆိုရင် ဥပုသ်သီလ မပျက်ပါဘူး။ ဒီလိုမှ မဟုတ်ဘဲ လမ်းကြောင်းပြောင်းနေမယ်ဆိုရင်တော့ သီလပျက်ဖို့များပါတယ်။နောက်တစ်ခုမှာ လူနာကို မေးရုံလောက်ကတော့ မေးသင့်ပါတယ်။ လူနာမေးတယ်ဆိုပြီး လူနာအနီးသွားကာ အရပ်အကြောင်း ရွာအကြောင်းပြောနေမယ် ဆိုရင်တော့ သီလပျက်ဖို့များပါတယ်။
နောက်တစ်ခုက စိတ်မှာ မကောင်းတဲ့ စိတ်ဖြစ်ရုံနဲ့ သီလမပျက်သေးပါဘူး၊ ထိုမကောင်းတဲ့စိတ်ကြောင့် ကိုယ်နဲ့နှုတ်က လွန်ကျူးမိပြီဆိုမှ သီလပျက်ပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

1 comments:

ဒီကနေ့ဥပုသ်နေ့ ဆိုတဲ့အတွက် တိုက်တိုက်ဆိုင်ဆိုင် ဒီပိုစ်လေးဖတ်လိုက်ရတော့ အထူးပဲ ကျေးဇူးကြီးလှပါတယ်ဘုရား။ ဥပုသ်မစောင့်ဖြစ်ပေမယ့်
မကောင်းတဲ့အလုပ်တွေမလုပ်မိဖို့သတိတရား လက်ကိုင်ထားပါမယ် ဘုရား။

ရိုသေစွာဖြင့်
မောင်ဇော်မင်းအောင်

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More