Saturday, January 17, 2009

ဘုရားရှင်လက်ထက် စာပေကျမ်းဂန်ရှိ - မရှိ

ဘုရားရှင်လက်ထက် စာပေကျမ်းဂန်ရှိ - မရှိ
အမေး။ ။အရှင်ဘုရား….ဘုရားရှင် လက်ထက်တော်ကတည်းက ကျမ်းဂန်တတ်ကျွမ်းတဲ့ သံဃာတော်များ ရှိတယ်လို့ ဆိုတယ်။ ထိုခေတ် အခါကတည်းက မှတ်တမ်းတစ်ခါတည်း လုပ်လို့ ကျမ်းဂန်ဆိုတာ ရှိနေရပါသလား။ အဖြေပေးတော်မူပါဘုရား။
ငြိမ်းလွင်
မော်စကို၊ရုရှားနိုင်ငံ

အဖြေ။ ။ ဘုရားရှင်လက်ထက်တော်က စာပေကျမ်းဂန်ဆိုတာ ရှိပါတယ်။ ဘာ့ကြောင့် ပြောနိုင်တာလဲဆိုရင် ဗိမ္ဗိသာရမင်းက ပက္ကုသာတိမင်းအား စာသ၀ဏ်လွှာပို့ခြင်း ဓါတုဝိဘင်္ဂသုတ်လာစကားနှင့် ဥတ္တရာနှင့်သီရိမာဝတ္ထု ဓမ္မပဒအဋ္ဌကထာလာ စကားတို့ကို ထောက်ပြီး သိနိုင်ပါတယ်။ ဒါဖြင့် စာပေကျမ်းဂန်ရှိရက်နဲ့ ဘုရားရှင်ရဲ့ တရားတော်များကို စာပေဖြင့် အဘယ့်ကြောင့် မှတ်တမ်းမတင်တာလဲ လို့ မေးစရာရှိတယ်။ ဒီတုန်းက စာပေဖြင့် တင်လို့ရပေမဲ့ တရားဓမ္မအပေါ်မှာ ရိုသေမြတ်နိုးလွန်းတဲ့အတွက် ပထမသင်္ဂါယနာတင်ပွဲမှာ နုတ်တက်အာဂုံ ရွတ်ဆိုပူဇော်ကာ မှတ်တမ်းတင်တော်မူခဲ့ကြတယ်၊ ဒါ့အပြင် ဒုတိယ သင်္ဂါယနာ၊ တတိယ သင်္ဂါယနာ တို့မှာလည်း နုတ်ဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။ နောင်တွင် လူအများ သဒ္ဓါ၊ပညာ အားနည်းလာတာကို ရဟန္တာ အရှင်မြတ်များက သိမြင်တော်မူကြတဲ့အတွက် စတုတ္ထသင်္ဂါယနာတင်ပွဲမှာ သီဟိုဠ်ဘာသာဖြင့် ပေထက်အက္ခရာတင်တော်မူခဲ့ကြပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More