
ပင်လယ်ပျော် လမုပင်
အဲဒါက ကျွန်းစုမြို့ကအပြန် ကျွန်းလေးတွေရဲ့အကြား ကျဉ်းမြောင်းလှတဲ့ ရေကြောင်းကနေ မော်တော်ဘုတ် စီးပြီး လာတဲ့ အခိုက် ရုက်ကူးထားတာပါ။ ဒီအပင်လေးတွေရဲ့နာမည်ကို မေးကြည့်တော့ ပင်လယ်လမုပင် လို့ ခေါ်ပါသတဲ့။
ဒီအပင်လေးတွေရဲ့ ခိုင်ခန့်မှုက ပင်စည်ရဲ့အမြစ်တစ်ခုသာမက အခြားအမြစ်များပါ ၀န်းရံပေါက်ရောက်နေတဲ့အတွက် အပင်ကို ပိုမိုခိုင်ခန့်စေတယ်။ ဒေသခံများ ပြောတာကတော့ ဒီအပင်လေးတွေဟာ သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိတယ် တဲ့ မုန်းတိုင်းလာလည်း အပင်ရဲ့ ခိုင်ခန့်မှုကြောင့် ပျက်စီးမသွားဘူးလို့ဆိုပါတယ်။ ပင်လယ်လမုပင်ရဲ့ အရည် အသွေးလို့ပဲ ဆိုရမှာပဲ
ဒီအပင်လေးဟာ သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်ရှိသလို ငါတို့လူသားတွေလည်း ပတ်ဝန်းကျင်ရဲ့ လောကဓံတရား များကို ကြံ့ကြံ့ခံနိုင်ကြမယ်ဆိုရင် ခံနိုင်အောင်လည်း အလေ့အကျင့်ပြုလုပ်ထားကြမယ်ဆိုပါရင် …………………………..?
ဒါနဲ့ပတ်သက်ပြီး ပြည်ပရောက်မြန်မာမိသားစုများနှင့် လူသားအားလုံးအတွက်ပါ ပြောချင်တာလေးတစ်ခုရှိတယ်။
အခက်အခဲနဲ့တွေ့လာတဲ့အခါ မိမိအတွက် အားဆေးတစ်ခွက် သောက်လိုက်ရသလို ဘ၀အတွက် ခံနိုင်ရည်ရှိစေမဲ့ အားပေးစကားစုလေးပါ။
“ဖြစ်ချင်ရာဖြစ် စိတ်မညစ်နဲ့
လုပ်သာလုပ် နောက်မဆုတ်နဲ့”
Type the rest of your post here.
1 comments:
ဖြစ်ချင်ရာဖြစ် စိတ်မညစ်နဲ့ လုပ်သာလုပ် နောက်မဆုတ်နဲ့”
မှတ်သားနာယူပါတယ်ဘုန်းဘုန်း.... ပြည်ပရောက် မြန်မာတယောက်အနေနဲ့... အခက်အခဲ တွေ အကျပ်အတည်းတွေနဲ့တော့ တွေ့ရပါတယ် ဘုရား.. တခါတခါမှာ စိတ်ဓာတ်တွေ တော်တော်ကျပေမယ့် ကိုယ့်ကိုကိုယ်ပဲ အားပေးနှစ်သိမ့်နေခဲ့ရပါတယ်ဘုရား...
အခုလို ဆုံးမစကားအတွက် ကျေးဇူးပါ ဘုန်းဘုန်း
Post a Comment