Friday, January 16, 2009

ကျွန်းဆင်းရဲ

ကျွန်းဆင်းရဲ

ဒီကျွန်းလေးက မြိတ်ခရိုင်၊ ကျွန်းစုမြို့အ၀င် ပင်လယ်ထဲရှိတဲ့ ကျွန်းလေးတစ်ကျွန်းပါ။

နာမည်က ‘ကျွန်းဆင်းရဲ’ လို့ ခေါ်ပါသတဲ့……

ဘာ့ကြောင့် ဒီနာမည်တွင်ရတာလဲ လို့ မေးတဲ့အခါ စက်လှေပေါ်ပါလာတဲ့ စာရေးဆရာအုပ်စုက အမျိုးမျိုးဖွင့်ဆိုကြတယ်။

ဆရာဦးမြင့်သိန်းက ‘အရှင်ဘုရား…ဒီကျွန်းလေးကို ကျွန်းဆင်းရဲ လို့ခေါ်တယ်ဘုရား၊ ဘာ့ကြောင့်ဆင်းရဲလဲဆိုတာကို အရှင်ဘုရား အတွေးနဲ့ အဖြေပေးပါဦးဘုရား’ လို့ မေးလာတယ်၊ ရုတ်တရက်ကြီး တွေးပြီးဖြေရမှာဆိုတော့ လွယ်ဖူး၊ဒါပေမယ့် ဖြေလိုက်ပါတယ်။

ပျော်စရာ ခေါင်းပါး

အစားလည်း ရှားပါ့

သောက်စရာ့ နတ္ထိ

နေမထိ ထိုင်မသာ

သည့်တွက်တာ

မှန်စွာ ကျွန်းဆင်းရဲ။

ဦးကောဝိဒ(မြိတ်)

အဲလိုဖြေလိုက်တော့ ဆရာဦးမြင့်သိန်းက “အရှင်ဘုရား…မပြည့်စုံသေးဘူးဘုရား” တဲ့ ဒါဆိုရင်လည်း ဒကာကြီးရဲ့ idea ကိုပြောပြပါဦးဆိုတော့

ဒီကျွန်းလေးကို ကြည့်ပြီး အမျိုးသားစာပေဆုရ ဦးမြင့်သိန်း(တက္ကသိုလ်ကိုလတ်)က ကျွန်းဆင်းရဲအကြောင်းကို အတွေးလေးတွေနဲ့ အတူ ပြောလိုက်တာက……

ငှက်လည်း မနေ

- လှေလည်း မနား

ငါးလည်းမခို

ထိုကျွန်းပို

(တက္ကသိုလ်ကိုလတ်)

ကျွန်းလေးပေါ် ကြည့်လိုက်ရင် ပတ်ဝန်းကျင်မှာ ကျောက်ဆောင်တွေ ပေါများလှတဲ့အတွက် လှေများ မဆိုက်ကပ်နိုင်သလို၊ ငါးလေးတွေလည်း မခိုနိုင်တဲ့အပြင် ငှက်လေးတွေလည်း ညနေ၀င်အချိန် အိပ်တန်းတက် နေထိုင်တာကိုလည်း မတွေ့ရပါ ဘူး။ ဒါကြောင့် ဒီကျွန်းလေးကို ‘ကျွန်းဆင်းရဲ’ လို့ ခေါ်တာတဲ့…..ကောင်းလိုက်တဲ့ အတွေးလေးပဲ။

ဒါကြောင့် စာဖတ်သူများလည်း ထိုကျွန်းလေးရဲ့ ဆင်းရဲပုံကို အတွေးလေးနဲ့ စာဖွဲ့ပေးကြပါလို့…………..



Type the rest of your post here.

1 comments:

အဖော်ကင်းမဲ့ မရှိကာမဂုဏ်
တပ်ခြင်းမမြောက် စိတ်အာရုံနောက်
အန္တလူတို့ ဘယ်ဝယ်မနှစ်
ခေါ်တွင်ရစ်သည် ကျွန်းပင်ကျွန်းဆင်းရဲ။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More