Saturday, January 3, 2009

အချင်းချင်း အရိုသေပေးမှု

အမေး။ ။ အရှင်ဘုရား…မြန်မာ့ယဉ်ကျေးမှုမှာ လူကြီးက လူငယ်ကို ၀န်ချကန်တော့တဲ့ အစဉ်အလာရှိတယ်လို့ သိရပါတယ်။ ကြီးသူငယ် သူ အပြန်အလှန်ကန်တော့နည်းကိ သိလိုပါတယ်၊ အဖြေပေးတော်မူပါဘုရား။
ငြိမ်းလွင်
မော်စကို
အဖြေ။ ။ဝန်ချကန်တော့တယ်ဆိုတာ ဘုရားရှင်ရဲ့ အဆုံးအမဖြစ်တယ်။ ဘုရားဆုံးအမကိုလိုက်နာတဲ့သူများကိုလည်း ဗုဒ္ဓဘာသာဝင် လို့ခေါ်တယ်။ ယခုအခါ ဗုဒ္ဓဘာသာဝင်အများစုဟာ မြန်မာလူမျိုးများ ဖြစ်တာကြောင့် မြန်မာ့ယဉ်ကျေးမှုဆိုတာဟာလည်း ဘုရားအဆုံးမတွေပါပဲ။

ဘုရားရှင်က မင်္ဂလသုတ်တော်မှာ ဂါရဝေါစ ဧတံ မင်္ဂလမုတ္တမံ ရိုသေထိုက်သူကို ရိုသေခြင်းဟာ မြတ်သော မင်္ဂလာ မည်၏။
“အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေ” လို့ ဟောတော်မူထားပါတယ်။ ကိုယ့်ထက် အသက်ဂုဏ်သိက္ခာအား ဖြင့် ကြီးမားသူကို ရိုသေမှု ဂါရ၀ရှိရပါမယ်။ အဘိဓမ္မာလာ ပုညကြိယာဝတ္ထုဆယ်ပါးမှာလည်း အပစါယန ဆိုတာရှိတယ်။ ရိုသေထိုက်သူကို ရိုသေရမယ်တဲ့။ နှစ်ခုစလုံးကတော့ သဘောအတူတူပါပဲ။
ပြောလိုသည်မှာ ငယ်သူက ကြီးသူကို ၀န်ချကန်တော့တယ်ဆိုတာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာတစ်ရပ်ပါ ။ သို့သော် ကြီးသူက ငယ်သူကို ကန်တော့တယ်ရတယ် ဆိုတာ ဘုရားရှင် မဟောခဲ့ပါဘူး။ တစ်ခုတော့ရှိတယ် ကြီးသူက အမှားလုပ်မိလို့ ငယ်သူအား မှားကြောင်းကို တောင်းပန်တာလောက်ပဲရှိပါတယ် ကန်တော့ဖို့အထိတော့ မလုပ်ကောင်းပါဘူး။ ဒါက အသက်အားဖြင့်ပြောတာပါ။
ဂုဏ်အားဖြင့် ရိုသေရမယ်ဆိုတာကျတော့ ဂုဏ်ဆိုတာ သီလ၊သမာဓိ၊ပညာဂုဏ်ပါ။ ကိုယ့်ထက်သီလ၊သမာဓိ၊ပညာဂုဏ်းအား ဖြင့် ကြီးမားသူအား ရိုသေကန်တော့ရပါ့မယ်။ ရဟန်းတော်များမှာ သိက္ခာဝါတော်ကြီးသူကို သိက္ခာဝါငယ်သူက ရိုသေရတယ်၊ကန်တော့ရ တယ်။ တကယ်လို့ အသက်ငယ်ပြီး သိက္ခာအားဖြင့်ကြီးသူကို အသက်ကြီးပြီး သိက္ခာငယ်တဲ့ရဟန်းက ရှိခိုးကန်တော့ရပါတယ်။
မေးခွန်းရှင်က အချင်းချင်း အပြန်အလှန်ကန်တော့နည်း လို့မေးထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဂါရ၀(၁၀)ပါးထဲမှာ အညမညဂါရ၀ါဆိုတာရှိတယ်။ အညမညဂါရ၀ါ ဆိုတာ အချင်းချင် ရိုသေရမယ်ဆိုတာပဲ။ နားလည်အောင် ရှင်းပြရရင် ကြီးသူကို ငယ်သူက ရိုသေစွာ ကန်တော့လိုက်တာကို ကြီးသူက အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် အပြန်လှန် အသိအမှတ်ပြုကြတာကိုပဲ အညမညဂါရ၀ါ လို့ခေါ်ပါတယ်။ ကြီးသူက ရှိခိုးကန်စရာမလိုပါဘူး ဆိုတာ အဖြေပေးလိုက်ပါတယ်။
တစ်ခုတော့ရှိတယ် ထိုင်းနိုင်ငံယဉ်ကျေးမှုမှာကျတော့ ရဟန်းတော်များနှင့် လူများဟာ မျက်နှာခြင်းဆိုင်နေပြီး အချင်းချင်း လက်အုပ်ချီကြတာတော့ တွေ့ဖူးပါတယ်။ အဲဒါက ထိုင်းနိုင်ငံယဉ်ကျေးမှုပါ။ မြန်မာယဉ်ကျေးမှုနှင့်မတူပါဘူး။

1 comments:

ဖတ်မှတ်သွားပါတယ်.. ဘုန်းဘုန်းဘုရား...
ဒီလို တစ်ယောက်နဲ့တစ်ယောက် အပြန်လှန် အသိအမှတ်ပြုကြတာကိုပဲ အညမညဂါရ၀ါ
လို့ခေါ်ပါတယ်။ ကြီးသူက ရှိခိုးကန်စရာမလိုပါဘူး ဆိုတာ အဖြေပေးလိုက်ပါတယ်။တစ်ခုတော့ရှိတယ် ထိုင်းနိုင်ငံယဉ်ကျေးမှုမှာကျတော့ ရဟန်းတော်များနှင့် လူများဟာ မျက်နှာခြင်းဆိုင်နေပြီး အချင်းချင်း လက်အုပ်ချီကြတာတော့ တွေ့ဖူးပါတယ်။ အဲဒါက ထိုင်းနိုင်ငံယဉ်ကျေးမှုပါ။ မြန်မာယဉ်ကျေးမှုနှင့်မတူပါဘူး။
ဆိုတာကို ဖတ်လိုက်ရတော့ တချိန်က အကြောင်းလေးကို သတိရမိသွားပါတယ်.. ဘုရား...


မက်မက်အဖေက ဘုန်းကြီးတပါးကို အဂ်လိပ်စာ သင်ပေးရတဲ့အချိန်မှာ မက်မက်ရဲ့အဖေလာရင် အဲဒီဘုန်းကြီးက လက်အုပ်ချီပြီး ကြိုဆိုပါတယ်... အဲဒီမှာ အဖေက အဲလိုမျိုးမချီဖို့ ပြောပါတယ်.. ဒီအခါမှာ ဘုန်းကြီးက ဘာပြောလဲ ဆိုတော့ ဆရာကြီးတဲ့ ကျုပ်က လူကိုရှစ်ခိုးတာမဟုတ်ပါဘူးတဲ့.. ဆရာဆိုတဲ့ ဂုဏ်နဲို့ရှစ်ခိုးတာပါ...တဲ့....လက်အုပ်ချီပူဇော်တာပါတဲ့...

အဲဒါက ဘုန်းဘုန်းက ပြောပြပေးတဲ့ စကားလေးပါ ဘုရား..

ဘုန်းဘုန်းရဲ့ရှင်းပြချက်လေးကို ဖတ်မှတ်သွားပါတယ်... ဘုရား...

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More