ရာစုနှစ်များစွာကတည်းက လာအိုနိင်ငံ၊ လောပရာဘန်မှ တန်တင်(Tam Ting) တန်ဖမ် (Tam Phum) ဂူ လို့ခေါ်ကြတဲ့ ပါ့ခ်ဦးဂူများဟာ ဒေသခံတိုင်းရင်းသားများ ရိုးရာနတ် ပူဇော်ပသကြတဲ့ အထွတ်အမြတ်နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၄ ရာစုနှစ်ပိုင်းလောက်ရောက်တဲ့အခါ် လာအိုမြောက်ပိုင်းမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့တဲ့ နောက်ပိုင်းမှာ ပါ့ခ်ဦးဂူများဟာ ဗုဒ္ဓဘာသာအသွင်ဖြစ်ကာ ဆင်းတုတော်များစွာဖြင့် ပြောင်းလဲလာခဲ့ပါတယ်။
၁၆ ရာစုနှစ် နှစ်လယ်ကာလများအတွင်း လန်းဇင်းဘုရင်များက ဂူ အတွင်း ထောင်ချီရှိတဲ့ ဗုဒ္ဓဆင်းတုတော်များ တည်ရှိရာ ဌာနကို ဘုရားကြည်ညိုပူဇော်ရာ၊ ဘုရားဖူးလည်ပတ်ရန် နေရာအဖြစ် ပြောင်းလဲခဲ့တယ်။ ၁၉၇၅ ခုနှစ်တိုင်အောင် တော်ဝင်ဘုရားဖူး ခရီးစဉ်အဖြစ် နှစ်စဉ် နှစ်တိုင်း ပြုလုပ်လာခဲ့ကြပါတယ်။
ယခုနောက်ပိုင်းတွင် ဘုရင်မျိုးဆက်မရှိတော့သဖြင့် ဘုရင်ရဲ့ ပူဇော်ကိုးကွယ်မှု မရရှိတော့သော်လည်း တန်တင်နှင့် တမ်ဖမ်ဂူများဟာ လာအို ဗုဒ္ဓဘာသာမှာတော့ အရေးကြီးဝတ်ပြု ပူဇော်ရာ ဘာသာရေးဆိုင်ရာ ဌာနတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။
ထိုဂူထဲတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များကို ဖူးမြင်ရပါတယ်။ ရုပ်ပွားတော်ရဲ့ အရေအတွက်များက အလွန်ပဲများပြားလှပါတယ်။ ဟောင်းလွန်းလှတဲ့ ဆင်းတုတော်များဟာ မပြုမပြင် နဂိုအတိုင်းရှိနေတဲ့ ရှေးဟောင်းအမွေအနှစ်များ ဖြစ်ပါတယ်။ ထိုဆင်းတုတော်များအနက် ထူးဆန်းတဲ့ ရုပ်တုတစ်ခု သွားတွေ့ပါတယ်။ နဂါးခေါင်းနဲ့ မင်းသားတစ်ပါး ထိုင်နေပုံပါ။ နဂါးလုလင်ဆိုတဲ့သဘောလား မသိပါ။
Night Market of Loungprabang
Night Market လို့ဆိုတဲ့ ညဈေးကလည်း အလွန်စည်ကားလှပါတယ်။ ညဈေးဆိုလို့ သီးခြားလုပ်ထားတာ မဟုတ်ပါဘူး။ မြို့ရဲ့ မိန်းလမ်းကြီးပေါ်မှာ တဲထိုးပြီး ရောင်းကြတာပါ။ ညနေ မှောင်ရည်ပျိုးစအချိန်မှ ည(၁၀)နာရီတိုင်အောင် ရောင်းချကြပါတယ်။ ညဈေးတန်းဟာ လက်မှုပစ္စည်းများကို တစုတဝေးထဲ တွေ့နိုင်မယ့် နေရာတစ်ခုပါ။ ရိုးရာ အစားအသောက်များကိုလည်း ရောင်းချနေတာကို တွေ့ရတယ်။ အထည်အလိပ်တွေ၊ အ၀တ်အထည်တွေ ၊ ခြင်းယက်ခြင်းနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ (မြန်မာပြည်မှာတော့ ယွန်းထည်လိုဟာမျိုးပါ) ။
ညဖက်မှာ ညဉ့်ဈေးတန်းကို လည်ပတ်ရတာဟာ အရမ်းပျော်စရာကောင်းပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အသဲစွဲဆိုရင်လဲ မမှားဘူးပေါ့။ ဒါကြောင့်လည်း ထိုညဈေးတန်း( night market)လည်ပတ်ရတဲ့ ပျော်ရွှင်မှုဟာ လောပရာဘန်မြို့ကို အလည်လာရခြင်းရဲ့ မမေ့နိုင်စရာကောင်းတဲ့ အဖြစ်အပျက်တစ်စုံတစ်ရာ ဖြစ်တယ် လို့ အင်တာနက်စာမျက်နှာပေါ်မှာ ဖတ်ခဲ့ရတဲ့အတိုင်း ပျော်စရာကောင်းလှပါတယ်။
၂၃.၅.၂၀၀၉
ညနေခင်းတွင် လောပရာဘန်-ကားဂိတ်ဆင်းပြီး ညကားဖြင့် လာအိုနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Vientaine ပီရန်ကျင်းမြို့ကို လာခဲ့ပါတယ်။ကားခမှာ လာအိုငွေ 150000KIP မြန်မာငွေ ၂၂၅၀၀ ကျပ်ကြပါတယ်။
မြို့တော် ပီရန်ကျင်း
Vientaine of Laos
ရောက်ခဲ့ပေါ့ မြို့တော်ပီရန်ကျင်း
၂၄.၅.၂၀၀၉
နံနက် ၄ နာရီမှာ Vientaine ပီရန်ကျင်းမြို့ ကားဂိတ်ကို ရောက်ပါတယ်။ ကားဂိတ်မှာ ခရီးသွားသူများ အနည်းငယ်သာရှိပါတယ်။ ဒီနေ့က Sunday ဆိုတော့ ရုံးတွေ ပိတ်ထားတဲ့ အတွက် Travel imformation office ရုံးများလည်း မဖွင့်သေးသလို တည်းခိုဖို့အတွက်လည်း gesthouse က နေ့ ၁၂ နာရီမှ Chack လုပ်ကြမှာဆိုတော့ အကြားကြီး စောင့်ရပေဦးမည် ၊ သို့နှင့် ကားဂိတ်မှာပဲ စာရေးသူတို့ သုံးဦးသား အချိန်ဖြုံးရင်း အရုဏ်တက်တာနဲ့ လဘက်ရည်ဆိုင်မှာ ပီဇာနှင့် လဘက်ရည် ကို အရုဏ်ဆွမ်းအဖြင့် စားကြပါတယ်။
ပါ့တူဆေး ခေါ် ၀ိတိုရီဂိတ်(Patuxay or Victory gate)
မြို့တော် ပီရန်ကျင်းရောက်တော့ လာအိုနိုင်ငံရဲ့အကြောင်း အနည်းငယ်ပြောပါရစေ
နံနက်အလင်းရောင် အားကောင်းလာတာနဲ့ ကားတစ်စီးခေါ်ကာ မြို့ထဲသို့ ထွက်လာခဲ့ပါတယ်။ မြို့ထဲရောက်တော့ တကယ့်နေရာတစ်ခုဖြစ်တဲ့ ပါ့တူဆေး(၀ိတိုရီဂိတ်)အမည်ရှိ ရန်အောင်မြင်တံခါးကြီးကို ကားသမားက လိုက်ပို့ပါတယ်။ ပ့ါတူဆေး(ခေါ်) ၀ိတိုရီဂိတ် ရန်အောင်မြင်တံခါးဟာ လာအိုနိုင်ငံ ရဲ့မြို့တော် ပီရန်ကျင်းမြို့မှာတော့ အထင်ရှားဆုံးနေရာတစ်ခုဖြစ်ပြီး၊ လာအိုနိုင်၊ ပီရန်ကျင်းမြို့ ၊ လန်ဖင်းရိပ်သာလမ်းရဲ့ အရှေ့မြောက်ဘက်အဆုံးမှာ တည်ရှိပါတယ်။
ထိုရန်အောင်မြင်တံခါးမုခ်ဦးကြီးကို ၁၉၆၂ ခုနှစ် (BE 2505) မှာ တည်ဆောက်ပြီးစီးခဲ့ တယ်။ ယခုဆိုရင် နှစ်ပေါင်း ၃၀ ၀န်းကျင်ခန့် ရှိခဲ့ပါပြီ။
တစ်ချိန်က လာအိုနိုင်ငံဟာ ပြင်သစ်နိုင်ငံလက် အောက် ကျရောက်ခဲ့တယ်။ ယခုအချိန်တိုင်အထိ ပီရန်ကျင်းမြို့မှာ ပြင်သစ်ပုံစံအဆောက်အဦများအပြင် အစားသောက်နဲ့ ပတ်သက်ပြီး ပြင်သစ်အစားစာများ ရောင်းချတဲ့ ဆိုင်များ ပေါများပြီး၊ ဌာနဆိုင်ရာများတွင် ပြင်သစ်စာများကို ယခုတိုင် သုံးစွဲနေကြတာကို တွေ့မြင်ခဲ့ရပါတယ်။ တစ်ချိန်က အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်အခေါ်ဝေါ်တွေကို ယခုထက်တိုင် သုံးစွဲနေတာကို ကြည့်ခြင်းအားဖြင့် အင်္ဂလိပ်အငွေ့အသက်များ ရှိနေခဲ့သလိုပါပဲ၊ လာအိုမြို့တော် ပီရန်ကျင်းမြို့ဟာ တစ်ချိန်က ပြင်သစ်လက်အောက်ခံဖြစ်ခဲ့တဲ့အတွက် ပြင်သစ်အငွေ့အသက်များ ယခုတိုင် ကျန်ရှိနေဆဲပါ။
ထို ရန်အောင်မြင်တံခါးမုခ်ဦးကြီးကို လာအိုင်နိုင်ငံက ပြင်သစ်ကို နိုင်လိုက်တဲ့ အထိမ်းအမှတ်နဲ့ အမှတ်တရ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ ထို Victory gate ဟာ မုခ်ဦးလို ပုံသဏ္ဍာန်ရှိပြီး အထပ်ပေါင်း ခုနှစ်ထပ် ရှိပါတယ်။ အပေါ်ထပ်သို့ တက်ချင်လျှင်တော့ သတ်မှတ်ထားတဲ့ ၀င်ကြေးပေးပြီး တက်နိုင်ပါတယ်။ သံဃာတော်များကိုတော့ မယူ ပါဘူး။
ယခုအခါမှာ ထို ရန်အောင်မြင်တံခါးမုခ်တည်ရှိရာ နေရာဟာ လာအိုပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသည်များရဲ့ အပမ်းဖြေစရာ လေ့လာစရာအဖြစ် တည်ရှိနေတာကို တွေ့မြင်ရပါတယ်။
သို့နှင့်စာရေးသူတို့လည်း အပေါ်ဆုံးထပ်အထိရောက်အောင် တက်ခဲ့တယ်။ တစ်ချို့အထပ် တွေမှာတော့ ရိုးရာပစ္စည်း၊အမှတ်တရပစ္စည်းတွေကို ရောင်းချနေတဲ့ ဈေးဆိုင် အများအပြား တွေ့ရတယ်။ ခြောက်ထပ်မြောက်ခုနှစ်ထပ်သို့ တက်တဲ့အခါမှာတော့ ကြောင်လိမ်လှေခါးမှ တက်ရပါတယ် ။ အပေါ်ဆုံးထပ်ရောက်တော့ ရှေ့နောက်ဝဲယာ View Point ပီရန်ကျင်းမြို့ရဲ့ အလွန်လှပတဲ့ ရှုခင်းကို မြင်ရတယ် ၊ ပီရန်ကျင်းမြို့ကြီးကို တည်ဆောက်ထားတာဟာ မြို့ပြအနေအထား အလွန်လှပကောင်းမွန်နေတာကို မြင်ရပါတယ်။
ဖာ့သက်ဒ်လျောင်ဘုရား
ထိုမှတဆင့် အရှေ့စူးစူးကို ဆက်သွားတဲ့အခါမှာ Pha Thad Luang ဖာ့သက်ဒ် လျောင် ဘုရားသို့ ရောက်ပါတယ်။ ဒီဘုရားက ပီရန်ကျင်းမှာတော့ ထင်ရှားတဲ့ နေရာတစ်ခုဖြစ်တဲ့ အပြင်(heritage Museum) ရှေးလက်ရာမပျက် ပြတိုက်အဖြစ် ထားရှိတဲ့အတွက်ကြောင့် ကမ္ဘာ့လှည့်ခရီးသည်များအတွက် အကြိုက်တွေ့စေမဲ့ နေရာတစ်ခုပါ။ ဒီ Museum မှာလည်း Foreignerများအာ်း ၀င်ကြေးကောက်ခံတယ်။ သံဃာတော်များတော့ ထုံးစံ အတိုင်းမယူပါဘူး။
ဟော့ဖရာခီယို (Hophrakeo Museum)
စာရေးသူတို့ တည်းခိုတဲ့ စိစကက် (sisaket) လာအိုဘုန်းတော်ကြီးကျောင်းမှ ဟိုဖက်ခြမ်း လမ်းသို့ ကူးလိုက်တဲ့အခါ ဟော့ဖရာခီယို (Hophrakeo Museum) ကို ရောက်ရှိပါတယ်။
ဒီပြတိုက်ဟာ intrest စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။ ဘာကြောင့်ဆိုရင် ပြတိုက် အ၀င်ဝမှာထားရှိတဲ့ သစ်သားဆိုင်းဘုတ်ကို ဖတ်လိုက်ရတဲ့ အတွက် ဖြစ်ပါတယ်။ စာရေးထားတာက ဒီလို…..
HOPHRAKEO It was built in 1565 A.D (2108. B. G) by the great king Xaise that hirath the Lao lane xang king dom. The Hophrakeo for the contain of the Emeral Buddha only. Now, the Emeral Buddha was in the foreign abroad since 1779 A.D. Now,the Hophrakeo for the collection of the ancient materials or Hophrakeo Museum.
(ဟော့ပ်ဖရာခီယိုဆိုတဲ့ အဆောက်အဦကို လာအို လန်ဇင်း မင်းဆက် ဇိုင်ဆီမင်းက ၁၅၆၅ ခုနှစ်က မြဘုရားသီတင်းသုံးစံပါယ်တော်မူရန်အတွက် တည်ဆောက်ခဲ့ပါတယ်။ မြဘုရားဟာ ပြည်ပနိုင်ငံမှာ ၁၇၇၉ ခုနှစ်ကတည်းက ယနေ့အထိ သီတင်းသုံးနေခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဒီ ဟော့ပ်ဖရာခီယို အဆောက်အဦးကို ပြတိုက်အဖြစ် ထားရှိပါတယ်။)
အထက်အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့ရှိ မြဘုရားဆင်းတုတော်ဟာ တစ်ချိန်က လာအိုနိုင်ငံ ပီရန်ကျင်းမြို့၊ ဟော့ပ်ဖရာခီယိုမှာ သီတင်းသုံးတော်မူတယ်။ နောက်ပိုင်းမှာ မြဘုရားအား ထိုင်းနိုင်ငံမှ သိမ်းပိုက်ခဲ့တယ်လို့ ထိုပြတိုက်ရှိ တာဝန်ရှိသူများရဲ့ ပြောပြချက်အရ သိရပါတော့တယ်။(ဆက်လက်ရေးသားပါဦးမည်)
Thursday, July 2, 2009
ခရီးသွားမှတ်တမ်း(၉)
Posted in: ခရီးသွားမှတ်တမ်း
0 comments:
Post a Comment