Monday, July 6, 2009

ဝါဆိုလပြည့်နေ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲ

ဝါဆိုလပြည့်နေ့ သို့ တစ်ဖန် ရောက်ခဲ့ပြန်ပေါ့...........
ဝါဆိုလပြည့်နေ့ရောက်တိုင်း အသက်တစ်နှစ်ကြီးခဲ့ပြီဆိုတဲ့ အသိက နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလာစမြဲပါ....
သည်လိုဝါဆိုလပြည့်နေ့များကို ဘယ်လောက်အထိ ကျော်ဖြတ်ရမယ်ဆိုတာ ဘယ်သူမှ မသိနိုင်....အော်...အစိုးမရတဲ့ နယ်ပယ်ထဲ ရောက်နေမှတော့ ဒီလိုပဲ ရှိတော့မပေါ့........
ဒီနှစ်မှာ H1 N1 လူတုတ်ကွေးရောဂါက လူအုပ်ထဲ ဆိုရင် ပိုပြီး ကူးစက်လွယ်ကူတယ် လို့ သိထားရတဲ့အတွက် ၀ါဆိုလပြည့်နေ့မှာ ကျောင်းကို မနှစ်ကလို ပရိသတ်သိပ်လာမှာ မဟုတ်ဘူး လို့ထင်မိတာ အထင်နှင့်အမြင် တလွဲစီ ဖြစ်သွားရတယ်။ ဘာကြောင့်တုန်းဆိုရင် ၀ါဆိုသင်္ကန်းကပ်ကြတဲ့ ပရိသတ်များက မနှစ်ကထက်ပို များလို့ပါပဲ............၀ါဆိုလပြည့်နေ့နံနက်ပိုင်းမှာ 'အရည်အသွေးကောင်းတဲ့ ဒါန တစ်ခုဖြစ်အောင် ဘယ်လိုပြုကြမလဲ' ဆိုတာနဲ့ပတ်သက်ပြီး တရားချီးမြှင့်ခဲ့တယ်။
ဝါဆိုသင်္ကန်းအနုမောဒနာ
အေးရိပ်ချောင် ၀ါဆိုသင်္ကန်းလှူဒါန်းပွဲ

မြိတ်-တက္ကသိုလ် ပါမောက္ခ ဆရာ/ဆရာမများ ၀ါဆိုသင်္ကန်းကပ်လှူစဉ်

Type the rest of your post here.

1 comments:

တပည့်တော် သာဓု ခေါ်ရင်းကြည် ညိုသွားပါတယ် ဘုရား

ဥပသကာ

ငြိမ်းချမ်းပါစေ

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More