Sunday, April 20, 2008

နှစ်ကူးစုဗူးအလှူမင်္ဂလာနှင့် သင်္ကြန်တရားစခန်း

မြိတ်မြို့-အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာ သင်္ကြန်အထူးတရားစခန်းတွင်ရဟန်း/အမျိုးသား/အမျိုးသမီးယောဂီ (၁၈၀)ခန့် တရားအားထုတ်ကြပါသည်။အမျိုးသမီး/အမျိုးသားများအား တရားစစ်မေးသည့်အချိန်မှာ နံနက် ၆ နာရီမှ ၈ နာရီအထိ၊ ရဟန်းယောဂီ
များအား တရားစစ်မေးသည့်အချိန်မှာ ညနေ ၃ နာရီမှ ၅ နာရီအထိ ဖြစ်ပါတယ်။
ည ၆ နာရီကနေ ၇ နာရီအထိ ယောဂီများအား တရားဟောကြားပေးပါတယ်။
ရေကတော့ တစ်နေ့တစ်ကြိမ်ပဲ ချိုးခွင့်ပေးပါတယ်။ ရေကုန်မှာစိုးလို့တော့ မဟုတ်ပါဘူး၊ယောဂီများအတွက် ဗာဟီရ ကိစ္စများနေရင် ကမ္မဋ္ဌာန်းဘက် အလုပ်လုပ်နည်းသွားမှာစိုးလို့ပါ။သင်္ကြန်အထူးတရားစခန်းကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။
ဝမ်းမြောက်ဖွယ်ရာတစ်ခုက စုဗူးဒုလ္လဘပွဲတွင် ရဟန်းတော်နှင့်သမဏေများအတွက် စီဝိုင်စီ သင်္ကန်းကိုတော့ တစ်စုံ ၉၀၀၀ကျပ်ဖြင့် အစုံတစ်ရာ= ၉၀၀၀၀၀ ၊ကိုးသိန်းကျပ်တိတိကို
ကိုကျော်ကို +မသောင်းသောင်းဆင့်မိသားစုတို့က လှူဒါန်းခဲ့တာဖြစ်ပါကြောင်း။ ။


Type the rest of your post here.

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More