Saturday, December 29, 2007

Day of Buddha and New Year

ယခုခေတ် လူတွေ ရဲ့ ခန္ဓာကိုယ်ထဲသို့ အသဲ ဘီ ပိုး ၊ စီ ပိုး များ လျင်မြန်စွာ ၀င်ရောက်ပြန့်နှံ့လာသလိုပဲ၊
ကိုယ့်ရဲ့ Mail inbox ထဲသို့ NEW YEAR ,2008 အထိမ်းအမှတ်ဖြင့် မေလ်းများ လျင်မြန်စွာ ၀င်ရောက်ပြန့်နှံ့လို့နေပြီဗျ။
တစ်ချို့ဆို span လို့တောင်ထင်ရတယ်။ တွေးမိတာက ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ အဲလိုမျိုး မေးလ်တွေပို့ကြမယ်ဆိုရင်ဘယ် လောက်ကောင်းလိုက်မလဲ၊ ဗုဒ္ဓနေ့ကို မေ့နေတဲ့သူလည်း သတိတရရှိသွားတဲ့အပြင် ကိုယ့်မှာလည်းကုသိုလ်ရသွားတာပေါ့။
ခုတော့ New Year မှာတော့ မေးလ်တွေဝင်ပြီး ၊ ဗုဒ္ဓနေ့မှာကျတော့ မေးလ်ပို့မည့်သူတောင်မရှိဘူး၊ ဒီလိုဘာကြောင့်ဖြစ်ရ တာလဲ။
ကျယ်တယ်လို့ ထင်ချင်ရင်ထင်စေတာ့ ၊ ရေးသင့်တော့လည်း ရေးရချေဦးမည်။
ခရစ်ယာန်ဘာသာဝင်တွေအတွက် ခရစ်နှစ် ကုန်ဆုံးလို့ နှစ်သစ်ကူးအထိမ်းအမှတ်ဖြင့် Happy New Year လုပ်နေကြတာက သဘာဝကျပါတယ်။ သို့သော်လည်း ခရစ်နှစ်ရဲ့အစ ဒီနှစ်သစ်ကူး(Happy New Year ) နှင့် ဗုဒ္ဓဘာသာဝင်များနဲ့ဘာများပတ် သက်လို့ပါလဲ၊ Happy New Year ကို အပျော်သဘောနဲ့ဖြစ်စေ ၊ လူမှုရေးအရပဲ ဖြစ်စေ၊ ပါဝင်ဆင်နွဲကြတယ်ပဲဆိုစေဦးတော့ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ မှာ ပိုပြီး ပါဝင်ဆင်နွဲသင့်ပါတယ်။ ဒီ New Year မှာ ပျော်ရွှင်နေသည်များကို ပုံဖေါ်ပီးကြည့်ရင်တော့ ပီးခဲ့တဲ့ ၂၀၀၆ ခုနှစတုန်းက ဒီဇင်ဘာနောက်ဆုံးရက်ရဲ့ညမှာ ပျော်လိုက်နေလိုက်ကြတာက အရက်မူပီးလူမှန်းမသိ ပျော်ကြရဲ့၊ သီချင်းဆိုပီးလဲပျော်ကြရဲ့ တစ်ညလုံးပေါက်မအိပ်ပဲပျော် လိုက်ကြတာ ၊ တစ်ချို့ဆို မူးရူးပီး ရိုက်ပွဲတွေဖြစ်ကြ ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ရမှန်းမသိ မူးရူးပီး အော်လန်ကြီးနဲ့ သီချင်းတွေအော်ဆိုကြ နဲ့ နှစ်သစ်ကူးဆိုတာ တာပဲလားလို့ တွေးမိပါတော့တယ်၊
ပြောလိုတာက နှစ်သစ်မှာ မေးလ်တွေ အဆက်မပြတ်ပို့ကြသလို ဗုဒ္ဓနေ့မှာလည်း ကိုယ့်အသိတွေဆီ မေးလ်ပို့ကြခြင်းဖြင့် ကုသိုလ်ယူကြပါလို့…………


Type the rest of your post here.

3 comments:

တင်ပါ့ဘုရား
ကလေးတွေအနေနဲ့ ကတော့ မသိတာလဲပါပါတယ်ဘုရား။
ခက်တာတခုက ပြက္ခဒိန်ကိုက ကမ္ဘာသုံး ပြက္ခဒိန်သုံးနေတော့ လပြည့်လကွယ်နဲ့ လဲဝေးနေတာကိုး
ဘာသာတရားမေ့တာတော့ဟုတ်ပါဘူးဘုရား ။
new year တို့ Xmasတို့ ဘာတို့ ကတော့ ရှောင်မလွတ်တာကိုးဘုရား
သတိပေးတာကျေးဇူးကြီးလှပါတယ်ဘုရား။

မှန်ပါ့ဘုရား။ တပည့်တော်တို့ e-card စတင် လုပ်ပြီး ပေးပို့ရင် မကောင်းဘူးလား ဘုရား..။
သာသနာ ပြန့်ပွားဖို့ လုပ်မယ်ဘုရား..။ အင်တာနက်မှာ ထိုးဖောက်ပြီး နေရာရအောင်ယူမယ် ဘုရား.။

ဆရာတော်ဘုရား..

တပည့်တော် အနေနဲ့ ကတော့ ပွဲလမ်းသဘင်ဆို ခရစ်ယာန်၊ ဗုဒ္ဓဘာသာရယ် ဘာမှ စိတ်ထဲ ထွေထွေထူးထူးမရှိသလို၊ သွားလေ့လည်း မရှိပါဘူး။
တရားပွဲတောင်မှ လူရှုပ်လို့  သိပ်မသွားဘူး၊ အိမ်မှာလည်း အကုန်နာလို့ ရနေတာကိုးဘုရား။
တစ်ခါတလေတော့ သူများကို merry christmas လို့  လူမှုရေးအရ နှုတ်ဆက်လိုက်တာရှိပါတယ်။ နောက်တစ်ခု မှတ်သားဖူးတာက မဟာစည်ရဲ့ အထင်ကရ ဆရာတော်တစ်ပါးဖြစ်ခဲ့တဲ့ ဦးသီလနန္ဒာက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့  လူမှုရေးအရ ခင်မင် လေးစားတဲ့ အနေနဲ့  အခြားဘာသာတွေရဲ့ ဘာသာရေး ခေါင်းဆောင်တွေ၊ အထင်ကရတွေကို ဂါရ၀ပြုနိုင်တယ်၊ သူတို့  ခေါ်သလိုပဲ လေးလေးစားစားခေါ်ဝေါ်သုံးစွဲနိုင်ပါတယ်လို့  သူ့ ကို ဘာသာခြားတစ်ယောက် ခင်းဗျားနဲ့  ကျွန်တော်လို့  ဆက်ဆံ သုံးနှုံးသွားတဲ့နောက် တရားပွဲမှာ ရယ်ရယ်မောမောပဲ မိန့် ကြားခဲ့ပါတယ်။ ဒါကတော့ လူမှုရေးကျင့်ဝတ်ဆိုတဲ့အပိုင်းကို ဆရာတော်များ အမိန့် ရှိတာ ပြောရခြင်းပါဘုရား။

နောက်တစ်ခုက အများအားဖြင့် သူသူ ကိုယ်ကိုယ်ပါပဲ .. ကိုယ် ကိုးကွယ် ယုံကြည် လက်ခံထားတဲ့ အယူဝါဒ၊ ဘာသာတရားတစ်ခုခုကို ကိုယ်ယုံကြည်သလို သူများကို ယုံကြည်စေချင်တာ သဘာဝတစ်ခုလိုပါပဲဘုရား။ ဒီတော့ ကိုယ့်ဝါဒကို အနည်းနဲ့ အများ promotion လုပ်ကြတာပေါ့ဘုရား။ တပည့်တော်လည်း စိတ်ထဲမှာ ဒီအတိုင်းပဲ ရှိပါတယ်ဘုရား။ အဲဒါကြောင့် အရှင်ဘုရား တင်ပြထားသလိုမျိုး ဗုဒ္ဓဘာသာရဲ့ အခါကြီးရက်ကြီးတွေမှာ အပမာဒေန သမ္ပါဒေထ အစရှိသဖြင့် ကောင်းမှုကို လုပ်ကြပါ၊ မကောင်းမှုကို ရှောင်ရှားကြပါ.. အသိပေးတဲ့ ဗုဒ္ဓဘာသာ E-card တွေကို တစ်စုံတစ်ယောက်က လှပသေသပ်စွာ ဦးဆောင်ပြုလုပ်ပေးမယ်ဆိုရင်ဖြင့် တပည့်တော်တို့  အနေဖြင့်လည်း ၀မ်းမြောက်ဝမ်းသာစွာဖြင့် လက်ဆင့်ကမ်းဖြန့် ဝေပေးမည်ဖြစ်ကြောင်းပါဘုရား။


လက်အုပ်ချီမိုး ရှိခိုးလျှက်
gk

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More