Wednesday, December 12, 2007

ပြုပြင်စရာလေးတွေ

Photobucket

တနင်္ဂနွေနေ့မှာ တနင်္ဂနွေသားသမီးများက ရွှေတိဂုံဘုရား တနင်္ဂနွေထောင့်ရှိ စံပယ်တော်မူသော ဗုဒ္ဓဆင်းတုတော်အား အလွန်အေးသော ဆောင်းရာသီတွင် ရေလှူနေကြသည်မှာ ဘုရားဆင်းတုတော် နှုတ်ခမ်းတော်လေးကို ပြာလို့- ကိုယ်လည်းဒီလို ဆောင်းရာသီမှာ ရေအလောင်းခံရမယ်ဆိုရင် ဘယ်လိုနေမလဲ၊ရေသပ္ပါယ်တယ်ဆိုပြီး ဘုရားဆင်းတုတော်ရဲ့ ဦးခေါင်းတော်ပေါ်ကနေ ရေအခွက်ပေါင်းများစွာ သင်္ကြန်ရေလောင်းသလို လောင်းနေတာကလည်း ဘုရားကို (အဂါရ၀) မရိုသေရာရောက်ပါတယ်။ ဖြစ်သင့်တာကို ပြောရမယ်ဆိုရင် မြတ်ဘုရားဂုဏ်အာရုံပြုပြီး ချိုးတော်ရေကို ရိုရိုသေသေလှူဒါန်းရမှာပါ။ ကဆုန်ညောင်ရေသွန်းပွဲနဲ့ပတ်သက်ပီး တစ်ချို့ နေရာတွေမှာ ပြောစရာရှိပါတယ်။ ကဆုန်ညောင်ရေ သွန်းတယ်ဆိုတာ မြတ်စွာဘုရားရဲ့ ပရိဘောဂစေတီဖြစ်တဲ့ ဗောဓိ ပင်မှာ ရေသွန်းကြတာပါ။ ဒါကို တစ်ချို့နေရာတွေမှာ ညောင်ရေသွန်းတယ်ဆိုပီး ဘုရားဆင်းတုတော်ကို တစ်နေကုန် ရေသပ္ပါယ်နေကြတာဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခု ဖြစ်နေပါတယ်။ဗုဒ္ဓဘာသာဝင်များ တချို့နေရာတွေမှာ ဘာသာရေးနဲ့ပတ်သက်ပြီး သဘာဝကျကျတွေးတတ်အောင်လို့ပါ။

1 comments:

အရှင်ဘုရား...........တပည့်တော် ဆွမ်း၊ ဖယောင်းတိုင်၊ အမွှေးတိုင် ကပ်လှူ ပူဇော်တာနဲ့  ပါတ်သတ်ပြီး ပြောခဲ့ဘူးတဲ့-ပြောနေသေးတဲ့ စကားများ အပြစ်ဘယ်လောက် ကြီးသည်ကို သိလိုလှပါသည် ဘုရား။
နွေခေါင်ခေါင် ဘာမှမလုပ်ပဲ ချွေးထွက်နေသော အချိန် အထက်တန်း ကျောင်းသားဘာဝ ၁၀တန်းစာမေးပွဲ ဖြေအပြီး ဘုရားသွားစို့ (ငယ်တုံးက ပြောခဲ့ကြတဲ့စကား) လို့  သူငယ်ချင်း တစ်ယောက်က အဆိုပြုလာပါတယ်။ တပည့်တော်တို့  အဖွဲ့ သား ၁၁ယောက် တိုင်ပင်စရာ မလိုဘဲ ခေါင်းညိတ်ကြပြီး ဘုရားဖူး ရောက်ခဲ့ကြပါတယ်။ ယောက်ျားတွေမှာ လက်ချည်းဗလာမို့  လက်အုပ်ချီပြီး ထိုင်ရှိခိုးရုံပေမယ့် မိန်းမတွေမှာ ပါလာတဲ့ အမွှေးတိုင်၊ ဖယောင်းတိုင်တွေ ထွန်းညှိပူဇော် ကြပါတယ်။ တပည့်တော် ရုတ်ချည်း တုန့် ပြန်မိတဲ့စကားက =ဒီလောက် ပူတဲ့အချိန်မှာ သောက်တော်ရေအေးအေး မကပ်ပဲ ပိုပူအောင်လုပ်တဲ့ နင်တို့ တွေ ငါသာဘုရားဆိုယင် တင်ပ္လင်ခွေဖြုတ်ပြီး နင်တို့ ကို ပါးဆင်းရိုက်မိမှာ ဒါကြောင့် ငါလည်း ဘုရားမဖြစ်နိုင်တာ=ပြာနေသေးတာက တပည့်တော်အိမ်မှာ ရပ်တော်မူ ၁ဆူ နဲ့  ထိုင်တော်မူ ၂ဆူ-၃ဆူယှဉ်ပြီး ကိုးကွယ်ထားပါတယ်။ နိုင်ငံရပ်ခြားမှာ ဖြစ်လို့ လား၊ ဘုရားဆင်းတု ၀ယ်ကိုးကွယ်ရမှာ နှမြောလို့ လား၊ တစ်ချို့  ကြပြန်တော့ တပည့်တော်အိမ်က ဆင်းတုတော်တွေက ပိုကြည်ညိုစရာကောင်းလို့ (ဘုရားပန်းလှူတဲ့ ကြေးပန်းအိုးကို ကြေမန်းအိုးတွေ ခေါ်သူကခေါ်၊ ဘုရားတွေကို နေ့ နံနဲ့ ကိုက်အောင် ဗမာပြည်က မှာပြီး ကိုးကွယ်တာလား မေးလိုမေး) စသည်ဖြင့် အကြောင်းပြချက်များစွာ အမှူကိစ္စ ရှိလာယင် (ဂေါတမ ဘုရားရှင် ဆင်းတုတော်ချင်း အတူတူ) တပည့်တော်အိမ်က ဆင်းတုတော် သုံးဆူမှာ ဖယောင်းတိုင်တွေ ပါတ်လည် အထွန်းခံရပါတော့တယ်။ =တပည့်တော် ပြောမိသည့်စကား(ဂရုနာဒေါသော) ကျွန်တော့်အိမ်က ဘုရားမှာ အပြစ်ရှိလို့  မီးတင်မြှိုက်နေ ကြတာလားဗျာ=(အသက်ကြီးပိုင်းတွေမို့ )လို့ ပြောမိပြီး။ ဆွမ်းမှာတော့ ဈေးကရောင်းတဲ့ ဆွမ်းတော်ခွက် ငယ်ငယ်လေး၊ ပန်းကန်ပြား ငယ်ငယ်လေးနဲ့  ကပ်ထားတာတွေ့ ယင် -ငါ့ကို ထ္မင်းဖိတ်ကြွေးယင် ဘုရားဆွမ်းတော် ကပ်သလောက် ကြွေးလို့ ကတော့ ဆဲမှာဘဲ၊ ပုထုစဉ်ဆိုတော့ သည်းခံမှာမဟုတ်ဘူး - နောက်ထပ် အများကြီး ရှိပါသေးတယ်ဘုရား။
မှတ်ချက်- တပည့်တော်အိမ်မှာ ဆွမ်း၂ကြိမ်နဲ့  ၊ ပန်း၊ ရေချမ်း မလစ်လပ်စေပါ။ ဘုရားစင် ဖုန်၊ အမှိုက် မတင်စေရပါ။ တစ်ကိုယ်ရေ သန့် ရှင်းရေးအတွက် ရေချိုးသလို ဆင်းတုတော်များကိုလည်း ရေ၊ အမွှေးနံ့ သာများနဲ့  မကြာမကြာ သန့် စင်ပေးပါသည်။
ဇော်မင်းထိုက်
ခေတ္တဟတ်ယိုင်(ထိုင်း)

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More