Friday, December 28, 2007

တွေ့ကြုံဆုံကွဲ

Photobucket

ဘွဲ့နှင်းသဘင်အတွက် ပြည်ပထွက်ခွာမည်ဖြစ်သော သီတင်းသုံးဖေါ် ဦးကုမာရကို လေဆိပ်သို့ ပီးခဲ့တဲ့ ၂၈ ရက်နေ့ က လိုက်ပို့ဖြစ်ခဲ့ပါတယ်။ လေဆိပ်ရောက်တော့ အဆောက်အဦးထဲတွင် လူများ ပြည့်နှက်နေပါသည်။ ပြည်ပလေဆိပ် အဆောက်အဦထဲတွင် လူတွေများနေခြင်းသည် ခရီးသွားမည့်သူက နည်းပြီး လိုက်ပို့သူက များနေခြင်းကြောင့်ပင်။
လိုက်ပို့သူများကား မခွဲနိင်မခွာရက်ဖြင့် လေဆိပ်အပေါ်အထပ်သို့ အရောက်လိုက်ပို့ကြပါသော်လည်း နောက်ဆုံးတွင် လူဝင်မှုကြီးကြပ်ရေး နယ်နိမိတ်သတ်မှတ်ရာ ၊ အနီရောင်မျဉ်းကြောင်းအနားသို့ အရောက်တွင်တော့ မခွဲခွာချင်သော်လည်း ခွဲခွာခဲ့ရပေသည်။ ထိုသို့ခွဲခွာခြင်းသည် တစ်ခဏခွဲခွာခြင်းလည်းဖြစ်နိုင်သကဲ့သို့ ထာဝရခွဲခွာခြင်းလည်း ဖြစ်နိုင်သည်။ ခွဲခွာရခြင်းအတွက် စိတ်မကောင်းကြပါ။ ဘ၀မှာ ထိုကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် တစ်ခဏတာ ခွဲခွာရသောအကြိမ်သည် မရေတွက်နိုင်အောင်များခဲ့သည့်အပြင် ထာဝရခွဲခွာ ခြင်းနှင့် မည်သည့်အခါ၌ ခွဲခွာကြရမည်ကို မည်သူမှမသိနိုင်ပါချေ။ ဖြစ်နိင်သည်ကား တစ်ဦးနှင့်တစ်ဦး တွေ့ဆုံပြီးလျှင် ကွဲကွာဖို့တော့ သေချာပါသည်။ တွေ့ဆုံခြင်းရဲ့နောက်နားမှာ ကွဲကွာခြင်းဟူသည် ထပ်ခြပ်မကွာလိုက်လာနေပြီ ဟုသိထားသင့်ပေသည်။
တစ်ဦးနှင့်တစ်ဦး တွေ့ဆုံစဉ်က ပျော်ရွှင်မှု၊သာယာမှုများစွာဖြစ်နေပေမယ့် ကွဲကွာကြရမည်ဆိုလျှင် မည်သူမျှ စိတ်မကောင်းနိုင် ကြပါချေ။ စိတ်မကောင်းနိုင်သော်လည်း ကွဲကွာကြရပါသည်။ ဤကား လောကကြီးကို မမြဲခြင်းတည်းဟူသော သဘာဝတရားကြီးက လွမ်းမိုးထား သောကြောင့်ဖြစ်ပါသည်။ သဘာဝတရားကို မည်သူမျှ လွန်ဆန်၍ မရပါချေ။ ထို့ကြောင့် လောကကြီးသည် မမြဲခြင်းဟူသည့်တရားများနှင့် ပြည့်နှက်နေပေသည်။ တွေးလိုက်လျှင် ပျော်စရာရယ်လို့ မရှိလောက်အောင်ပင်
လောကအတွင်းသို့ မွေးဖွားလာသူမှန်သမျှ သေဆုံးခြင်းဟူသော တရားက နောက်ကနေ အရိပ်ကဲ့သို့ လိုက်ပါရလေသည်။ ထို့ကြောင့် တွေ့ကြုံဆုံဆည်းရသောသူများသည် “တစ်နေ့ကွဲကွာကြရမှာပါလား” ဟု သတိထားကာ နှလုံးသွင်းပေနိုင်မည်ဆိုပါလျှင် ခွဲခွာရပါသော်လည်း စိတ်သက်သာရာတော့ ရပါချေမည်။
ထို့အတူ လောကထဲရောက်လာသူတိုင်း သေဆုံးခြင်းဟူသည့် တရားကို အဖန်ဖန်အထပ်ထပ် နှလုံးသွင်းပေးနိင် ကြမည်ဆိုပါလျှင် ထာဝရခွဲခွာခြင်းနှင့် ခွဲခွာရပါသော်လည်း တုန်လှုပ်မှုများ နည်းလာနိုင်ပါကြောင်း

Type the rest of your post here.

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More