Monday, December 24, 2007

သတိထားသင့်သော အကြောင်းအရာတစ်ခု

ဤစာကိုရေးခြင်းသည် ဘာသာခြားများအား ထိခိုက်လိုသောစိတ်၊ တိုက်ခိုက်လိုသောစိတ် လုံးဝမရှိပါကြောင်း ကြိုတင်ဝန်ခံပါရစေ။
၂၀၀၇ ခုနှစ်ရဲ့ ဆည်းဆာအချိန်သည် နီးသထက်နီးကပ်လာပြီဖြစ်သကဲ့သို့ ထိုနှစ်ရဲ့ နောက်ဆုံးလတွင် ထုံးစံအတိုင်း ခရစ္စမတ် အချိန်အခါသို့ ရောက်ရှိလာပါပြီ၊ ထိုသို့ ရောက်ရှိလာသည်သောကြောင့်စားသောက်ဆိုင်များ၊ အင်တာနက်ကဖေးများ၊ ကုန်တိုက်စသည်များ၌ ခရစ္စမတ်နေ့၏ ထင်ရှားသည့် သင်္ကေတတစ်ခုဖြစ်သော ခရစ္စမတ်ဘိုးဘိုးကြီး အရုပ်များ ထားရှိလာကြသည်ကို သတိထားမိပါသည်။ ဆိုလိုသည်မှာ-

ခရစ်တော် မွေးဖွားသည့် အထိမ်းအမှတ်ဖြင့် ခရစ္စမတ်နေ့ ကျင်းပကြသည်မှာ ခရစ်ယာန်ဘာသာဝင်တို့အတွက် ဖြစ်သင့်သော အရာတစ်ခုဟု ဆိုရသော်လည်း ဗုဒ္ဓဘာသာဝင်တို့အတွက်မူကား မည်သို့မျှ ဖြစ်သင့်သောအရာတစ်ခုမဟုတ်ပါချေ။ ခရစ်ယန်ဘာသာဝင်တို့၏ ဆိုင်များ အိမ်များ၌ ခရစ္စမတ်နေ့ အထိမ်းအမှတ် ခရစ္စမတ် ဘိုးဘိုးကြီးစသည် ထားရှိကြသည် မှာ သူတို့ဘာသာနှင့် သူတို့ဖြစ်သောကြောင့် အထူးပြောဖွယ်မရှိပါပေ။ (င့ါလှေငါထိုး ပဲခူးရောက်ရောက်)ဆိုတာလိုပင်။
သို့သော်လည်း မြန်မာနိုင်ငံ ယနေ့အချိန်အခါ၌ ဗုဒ္ဓဘာသာဝင်ပင်ဖြစ်လင့်ကစား တစ်ချို့သူများပိုင်ဆိုင်သော အိမ်များ ၊ ဆိုင်များ ၊ကုန်တိုက်ကြီးစသည်များ၌ ဗုဒ္ဓဘာသာနှင့်မသင့်ဆိုင်သော အဆိုပါဘိုးဘိုးကြီးရုပ်များ ခရစ္စမတ်သစ်ပင်များစသည့် ဘာသာခြားတို့၏ အရိပ်အငွေ့များကို တွေ့မြင်နေကြရပါသည်၊ မိမိတို့ကုန်ပစ္စည်းများ အထူးရောင်းကောင်းစေရန် လူအရပ်နီးနီးအမြင့်ရှိသော ထိုဘိုးဘိုးကြီးအရုပ်များကို ထားရှိကြသည်၊ စီးပွားရေးနှင့်ပက်သက်၍ အဆိုပါ ဘိုးဘိုးကြီးအရုပ်ကို ပြည်ပမှနေ ဈေးကြီးပေးဝယ်ကာ အပင်ပမ်းခံပြီးသယ်လာကြသည် ဟု သိရှိရပါသည်၊
ယနေ့ အချို့နေရာများ၌ ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် ပါဝင်ဆင်နွဲလာနေကြပြီ။ မိမိတို့နှင့် သင့်/မသင့် ဆိုသည်ကို ဥာဏ်ဖြင့် တွေးတောဆင်ခြင်မှုမရှိကြပါပေ။ ထိုအကြောင်းကို ပြောသောအခါ အပျော်သဘောလောက်ပါ…..တဲ့။ အပျော်သဘော ဟုအကြောင်းပြပြီး ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်တို့၏ အင်ပါယာထဲသို့ တဖြေးဖြေးနဲ့ စိမ့်ဝင်လာနေသည်မှာ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေပါပြီ ဟု ပြောရချေမည်။ ဤသည်ကား ငါးမျှားချိတ်ကို မမြင် ငါးစာကိုသာမြင်သော သဘောပင်ဖြစ်နေချေပြီ၊ ထိုဘာသာ၏ အရိပ်ငွေ့များသည် မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား ပြန့်နှံ့နေသည်ကို သတိထားမိကြစေချင်ပါသည်။ ခက်ခဲပင်ပမ်းကြီးစွာနှင့် ပါရမီတော်တွေဖြည့်ဆည်းကာ သွေးနှင့်ချွေးနှင့် ရင်းခဲ့ရသော မြတ်ဘုရား၏ သာသနာတော်ကြီးကိုမှ မျက်နှာမထောက်၊ မိမိတို့မျက်မှောက်ခေတ်ကျမှ ရေစုံမျောပစ်တော့မည်လော။ ဘာသာခြားတို့၏ အရိပ်အငွေ့တို့သည် ဗုဒ္ဓဘာသာဝင်တို့အကြား ယခုလို မသိမသာ စိမ့်ဝင်ပြန့်နှံ့လာရာမှ ကာလကြာသောအခါ သာသနာတော်ကြီး ကွယ်ပျောက်သွားတော့မည်။ ကြီးကျယ်သည်ဟု ဆိုချင်ဆိုစေတော့ သာသနာအတွက် ရင်လေး၍ ပြောရချေတော့မည်။
ဗြဟ္မဏတို့၏ တန္တရ၀ါဒများသည် ဗုဒ္ဓဘာသာဝင်များအကြားထဲသို့ တဖြည်းဖြည်းစိမ့်ဝင်ပြန့်နှံ့လာသောကြောင့် အိန္ဒိယပြည်တွင် ဗုဒ္ဓသာသနာကွယ်ခဲ့ရသည်ကို သတိပြုသင့်လှပေသည်။ ဗြဟ္မဏတို့၏ တန္တရ၀ါဒဟူသည် စုန်း ၊ ကဝေ ၊ တစ္ဆေ ၊ ပယောဂ ၊ အင်းအိုင် ၊ ခါးလှည့် ၊ လက်ဖွဲ့၊ မန္တာန်စသည်များ ဖြစ်သည်၊ မြတ်ဗုဒ္ဓ၏ ၀ါဒမဟုတ်သော ထိုတန္တရ၀ါဒသည် ယနေ့ ခေတ်လူတို့၏ နယ်ပယ်တွင်သာမက ဗုဒ္ဓဘာသာရဟန်းတော်များ၏ အလယ်တွင်လည်း ရောက်ရှိနေသည်မှာ သာသနာအတွက် ရင်လေးဖွယ်ကောင်းလှပါသည်။
ယနေ့ခေတ် ခရစ္စမတ်နေ့ဟူသည် ခရစ်တော်မွေးနေ့ဖြစ်ပါသည်၊ ထိုနေ့၏အထိမ်းအမှတ်သည် ဗုဒ္ဓဘာသာ များနှင့် မည်သို့မျှ မပတ်သက်ပါ။ လူမမယ်ကလေးအရွယ်ဆိုလျှင် မသိ၍ လုပ်မိသည်ဆိုစေဦးတော့ ၊ အသိဥာဏ်ရှိသော တွေးခေါ် တတ်ကြသော လူကြီးအချို့တွင် ဤလိုဖြစ်ရပ်မျိုး အဘယ့်ကြောင့် ဖြစ်ရပါသနည်း။ “ ရှေ့ဆောင်နွားလား ၊ ဖြောင့်ဖြောင့်သွား က၊ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏” ဟု စာပေ၌ဆိုထားပါသည်။ လူကြီးဖြစ်သော လူကြီးပီသသော သူများသည် မိမိတို့၏ သားသမီးများအတွက် ဘာသာရေးတွင် ရှေ့ဆောင်လမ်းပြကောင်းရပါမည်။ လူကြီးမိဘများသည် သားသမီးများအတွက် ဘာသာရေးတွင် စံဖြစ်အောင် ပြုမူနေထိုင်တတ်ရပါမည်။ သားသမီးများ ကြီးလာလျှင် လူမှုရေး၊ စီးပွားရေး၊ စသည်များ၌ ဆက်ဆံ ပြုလုပ်တတ်အောင် သွန်သင်ဆုံးမကြရသကဲ့သို့ ဘာသာရေး၌လည်း အသိအမြင်စင်ကြယ်စေရန် သွန်သင်လမ်းပြပေးရပါမည်။ ထိုသို့ သားသမီးများအား ရှေ့ဆောင်လမ်းပြကောင်းရန်အလို့ငှါ လူကြီးမိဘနေရာ၌ ရှိသောသူများကလည်း လူမှုရေး၊စီးပွားရေး သာမက ဘာသာရေးတွင်လည်း အလေးအနက်ထားသင့် သည်ဟု ဤစာတမ်းဖြင့် သတိပေးရေးသားလိုက်ရပါတော့သတည်း။ ။

6 comments:

အလွန်ကောင်းတဲ့ ပို့စ်လေးပါ ဘုန်းဘုန်းရေ၊ ဟုတ်ပါတယ် တပည့်တော်တို့ လူငယ်တော်တော်များများဟာ ဒီလို အုတ်ရောရော ကျောက်ရောရော ဖြစ်နေကြတာများပါတယ်။ ဘုန်းဘုန်း ဆောင်းပါးလေးကို ဖတ်လိုက်ရတော့မှ တပည့်တော် အတွေးတွေရသွားပါတယ်။ ကျေးဇူးပဲ ဘုန်းဘုန်း။ :)

ွှ့ကျေးဇူးပါ ဘုရား။
တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များအင်မတန်သတိထားဖို့လိုအပ်နေပါတယ်။ တဘက်က ခရစ်စမတ်ဟာ လူသားအားလုံးနှင့်ဆိုင်တယ်.
ဘာညာဆိုပြီး ဆွဲဆောင်စည်းရုံးလာနေချိန်မှာ. သာသနာပြု
ဆိုသူများရဲ့ သာသနာပြုနည်းလမ်းကို ပြန်လည်သုံးသပ်စဉ်း
စားဖို့ကောင်းပါပီ။ ၁၈ ရာစု နည်းလမ်းဟောင်းကြီးကိုပဲ ဖက်
တွယ်ထားရင် ဗုဒ္ဓဘာသာလူငယ်လူရွယ်များရဲ့ အနာဂတ်အ
တွက်ရင်လေးစရာပါဘုရား။ ဒါကြောင့် အရှင်ဘုရားလို
မီဒီယာ ဖြင့် သာသနာပြုစွမ်းနိုင်သူအများအပြား လိုအပ်
နေပါတယ်။
အရှင်ဘုရားလို ထောက်ပြ ပြောပြ သတိပေးတဲ့ သာသနာပြု သူအများအပြား ပေါ်ထွက်လာနိုင်ပါစေ
ကြောင်းဆန္ဒပြုအပ်ပါတယ်ဘုရား။

တပည့်တော် ကတော့ ကိုယ်နဲ့မဆိုင်ဘူးလို့ ခံယူထားတာ ငယ်ငယ်အရွယ် သိတတ်စဉ်ကတည်းကပါပဲ။ new year တောင်မှ ၂ နှစ်လောက်ပဲ ဆင်နွှဲဖူးသေးတာ။ သြော် .. ကိုယ်က သူတို့ ပြကဒိန်ကို သုံးနေမှတော့ ဒီလိုပဲ ဘာမှမဖြစ်ပါဘူး ဆိုပြီး လုပ်ဖြစ်တာ။ ခံစားဖြစ်တာ။

ခုခေတ် လူငယ်တွေက ဓမ္မစင်္ကြာနေ့ဆိုတာ ဘာလဲမသိကြပဲ။ ခရစ်စမတ်နေ့မှာ ကိုတော့ သိကြတယ်။ အင်း ... လူငယ်ဆိုတာကလဲ အပျော်လေးတွေပါရင် ပျော်ချင်ကြတာကိုး။ ဓမ္မစင်္ကြာနေ့ ဟာ ဘုရားရှင်ဖွားမြင်တဲ့နေ့ ဆိုတာ သိတဲ့လူတောင်များပမလား စိုးရိမ်နေရတယ်။ ဓမ္မစင်္ကြာနေ့ ကျောင်းပိတ်ရင် ဟေးး ကျောင်းပိတ်ပြီကွ ဆော့မယ် .. ဘယ်သွားမယ် .. ညာသွားမယ် ဆိုတာပဲ ရှိတယ်။ ဘာအလေးအနက်မှ မရှိကြတာ တပည့်တော် ကိုယ်တိုင်လဲ ပါပါတယ်။ ကျောင်းက ဆရာ၊ ဆရာမတွေ နဲ့လဲ ဆိုင်မယ် ထင်ပါတယ် ဘုရား။ ဘာနေ့ ဘာကြောင့်ပိတ်ရတယ်ဆိုတာ ပြောပြသင့်တာပေါ့။ ကျနော်တောင် ကိုယ့်ဟာကို လေ့လာနိုင်လွန်းလို့ သိရတာ။

အမှန်ပြောရရင် သူများ ဘာသာဝင်တွေက ကျနော်တို့ထက် ပိုလေးနက်ကြတယ်၊ ပိုတန်ဖိုးထားကြတယ်။ သူတို့ ဘုရားသခင်ကို အကြွင်းမဲ့ ယုံကြည်တယ်။ sunday တိုင်း၊ သောကြာနေ့တိုင်း ဘုရားကျောင်းတက်၊ ဘုရားဝတ်တက်လုပ်ကြတယ်။ ကျနော်တို့များ ၁ နှစ်တစ်ခါ ဘုန်းကြီးကျောင်းရောက်ဖို့တောင် အနိုင်နိုင်ရယ်။ မရောက်ဖြစ်ဖူး အဲဒါတွေကို ပြုပြင်ကြဖို့ လိုပြီထင်တယ်။ အတုယူသင့်တာတွေလဲ ယူကြသင့်တယ် ထင်ပါတယ်။ ဘုန်းကြီးကျောင်းသွားမယ်ဆိုရင် 'ဟာ... ပျင်းစရာကြီး၊ ဘာကြီး၊ ညာကြီး .. နဲ့ စုံနေကြတာပဲ.. မလိုက်ချင်ကြတာ။ သူတို့ ဘာသာဝင်တွေကတော့ မဟုတ်ဖူးဗျ။
(ကျနော်တွေ့ဖူးသမျှကို ပြောတာပါ)

ဟီးဟီး ...
စိတ်ထဲရှိတာတွေတော့ .. ရှိတဲ့အတိုင်း လျှောက်ပြောလိုက်ပြီ ဘုရား။ သင့်သလိုသာ နားလည်လိုက်ပါဘုရား။ :D
(just my own optnions)

ကျေးဇူးပါဆရာတော်၊ ခွဲခွဲခြားခြားသိအောင်တင်ပြထားတော့ တပည့်တော်တို့လူငယ်တွေ ပိုပြီးအမြင်ရှင်းသွားပါတယ်ဘုရား။

အရမ်းကောင်းတဲ့ ပို့စ်လေးပါဘုရား အားလုံးဖတ်သင့်ပါတယ် ဘုရား ဆက်ရေးပေးပါအုံးဘုရား

In my opinion, every religion has their own way of spreading their reigion. Actually, we Buddhist have not much serious about our religion like Christian do.

there is no law that every burmese citizen must be Buddhist. Please think about the freedom of beief. We all value freedom, that is why we all fight for Democracy.

I just want to justify between different religions. If we don't like Christianity, we have right to ignore it. It depends on our choice and preferences.

My point of view might different from other Buddhist. We need to think fairly about all the reigion.
Spreading the news by Christian does not mean to destroy Buddhism in Myanmar. So, what shall we Buddhist can do? We don't need to worry about it. Myanmar is a Buddhist country and We, Buddhist are majority in Myanmar.
It depends on the people or believers. Does Buddhist are active like Christians in contributing of their time, energy or effort?
We have to ask many questions to ourselves.
But only love can create the better world, justice and peace.
One thing, people think highly of their own religion and view negative on other reigion. We dont want to see the wide spread of Christianity in Myanmar because we belief that only Buddhism is the best religion in the world. That is human nature to be thought that way.

This post may be very disguise for other reigion, they might pay less respect of our Sayadaw. They might feel that it is a kind of discrimination.
We should respect other religion as well whether we belief it or not.

Sincerely speaking, I don't want you to write such kind of post. Just preach and post more about the tayar of Buddhism, Love, Forgiveness, peace. We need to learn more about it. Criticism and comparism dosnt work much for the development of Buddhism. Try to develop your site for the benefit of all the people. This post may develop hatred among people.
Anyhow, We Buddhist, try our best without blaming anyone. Just improve ourselves, our belief and our thartanar.

Buddhist has a good history for no war with other religion. think about the Crusate, Christian and Musim conflicts.
Historically, Buddhists are the most peaceful religion. But Today, who kill the Buddhist monk in Myanmar? Christian? Muslim?
Thanks

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More