Friday, January 25, 2008

အရှင်ထွက်

ကျိုက်ထီးရိုးရောက်ရင် မုဆိုးတောင်ကိုတော့ သွားရောက်ကြစမြဲပါ၊ ကျီးကန်းပါးစပ်ကနေပြန်တက်လာသောအခါ မုဆိုးတောင် ဖက်သို့ရောက်ပါသည်၊ မုဆိုးတောင်နားအရောက် အလှူခံတို့၏ အမှတ်မထင် အသံတစ်ခု ကြားခဲ့ရသည်။
“ ဘုရားဆိုတာ နေရာတိုင်းမှာရှိတဲ့အတွက် ဖူးမျှော်ဖို့ရာ မခက်ခဲပေမယ့်လို့ “အရှင်ထွက်” ဆိုတာ နေရာတိုင်းမှာ မတွေ့နိင်ပါဘူး။ တွေ့ရခဲလှတယ် ၊ ဒါကြောင့် ဒီမှာ အရှင်ထွက်ကိုယ်တော်ကြီး ဦးအာဘော ကို ဖူးမျှော်သွားကြပါဦး” တဲ့၊ မှတ်ကရော့--
သူတို့ပြောသည့်အတိုင်းဆိုလျှင် မြတ်ဘုရားပွင့်တော်မူတာ အလွန်ပေါများတဲ့အတွက်ဖူးမျှော်ရလွယ်ကူတယ်၊ သူတို့ “အရှင်ထွက်” ဆိုတာကြီးကို တော့ တွေ့ရဖို့မလွယ်ဘူး ဟူသည့် အဓိပ္ပါယ်ပါပဲ၊
ဒီလိုဆိုလျှင် မြတ်ဗုဒ္ဓဟောခဲ့သည့် ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော ဆိုသည့်နေရာတွင် “အရှင်ထွက်ဆရာတော် ဒုလ္လဘော” ဟု ဆိုရချေတော့မည်။ အရှင်ထွက်ဆိုတာကြီးကို မြတ်စွာဘုရားမဟောခဲ့ပါဘူး၊ သူ့ဟာသူအရှင်ထွက်မကလို့ အသေပဲထွက်ထွက် အစိမ်းသေနဲ့ပဲ ထွက်ထွက် သီလ၊သမာဓိ၊ပညာအကျင့်မဟုတ်သောကြောင့် မိမိအတွက် မည်သို့အကျိုးရှိမည်နည်း၊ တစ်ခုတော့ရှိသည်၊ အလှူခံတွေရဲ့လှည့်စားမှုကြောင့် မိမိမှာပါသော ပိုက်ပိုက်လေးများကုန်သွားနိုင်သော အကျိုးတော့ ရလိမ့်မည်ထင်ပါသည်၊ ထို့ကြောင့် ချင့်၍ လှူဒါန်းကြပါရန်။
အလှူခံတို့ပြောသော ထိုအရှင်ထွက်ဆိုသူ၏ နေရာကို အနီရောင်ဝိုင်းပြထားပါသည်။

Type the rest of your post here.

2 comments:

အရှင်ထွက်များ ပေါလွန်းလို့ အသက်ရှိတဲ့ လူသားတိုင်း အမေ့ဝမ်းကနေ အရှင်ချည့် ထွက်တာလို့ တပည့်တော်သာဆို ပြန်ပြောခဲ့မှာ ဘုရား

အရှင်ထွက်များ ပေါလွန်းလို့ အသက်ရှိတဲ့ လူသားတိုင်း အမေ့ဝမ်းကနေ အရှင်ချည့် ထွက်တာလို့ တပည့်တော်သာဆို ပြန်ပြောခဲ့မှာ ဘုရား

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More