Saturday, February 19, 2011

ကုသိုလ်ကောင်းမှု၊ ကိုယ်တိုင်ပြု
ကိုယ်ပြု၊ ကိုယ်စံသည်။

အကုသိုလ်မှု၊ ကိုယ်တိုင်ပြု
ကိုယ်ပြု၊ ကိုယ်ခံသည်။

အခြားတစ်ယောက်က၊ ကူညီမျှ
ခံရမရှိပြီ။

မကောင်းမှုဆိုတာ၊ ဆိတ်ကွယ်ရာ
ဘယ်မှာမရှိပြီ။

လူမမြင်သာ၊ နတ်ဗြဟ္မာ
သေချာမြင်သိသည်။

ကံတရားမှာ၊ များသတ္တာ
မျက်နှာမလိုက်ပြီ။

ကမ္မသတ္တိ ဆန်ကြယ်ဘိ၍ မုနိအရှင်
ကုန်အစင်၊ သိမြင်နိုင်ပါသည်။

ကွယ်လွန်သောအခါ၊ ကိုယ်တည်းသာ
ခေါ်ရာလိုက်ရသည်။

မကောင်းလျှင်ခံ၊ ကောင်းလျှင်စံ
ထုံးစံ ဓမ္မတာမှတ်ရမည်။

ကျေးဇူးတော်ရှင်ကုံလုံဆရာတော်ဘုရားကြီး

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More