Monday, June 16, 2008

အတွေးအမြင်

လိုချင်မှု၊ မနှစ်သက်မှု၊ တွေဝေမှု ၊ မနာလိုမှု၊ တွန့်တိုမှု၊ ပူပန်မှု၊ ထောင်လွှားတက်ကြွမှု ၊ ပျံ့လွင့်မှု၊ ယုံမှားမှု စတာတွေဟာ
နှောင်ဖွဲ့တတ်သော တရားများဖြစ်ပါတယ်၊ ဘယ်နေရာမှာ နှောင်ဖွဲ့တတ်တာလဲဆိုရင် စိတ်မှာပါ၊
အနှောင်အဖွဲ့တို့ဖြင့် ငြိတွယ်မှုမကင်းသော စိတ်သည် ဆင်းရဲ၏ ၊
အနှောင်အဖွဲ့မှ လွတ်ကင်းသောစိတ်သည် ပေါ့ပါးပီး ချမ်းသာနေ၏ ၊
အနှောင်အဖွဲ့မှ ငြိတွယ်မှု ကင်းအောင် စိတ်ဖြစ်ဆဲခဏကို သတိဥာဏ်ဖြင့် ကြည့်ကာ သိနိုင်ရမည်၊
စိတ်၏ ဖြစ်ဆဲအကြောင်းအရာများကို သိနိုင်ဖို့အတွက်
အရင်းအနှီးကား-
အဖန်ဖန်အထပ်ထပ် သိအောင် ကြောင့်ကြစိုက်ရတဲ့ ၀ီရိယ
စိတ်ဖြစ်တိုင်း အမှတ်ရမှု သတိ
စိတ်ဖြစ်တိုင်းဆဲ၌ အမှန်အတိုင်းသိမှု ပညာ၊ ထိုတရား(၃)မျိုး အရင်းအနှီးပြု၍ အဖန်ဖန်အထပ်ထပ်
နှလုံးသွင်းပေးမည်ဆိုပါက မကြာမီကာလအတွင်း
စိတ်၏ သဘောသဘာဝ၊ ရုပ်၏ သဘောသဘာဝကို သင်ကိုယ်တိုင်သိရှိနားလည်လာသည့်အပြင်
လွတ်လပ်ပေါ့ပါးပြီး၊ချမ်းသာသော စိတ်ပိုင်ရှင် တစ်ယောက်ဖြစ်လာမည်မှာ အမှန်ပင်ဖြစ်ပေသည်။
Type the rest of your post here.

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More