Tuesday, October 3, 2006

သြ၀ါဒ


Posted by Picasaကိလေသာငြိမ်းတန်သလောက်ငြိမ်းအောင်

တရားအားထုတ်ရမယ်



တရားအားထုတ်တယ်ဆိုတာ

အိုခြင်း,နာခြင်း,သေခြင်းကင်အောင်

ဆင်းရဲခပ်သိမ်းကင်းအောင်လို့ အားထုတ်ရတာ

အားထုတ်လို့ တရားပြည့်စုံပြီဆိုတော့

စိတ်လည်းပဲ ကောင်းသွားတယ်

တရားမပြည့်စုံရင် စိတ်ကိုက တယ်မကောင်းဘူး

ကိုယ့်အကျိုးတွေကို ကြည့်ပြီး

သူများအကျိုးမဲ့တွေကို ကြံလိုက်,စည်လိုက်

စိတ်ကူးလိုက် ပြောဆိုလိုက်

အဲဒီလို မတော်မသင့်တာတွေကို လုပ်တတ်တယ်

တရားပြည့်စုံရင်တော့ အပြစ်တွေ့ရင်တောင်မှ

သူ့အပြစ်နဲ့ သူပဲဆိုပြီး

သူများအပြစ်ကို မပြောဘဲ လျစ်လျူရှုနိုင်တယ်

သူ့အပြစ်နဲ့သူပဲဆိုပြီး နှလုံးသွင်းထားနိုင်တယ်

သူများတွေ ဒုက္ခရောက်အောင်တော့ မပြောဘူး

အဲဒီတော့ စိတ်တွေလည်းကောင်း

ကိလေသာတွေလည်း ကင်းတန်သလောက် ကင်းသွားတယ်

တော်တော်နေရာကျပါတယ်

မတော်မသင့်တဲ့ အမှုတွေလည်း

အဲဒီတော့ကင်းသွားတာပဲ

ဒါကြောင့် တရားပြည့်စုံအောင်

ရိုရိုသေသေ တရားကို အားထုတ်ကြဖို့

အင်မတန်ကောင်းပါတယ်

တရားမပြည့်စုံသေးတဲ့ ပုဂ္ဂိုလ်ကလည်း တိုးတက်အောင်

အချိန်သလောက်အားထုတ်ရမယ်။

(မဟာစည်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်မှ)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More