Monday, October 30, 2006

လောကကြီးမှာ လူတွေ ဘယ်လောက်ပင် များပြားသော်လည်း

သဘောတူရာပေါင်းလိုက်ရင် လေးမျိုးပဲရှိပါတယ်၊ ဒီလေးမျိုးထဲက

ဘယ်လိုလူမျိုးလည်းဆိုတာ ကိုယ့်ကိုယ်ကို ဆန်းစစ်နိုင်အောင်

မြတ်ဗုဒ္ဓက လူလေးမျိုးဟောတော်မူခဲ့ပါတယ်။

(၁) ငရဲသားနဲ့တူတဲ့လူ၊

(၂) ပြိတ္တာနဲ့တူတဲ့လူ၊

(၃) တိရစ္ဆာန်နဲ့တူတဲ့လူ၊

(၄) လူနဲ့တူတဲ့လူ ဆိုပြီး လေးမျိုးဟောတော်မူပါတယ်။

(၁) ငရဲသားများသည် နေချင်သလိုမနေရ၊ သွားချင်သလိုမသွားရပါ၊

ထို့အတူ ဒုစရိုက်မှုကျူးလွန်၍ ရာဇ၀တ်ဘေးဒဏ်သင့်သောသူများ

ထောင်ထဲအချူပ်ထဲ သို့ ရောက်သောအခါ စားချင်တိုင်းမစားရ၊

နေချင်တိုင်းမနေရ သောကြောင့် ထောင်ကျနေသော သူများကို

ငရဲသားနဲ့တူတဲ့လူလို့ ခေါ်ပါတယ်။

(၂) ပြိတ္တာများသည် အနေဆင်းရဲ၊ အစားလည်းဆင်းရဲ၊ ၀တ်စရာလည်း

မရှိ ဆင်းရဲကြသည်။ ထို့အတူ လူလောကသို့ ကံကောင်းထောက်မ၍

ရောက်လာသော်လည်း သူတောင်းစားမျိုး၌ ဖြစ်ပြီး

စားရမဲ့သောက်ရမဲ့ဘဝ

ရောက်နေကြရှာတဲ့ သူတောင်းစားများကို ပြိတ္တာနဲ့တူတဲ့လူ

လို့ခေါ်ပါတယ်။(၃) တိရစ္ဆာန်များသည် ကာမဂုဏ်မှီဝဲမယ်၊ အိပ်မယ်၊

စားမယ်ဆိုတဲ့ လုပ်ငန်းသုံးခုသာ သိကြသည် ၊ အသိဥာဏ်ဟူ၍ မရှိကြပါ၊

ထို့အတူ အတိတ်ကံပေး၍ လူဖြစ်လာသော်လည်း

ကုသိုလ်တရား ဘာမှမရှိ ကာမဂုဏ် မှီဝဲ ၊ အိပ်၊ စား ၊

ဆိုတဲ့ အလုပ်သုံးခုနဲ့သာ အချိန်ကုန်နေသောသူများကို

တိရစ္ဆာန်နဲ့တူတဲ့လူ လို့ ခေါ်ဆိုရပါတယ်။

(၄)လူနဲ့တူတဲ့လူ ဖြစ်အောင်ဆိုတာက-

(က)သာရဏဂုံ သုံးပါး၌ တည်မြဲသူဖြစ်ရမည်။

(ခ) ငါးပါးသီလမြဲရမည် (ဂ) အသက်မွေး

ဝမ်းကျောင်းမှု မှန်ကန်ရမည်၊ ဒီသုံးချက်နဲ့ ပြည့်စုံရင်

လူနဲ့တူတဲ့လူ ဖြစ်ပါပြီ၊လူနဲ့တူတဲ့လူ မှာလည်း အဆင့် (၃)ဆင့်

ခွဲထားပြန်ပါသည်။(က) ကံ, ကံ၏အကျိုးကို ယုံကြည်ရင်

မူလတန်းအဆင့်ရှိသောလူ လို့ခေါ်ပါသည်။

(ခ) ၀ိပဿနာ တရားအားထုတ်၍ (မမြဲ,ဆင်းရဲ,အစိုးမရ )

စတဲ့ လက္ခဏာရေးသုံးပါးသိမြင်ရင် အလယ်တန်းအဆင့်ရှိသောလူ

လို့ခေါ်ပါသည်။(ဂ) ၀ိပဿနာတရားအားထုတ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်

မျက်မှောက်ပြုသွားရင်တော့ထိုသူကို အထက်တန်းအဆင့်ရှိသောသူ

ဟုခေါ်ဆိုရပါသည်။အထက်ပါလူများထဲက ဘယ်လိုလူမျိုးလည်းဆိုတာ

ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီးလူထဲကလူဖြစ်အောင် ထိုမှတဆင့် ၊

ူလတန်းလူဖြစ်အောင်၊ မူလတန်းလူမှ အလယ်တန်းလူဖြစ်အောင်

ထိုမှတဆင့် အထက်တန်းလူဖြစ်အောင် ကြိုးစား

အားထုတ်နိုင်ကြပါစေ။ ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More