This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, February 22, 2009

ကောင်းစွာ ကျော်ဖြတ်ခြင်း

လောကကြီးတွင် ဦးတည်ချက် ယုံကြည်ချက်တို့ဖြင့် ဘ၀ခရီးလမ်းကို လျှောက်လှမ်းနေကြသည်ဖြစ်ရာ အချို့ကား အသိဥာဏ်ကင်းမဲ့ကာ ယုံကြည်မှုတစ်ခု သက်သက်ဖြင့် လျှောက်လှမ်းနေကြသူများ ရှိသကဲ့သို့ အချို့ကား ယုံကြည်မှု သက်သက် မဟုတ်မူ၍ အမှားအမှန် ၊ အကျိုးရှိ / မရှိ ဝေဖန်ပိုင်းခြားတတ်သည့် အသိဥာဏ်နှင့် ယှဉ်ကာ သတိကြီးစွာ ထား၍ ယုံကြည်မှု အပြည့်ဖြင့် လျှောက်လှမ်းနေကြသူများလည်း ရှိပေသည်။
ဒီဇင်္ဘာလ ၃၁ ရက်၊ ည တစ်ည၏သန်းခေါင်ယံ……
နှစ်စဉ်နှစ်တိုင်း သည်အချိန်ရောက်ပြီဆိုလျှင် ညလုံးပေါက် လမ်းမကြီးတစ်လျှောက် နားမလည်နိုင်သည့် သီချင်းသံတို့ဖြင့် ဟေးလား…၀ါးလား အော်ဟစ်နေကြသည်၊ တစ်ချို့ဆိုလျှင် အများကြားအောင်ဟု ဆိုကာ အော်လန်ကြီးနဲ့ပါ အော်ကြ ဟစ်ကြသည်။ အချို့ကြပြန်တော့လည်း သန်းခေါင်ယံအချိန် နှစ်ဟောင်းမှ နှစ်သစ်ကူးအချိန်ကို စောင့်ကာ မီးရှုးမီးပန်းတို့ဖြင့် ပစ်ဖေါက်ကြသည်။ အများအားဖြင့် အော်ဟစ်မြူးတူးနေကြ၊ ပျော်ပွဲရွှင်ပွဲတို့ဖြင့် မျိုးစုံအောင် ပျော်ရွှင်နေကြသည်မှာ ကမ္ဘာ့နေရာ အနှံ့အပြား ဖြစ်သည်။

ထိုအထဲတွင် စာရေးသူတို့ မြို့တစ်မြို့လည်း အပါအ၀င် ဖြစ်သည်။ ညလုံးပေါက် မီးပန်းဖေါက်သံ၊ သီချင်းသံတို့ဖြင့် ဆူညံနေသည့်အတွက် ထိုညက အိပ်၍ မရသည့်အဖြစ်နှင့် ကြုံခဲ့ရပေသည်။ ထိုညလွန်မြောက် အလင်းသို့ရောက်သောအခါ လူတစ်ယောက်သည် စာရေးသူထံ ရောက်လာကာ “ အရှင်ဘုရား …မနက်ဖန် တပည့်တော်အိမ်မှာ ဆွမ်းဆက်ကပ်ချင်လို့ပါဘုရား” ဟု လျှောက်ထားပါသည်။ သို့နှင့် နောက်တစ်နေ့ နံနက်တွင် ပင့်ဖိတ်သူ ဒါယကာအိမ်သို့ နောက်ပါ သံဃာများနှင့်အတူ ရောက်ခဲ့ရသည်။
အိမ်ရောက်သောအခါ ဆွမ်းဆက်ကပ်ရသည့်အကြောင်းကို ဆွမ်းဒါယကာအား မေးသောအခါ ဒါယကာက ယခုနှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးသည်ကို အကြောင်းပြုပြီး ဆွမ်းကပ်ရခြင်းဖြစ်ကြောင်း ပြောပါသည်။ လူအများက နှစ်သစ်ကူးအချိန်ကို ပျော်ရွှင်မှုတို့ဖြင့် ဖြတ်ကျော်ခဲ့ပေမယ့် ထိုဒကာသည် နှစ်သစ် ကူးအချိန်ကို ကုသိုလ်တရားတို့ဖြင့် မင်္ဂလာရှိစွာ ကူးဖြတ်ခဲ့ပေသည်။ ထို့နည်းတူ မြန်မာနိုင်ငံ တစ်နံတစ်လျားတွင်လည်း ထိုကဲ့သို့ အချိန်ကို မင်္ဂလာရှိစွာ ကျော်ဖြတ်ကြသူများ ရှိလျှင် ကောင်းပေစွ ဟု တွေးမိသည်။
တွေးမိသည့်အတိုင်းပင် မကြာမီ သတင်းတစ်ခု ကြားခဲ့ရသည်မှာ ကြည်နူးစရာကောင်းလိုက်ပါဘိ၊ အကြောင်းကား နှစ်သစ်ကူးအချိန်ကို အကောင်းဆုံးနည်းဖြင့် ကုန်လွန်စေခဲ့သည့် အံ့သြဖွယ်ရာ ဖြစ်ရပ်လေးတစ်ခုကို ကြားသိခဲ့ရသည်။
စာရေးသူတို့၏ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ တောင်ဘက် ကမ်းခြေတစ်နေရာတွင် အေးမြသည့် ငွေဘော်လ ရောင်အောက်မှာ ဓမ္မသဘင်ပွဲလေး တစ်ခု ကျင်းပခဲ့ကြသည်။ ထိုဓမ္မသဘင်ပွဲတွင်………
ဗုဒ္ဓဘာသာ မြန်မာလူမျိုး အလုပ်သမားများနှင့် ထိုင်းလူမျိုးအချို့တို့သည် ထိုနှစ်သစ်ကူးအချိန်တွင် လုံးဝမအိပ်မူ၍ နှစ်ဟောင်းကနေ နှစ်သစ်ဆီသို့ မင်္ဂလာအရှိဆုံးဖြင့် ကူးမြောက်ကြမည်ဟု ရည်ရွယ်ချက်ဖြင့် မြန်မာဘုန်းတော်ကြီးတစ်ပါး၏ ဟောပြောလမ်းညွန်ချက်ဖြင့် ၀ိပဿနာတရားရှုမှတ်ကာ အချိန်ကို ကုန်လွန်စေခဲ့သည်မှာ ကြားရသူ မြင်ရသူတို့အဖို့ ကြည်နူးဖွယ်ရာအတိ ဖြစ်ခဲ့ပေသည်။ ထိုကဲ့သို့ ကုသိုလ်နှင့် အချိန်ကို တန်ဖိုးရှိစွာ ကျော်ဖြတ်ခြင်းသည် မင်္ဂလာရှိသော ကျော်ဖြတ်ခြင်း ဖြစ်ပေသည်။
“အချိန်နှင့်ဒီရေသည် လူကို မစောင့်” ဟူသည့်အတိုင်း လူ့ဘ၀ဟူသည် အလွန်တိုတောင်းသော အချိန်တစ်ခုကို ဖြတ်သန်း၍ ကုန်လွန်သွားရသည်ချည်း ဖြစ်သည်။ ထို့ကြောင့် တိုတောင်းသော လူ့ဘ၀ကို လိုချင်မှု၊ မလိုမုန်းထား အာဃာတတရား ၊ မိုက်မဲတွေဝေမှု တွေနဲ့ အချိန်ကုန်၍ မနေသင့်ပေ။ ဖြစ်လာသော အကုသိုလ်တရားများကိုလည်း သတိ၊ပညာဦးစီးကာ ပယ်သတ်ရပေတော့မည်။ သို့မှသာ ဘ၀ကို ကောင်းသော ကျော်ဖြတ်ခြင်းဖြင့် ကျော်ဖြတ်သည် ဟု ဆိုရပေမည်။
ထို့အပြင် လူသားတိုင်းသည် နှစ်သစ်ကူးအချိန်မှ မဟုတ် အခြားအချိန်များကိုလည်း ကုသိုလ်တရားတို့ဖြင့် မင်္ဂလာရှိစွာ ဖြတ်သန်းကြမည်ဆိုပါလျှင် “ ကောင်းသော ကျော်ဖြတ်ခြင်း” ဖြစ်ပါလိမ့်မည်။
အထက်ပါဆိုခဲ့သည့်အကြောင်းများကား ခရစ်နှစ်သစ်ကူးအချိန်တွင် ဖြစ်ခဲ့သော အကြောင်းများ ဖြစ်သည်။ လောကတွင် လူမျိုးအသီးသီးရှိကြရာ မြန်မာလူမျိုးတို့က မြန်မာနှစ်သစ်ကူး ရှိသကဲ့သို့ ကရင်တိုင်းရင်းသားများကလည်း ကရင်နှစ်သစ်ကူး ရှိသည်၊ တရုတ်လူမျိုးဆိုလျှင်လည်း တရုတ်နှစ်သစ်ကူး ရှိပါသည်။ ဟိန္ဒူလူမျိုးများကလည်း သူတို့တွင် နှစ်သစ်ကူးအချိန် ရှိသည်ဟု ပြောပါသည်။ ထိုလူမျိုးအသီးသီးတို့၏ နှစ်သစ်ကူးအချိန်တွင် ပုံစံအမျိုးမျိုးဖြင့် ပျော်ရွှင်စွာ ကျော်ဖြတ်ကြသည်။ ထိုနှစ်သစ်ကူးရာ၌ အကဲဆုံးက မြန်မာလူမျိုးများ ဖြစ်သည်။ ဘာ့ကြောင့်နည်း…..
ကိုရွှေမြန်မာများသည် မြန်မာသင်္ကြန်အချိန်တွင် နှစ်သစ်ကူးရုံမျှမက ခရစ်နှစ်သစ်ကူးပွဲ ပါဆက်လိုက်သေးသည်။ ထို့အပြင် ကရင်နှစ်သစ်ကူးလည်း သူတို့ပါဝင်သည့်အပြင် ဟိန္ဒူနှစ်သစ်ကူး၊ တရုတ်နှစ်သစ်ကူး စသည့် နှစ်သစ်ကူးများတွင်လည်း သူတို့ပါဝင် ပျော်ရွှင်ကြသည်။ ပျော်ရွှင်ရမည်ဆိုလျှင် မည်သည့်နှစ်သစ်ကူးမျိုးဖြစ်ဖြစ် ကိုရွှေမြန်မာများ အရှေ့တန်းက ဖြစ်သည်။
မကြာသေးမီက တရုတ်နှစ်သစ်ကူးအချိန်တွင် တရုတ်လူမျိုးတို့က တရုတ်ရိုးရာနတ်များကို စားသောက်ဖွယ်ရာ အမျိုးစုံတို့ဖြင့် တည်ခင်း ပသကြသည်၊ ဤသည်ကိုပင် တရုတ်နတ်ရှိခိုးသည် ဟု ပြောစမှတ် ပြုကြသည်။ စာရေးသူတို့၏ မြို့တွင် တရုတ်နတ်ရှိခိုးသည့် သူများသည် အိမ်အတော်များများတွင် တွေ့မြင်ရတတ်သည်။ ထိုအခါ သူ့အိမ် ငါ့အိမ် လာရောက် စားကြဖို့ရာ ဖိတ်ကြသည့်အတွက် လူအများ ဟိုအိမ် သည်အိမ်ကူးကာ စားကြသောက်ကြသည်မှာ ပျော်ရွှင်ဖွယ်တစ်ရပ်အနေဖြင့် တွေ့မြင်ကြရသည်။
ဤလိုနေ့မျိုးကို မြင်လာရသည်မှာ တစ်နှစ်လည်းမဟုတ် ၊ နှစ်နှစ်လည်းမဟုတ် နှစ်ပေါင်းများစွာကပင် တွေ့မြင်လာခဲ့ရ၍လည်း စာရေးသူမှာ အမြင်မဆန်းတော့ပေ။ ဒေသခံလူအများလည်း ထိုနည်းတူပင် ဖြစ်သည်။ အမှားကြာလျှင် အမှန်ဖြစ် ဆိုပေမယ့် လည်း ထိုလုပ်ရပ်ကို မှား၏ /မှန်၏ ဟု ဆုံးဖြတ်ချက်မချနိုင် ဖြစ်ခဲ့ရလေသည်။ အဘယ့်ကြောင့်နည်းဟူမူ စာရေးသူတို့ မိသားစုသည် တရုတ်လူမျိုးမှ ဆင်းသက်လာသော တရုတ်ကပြားလူမျိုးထဲတွင် ပါဝင်နေသည့်အတွက် နှစ်စဉ် တရုတ်နတ်ရှိခိုးပွဲ ပြုလုပ်ပေး နေရသော ကြောင့် ဖြစ်သည်။
ဤသို့ဖြင့် နှစ်စဉ်ဆိုသကဲ့သို့ ရှိခိုးပွဲ ကျင်းပခဲ့ကြပါသည်မှာ လူမှန်းသိတတ်စအရွယ်ကတည်းကပင်ဖြစ်မည်ထင်ပါသည်။ တစ်နေ့ ဖခင်ကြီးသည် မဟာစည်ရိပ်သာခွဲတစ်ခုတွင် ၀ိပဿနာတရားကို ၀င်ရောက်အားထုတ်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် တရားအားထုတ်ဖန်များလာ၍ လော မပြောတတ်ပေ။ ဖခင်ကြီးသည် ဆုံးဖြတ်ချက်တစ်ခုချကာ အိမ်တွင်း နှစ်စဉ် ကိုးကွယ်နေကျ ရိုးရာနတ်ရှိခိုးပွဲကို နောင်တွင် လုံးဝမလုပ်လိုတော့ကြောင်း ၊ သူ့အတွက် တကယ့်အားကိုးရာအစစ်ဖြစ်သည့် ဘုရား၊ တရား ၊သံဃာ ရတနာသုံးပါးရှိနေပြီ ဖြစ်ကြောင်း၊ လောကတွင် ရတနာသုံးပါးမှ တစ်ပါး အခြားကိုးကွယ်ရာ မရှိတော့ကြောင်း၊ ဒါကြောင့် အခြား ကိုးကွယ်ရာကိုလည်း မရှာလိုတော့ကြောင်း ၊ ရိုးရာနတ်ရှိခိုးသည်ဆိုသည်မှာ သူတို့ကို မရှိခိုးလျှင် ဖမ်းစားမည်ဖြစ်သည့်အတွက် နှစ်စဉ်နှစ်တိုင်း ရှိခိုးလာခဲ့ရကြောင်း၊ ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါကို ကိုးကွယ်လျှင် ကုသိုလ်များရသည့်အပြင် ယခုဘ၀တွင်သာမက နိဗ္ဗာန်ရသည်အထိ ဘ၀များစွာ ကောင်းကျိုးချမ်းသာပေးနိုင်သည်။
ရတနာသုံးပါးအားကိုးကွယ်သူများသာ ချမ်းသာမည်။ ရတနာသုံးပါးကို မကိုးကွယ်လျှင် ဖမ်းစားမည် ဟု ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ၊ တစ်ခုတော့ ရှိသည်၊မိမိတို့အတွင် သရဏဂုံ သီလ အားကောင်းဖို့တော့ လိုပါလိမ့်မည်။ “ ဒီနေ့ကစလို့ ရတနာသုံးပါသာလျှင် ငါ့ရဲ့ အားထားကိုးကွယ်ရာ အစစ်ဖြစ်တယ်။ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာမရှိ၊ ဒါကြောင့် ရတနာသုံးပါးကိုသာ ကိုးကွယ်တော့မယ်” ဟုဆိုကာ ရဲဝံ့စွာ ရိုးရာနတ် ကိုးကွယ်မှုကို ပြောင်းလဲပစ်ခဲ့ပါတော့သည်။
ပြောချင်သည်မှာ နတ်တို့က လူများအား ချစ်ခင်သော နည်းလမ်းတစ်ခုရှိပေသည်။ ထိုနည်းကား… သီလရှိသော ရဟန်းများအား အိမ်သို့ ပင့်ဖိတ်ကာ ကုသိုလ်ကောင်းမှုပြုပြီး ထိုနတ်များအား အမျှအတန်းပေးဝေ ခြင်းဖြစ်သည်။ မိမိကုသိုလ်ကောင်းမှုကို အမျှရပြီး သာဓုခေါ်နိုင်ကြမည်ဆိုပါလျှင် နတ်များက မိမိတို့အား ချစ်ခင်လာကြမှာ ဖြစ်ကြောင်းကို ဘုရားရှင် ဟောကြားတော်မူခဲ့သည်။
ဤသို့ဖြင့် ယနေ့မှစ၍ ကိုးကွယ်မှုမှန်ကန်စွာနဲ့ ကိုးကွယ်ကြမည် ဟု ဆိုကာ ဖခင်ကြီးသည် မိသားစုများအား စည်းရုံးခဲ့ပါသည်။ စာရေးသူအပါအ၀င် မိသားစု အားလုံးကလည်း ဖခင်ကြီးထောက်ပြသည့် လမ်းစဉ် မှန်ကန်နေသည့်အတွက် သဘောကျ လက်ခံကာ ထိုနှစ်မှ စတင်ပြီး ရိုးရာနတ် ရှိခိုးခြင်း မပြုလုပ်တော့ပေ။
ဖြစ်ချင်တော့ ရိုးရာနတ်မရှိခိုးသည့် နှစ်၌ပင် အငယ်ဆုံးညီမတစ်ယေက်သည် အိမ်ပေါ်မှ အိမ်အောက်သို့ လိမ့်ကျခဲ့ပါသည်။ ကံကောင်း၍ ဘာမျှ မဖြစ်ခဲ့ ပွန်းပဲရုံနှင့် ခြေအနည်းငယ်နာသွားသည်မှ အပ ဘာမှမဖြစ်ခဲ့။ သည်အကြောင်းကိုပင် အိမ်နီးနားဝန်းကျင်မှ လူအများက ရိုးရာနတ် မရှိခိုး၍ ဖြစ်သည်ဟု ပြောလာကြ မေးငေါ့လာကြသည်။ ဒါပေမယ့်လည်း စာရေးသူတို့မိသားစုသည် ဖခင်ကြီး၏ ဖြောင့်မှတ် မှန်ကန်သော လမ်းကြောင်းမှ သွေဖီသွားခြင်း လုံးဝမရှိခဲ့ ကြံ့ကြံ့ ခံနိုင်ခဲ့ပါသည်။ နောင်ပိုင်းတွင် မည်သို့မျှ ထူးထူးခြားခြား မဖြစ်လာတော့ပေ။
ဤကား ရိုးရာနတ် ကိုးကွယ်ခြင်း လမ်းမှားမှသည် ရတနာသုံးပါးအား ကိုးကွယ်အားထားမှု ဆိုသည့် လမ်းကောင်းလမ်းမှန်သို့ ကောင်းစွာ ကျော်ဖြတ်နိုင်ရန်သာ ဖေါ်ပြခြင်းဖြစ်သည်၊ ထိုသို့ဖေါ်ပြခြင်းသည် နတ်ကိုးကွယ်မှုကို ရှုတ်ချလို၍ မဟုတ်ပေ။ လူအများအမြင်မှန် ရနိုင်စေရန်သာ ရည်ရွယ်ပါသည်။
ဆိုရေးရှိက ဆိုအပ်စွ ဆိုသကဲ့သို့ စာရေးသူတို့မြို့တွင် နေထိုင်သော ဒေါ်…………….မိသားစုတို့သည် နှစ်စဉ်နှစ်တိုင်း ငွေကြေးများစွာ အကုန်အကျခံကာ ရိုးရာနတ် ရှိခိုးနေကြဖြစ်သည်။ (၆.၂.၂၀၀၈) ဗုဒ္ဓဟူးနေ့တွင် ရိုးရာနတ်ကိုးကွယ်ခြင်းမှ လုံးဝရပ်ဆိုင်းကာ ထိုရိုးရာနတ်ရှိခိုးသည့် နေ့တွင် နေအိမ်သို့ စာရေးသူတို့အပါအ၀င် ရဟန်းသံဃာများ ပင့်ဖိတ်ကာ ဆွမ်းကျွေးပြီး ရိုးရာနတ်များအပြင် အားလုံးသတ္တ၀ါတွေကို အမျှအတန်း ပေးဝေခဲ့သည်မှာ ကြည်နူးစရာကောင်းလိုက်ပါဘိ။ ထိုကောင်းမှုပွဲတွင် ရတနာ(၃)ပါး ဆည်းကပ်သူကို ဥပသကာ ဟုခေါ်ကြောင်း၊ ထိုတွင် ယုတ်ညံ့သော ဥပသကာမဖြစ်စေဘဲ၊ ကောင်းသောဥပသကာဖြစ်ရန်လိုကြောင်း၊ ကောင်းသော ဥပသကာဖြစ်ရန် အင်္ဂငါးချက် ပြည့်စုံရမှာ ဖြစ်ကြောင်း၊ (၁)ရတနာသုံး ပါးမှတစ်ပါး အခြားကိုးကွယ်ရာမရှိဟု ယုံကြည်မှုစစ်မှန်ခြင်း။(၂) ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ စောင့်ထိန်း ရခြင်း။ (၃) ကောတုဟလမင်္ဂလ ဆိုသည့် အထူးအဆန်းများကို ဟုတ်၏/မဟုတ်၏ ဟု မသိဘဲ အရမ်းယုံကြည်မှု မရှိခြင်း။(၄) ကံနှင့်ကံ၏ အကျိုးကို ယုံကြည်ခြင်း။ (၅) ဘိုးဘိုးကြီး၊ဘိုးမင်းခေါင်၊ဘိုးမင်းအောင်၊ ကွမ်ရင်၊အန်းကုန်း စသည့် သာသနာပြင်ပမှ အလှူခံ ပုဂ္ဂိုလ်ထူးများကို မရှာမီးခြင်း တို့ဖြစ်သည်၊ ထိုအင်္ဂါများနှင့်ပြည့်စုံလျှင် ဥပသကာကောင်းတစ်ယောက်ဖြစ်ကြောင်းစသည့် ဥပသကာဂုဏ်ရည်တရားကို ချီးမြှင့်ပေးခဲ့သည်။
ထိုမိသားစုသည် ဘာသာရေးခံယူချက် မှန်ကန်ပြီး ဆုံးဖြတ်ချက်ကို ရဲရဲချကာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ရိုးရာနတ်ကိုးကွယ်မှု မှ ရတနာသုံးပါးအား ယုံကြည်ကိုးကွယ်မှုသို့ ကောင်းစွာ ကျော်ဖြတ်နိုင်ခဲ့ကြသည်၊ ယခု ၂၀၀၉ ခုနှစ်၊် စာရေးသူတို့ မြို့တွင် လူများသည် နတ်ကိုးကွယ်မှုအစား ဘုန်းတော်ကြီးကျောင်း၌ဖြစ်စေ၊ သံဃာတော်များကို အိမ်သို့ပင့်၍ဖြစ်စေ ပင့်ဖိတ်ကာ ဆွမ်းကျွေးနေကြပြီဖြစ်ရာ အယူဖြောင့်မှန်မှုအတွက် ၀မ်းမြောက်စရာကောင်းလှပါသည်။
ဤသို့ဖြင့် လောကလူသားများသည် နှစ်သစ်ကူးအချိန်တွင် ဖေါ်ပြပါအတိုင်း ကောင်းသောကျော်ဖြတ်ခြင်းတို့ဖြင့် ကျော်ဖြတ်နိုင်သည့်အပြင် အချိန်များစွာတို့တွင် ကုသိုလ်တရားဖြင့် ကောင်းစွာကျော်ဖြတ်နိုင်ကြပါစေ၊ ဘာသာရေးတွင်လည်း နတ်ကိုးကွယ်မှုမှသည် ရတနာ(၃)ပါးကိုးကွယ်မှု ဆိုသည့် မှန်ကန်သော ကိုးကွယ်မှုတို့ဖြင့် ကောင်းစွာ ကျော်ဖြတ်နိုင်ကြပါစေ ဟု ဆန္ဒပြုရင်း …………..
စာရေးသူ၏ (၅၂)နှစ်မြောက် မွေးနေ့အမှတ်တရ

Thursday, February 19, 2009

ဥစ္စာသယန၊ မဟာသယန

အမေး။ ။ဆရာတော်ဘုရား......တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား......တပည့်တော်ကို ရှစ်ပါးသီလထဲမှ ဥစ္စာသယန၊ မဟာသယနဆိုတဲ့ မြင့်သော......မြတ်သောနေရာဆိုတာကို အနည်းငယ် ရှင်းပြပေးစေချင်ပါသည်ဘုရား.......တစ်ချို့ သူများမှာ အေးသော တိုင်းပြည်များမှာနေပြီး.....ရှစ်ပါးသီလ ခံယူချင်ပါသော်လည်း ဥစ္စာသယန၊ မဟာသယနဆိုတဲ့ သဘောကို မရှင်းလင်းဖြစ်နေပါသည်ဘုရား..

အဖြေ။ ။ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ ၊ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သီလက္ခန် အဋ္ဌကထာ မှာ ဖွင့်ဆိုထားတာတွေကို လိုရင်း အကျဉ်း ဖေါ်ပြပေးပါမယ်။
ဥစ္စာသယန ဆိုတာ မြင့်သောနေရာပါ၊ တစ်ထောင့်ထွာထက် ပိုပြီးမြင့်တဲ့ နေရာဟာ မြင့်သောနေရာရဲ့ သတ်မှတ်ချက် ပမာဏ ဖြစ်တယ်။ ဆိုလိုတာက တစ်ထောင့်ထွက်ထက် မြင့်သော နေရာတွေမှာ မနေအပ် ၊ မထိုင်အပ် လို့ ဆိုလိုပါတယ်။
မဟာသယန မြတ်သောနေရာနှင့်ပတ်သက်ပြီး ပြောရရင် အမျိုးများလှပါတယ်။
(၁) အခြေများဟာ တစ်ထောင့်ထွာထက် နိမ့်သော်လည်း အခြေများကို သားရဲရုပ်၊ခြင်္သေ့ရုပ်စတာတွေနဲ့ လှပအောင် ဖန်တီးထားမယ် ဆိုပါက ထိုနေရာကို မြတ်သောနေရာ ဖြစ်တယ်။ (ပလ္လက)
(၂) လက်လေးသစ်ထက် အရှည်ပမာဏရှိတဲ့ အမွေးများပါသော့  ကော်ဇောကြီးများ။(ဂေါနက)
မှတ်ချက်။
ဝိနည်းတွင် ပိုးချည်သက်သက် အခင်းဆိုလျှင် အပ်တယ် လို့ ဆိုပါတယ်။ လဲသွတ်တဲ့ အခင်းမှတပါး၊ (လက်လေးသစ်)ထက်ရှည်သော ကျန်အခင်းများ မအပ် လို့ ဒီဃနိကာယ်အဋ္ဌကထာမှာ ဆိုပါတယ်။

(၃) သားမွေးတို့ကို သားရဲရုပ် ပုံစံပြုလုပ်ပြီး စီမံထားသော အခင်းများ။ (စိတ္တကန္တိ)။
(၄) သားမွေးတို့နဲ့ ရက်လုပ်ထားပြီး အဖြူရောင်ဆိုးထားသော အခင်းများ။ (ပဋိက)
(၅) ရွှေချည်တို့နဲ့ ပိုးချည်တို့ ရောက်နှောပြီး ရက်လုပ်သောအခင်းများ။ (ကဋိဿ)
(၆) ရွှေချည်ချည်း သက်သက်နဲ့ ရက်လုပ်ထားသော အခင်းများ။ (ကောသေယျ)
(၇) ကချေသည် မင်းသမီး (၁၆)ယောက် ကနိုင်တဲ့ ပမာဏရှိသော သားမွေးအခင်းများ။ (ကုတ္တက)
(၈) ဆင်ကျောက်ကုန်း၊မြင်းကျောက်ကုန်းတို့မှာ ခင်းအပ်တဲ့ အခင်းများ။ (ဟတ္ထတ္ထရံ အဿတ္ထရံ)
(၉) ရထား၌ ခင်းအပ်တဲ့ အခင်းများ။ (ရထတ္ထရ)
(၁၀) သစ်နက်ရေတို့ကို ညောင်စောင်း(ကုဋင်)ပမာဏခန့် ချူပ်ထားသော အခင်းများ။ ( အဇိနပ္ပဝေဏီ)
(၁၁) ၀ံပိုင်ရေဖြင့် ပြုအပ်သော အခင်းများ။ (ကဒလီမိဂ ပ၀ရ မစ္စတ္ထရထာ)
(၁၂) အထက်မှာ အနီရောင်ရှိသော မျက်နှာကြက်နှင့်တကွ ပြုလုပ်ထားတဲ့ အခင်းများ။ (သဥတ္တရစ္ဆဒ)
(၁၃) ခေါင်းအုံးနှင့် ခြေအုံး နှစ်ခုရှိပြီး ထိုအုံးနှစ်ခုစလုံး နီသောအရောင်ရှိသော နေရာ။
(၁၄) အုံးမှီတစ်လုံးတည်းရှိသော်လည်း ထိုအုံးဟာ အနီရောင်အဆင်းဖြစ်စေ၊ ပဒုမ္မာအဆင်းဖြစ်စေ ပမာဏထက် မလွန်လျှင် အပ်၏။
ပမာဏထက် (တထောင်နှင့် တထောင်ဆုပ်) လွန်သော အုံးကြီးများဟာ မြတ်သောနေရာ ဖြစ်တယ်။
(၁၅) ခေါင်းအုံး၊ ခြေအုံး နှစ်လုံးပင်ရှိသော်လည်း အနီသောအရောင်မဟုတ်က အပ်ပါတယ်။
အထက်ပါ အကြောင်းအရာများဟာ မြတ်သောနေရာအဖြစ် သတ်မှတ်ထားသောအရာများ ဖြစ်တယ်။
မှတ်ချက်။
ကချေသည် (၁၆)ယောက်ခန့် ကနိုင်တဲ့ ပမာဏထက် သေးငယ်ပြီး၊ လက်လေးသစ်ထက် ရှည်သော သားမွေးကော်ဇောဖြစ်ပါက မြေအခင်း (ကြမ်းခင်း) အဖြစ် အသုံးပြုနိုင်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Wednesday, February 11, 2009

ပြောလိုက်ချင်ပါသည်။

စာရေးသူများသည် ဖြစ်လာသည့် ထုတ်ဖေါ်မပြောဖြစ်သော အကြောင်းအရာများကို စာရွက်ပေါ်တွင် ဖွင့်အန်သွန်ချ ရေးရပေသည်။ စာရေးသူသည် ယခင်ဆိုလျှင် ဒိုင်ယာယီထဲတွင် ခံစားရသည်များကို ဖွင့်ချရေးသားခဲ့သည်။ ယခုကား အခြေအနေအရ ဒိုင်ယာယီထဲမှာပင် ကိစ္စမပြီး၊ ဆိုက်ပေါ်သို့ ပို့စ်တင်လိုက်ရသည်အထိဖြစ်ခဲ့ရသည်။
အကြောင်းကား…….

ရုရှားဖက်ဒရေးရှင်း၊မော်စကိုမြို့မှ ငွေပို့တယ်ဆိုလို့ မောင်ဝင်းမြင့်အား အွန်လိုင်းပေါ်တွင် မေးကြည့်ရာ ပြီးခဲ့သည့်လတုန်းက ပို့လိုက်ပြီ ဖြစ်ကြောင်း ပြောပါသည်။ သို့သော်လည်း စာရေးသူထံသို့ ပိုက်ပိုက်က မရောက်ရှိသေးပေ၊ ရောက်ရှိနေကြောင်းလည်း ဘယ်ဘဏ်ကမှ ဖုန်းမလာပါ။ သည်လိုဆို တစ်ခုခု့ မှားနေပြီထင်သည်ဟု တွေးမိသည်။
နောက်ကြိမ်ထပ်မံ၍ ငွေပို့သူအား အွန်လိုင်းပေါ်ကနေ ပြန်မေးသောအခါ ငွေလွဲလိုက်ပြီ ဖြစ်ကြောင်း၊ ပို့လိုက်သည့် ဘဏ်က ကမ္ဘောဇဘဏ်ဖြစ်ကြောင်း ပြောပါသည်။ ပို၍သေချာအောင် ငွေပို့ပြေစာကိုလည်း အီးမေးလ်နှင့် ပို့လိုက်ပါသည်။ ငွေရပြေစာတွင် (၁၃.၁.၂၀၀၉) ရက်စွဲဖြင့် ပို့ထားသည်ကို သိလိုက်ရသည်။
သို့နှင့် မြိတ်-ကမ္ဘောဇဘဏ်ခွဲကို ဖုန်းနှင့် မေးကြည့်ရာ ရောက်နေပြီ ဖြစ်ကြောင်း ပြောပါသည်။ စာရေးသူကလည်း ငယ်ရွယ်သည့်အချိန်ကဆိုလျှင် သွားဖြစ်သည်။ ယခုအသက်အရွယ်ကြီးပြီဖြစ်သည့်အတွက် ဘဏ်ကို မသွားခဲ့သည်မှာ ကြာခဲ့ပေပြီ။ ဘဏ်ကိုမဆိုထားနှင့် မည်သည့်အရောင်းဆိုင်ကိုမှ မရောက်ဖြစ်တာ ကြာခဲ့ပြီ၊ လိုအပ်လျှင် ကလေးတွေကိုပဲ ခိုင်းနေကျ ဖြစ်သည်။
ထို့ကြောင့် မှတ်ပုံတင်နှင့်အတူ ကိုယ်စားဘုန်းကြီးတစ်ပါး လွတ်ပေးမည်ဖြစ်ကြောင်း ပြောရာ ကိုယ်တိုင်လာမှ ရမည် ဖြစ်ကြောင်း ပြောသည့်အတွက် ဘုန်းကြီးလည်း ဘဏ်ကို ကိုယ်တိုင်ပဲ သွားလိုက်ပါသည်။ ဘဏ်ရောက်တော့ အမျိုးသမီးဝန်ထမ်းတစ်ဦးက….
“ မှတ်ပုံတင်ပေးပါ” ဟုတောင်းသည့်အတွက် ကပ္ပိယထံမှ ဘုန်းကြီး မှတ်ပုံတင်ကို ယူကာ ထုတ်ပေးလိုက်သည်။
“ ပို့လိုက်တဲ့ငွေက ဘယ်လောက်ပါလဲ” ဟု မေးပြန်သည်။ သူတို့တာဝန်အရ မေးသင့်လို့ မေးသည် ထင်ပြီး၊ “…………………ပါ” ဟု ပြန်လည်ဖြေလိုက်သည်။
ငွေထုတ်သူနှင့် မှတ်ပုံတင် တိုက်ဆိုင်ကြည့်၍ တူနေပြီ ဆိုလျှင် ပြဿနာမရှိ မေးစရာမလိုဘဲ ပေးလိုက်ရုံသာ ၊ ယခုတော့ ထိုမေးခွန်း နှစ်ခုအပြင် နောက်တစ်ခု မေးလိုက်ပါသည်။ ၀န်ထမ်းအမျိုးသမီးက ဘုန်းကြီးအပေါ် ယုံမှားသံသယ၀င်နေသလော ဟု တွေးမိသော်လည်း မဖြစ်နိုင်ဟု ယူဆမိပါသည်။
“ အရှင်ဘုရား…. ငွေပို့လိုက်သူက ဘယ်သူပါလဲ” လို့ မယုံသင်္ကာမှုဖြင့် တရားခံမေးစစ်သကဲ့သို့ မေးနေတော့ရာ စိတ်မရှည်ချင်တော့။ မေးသူက အခွင့်ရေးယူလွန်းရာကျသည်ဟုထင်သည်၊ သည်လိုမမေးသင့်ဟုထင်သည်။
အမေးခံရသည်မှာ ယခင်က လူများကို သည်လို စစ်စစ်ပေါက်ပေါက် မမေးမြန်ဖူးဘူးဟု သိရသည်။ ရှိစေတော့။ လူဆိုလျှင် တော်ပေဦးမည်။ ယခုကား ဘုန်းကြီးရဟန်းဖြစ်ပါလျှက် မေးစစ်ခံရသည့်အတွက် ပညာရှိသူတော်ကောင်းများ၏ မျက်စိဖြင့်ကြည့်လျှင် အလွန်အရုပ်ဆိုးသော ဖြစ်ရပ်တစ်ခု ဖြစ်နေပေတော့သည်။
မေးမြန်းချက်များပုံထောက်ရင် ငွေအမောင်းက အလွန်များမည်ဟု စာဖတ်သူများ ထင်ကောင်းထင်ကြပေမည်။ ပို့လိုက်သည့်ငွေသည် များများမဟုတ်၊ တစ်သိန်းနှင့်ကိုးထောင် မျှသာ ဖြစ်သည်။
သည်အထိတောင် မေးလိုက်သည့်အတွက် လူကြားထဲ ပြဿနာမဖြစ်ချင်၊ ပြဿနာဖြစ်လျှင်လည်း ရှက်လှသည့်အတွက်ကြောင့် မေးသမျှ ဖြေကာ ဘာမှ မပြောဘဲ၊ ကပ္ပိယနှင့်အတူ ငွေထုတ်ကာ ပြန်လာခဲ့ပါသည်။
ဆိုရေးရှိက ဆိုအပ်စွဆိုတာလို တစ်ချို့ ဘဏ်များတွင် ဘဏ်ဝန်ထမ်းများက ဘုန်းကြီးရဟန်းများကို လူနှင့်တန်းတူထားကာ ဆက်ဆံကြသည်ကိုလည်း တွေ့ရပေသည်။ ဘာသာခြားများတောင်မှ ဤလိုဆက်ဆံသည်ကို မမြင်ဖူးပေ။
ပြောလိုသည်မှာ ၀န်ထမ်းအမျိုးသမီးသည် ဗုဒ္ဓဘာသာဝင်ဖြစ်ပါလျှက် ရဟန်းသံဃာတစ်ပါးအား မယုံသင်္ကာသည့် အနေအထားဖြင့် မမေးမြန်းကောင်းပေ။ ဆဒ္ဒန်ဆင်မင်းသည် တိရစ္ဆာန်ဖြစ်ပါလျှက် သောနုတ္ထိုရ်မုဆိုး၏ ကိုယ်တွင် သင်္ကန်းစကို မြင်လိုက်သောကြောင့် သံဃာကို ရိုသေသောအားဖြင့် သူ့၏ အစွယ်ကို ဖြတ်ခွင့်ပေးခဲ့သည့် သာဓကလည်း ရှိခဲ့ပေသည်။ ယခုတော့ အသိဥာဏ်ရှိတဲ့ လူတစ်ယောက်ဖြစ်ပါလျှက် ရဟန်းတစ်ပါးအပေါ် သာမန်လူတစ်ယောက်အလား ဆက်ဆံခဲ့သည်မှာ ဘာသာယဉ်ကျေးမှု အလွန်အားနည်းနေသည်မှာ ထင်ရှားလှသည်။ ဘာသာခြားအမျိုးသမီးများတောင်မှ ဘုန်းကြီးရဟန်းများကို သည်လိုမေးမြန်းမှုမျိုး မရှိသလောက်ပင် ဖြစ်သည်။
အချူပ်ပြောရလျှင် ဘဏ်လုပ်ငန်းနဲ့ပတ်သက်သည့် ဘဏ်မန်နေဂျာများက မိမိဝန်ထမ်းများအား လူမှုဆက်ဆံရေးသင်တန်းများ ပေးကောင်းပေးပါလိမ့်မည် ဟု ထင်မိပါသော်လည်း ဘုန်းကြီးရဟန်းများနှင့် ဆက်ဆံရေးကိုမူ သင်မပေးထားဟု ယူဆမိပါသည်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်ပါလျှက် ဘာသာယဉ်ကျေးမှု အားနည်းလွန်းလှသည့် ထိုဘဏ်ဝန်ထမ်းအမျိုးသမီးအား စာရေးသူတို့၏ ကျောင်းတွင် မကြာမီ ဖွင့်လှစ်တော့မည့် ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကို ကလေးများနှင့်အတူ တက်ရောက် သင်ကြားနိုင်လျှင် ကောင်းပေစွ ဟု ပြောလိုက်ချင်ပါတော့သည်။ ။

လူများကို အမျှဝေလို့ ရပါသလား

အမေး။ ။သက်ရှိသတ္တ၀ါတွေ (လူအပါအ၀င်)ကို အမျှဝေလို့ ရပါသလား၊ လူသတ်တဲ့ သူကို အမျှဝေရင် နတ်ပြည်ရောက်သလားဘုရား ဆိုတာ သိချင်ပါတယ်ဘုရား။
မို့မို့
ဒန်ဗာမြို့၊ အမေရိကန်
အဖြေ။ ။ ထိုအမေးနဲ့ ပတ်သက်ပြီး နှစ်ပိုင်းခွဲဖြေမှရမှာပါ။ (၁)အချက်က လူ့ဘ၀က သေသွားတဲ့သူများနှင့် (၂)ယခုဘ၀ အသက်ထင်ရှားရှိတဲ့သူများ ဖြစ်ပါတယ်။

(၁)အချက်၊ လူ့ဘ၀က သေသွားတဲ့သူများဟာ တကယ်လို့ နတ်များ၊ လူ့များ ဖြစ်ကြမယ်ဆိုရင် ထိုသူတို့ကို အမျှအတန်းပေးလို့ မရနိုင်သလို သာဓုလည်း မခေါ်နိုင်ပါဘူး။ ဒုဂ္ဂတိဘုံကို ရောက်ကြမယ်ဆိုရင်တော့ အပါယ်လေးဘုံအနက် ပြိတ္တာဘုံတစ်ဘုံသာလျှင် ရနိုင်ပါတယ်။ ဒီပြိတ္တာဘုံတောင်မှ ပြိတ္တာမျိုး အများကြီးရှိတဲ့အနက် ပရဒတ္တူပ ဇီဝိတပြိတ္တာတစ်မျိုးသာလျှင် အမျှပေးဝေတဲ့အခါ အကြောင်းညီညွတ်မှ သာဓု ခေါ်နိုင်တာပါ။
(၂)အချက်က လူအပါအ၀င် သတ္တ၀ါများကို အမျှဝေလို့ ရ/မရ ဆိုတာနဲ့ ပတ်သက်ပြီး အမျှအတန်းပေးလို့ ရပါတယ်။ ရှင်းပြပါဦးမယ်။
ဒါနဲ့စပ်ပြီး……ကုသိုလ်လုပ်နိုင်တဲ့တရား (၁၀)မျိုး ရှိတယ်လို့ ဘုရားရှင် ဟောတော်မူထားပါတယ်။ အဲဒါကို မြန်မာလိုပဲ ပြောရအောင်ပါ။
(၁) ပေးကမ်းစွန့်ကြဲလှူဒါန်းမှု -ဒါနတရား။ (၂) ကိုယ်ကျင့်တရားဆိုတဲ့ သီလ။ (၃) အားထုတ်မှုဆိုတဲ့ သမထ၀ိပဿနာဘ၀နာ။ (၄)ကြီးသူအား ငယ်သူက ရိုသေမှုဂါရ၀တရားထားတာ။ (၅) ရတနာသုံးပါးနဲ့စပ်တဲ့ ဝေယျဝေစ္စ လုပ်အားပေးကုသိုလ်၊ လောကနဲ့ပတ်သက်တဲ့ ဝေယျာဝေစ္စလုပ်အားပေးကုသိုလ်။ (၆) မိမိကုသိုလ်ကို လူစတဲ့ သုခိတ၊ ဒုက္ခိတသတ္တ၀ါများအား အမျှအတန်းပေးတာ။ (၇) ပေးတဲ့အမျှအတန်းကို သာဓုခေါ်ရတဲ့ ကုသိုလ်။(၈) တရားနာတာ ။ (၉) တရားဟောတာ ။ (၁၀) အယူကို ဖြောင့်မှန်စွာ ယူတာ။ တို့ဖြစ်တယ်။ ဒီ(၁၀)မျိုးကို ပုညကြိယာဝတ္ထုဆယ်မျိုး လို့ခေါ်ပါတယ်။
ဒီဆယ်ပါးအနက် (၆)ခုမြောက်ဖြစ်တဲ့ ပတ္တိဒါန ကုသိုလ်အရ လူများကိုလည်း အမျှအတန်းပေးဝေလို့ရပါတယ်။
နောက်တစ်ခုက လူတစ်ယောက်ဟာ လူသတ်တဲ့အတွက် အကုသိုလ်ကံက အမာရွတ်လို ထင်ကျန်နေမှာဖြစ်ပြီး၊ အမျှအတန်းပေးဝေလို့ ၀မ်းသာစွာ သာဓုခေါ်ရင် ကုသိုလ်ကံက အမာရွတ်လို ထင်ကျန်ခဲ့မှာပါ။ ဒီကံနှစ်မျိုးအနက် အားကြီးတဲ့ ကံက အကျိုးပေးသွားမှာပါ။
ပိုရှင်းသွားအောင် နောင်ဘ၀ အကျိုးပေးမယ့် ကံလေးမျိုးရှိပါတယ်။
၁။ ဂရုကံ
၂။ အာသန္နကံ
၃။ အာစိဏ္ဏကံ
၎။ ကဋတ္တာကံ တို့ ဖြစ်ကြတယ်။
(၁) ကောင်းတဲ့ဂရုကံဆိုတာ မဂ်ဖိုလ်ကိုပြောတာပါ။ လူတစ်ယောက်ဟာ အနည်းဆုံး သောတာပတ္တိမဂ်ဖိုလ်ရထားတယ်ဆိုရင် သူ့အတွက် သောတာပတ္တိမဂ်ဖိုလ်ဟာ ဂရုကံပဲ ၊ အဲဒီဂရုကံက သေရင်သူ့ကို အပါယ်မကျအောင် အကျိုးပေးမှာပါ။
မကောင်းတဲ့ ဂရုကံဆိုတာက ပဉ္စာနန္တရိယကံကို ဆိုလိုတာပါ။ ဒီကံငါးပါးအနက် တစ်ခုခုထိုက်ထားတယ်ဆိုရင်တော့ ဒီအကုသိုလ်ကံက နောင်ဘ၀မှာ အကျိုးပေးဖို့ သေချာသွားပါပြီ။
(၂)အာသန္နကံဆိုတာ သေခါနီးဖြစ်ပေါ်လာတဲ့ကံပါ လူတစ်ယောက်ဟာ အသက်ရှင်စဉ်မှာ ကံငါးပါးကလွဲပြီး တစ်ခြားအကုသိုလ်တွေ ပြုလုပ်မိထားတယ် ဆိုပါစို့ ဒီလူဟာ သေခါနီးမှာ သူတော်ကောင်းများက ကုသိုလ်ရနိုင်တဲ့ အာရုံများကို ပြုလုပ်ပေးကြတဲ့အတွက် ကုသိုလ်အာရုံဖြစ်လာမယ်၊ ဒီသေခါနီးဖြစ်လာတဲ့ ကံဟာ ထိုသူ့အတွက် သေပြီး နောက်ဘ၀မှာ အကျိုးပေးမှာပါ။
(၃)အာစိဏ္ဏကံ ဆိုတာ အမြဲတန်း အလေ့အကျင့် ဖြစ်နေတဲ့ကံပါ ဒါလည်း ကောင်းကံနှင့်မကောင်းကံ ရှိပါတယ်။ ကောင်းတဲ့ကံများနှင့် မကောင်းတဲ့ကံများအနက် ကံတစ်မျိုးမျိုးကို နေ့စဉ်ဖြစ်စေ လစဉ်ဖြစ်စေ အလေ့အကျင့်များစွာ ပြုထားမယ်ဆိုရင် ထိုကံက နောက်ဘ၀အကျိုးပေးပါလိမ့်မယ်။
(၄)ကဋတ္တာကကံဆိုတာက ပြုကာမတ္တကံဖြစ်ပါတယ်။ အသက်ရှင်စဉ် အမှတ်တမဲ့ သတိမထားမိဘဲ ပြုမိတဲ့ကံပါ အဲဒီကံကလည်း ကောင်းတာနဲ့မကောင်းတာ နှစ်မျိုးပေါ့။ အထက်ပါကံ သုံးများ က အကျိုးပေးခွင့်မကြုံဘူးဆိုရင် ပြုကာမတ္တဖြစ်တဲ့ ကံက အကျိုးပေးမှာပါ။
ဖေါ်ပြခဲ့တဲ့ ကံလေးမျိုးမှ တစ်မျိုးမျိုးဖြင့် နောင်ဘ၀အကျိုးပေးမယ်ဆိုတာ အဖြေပေးလိုက်ပါတယ်။

Monday, February 9, 2009

ဘာသာစကားလေ့လာခြင်းဖြင့် ကုသိုလ်ရနိုင်မရနိုင်

အမေး။ ။ ဘာသာစကားတခုခုကို စူးစိုက်လေ့လာနေတဲ့စိတ်ဟာ ကုသိုလ်စိတ်ဖြစ်ပါသလားဘုရား။
ကိုသတ်
ကိုးရီးယား

အဖြေ။ ။ ဘာသာစကားလေ့လာတဲ့နေရာမှာ ကုသိုလ်ရ/မရဆိုတာက မိမိလေ့လာရတဲ့ ရည်ရွယ်ချက်အပေါ်မူတည်တယ်။
ဥပမာ-ဗုဒ္ဓရဲ့ တရားတော်တွေကို ကမ္ဘာပြန့်ဖို့အတွက် သာသနာပြုဖို့အတွက် လေ့လာရင်တော့ ကုသိုလ်ရတယ်။ နောက်တစ်ခုက အများကောင်းကျိုးအတွက် သင်ယူလေ့လာနေရင်လည်း ကုသိုလ်ရတယ်လို့ ဆိုရမှာပေါ့ ။ အဓိကကတော့ ရည်ရွယ်ချက်မှန်ကန်ဖို့ လိုတာပါ။

သိက္ခာထပ်ခြင်းဖြင့် ဘာအကျိုးထူးရပါသလဲ

မေး။ ။ဖိုးသူတော် ဘဝကနေ ပြုစုပျိုးထောင်လို့ အခုဆို စာချကျောင်းထိုင် ဆရာတော် ဖြစ်နေတဲ့ ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် ထိုဘုန်းကြီးနဲ့ဒကာမှာ လောကီလောကုတ္တရာ ဘာအကျိုးများထူးပါသလဲ ဘုရား။ ဖြေကြား စေချင်ပါတယ်။
ဖြူလေး
နေရပ်မရှိ

အဖြေ။ ။သိက္ခာထပ်ပေးတာနဲ့စပ်ပြီး ဘုန်းကြီးနဲ့ ဒကာမှာ ဘာအကျိုးများရနိုင်မလဲ လို့ မေးခွန်းရှင်ကဆိုလိုဟန် ရှိပါတယ်။ သိက္ခာထပ်ခြင်းနှင့် ပတ်သက်ပြီး ရဟန်းဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များမှာ နောက်တစ်ကြိမ် သိက္ခာထပ်ပေးခြင်းဖြင့် ပိုထူးလာတာ မတွေ့ရပါဘူး။ ဒါဖြင့် သိက္ခာထပ်တာ အလကားဖြစ်နေတာပေါ့ လို့ ဆိုနိုင်တယ်။ အလကားတော့ မဖြစ်နိုင်ဘူး။ သိက္ခာထပ်ခြင်းဖြင့် ရဟန်းမှာ ဘာမျှ ထူးခြားမှု မဖြစ်လာပေမဲ့ ပရိက္ခရာလှူဒါန်းတဲ့ ဒကာမှာတော့ လှူဒါန်းရတဲ့ အကျိုးတော့ ခံစားခွင့် ရရှိပါတယ်။
လောကမှာ မွေးနေ့၊သိက္ခာထပ်၊ မင်္ဂလာဦးအထိမ်းအမှတ် သေသူကိုရည်စူး စတဲ့ အကြောင်းအမျိုးမျိုးကပဓာန မကျပါဘူး၊ ကုသိုလ်ရဖို့သာ အဓိက ပဓာန ကျတာပါ။ ဘုရားလက်ထက်က နတ်သမီးလိုချင်တဲ့အတွက် တရားအားထုတ်တဲ့ ညီတော်နန္ဒ တို့ရဲ့ သာဓကဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် မင်္ဂလာဦး၊ နတ်သမီးလိုချင် စတဲ့ အကြောင်းတွေနဲ့စာရင် သိက္ခာထပ်တာက ပိုပြီး အကြောင်း ကောင်းတာပေါ့။ ဒါကြောင့် သိက္ခာထပ်တာဟာ ဒကာအတွက် အကျိုးမယုတ်တဲ့အပြင် ကုသိုလ်အကျိုးများစွာ ရရှိပေမယ့် ဘုန်းကြီးမှာတော့ ဘာအကျိုးမှ ထူးလာမှာ မဟုတ်ဘူး၊ သိက္ခာထပ်တဲ့ ဒါယကကို မေတ္တာပို့ရင်တော့ ကုသိုလ်များ ရမှာပါ။
နောက်ဆက်တွဲအနေနဲ့ ဒါနရဲ့ အကျိုးတရားကို မျှော်ကိုးပြီး အလှူ မလုပ်စေချင်ဘူး။ ဘာ့ကြောင့်လဲ? အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် ရသင့်ရထိုက်တဲ့ အကျိုးတရားများစွာ ဆုံးရှုံးရလို့ ပါပဲ။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အင်းဝခေတ်တုန်းက အုတ်ကျောင်းကြီးကို လှူဒါန်းခဲ့တဲ့ နန်းမတော်မယ်နု ဆိုတာရှိတယ်။ သူလှူခဲ့တဲ့ကျောင်း ဖြစ်တဲ့အတွက် ယခုတိုင် နန်းမတော်မယ်နုအုတ်ကျောင်းရယ် လို့ နာမည်တွင်လျက်ရှိပါတယ်။ နန်းမတော်မယ်နုက အုတ်ကျောင်းကြီးကို ဆရာတော်ဦးဗုဓ်အား လှူဒါန်းပြီး ကိုးကွယ်ခဲ့တယ်။
တစ်နေ့ နန်းမတော်မယ်နုက ဆရာတော်ထံ အဖူးအမျှော် ရောက်ရှိလာတယ်။ သူပြုလုပ်ထားတဲ့ ဘုရားတည်၊ကျောင်းဆောက်စတဲ့ ကုသိုလ်လုပ်ငန်းများကို ဖေါ်ပြပြီး ဒီအလှူရဲ့အကျိုးတရားကို သိချင်ပါတယ်ဆိုတဲ့အကြောင်း ဆရာတော်အား လျှောက်ထားတယ်။ ဒီအခါ ဆရာတော်ဦးဗုဓ်က ဖလားတစ်လုံးထဲကို ရေအပြည့်ဖြည့်ခိုင်းပြီး “ဖလားထဲက ရေတွေကို ဟိုနားက သစ်ပင်ရင်းမှာ အားလုံးလောင်းခဲ့၊ ပြီးရင်ငါ့ ဆီပြန်လာခဲ့” လို့ မိန့်တော်မူပါတယ်၊ ဆရာတော် အမိန့်ရှိတဲ့အတိုင်း မယ်နုက သစ်ပင်ရင်းမှာ ရေသွန်ပြီး ဖလားပြန်ယူလာခဲ့ပါတယ်။ ထိုအခါ ဆရာတော် က “ဖလားထဲမှာ ဘာများပါလာတုန်း ကျောင်းအစ်မ” လို့ မိန့်တော်မူတော့ မယ်နုက “ ဖလားထဲမှာ အကန့်အသန့် ရေလောက်ပဲ ကျန်ပါတယ်ဘုရား” လို့လျှောက်တယ်၊ ဆရာတော်က “ ဒီလိုပါပဲ ကျောင်းအစ်မ ပြုတဲ့ကုသိုလ်က အကျိုးလိုလားပြီး ပြုတဲ့အတွက် ဖလားထဲ ကျန်တဲ့ ရေအကန့်အသန့်လောက်ပဲ အကျိုးရရှိမှာပါ” လို့ မညှာမတာ မိန့်လိုက်တယ်၊ မယ်နုဟာ စိတ်မဆိုးတဲ့အပြင် သဘောပေါက်ပြီး ပိုလို့တောင်ကြည်ညိုသွားပါတယ်။
ဆိုလိုတာက အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် အရနည်းတတ်တယ်၊ အကျိုးကို မမျှော်ဘဲ သဒ္ဓါတရားသက်သက်နဲ့ လှူဒါန်းရင် အကျိုးရတာ များတယ် ဆိုတာပါပဲ။

ဗုဒ္ဓအဘိဓမ္မာအရ မသိစိတ်ဆိုတာ ဘာစိတ်မျိုးလဲ

အမေး။ ။ဆိုက်ကိုလော်ဂျစ် စိတ်ပညာရှင်တွေ အဆိုအရ လူတစ်ယောက်မှာ သိစိတ်ဟာ (conscious) မသိစိတ်(subconscious mind)ထက် စွမ်းအားနည်းလှပါတယ်။ လူတစ်ယောက်မှာ သိစိတ်က (၁၀%)ရာခိုင်နှုန်းခန့်သာ ရှိပြီး၊ မသိစိတ်က (၉၀%)ရာခိုင်နှုန်းခန့် ရှိတယ် လို့ ယူဆကြပါတယ် ဘုရား။
လူတစ်ယောက်ဟာ မသိစိတ်ရဲ့စွမ်းအားတွေကို သိစိတ်နှင့် ယဉ်ပါးလာအောင် ပြုလုပ်နိုင်လျှင်(Unify) လုပ်နိုင်လျှင် အဘက်ဘက် အရာရာ ထူးချွန်လာနိုင်တယ်လို့ ကြားဖူးပါတယ်ဘုရား။
တပည့်တော်သိချင်တာက ဗုဒ္ဓ အဘိဓမ္မာမှာ မသိစိတ် ဟာ ဘယ်လိုစိတ်မျိုးလဲ ဆိုတာကို အနီးစပ်ဆုံး တွေးတောလို့ ရနိုင်ပါသလဲ ဘုရား။
ကိုကိုအောင်
ဆန်ဖရန်စစ္စကို

အဖြေ။ ။မသိစိတ်နဲ့ ပတ်သက်ပြီး (ဆိုက်ကိုလော်ဂျစ်) စိတ်ပညာရှင်အချို့က “ဘ၀င်စိတ်” လို့ ယူဆကြတယ်ဆိုတာ သိရပါတယ်။ ဒါပေမယ့် ဗုဒ္ဓရဲ့ အဘိဓမ္မာအရ အနီးစပ်ဆုံး တွေးကြည့်ပါက “ မောဟ” စိတ်ဖြစ်ဖို့များပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် မောဟ စိတ်ဟာ ပုထုဇဉ်လူသားတစ်ယောက်ရဲ့ဘ၀ကို အတော်မျာများ နေရာယူထားလို့ပါပဲ။ မောဟ တရားရဲ့ ဆိုလိုရင်းမှာ အမှန်တိုင်းမသိခြင်း ဖြစ်တယ်။
မောဟတရား နှစ်မျိုးရှိတယ်။ အနုသယမောဟ နှင့် ပရိယုဋ္ဌာနမောဟ တို့ဖြစ်ကြတယ်။ ‘အနုသယ’ ပါဠိက ငြိမ်ဝပ်ခြင်း၊ ကိန်းအောင်းနေခြင်း ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ‘ပရိယုဋ္ဌာန’ ပါဠိက ထကြွခြင်း ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။
သတ္တ၀ါတို့ရဲ့သန္တာန်မှာ သိထိုက်တဲ့တရားမှန်သမျှကို မသိအောင် ဖုန်းကွယ်ထားတတ်တဲ့ ဓါတ်သတ္တိတစ်မျိုး ကိန်းအောင်းနေတယ်။ အဲဒီဓါတ်သတ္တိကို ‘အနုသယမောဟ’ လို့ခေါ်တယ်။ သောတာပန်၊သကဒါဂါမ်၊ အနာဂါမ် အရိယာများတောင်မှ အနုသယမောဟကို အဆင့်ဆင့်ပါးလှပ်ရုံသာ ဖြစ်ပြီး အဆင့်လိုက် ကိန်းအောင်းမြဲ ကိန်းအောင်နေခြင်း ဖြစ်တယ်။ ရဟန္တာဖြစ်မှ ပြတ်စဲပါတယ်။
တစ်ဖန် စိတ်နှင့်တွဲဖက်ပြီး မောဟ ဖြစ်လာပြီဆိုရင် အကုသိုလ်စိတ်သာ ဖြစ်ဖို့များပါတယ်။ ထိုအကုသိုလ်စိတ် ဖြစ်ပြီဆိုရင် အမှားအမှန်ကိုလည်း မသိတော့၊ သင့်/မသင့်ဆိုတာကိုလည်း မသိတော့၊ ထိုပရိယုဋ္ဌာနမောဟ ဖုန်းကွယ်မှုကြောင့် ပညာရှိများတောင်မှ ဒုစရိုက်အမှုများ ပြုမိတဲ့ အဖြစ်သို့ ရောက်ရတော့တယ်။ သာဓကတစ်ခု ထုတ်ပြပါ့မယ်။
တစ်ခါတုန်းက ဟရိတ ဆိုတဲ့ ဘုရားအလောင်းရသေ့ဟာ ဟိမ၀န္တာတောမှာ နေထိုင်ပြီး ဈာန်အဘိညာဏ်တွေရရှိပါတယ်။ တစ်နှစ်မှာ ဟိမ၀န္တာမှာ မိုးများတဲ့အတွက် ဗာရာဏသီမြို့သို့ လာခဲ့ပါတယ်။ ဗာရဏာသီပြည့်ရှင်မင်းက ရသေ့အား မြင် မြင်ခြင်း အလွန် ကြည်ညိုတဲ့အတွက် မင်းရဲ့ ဥယျာဉ်တော်မှာ နေထိုင်ဖို့ရာ ပြောပါတယ်။ တစ်နေ့ ဗာရဏာသီမင်းက သူပုန်များအား နှိမ်နှင်းဖို့ တိုင်းစွန် ပြည်ဖျားသို့ ထွက်ခါနီး မိဖုရားအား သူ့ဆရာရသေ့အား ကြွလာရင် ဆွမ်းလောင်းဖို့ မှာကြားပြီး စစ်မြေပြင်ထွက်ခဲ့တယ်။
မိဖုရားကြီးလည်း ဖြီးလိမ်းပြင်ဆင်ကာ ဆရာရသေ့ အလာကို စောင့်မျှော်နေပါတယ်။ ရသေ့ကလည်း အချိန်တန်တော့ ဈာန်အဘိညာဏ်ဖြင့် ကောင်ကင်ခရီးကနေ ကြွလာပြီး မိဖုရားရဲ့တိုက်ခမ်းလေသာ ပြူတင်းကနေ ၀င်ခဲ့ပါတယ်။ အဲဒီမှာ ရသေ့ရဲ့ လျှော်တေ သင်္ကန်း နဲ့ ပွတ်တိုက်တဲ့အသံကို ကြားလိုက်ပါတယ်။ မိဖုရားဟာ လန့်ဖြန့်ပြီး ထိုင်နေရာကနေ မတ်ရပ်လိုက်တဲ့အချိန်မှာ သူ့ရဲ့ခါးအ၀တ် အောက်ကို လျှောကျသွားတယ်။ အဲဒီအခြေအနေကို တွေ့မြင်လိုက်ရသောအခါ ကိန်းဝပ်နေတဲ့ အနုသယမောဟများဟာ စိတ်နှင့်တွဲဖက်ကာ ပရိယုဋ္ဌာနမောဟအသွင် ရောက်ရှိသွားပါတယ်၊ ရသေ့လည်း မောဟရဲ့ ဖုန်းကွယ်မှု ကြောင့် ဘာကိုမှ မမြင်တော့ဘဲ တဏှာလောဘဖြစ်ကာ မိဖုရားနဲ့ ကျုးလွန်ခဲ့ရတဲ့အဖြစ်ကို ရောက်ခဲ့တော့တယ်။ ဒါဟာ လူတစ်ယောက်မှာ အားကြီးတဲ့ မောဟ တရားကြောင့်ဆိုတာ သိသာလှပါတယ်။ဒါကြောင့် လူတစ်ယောက်မှာ ရာနှုန်းအတော်များများ နေရာယူနေတဲ့ မသိစိတ်ဆိုတာ ‘မောဟ’ ဖြစ်နိုင်ကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More