Saturday, August 7, 2010

စိတ်ထားမကောင်းသူကို တရားဟောရင်အပြစ်ရှိ/မရှိ

အမေး။ ။စိတ်ထားမကောင်းသူကို တရားဟောရင် ဟောတဲ့သူမှာ အပြစ်ရှိ-မရှိသိချင်ပါတယ်ဘုရား။ နောက်တစ်ခုက ၅၅၀နိပါတ်တော်လို့ အရေ အတွက်ရှိပါလျှက် ၄၈၀ ကျော်ပဲရှိတယ်ဆိုတာ မှန်-မမှန် တပည့်တော်သိချင်ပါတယ်ဘုရား။
ဖိုးလပြည့်
မြိတ်)

အဖြေ။ ။စိတ်ထားမကောင်းသူကို တရားဟောရင် အပြစ်ရှိ-မရှိဆိုတာနဲ့ပတ်သက်ပြီး ပါဠိတော်များမှာ မတွေ့ရပါ။ ဒါပေမဲ့ တရားမဟောအပ်တဲ့ ပုဂ္ဂိုလ်များကို တရားဟောရင် ဒုက္ကဋ်အာပတ်သင့်စေ(အပြစ်ဖြစ်တယ်)ဆိုတာတော့ ဘုရားဟောထားတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးပါတိမောက် ဘာသာဋီကာမှာ တရားမဟောအပ်တဲ့ပုဂ္ဂိုလ် ၁၆-ဦးကို ဖေါ်ပြထားပါတယ်။
ဖေါ်ပြမဲ့ ၁၆ ဦးဟာ ကျန်းမာလျှက်ရှိနေမယ်ဆိုရင် တရားမဟောအပ် ဟောတဲ့သူမှာ အပြစ်ရှိတယ်၊ မကျန်းမမာဖြစ်နေတယ်ဆိုရင်တော့ အပြစ်မရှိ လို့ ယူရပါ့မယ်။
(၁) လက်မှာ ထီးကိုင်ထားသူ။ (၂)လက်မှာ လေးတောင်လောက်ရှိတဲ့ ဒုတ် ကိုင်ဆောင်ထားသူ။ (၃) ဓား၊လက်နက်စတာတွေ ကိုင်ဆောင်ထား သူ။ (၄)လက်မှာ လေး မြှားကိုင်ဆောင်ထာားသူ။ (၅)ခြေနင်း ခုံဖိနပ် စီးထားသူ။ (၆)အခြားဖိနပ်များစီးထားသူ။ (၇)လှည်း၊ရထားစတဲ့ယာဉ်ပေါ် တက်ရောက်နေသူ။ (၈)အိပ်ရာပေါ်မှာနေသူ။ (၉) ဒူးထောင်ပြီး လက်အ၀တ်တို့နဲ့ ပတ်ဖွဲ့ထိုင်နေသူ။ (၁၀)ခေါင်းပေါင်းကြီး ကုလားများပေါင်းသလို ဦးခေါင်းကို ဆံစမပေါ်အောင် ရစ်ပတ်ပေါင်းထားသူ။ (၁၁)ခေါင်းမြီးခြုံထားသူ။ (၁၂) တရားဟောသူကအခင်းမပါ မြေပေါ် ထိုင်ရက်နဲ့ အခင်းပေါ် ခုံပေါ်ထိုင်နေသူအား တရားမဟောရ။ (၁၃) တရားဟောသူက နိမ့်နဲ့နေရာမှာနေပါရက်နဲ့ မြင့်မောက်တဲ့နေရာမှာထိုင်နေတဲ့ သူအား တရားမဟောရ။ (၁၄) မတ်မတ်ရပ်နေသူက ထိုင်နေသူအား တရားမဟောရ။ (၁၅) ခရီးသွားစဉ် နောက်ကလိုက်သူက ရှေ့ကသွားနေသူ အား တရားမဟောရ။ (၁၆) လမ်းဘေးမှာသွားသူက လမ်းအပေါ် သွားနေသူကို တရားမဟောရ။
ဒီနေရာမှာ သတိထားစရာတစ်ခုက တရားဟောတယ်ဆိုတဲ့နေရာမှာ အဋ္ဌကထာဆိုင်ရာ ပါဠိဘာသာဖြင့် ပြောဟောမှသာ တရား အရယူရပါမည်။ အဋ္ဌကထာဆိုင်ရာပါဠိဘာသာစကားမှတစ်ပါး အခြားဘာသာစကားများဖြင့်ကား ဟောကောင်းတယ်လို့ မှတ်ရပါမယ်။
ဒုတိယအမေးတစ်ခုက ငါးရာငါးဆယ်ဇာတ်တော်အနက် ဇာတ်တော် လေးရာရှစ်ဆယ်ကျော် ရှိတယ်ဆိုတာ မဟုတ်ပါဘူး။
အမှန်က ငါးရာငါးဆယ်ဇာတ်တော်မှာ အားလုံးပေါင်းရှိတာက ၅၄၇-ဇာတ်ရှိပါတယ်။ ဘာ့ကြောင့် ၅၄၇-သုတ်ထဲရှိတာကို ငါးရာငါးဆယ်လို့ ပြောရတာလဲဆိုရင်- ဇာတ်တော် ၅၄၇-ဇာတ်သာရှိပေမဲ့ ငါးရာငါးဆယ်နဲ့နီးစပ်တဲ့အတွက် သင်္ချာအပြည့်အားဖြင့် ငါးရာငါးဆယ်လို့ သမှတ်ခေါ်တွင် ခဲ့ခြင်းဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး… ဗုဟုသုတဖြစ်ဖွယ်ရာကို ဆက်လက်ပြောပါဦးမယ်။
ရှေးပညာရှင်များက ဇာတ်တော် ငါးရာငါးဆယ် ပြည့်အောင် ဖြည့်သွင်းရေတွက်ခဲ့ကြတာလည်း ရှိပါတယ်။ ပုဂံအာနန္ဒာလှိုင်ဂူနဲ့ မင်းဘုရားရှိ ဇာတ်ရုပ်ပုံများမှာ ငါးရားငါးဆယ် အပြည့် ဖြည့်သွင်းထုလုပ်ခဲ့ကြပါတယ်။ အင်းဝခေတ် စနေမင်းလက်ထက် ဒုတိယညောင်စည်ရွှေ ကျောင်းဆရာတော် ရေးသားတော်မူတဲ့ ‘ရှင်တိသာသနဓဇ အဆက်အနွယ်စာတမ်း’မှာတော့ မာရ်အောင်ရတနာဘုရားတွင် ဇာတ်တော် ငါးရာငါးဆယ်ပြည့်အောင်(၁) မဟာဂေါဝိန္ဒသုတ်၊ (၂)သစ္စာဝှယဇာတ်၊(၃)မဟာလောမဟံသဇာတ်တို့ကိုဖြည့်သွင်းလိုက်တဲ့အခါ သံဃာတော်များ က မသင့်ကြောင်း တားမြစ်တဲ့အတွက်ကြောင့် ပယ်ဖျက်ခဲ့ရတာလို့ ဆိုပါတယ်။ ပုဂံဝန်ထောက်ဦးတင်က (၁)ဝေလာမဇာတ်၊ (၂)မဟာဂေါဝိန္ဒဇာတ်၊ (၃)သုမေဓပဏ္ဍိတဇာတ်တို့ကို ဖြည့်သွင်းရေသားခဲ့ပါတယ်။
ဘယ်လိုပဲဖြည့်သွင်းကြပါစေ၊ တကယ်တမ်း ပိဋကတ်တော်လာ ဇာတ်တော်များဟာ ၅၄၇ သာ ရှိတယ်လို့သာ မှတ်ရမှာဖြစ်ပါကြောင်း

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More