Tuesday, August 4, 2009

ပြန်လည်ပြင်ဆင်ချက်

မြတ်စွာဘုရား ဟောတဲ့ တရားဟာ ဘယ်တော့မှ မမှားပါဘူး၊ သို့သော် မြတ်စွာဘုရားရဲ့ တရားတော်ကို ပြန်လည်ပြီး တဆင့်ဟောကြတာက မှားကြတာပါ ၊ မှားတယ်ဆိုတာ နဲနဲမှားလည်း မှားတာပဲ၊ များများ မှားလည်း မှားတာပဲ၊ ဘုရားရှင်ကတောင် မိန့်ထားတာရှိပါသေးတယ်။ ငါဘုရားဟောတဲ့ တရားတော် မှန်တယ်လို့ မယူဆနဲ့ဦး တဲ့။ ဆိုလိုတာက ကိုယ်ဟောလိုက်တဲ့တရား မှန်ရင် အဝေဖန်ခံနိုင်ရပါမယ်၊ ငါ့ဟောတဲ့တရားဟာ အမှန်ချည်းပဲ၊ အမှားမပါဘူး၊ လို့ ဒီလို တစ်ထင့်ချ ပြောလို့လည်း မရပါဘူး။ ဆိုရေးရှိက ဆိုအပ်စွ ဆိုတာလို ကိုယ်ဟောတဲ့ တရားထဲမှာ အမှားမပါရင် ဘယ်သူမှ ထောက်မှာလည်း မဟုတ်ဘူး။ မှားတဲ့အရာလေးတွေကို အများသိအောင် ဒါက မှားနေတယ်၊ဒါကမှန်နေတယ်လို့ စေတနာနဲ့ရှင်းပြတာကို လက်ခံရမယ်။ လက်မခံနိုင်ရင် မှားတာကို မှားတယ်လို့ လက်မခံတဲ့သူမှာ အဓမ္မဖြစ်သွားပါလိမ့်မယ်။ ဓမ္မာဝါဒီသမားများဟာ ဘယ်အခါမဆို အပြောခံနိုင်ရတယ်။

ဒီလိုသာ စကားကပ်ပြောလို့ကတော့ ဘယ်တော့မှ ပီးနိုင်တဲ့ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာ မဟုတ်ဘူး။ သစ္စကပရိဗိုဇ်အကြောင်း ပို့စ်ကို နမူနာယူပါ။
တစ်ခါက စာရေးဆရာကြီး ရွှေဘိုစောလွင်ဆိုတာရှိတယ်။ စာရေးသူအား စာပေနဲ့ပတ်သက်ပြီး မြန်မာစာကို ထိမ်းသိန်းဖို့ ရယ်၊ စာရေးတဲ့အခါ စာနဲ့ စကား ကွဲကွဲပြားပြားဖြစ်အောင် ရေးဖို့ရယ်ကို တယ်လီဖုန်းနဲ့ လမ်းပြီး ပြောပါတယ်။ စာရေးသူက စာရေးခါစဆိုတော့ ဖြစ်မှာပဲ၊ ဒါပေမယ့် သူထောက်ပြတာကို ကြည့် ပြီး ဟုတ်နေတာတွေ့တော့ ရွှေဘိုစောလွင်ကို ကျေးဇူးအရမ်းတင် သွားတယ်၊ သူထောက်ပြလို့လဲ ကိုယ့်အမှားကို ကိုယ်သိသွားပြီး အမှန်ကို ပြင်နိုင်သွားတယ်၊ သတိထားလို့ရသွားတယ်လေ။
ဆိုလိုတာက တရားအများကြီးထဲက တစ်ခုမှားနေတယ်ဆိုရင် အဲဒီတစ်ခုကို ပြင်နိုင်ရပါမယ့်၊ ဒါ သူတော်ကောင်းတို့ရဲ့အလုပ်ပါ။ ယခုလို အမှားကို ဝေဖန်ထောက် ပြတာကို လက်မခံနိုင်ရင် လက်မခံနိုင်သူရဲ့ တာဝန်သာဖြစ်တယ်၊ အမှားထောက်ပြသူရဲ့ တာဝန်မဟုတ်ပါဘူး။
တကယ်လို့ အမှားထောက်ပြသူ ဆောင်းပါးရှင်ကို ရင်ဆိုင်ဖြေရှင်းခြင်တယ်ဆိုရင်လည်းရပါတယ်။ ဆောင်းပါးရှင်ကလည်း အချိန်မရွေး ဖြေရှင်းနိုင်ပါတယ်လို့ ဖိတ်ခေါ်ထားကို ဆောင်းပါး အဆုံးမှာ ဖတ်လိုက်ရပါတယ်။
စာရေးသူအနေနဲ့ ဒီ ခေါင်းစဉ်လေးကိုတော့ ဖြုတ်ပေးဖို့ ၀န်မလေးပါဘူး။ ဖြုတ်ပေးလို့ရပါတယ်။ ကိုယ်လုပ်ထားတာ ကိုယ်အဖြုတ်ခံနိုင်ပါ တယ်။ ဘာကြောင့်လည်းဆိုတော့ သာသနာပြုတဲ့သူများဟာ ပရဟိတ အများအကျိုးသက်သက် ဖြစ်ကြလို့ပါပဲ။
ဒါကြောင့် ခေါင်းစဉ်ကို "သန့်-တည်-ပွား တို့ရဲ့ ဟောကွက်အမှားများကို ထောက်ပြခြင်း" လို့ခေါင်းစဉ်တတ်ပေးလိုက်ပါတယ်။
တစ်ခုသတိထားဖို့ ပြောလိုက်ပါရစေ ပုထုဇဉ်ဆိုတာ မမှားတတ်တဲ့သူ မရှိပါဘူး၊ အဲ ...မှားတာကိုသိရင် မှန်တာကို ယူရမှာက စာရေးသူတို့ ပုထုဇဥများရဲ့ အလုပ်ပါ။

1 comments:

ဆရာတော်ဘုရား၏စေတနာနှင့်ရည်ရွယ်ချက်ကိုသဘောပေါက်နားလည်ပါတယ်
အမှားများကိုစိစစ်ပေးနိုင်ပါစေဘုရား

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More