Saturday, March 14, 2009

ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်း

ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်း ပထမအကြိမ် ဖြစ်မြောက် အောင်မြင်သွားတဲ့အတွက် ၀မ်းသာပီတိက ပြောမပြတတ်အောင်ပါ။
သင်တန်းသား/သူများက တစ်ရာနှင့် တစ်ဆယ်စွန်းလောက် ရှိပါတယ်။
ပထမဦးဆုံး အကြိမ်ဆိုတော့ အားနည်းချက် ၊ လစ်ဟာချက်တွေ ရှိကောင်းရှိပေမယ့် အဘက်ဘက်က ဒေါင့်စေ့အောင် လုပ်ဆောင် ကြတဲ့ အတွက် ၉၅%လောက် အောင်မြင်တယ်လို့ ဆိုရပေမပေါ့။
ဘာကြောင့်ဆိုရင် သင်တန်းသူများကို ဗုဒ္ဓယဉ်ကျေးမှုစာပေသာမက ဘာသာရေး အသိဥာဏ်၊ ကိုးကွယ်မှုဆိုင်ရာ စတာတွေကို သင်တန်း နည်းပြ ဆရာတော်များက သင်ပြပေး ဟောပြပေးရုံတင်မက ၊ စာရေးသူကလည်း ညဖက် ကလေးတရားပွဲကို ဟောပြောပေးတဲ့ အတွက် အလွန်ထိရောက်တဲ့ စနစ်တစ်ခု ဖြစ်တာတွေ့ရပါတယ်။
သင်တန်းအတွင်း တစ်နေ့ သင်သန်းသား ကိုရင်တစ်ပါးရဲ့ အမိအဘများလာရောက်တွေ့ဆုံစဉ်...
အမေ " ကိုရင်.....သင်တန်းတက်ရတာ ပျော်ရဲ့လား"
ကိုရင် " ပျော်ပါတယ် ဒကာမကြီး.............ကိုရင်တစ်ခုပြောချင်တယ်"
အမေ " ပြောလေ....ကိုရင် အမေနားထောင်နေပါတယ်"
ကိုရင်" မေမေ.........သားလေ သင်တန်းပြီးလို့ အိမ်ပြန်တဲ့အခါ အိမ်မှာ ဆွဲထားတဲ့ အုံးဆွဲလဲကြီးကို ဖြုတ်လိုက်ရအောင်နော် အမေ"
အမေ က၀မ်းသာလျှက် " ကောင်းလိုက်တာကိုရင်ရယ်.........အမေ၀မ်းသာလိုက်တာ......အိမ်ရောက်ရင်လေ ကိုရင်စိတ်တိုင်းကျ ဖြစ်ရပါ စေ့မယ် ကိုရင်.....ကိုရင် အိမ်ပြန်လာတဲ့အခါ အမေ ဒီအုန်းသီးဆွဲလဲကို ဖြုတ်ပေးပါ့မယ်ကိုရင်နော......"
အဲဒါဟာ သင်တန်းရဲ့ ရလာဒ် တစ်စိတ်တစ်ဒေသပဲ ရှိပါသေးတယ်
ပြောလိုတာကတော့ ဒီသင်တန်းမျိုးဟာ အနာဂတ်မျိုးဆက်သစ်လေးကို ဘာသာရေးအတွက် အလွန်ထိရောက်တဲ့အတွက် အနယ်နယ် အရပ်ရပ်မှာ ပြုလုပ်သင့်နေပြီ ဆိုတာကိုပဲ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်များဖြစ်တဲ့ သံဃာတော်များမှာ တာဝန်ပိုရှိတယ်လို့ ထင်မိ ပါတယ်။
နောင်လာမည်နှစ်မှာလည်း သင်တန်းသားတိုးချဲ့လက်ခံသွားမယ်လို့လည်း ရည်ရွယ်ထားပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် နောင်တစ်ချိန် အေးရိပ်ချောင် မဟာစည်သာသနာ့ရိပ်သာမှာ သင်တန်းသား/သူများ တစ်ထောင်ကျော်မက ရှိလာနိုင်လို့ပါပဲ။
ယခုလာမည့်နှစ်တောင်မှ ယခုတက်ရောက်တဲ့ သင်တန်းသားအားလုံးလောက်နီးနီး ပြန်လာချင်တဲ့ ဆန္ဒကို သူတို့လေးတွေရဲ့ ရင်ဖွင့်သံကို ကြားရလို့ပါပဲ...................



Type the rest of your post here.

1 comments:

အရှင်ဘုရား
အုန်းဆွဲတာ ဖြုတ်ဘို့ ကိုရင်လေးက အမေ ကို ပြောတာ လေးက မေတ္တာလေးနဲ့ ပညာလေးနဲ့...ကြည်နူးစရာ...
တပည့်တော် ဖတ်ရတာ အလွန် ဝမ်းမြောက်ပီတိဖြစ်ရပါတယ် ဘုရား..
မြန်မာ ရောက် လျင်လာ ရောက်ဖူးမျှော်လေ့လာ ပါရစေဘုရား။
ဘုန်းဘုန်း ကျန်းမာ ချမ်းသာ ပါစေရန် ရိုသေစွာ ဆုတောင်းမေတ္တာ ပို့သ ပါတယ်..။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More