This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, May 29, 2008

နှစ်ငါးဆယ်ပြည့် ရွှေရတု ပျားရည်ဆွမ်းလောင်းလှူပွဲကြီး

ကတန်ကျွန်းသည် မြိတ်ကျွန်းပေါင်း (၈၀၀)ခန့်ရှိသည့်အနက် အလျား(၁၈)မိုင်၊ အနံ(၁၂)မိုင် ရှိသည့် အကြီးမားဆုံးသော ကျွန်းဖြစ်သောကြောင့် ထိုကတန်ကျွန်းကို ကျွန်းဘုရင် ဟု ခေါ်ကြသကဲ့သို့ ကျွန်းစု ဟုလည်း ခေါ်ခဲ့ကြပေသည်။ ယခုအခါ ထိုကတန်ကျွန်းကြီးတွင် ရွာပေါင်း (၂၀)ခန့်ရှိပြီး ကတန်ကျွန်းကို မူတည်၍ ကျွန်းစုမြို့နယ်ဟု ခေါ် ကြပါသည်။ ထိုကျွန်းစုမြို့နယ်အတွင်း ထိန်းချောင်းအမည်ရှိ ကျေးရွာတစ်ရွာလည်းရှိပေသည်။ ထိုရွာတွင် အောင်တော်မူသာသနာ့ရိပ်သာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့တွင် ပျားရည်ဆွမ်းလောင်းလှူလာခဲ့ကြရာ (၁၉၅၈)ခုနှစ်မှသည် (၂၀၀၈)ခုနှစ်အထိ နှစ်ငါးဆယ်တိုင်ခဲ့ပြီ ဖြစ်သောကြောင့် ယခုအခါ နှစ်ငါးဆယ် ရွှေရတု အထိမ်းအမှတ်ဖြင့် ပျားရည်ဆွမ်းလောင်းလှူပွဲ ကို စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ ထိုပွဲတွင် ပျားရည်လာရောက်အလှူခံတော်မူကြသော သံဃာတော်များမှာ (၁၃၀)ပါး အရေအတွက်ရှိပြီး၊ သီလရှင်များမှာ (၄၀)ခန့် ၊ စုစုပေါင်း (၁၇၀)ခန့် ရှိပါသည် ။ ထိုပွဲတွင် ပတ်ဝန်းကျင်မှ ရွာများဖြစ်ကြသော ကတ္တလူရွာ၊ မရမ်းချောင်းရွာ၊မအိုင်ရွာ၊ ပန်းဆွတ်ရွာ၊ ရေခပ်ဆိပ်ရွာ၊ ဆားဖိုရွာ၊ သန္တာကျွန်း(ယခင်ကုလားကျွန်း)၊ကျွန်းစုမြို့တို့မှ စေတနာရှင်များက ပျားရည်ဆွမ်းလာ ရောက်လောင်းလှူကြကြောင်း သိရှိရပါသည်။

Type the rest of your post here.

Wednesday, May 28, 2008

info လေးတောင်မှ ချမ်းသာမပေးဘူး၊ အပိတ်ခံလိုက်ရပီ၊ အလကားနေ အားနေသလားမသိဘူး၊ ပိတ်ပဲပိတ်နိုင်လွန်းတယ်။

Type your summary here.

Type the rest of your post here.

info လေးတောင်မှ ချမ်းသာမပေးဘူး၊ အပိတ်ခံလိုက်ရပီ၊ အလကားနေ အားနေသလားမသိဘူး၊ ပိတ်ပဲပိတ်နိုင်လွန်းတယ်။

Type your summary here.

Type the rest of your post here.

တစ်ခါတုန်းကသြ၀ါဒ

မြိတ်မြို့-မဟာဂန္ဓာရုံတိုက်ခွဲ ဘုရားငါးဆူပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်အ၀င်အပါ ဆရာတော်(၃)ပါး၏ ဂုဏ၀ိသိဋ္ဌပူဇာ အထိမ်းအမှတ်ထုတ် စာအုပ်၌ စာမူချီးမြှင့်ပေးပါရန် တောင်းခံလာသည့်အတွက် အောက်ပါဆောင်းပါးကို ရေးသားပြီးသည်နှင့် online စာဖတ်ပရိသတ်များ ဖတ်နိုင်စေရန်အတွက် တစ်ခါတုန်းကသြ၀ါဒ ဟူသည့် ဆောင်းပါးကို ပို့စ်တင်ပေးလိုက်ပါကြောင်း ၊ စာရှုသူများ ကျန်းမာချမ်းသာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေ။
တစ်နေ့ စာရေးသူထံ လူတစ်ယောက် ရောက်ရှိလာကာ “ အရှင်ဘုရား…..တပည့်တော် အရှင်ဘုရားကို တွေ့ချင်နေတာနဲ့အတော်ပဲ၊ ဒီမှာ ဦးက၀ိသာရက အရှင်ဘုရားကို စာပေးခိုင်းလိုက်လို့ပါဘုရား” ဟုပြောကာ စာတစ်စောင် ထုတ်ပေးပါသည်။ စာရေးသူလည်း ဘာများပါလိမ့် ဟု ပေးစာကို ဖွင့်ကြည့်ရာ ဘုရားငါးဆူစာသင်တိုက်မှ ပဓာနနာယက ဆရာတော်ထံမှ စာရေးသူအား စာမူတောင်းခံလာသော စာဖြစ်နေပါသည်။
သို့နှင့်ကျရာဝန်တာ မနေသာ ဟုဆိုသကဲ့သို့ စာရေးသူအား ကျေးဇူးများခဲ့သည့် မိခင်ကျောင်းတော်ကြီးဖြစ်သည့်အပြင် ဘွဲ့ရရှိခဲ့သည့် ဆရာတော်သုံးပါးအနက် နိုင်ငံတော်မှ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံခဲ့ရသော ပဓာနနာယကဆရာတော် ဦးက၀ိသာရာလင်္ကာရထံတွင် သာမဏေသကျသီဟစာဝါများနှင့်ပထမပြန်စာဝါများပါ လိုက်ခဲ့ရ၍လည်း ဆရာတော်နှင့် ဘုရားငါးဆူကျောင်းတိုက်ဆိုလျှင် စာရေးသူအတွက် အလွန်ကျေးဇူးများလှပါသည်။

ယခုအခါ ဆရာတော်ဦးစီးသော ဘုရားငါးဆူပရိယတ္တိစာသင်တိုက်ကြီးသည် ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်ဘုရား ကြီး၏ မူဝါဒအတိုင်း စာပေများကို အခြေခံကစ၍ ပို့ချပေးခဲ့သည်မှာ ယနေ့အထိတိုင်ပင်၊ ယခုလည်း စာပေများကို ပို့ချဆဲ နောင်လည်း ပို့ချနေဦးမည်မှာ ဖြစ်သောကြောင့် သာသနာတော်အတွက် အားတက်ဖွယ်ရာကောင်းလှပါသည်။ အဘယ်ကြောင့်နည်း၊ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာဟု သာသနာသုံးရပ်ရှိရာတွင် သာသနာတော်နှောင်ရေး စိတ်အေးစေရန်မှာ ပရိယတ္တိသာသနာသာဖြစ်ပါသည်။ သို့သော်လည်း ပဋိပတ္တိ ကင်းလျှက် ပရိယတ္တိပြုလုပ်မည်ဆိုပါက ထိုပရိယတ္တိသည် အခြေခိုင်သော ပရိယတ္တိ မဖြစ်လာနိုင်ပေ။ ပဋိပတ္တိတွင် ကျင့်သုံးမှုသီလတရားလည်းပါနေသောကြောင့် သီလအခြေခံထားသည့် ပရိယတ္တိသာလျှင် သာသနာအရှည်တည်နိုင်သောကြောင့် ပဋိပတ္တိမကင်းသည့်ပရိယတ္တိဖြစ်ဖို့ လိုအပ်လှပေသည်။ ထို့အတူ ပရိယတ္တိအခြေခံ မရှိသော ပဋိပတ္တိသည်လည်း တာရှည်ခံနိုင်ခြင်းမရှိပေ။ (လောကတွင် လွဲမှားသော ဆန်းပြားသော နည်းနိဿယများ ပေါ်ထွန်းနေသည်ကို သတိပြုပါ)။ ထို့ကြောင့် ပဋိပတ္တိသည်လည်း ပရိယတ္တိမကင်းသည့် ပဋိပတ္တိဖြစ်ရန် အရေးကြီးပေသည်။
ဤနေရာ၌ ပရိယတ္တိသာသနာနှင့်ပတ်သက်၍ သင်ကြားမှုစနစ်( Education system) ကို တင်ပြလိုပါသေးသည်။
ယနေ့ခေတ် စာသင်နည်းတို့သည် အမျိုးမျိုးအဖုံဖုံ ရှိသည့်အနက် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ စာသင်နည်းသည် သာမဏေငယ်များ ရဟန်းငယ်များ သဘောပေါက်လွယ်သည့်အပြင် ပါဠိအခြေခံစာပေကို အပိုအလိုမရှိ သင်ကြားပို့ချတော်မူခဲ့ကြသည့်အတွက် အချိန်တိုအတွင်း ဖတ်နိုင်၊ရေးနိုင်၊အဋ္ဌကထာများကို ပိုင်နိုင်စွာကြည့်ရှုလာနိုင်ခဲ့ကြခြင်း ဖြစ်သောကြောင့် ဆရာတော်ဘုရားကြီး၏ စာသင်နည်းသည် ခေတ်လူငယ်များအတွက် အကောင်းဆုံးသော စာသင်နည်းစနစ်တစ်ခု (The best education system) ဟု တင်စားပြောဆိုလိုက်ရပါသည်။
တစ်နေ့သ၌ စာအံနေသည့် သီလရှင်လေးတစ်ပါးကို အကဲခတ်ကြည့်မိပါသည်၊ သူမသည် သဒ္ဒါကြီးပါဠိ ၀ုတ္တိ ဥဒါဟရုဏ်များကို ပင်ပမ်းစွာ ကျက်နေရသည့်အပြင် စာလုပ်နေသည်မှာ ကြာပြီဖြစ်သော်လည်း သဒ္ဒါရုပ်တွက်များ ရုပ်ပြီးပုံများကို သေသေချာချာ ဂဃနဏ မသိသေး၊ နာမ်ဂုဏ်းစဉ်ဆိုလျှင်လည်း ဝေလာဝေး၊ မည်သည့်ဝိဘတ်က မည်သည့်အနက်အဓိပ္ပါယ်ထွက်သည်ကိုလည်း သိသလိုလိုနှင့်ဝိုးတ၀ါး ကျက်သာကျက်နေရသည် အဖြူအမဲ မသဲကွဲပေ။ သူမကိုမဆိုထားဘိ တစ်ချို့ စာသင်ငယ်များပင် သေသေချာချာ မသိသေးပေ။
ဤနေရာတွင် မဟာဂန္ဓာရုံတိုက်ခွဲတစ်ခုဖြစ်သည့် မြိတ်မြို့-ဘုရားငါးဆူစာသင်တိုက်ကြီး၏ ပါဠိစာပေအခြေခံ သင်ယူနည်းစနစ်သည်ကား မဟာဂန္ဓာရုံဆရာတော် ဦးဇနကာဘိဝံသ၏ နည်းစနစ်ဖြစ်သောကြောင့် အလွန်ကောင်းသည်ဟု ဆိုရပေမည်၊ အဘယ့်ကြောင့်နည်းဟူမူ- ရှေးဦးစွာ စတင်သင်ယူကြသော စာသင်ငယ်များအတွက် တွဲဖက်အခြေပြုသဒ္ဒါ စာအုပ်မှ နာမ်ဂိုဏ်းအားလုံးကို ဂိုဏ်းစဉ်နှင့်တကွ ၀ိဘတ်အနက်အဓိပ္ပါယ်ပါမကျန် သင်ယူကြရသည့်အပြင် ထိုနာမ်ဂိုဏ်းပြီးပါက ၀ါကျတစ်ကြောင်း၏ ကြိယာနေရာတွင် အသုံးပြုရသော အာချတ်ဂိုဏ်းစဉ်များကိုလည်း အနက်အဓိပ္ပါယ်နှင့်တကွ သင်ယူရပါသည်။ ထို တွဲဖက်အခြေပြုသဒ္ဒါ ကျေညက်လျှင် ပါဠိသိက္ခာ စာအုပ်ဖြင့် ပါဠိဝါကျစီ လေ့ကျင့်နည်းတို့ကိုပါ သင်ယူရ၍ ကျေညက်သောအခါ သဒ္ဒါကြီ်းကို မသင်ရသေးပေမယ့် ထိုစာသင်ငယ်တို့သည် အလိုရှိသလို ပါဠိဝါကျများကို ကျမ်းဂန်တတ်ပုဂ္ဂိုလ်အလား ရေးတတ်ဖတ်တတ်နေသည်မှာ ၀မ်းမြောက်အားရဖွယ်ရာ ကောင်းလှသောကြောင့် မဟာဂန္ဓာရုံတိုက်ခွဲ ဘုရားငါးဆူစာသင်တိုက်၏ သင်ကြားရေးနည်းစနစ်သည် ခေတ်မီသော ပညာသင်ကြားရေးစနစ် (Modern High Education System) ဖြစ်ပါသည်။
“သဒတ်မတာ စပ်မတာ, သဒ္ဒါမတတ် စာမတတ်” ဟူသည့် ဆိုရိုးစကားအတိုင်း သဒ္ဒါတတ်မှ စာတတ်ရကား သဒ္ဒါသည် ပိဋကတ်စာပေသင်ယူရာ၌ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။
သို့သော်လည်း သဒ္ဒါဘာသာရပ်ကို သင်ယူရာဝယ် သဒ္ဒါကြီးပါဠိကို ကျက်တူရွေး စာကျက်နည်းဖြင့် ကျက်နေမည်ဆို ပါက အချိန်သာကုန်၍ အကျိုးမရှိသည်ကို တွေ့မြင်ရပေမည်။ အဘယ်ကြောင့်နည်းဟူမူ သဒ္ဒါကြီးပါဠိ (၀ုတ္တိ ဥဒါဟရုဏ်)များကို ပင်ပမ်းစွာကျက်နေခြင်းဖြင့် စာသင်သားသာမဏေငယ်၊သီလရှင်ငယ်များအဖို့မူကား သဘောအဓိပ္ပါယ်ကို လွယ်လွယ်ဖြင့်မသိမြင်နိင်ပေ။ စာသင်သည်ဆိုရာဝယ် ထိုစာ၏ အနက်အဓိပ္ပါယ်ကို အခြေကျကျ သိမြင်လျှင် ကောင်းပါသည်။ ထိုသို့မဟုတ်ပါက ကျက်တူရွေးစာကျက်နည်းဖြင့် ကျက်နေမည်ဆိုပါက ဦးနှောက်ကို အလကားဖြုန်းတီးရာ ရောက်နေပေသည်။ ထို့ကြောင့် “လိုအပ်တာထက် ပိုပြီးတော့ အာဂုံ ကျက်ခြင်းဟာ ဦးနှောက်ကို အလကားဖြုန်းတီးခြင်းပါပဲ” ဟု အထင်ကရာ ဆရာတော်ကြီးတစ်ပါးကလည်း မိန့်ကြားဖူးပါသည်။
ဆိုလိုသည်မှာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ စာသင်နည်းကား ယနေ့ခေတ် စာသင်ပျိုတို့အတွက် အမှန်တကယ် စာတတ်သော စာသင်နည်းတစ်ခု ဖြစ်နေသည်ကို ယနေ့ခေတ် အမြင်ဖြင့် သတိထားသင့်ပေသည်။
ယနေ့ခေတ် ပါဂျဲရိုး ပါရာဒိုစသည့် ခေတ်မီကားများကြားဝယ် မင်းတုန်းမင်းလက်ထက်မှ ဘွိုင်လာဖြင့်အသုံးပြုရသည့် ကားအိုလေးမှာ အသုံးမ၀င်လှသကဲ့သို့ နန်းကျောင်းမူနိဿယတို့သည် “အခြေပြုသဒ္ဒါ” စသော ခေတ်ပေါ်ကျမ်းစာတို့ အလယ်၌ အို၍ ရှေးရိုးကျနေသည်ဖြစ်ရာ ရိုးအကြီး ဖြစ်နေပေတော့သည်။
ခေတ်ပေါ်ကျမ်းစာများဟု တင်စားပြောဆိုရသည့် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးဦးဇနကာဘိဝံသ၏ တွဲဖက်အခြေပြု သဒ္ဒါ၊ ပါဠိသိက္ခာ၊ အခြေပြုသဒ္ဒါ ၊ ကထာသလ္လာပသိက္ခာ၊အဋ္ဌကထာအခြေပြု စသည်များကို မဟာဂန္ဓာရုံတိုက်ခွဲတစ်ခုဖြစ်သည့် မြိတ်မြို့၊ ဘုရားငါးဆူစာသင်တိုက်တွင် သင်ကြားပို့ချပေးခဲ့ကြသည့် ပဓာနနာယကဆရာတော် ဦးက၀ိသာရာလင်္ကာရ နှင့်တကွ စာချဆရာတော်များ၏ မေတ္တာ၊စေတနာ၊ အနစ်နာခံမှုများကို အရင်းအနှီးပြုကာ သင်ကြားပို့ချပေးလာခဲ့သည်မှာ (၂၅)နှစ်ကျော်ခဲ့ပေပြီ၊ ယနေ့လည်း ပို့ချနေဆဲ နောင်လည်း ပို့ချနေဦးမည်မှာ သေချာလှပေသည်။ ထိုကဲ့သို့ သင်အံပို့ချလာခဲ့ရာက စာသင်သားရဟန်းသာမဏေများသည် ငယ်၊လတ်၊ကြီး၊ ဓမ္မာစရိယတန်း စာမေးပွဲများ ကိုလည်း များစွာအောင်မြင်ခဲ့ကြသည့်အပြင် ရန်ကုန်ပရိယတ္တိတက္ကသိုလ်သို့ ပို့လွတ်ကာ ပညာသင်ကြားစေ၍ B.A (Buddhism) , M.A (Buddhism) စသည့် ဘွဲ့များကို လည်း အထိုက်အလျောက်ဆွတ်ခူးနိုင်ခဲ့ကြသည်မှာ ဘုရားငါးဆူပရိယတ္တိ စာသင်တိုက်၏ အောင်မြင်မှုဖြစ်သဖြင့် ၀မ်းမြောက်ဂုဏ်ယူဖွယ်ရာ ကောင်းလှပါသည်။ ထိုကဲ့သို့ ကြိုးစား၍ သာသနာပြုခဲ့မှုတို့ကြောင့်လည်း ဆရာတစ်ဆူဖြစ်ခဲ့သည့် ပဓာနနာယဆရာတော် ဦးက၀ိသာရာလင်္ကာရ မထေရ်သည် နိင်ငံတော်က အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခြင်း ခံခဲ့ရသည့်အပြင် စာချဆရာတော်နှစ်ပါးမှာလည်း နိုင်ငံတော်က ချီးမြှင့်သော ဘွဲ့အသီးသီးရရှိတော်မူခဲ့ကြသည်မှာ မြိတ်မြို့-ဘုရားငါးဆူကျောင်းတိုက်အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာပါပေ။ ထိုသို့ အောင်မြင်မှုရရှိရန်လည်း အသီးသီးကျရာတာဝန်ကို ဦးလည်မသုန် သာသနာ့တာဝန်ကို ထမ်း ရွက်ခဲ့ကြသည် မဟုတ်ပါလော။ မှတ်မိပါသေးသည်…
စာရေးသူတို့ စာသင်သားဘ၀က နေ့စဉ်နံနက် အာရုဏ်ဆွမ်းစားပြီးတိုင်း သြ၀ါဒတက်ရပါသည်။ ထိုစဉ်က သြ၀ါဒပေးသောဆရာတော်မှာ ထီးဆောင်းဆရာတော်ကြီးဖြစ်ပါသည်။ ဆရာတော်ကြီးပေးတော်မူသည့် သြ၀ါဒမှာ မှတ်သားစရာကောင်းလှပါသည်။
မင်းမပါ ဘယ်ဟာမပြီး၊မင်းချည်းတော့လည်း ဘယ်ဟာမပြီး။
သူ မပါ ဘယ်ဟာမပြီး၊ သူချည်းတော့လည်း ဘယ်ဟာမပြီး။
ငါ မပါ ဘယ်ဟာမပြီး၊ ငါချည်းတော့လည်း ဘယ်ဟာမပြီး……။
“သာသနာပြုသည်ဆိုရာဝယ် မင်းမပါလျှင် သာသနာပြုကိစ္စမပြီးဘူး ဆိုပေမယ့်လို့ မင်းချည်းသက်သက် တစ်ယောက်တည်းဖြင့် သာသနာပြုလို့ မရနိုင်ပါဘူး။ ထို့အတူ သူမပါလျှင်လည်း မည်သည့်ကိစ္စဖြစ်ပါစေ မပြီးဆုံးနိုင်ပေ၊ သို့ပေမယ့် သူချည်းသက်သက်ဖြင့် ကိစ္စမပြီးနိုင်ပေ၊ ငါ မပါလျှင်လည်း မည်သည့်အရာမျှ မပြီးနိုင်ပေမယ့် ငါချည်းလုပ်နေလို့လည်း အလုပ်မတွင်နိုင်၊ကိစ္စမပြီးနိုင်ပေ။ မင်း ၊ သူ၊ ငါ အားလုံးညီညွတ်စွာ ၀ိုင်းဝန်း၍ ခိုကပ်မှုမရှိ အားကြိုးမာန်တက် ကြိုးစားသွားကြရမှာ ဖြစ်သကဲ့သို့ ဘုရားငါးဆူကျောင်းမဟာဂန္ဓာရုံတိုက်ခွဲမှာလည်း ဒီလိုပါပဲ စာချဆရာတော်များ ၊ စာသင်သားငယ်များ ၊ ပစ္စည်းလေးပါးထောက်ပံ့နေကြသည့်ဒကာများသည် မိမိကျရာကဏ္ဍကနေ သစ္စာရှိရှိ တာဝန်သိသိဖြင့် ကြိုးစားကာသာသနာပြုကြရပေမည်။ ကျောင်းတိုက်တွင် စာသင်စာချများက အားကြိုးမာန်တက်ပြုလုပ်နေ ကြသော်လည်း ဒါယကာများဘက်က ပစ္စည်းလေးပါးလှူဒါန်းထောက်ပံ့မှု မရှိဘူးဆိုပါရင် အဆင်ပြေမှုမရှိသောကြောင့် စာသင်/စာချများ ချည်းသက်သက် သာသနာပြု၍မရသလို၊ ကျောင်းတိုက်အပေါ်သြဇာလွမ်းမိုးကာ အတ္တမာနဖြင့် ငါလုပ်ရင်ဖြစ်တယ်ဟုဆိုကာ ဒါယကာချည်းသက်သက်လည်း သာသနာပြုလို့ မရနိုင်ပါဘူး။ ဆရာကတစ်မျိုး၊တပည့်ကတဖုံ၊ ဒါယကာကတမှောက် ဆိုသည့်အတိုင်း သူတစ်လူ ငါတစ်မင်း ဗိုလ်ကျကာ ညီညွတ်မှုမရှိဘဲ နေကျမည်ဆိုလျှင် မိမိတို့ကျောင်းတိုက်တွင် တိုးတက်မှု မရှိသည့်အပြင် ကြာလေ ဆုတ်ယုတ်လေ ဖြစ်နေပေတော့မည်။
စာချသည့်ပုဂ္ဂိုလ်ကလည်း စာချသည့်တာဝန် ၊ စာသင်ငယ်များကလည်း စာသင်သည့်တာဝန်၊ ဒါယကာများကလည်း စာသင်/စာချများ အမှန်တကယ်လိုအပ်နေသည့် ပစ္စည်းလေးပါးတို့ကို အခါအားလျော်စွာ ထောက်ပံ့လှူဒါန်းကြသည့် တာဝန်၊ ဘက်စုံ ကဏ္ဍစုံအသီးသီးကနေ တာဝန်ယူကြိုးစားသွားမယ်ဆိုရင် ဘုရားငါးဆူသာသနာကြီးဟာ နေလိုလလို အစဉ်ထွန်းပြောင်နေမှာ ဖြစ်သလို မြတ်ဗုဒ္ဓသာသနာတော်ကြီးဟာလည်း အစဉ်ဆက်မပြတ် တည်တံ့နေမှာဖြစ်ပါတယ်။ ဒါကြောင့် ယခုဒီမှာ သြ၀ါဒနာယူနေကြတဲ့ ဦးဇင်း ကိုရင်များကလည်း စာချပုဂ္ဂိုလ်များရဲ့ စေတနာမေတ္တာဖြင့် သွန်သင်ဆုံးမသည့်အတိုင်း တသွေမတိမ်းလိုက်နာကာ မိမိတိုးတက်ရေး ကျောင်းတိုက်တိုးတက်ရေးကို ရှေးရှုလျှက် သာသနာပြု သွားကြဖို့ တိုက်တွန်းရင်းနဲ့ ဒီမှာပဲ သြ၀ါဒအဆုံးသတ်ပါတယ်” ဟု ထီးဆောင်းဆရာတော်ဘုရားကြီး၏ နံနက်ခင်းသြ၀ါဒပေးတော်မူခဲ့သည်တို့ကို ယနေ့ထက်တိုင်အောင်နားထဲကြားယောင်ဆဲဖြစ် ပါသည်။
ထိုသြ၀ါဒတော်အတိုင်း ကျင့်သုံးခဲ့၍လောမသိ၊ အသီးအပွင့်ဝေေ၀ဆာဆာတို့ဖြင့် တင့်တယ်လှပသော သစ်ပင်ကြီးတစ်ပင်ကဲ့သို့ မြိတ်မြို့၊ ဘုရားငါးဆူပရိယတ္တိစာသင်တိုက် မဟာဂန္ဓာရုံတိုက်ခွဲသည်လည်း ယခုအခါဝယ် စာအောင်သံဃာများ၊သာသနာ့အာဇာနည် များဖြင့် ဝေေ၀ဆာဆာလှပတင့်တယ်နေတော့သည်ဖြစ်ရာ စာရေးသူနှင့်တကွ စာသင်ပျိုများအား မွေးထုတ်ပေးရာ အမိကျောင်းတော်ကြီး အတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ဤဆောင်းပါးဖြင့် ဂုဏ်ပြုရေးသားလိုက်ရပါတော့သတည်း။
အရှင်ဒေ၀ိန္ဒာဘိဝံသ၏ ရာစုနှစ်ဒဿနကို မှီညမ်းပါသည်။

Saturday, May 24, 2008

ကျန်းမာရေးမကောင်းလို့ ပို့်စ်မတင်နိုင်တဲ့အတွက် စာဖတ်သူများကို တောင်းပန်ပါရစေ.......
ဘလောဂါ မောင်ဝေရဲ့အဖေအမေများ လေဘေးမှာ ပျောက်နေတယ်ကြားလို့ စိတ်မကောင်းဘူး........
မိသားစုနဲ့ အမြန်ပြန်တွေ့ပါစေလို့ ဆုတောင်းမေတ္တာပို့ပေးနေပါတယ်........
ဒီတစ်ပတ်တော့..........တွေးလို့ရသမျှ ဓမ္မစာစုများကို ရေးပေးလိုက်ပါတယ်.........

--လူ့ဘ၀ဆိုတာ တိုတောင်းလွန်းလှပါတယ်၊
ဒါကြောင့် လောဘ၊ ဒေါသ၊ တွေနဲ့ အချိန်မကုန်သင့်ဘူး။

--လူ့ဘ၀ဟာ ဘာမှ မသေချာတဲ့အတွက်...
ကောင်းတာတွေပဲ ပြုသင့် ၊ ပြောသင့်ပါတယ်။

--ယုံကြည်မှုတိုင်းဟာ အမှန်တရားလို့ မဆိုနိုင်ပါဘူး၊
ဒါပေမယ့် အမှန်တရားတိုင်းကိုတော့ ယုံကြည်ရပါမယ်။

--ပြာဒါးသည် လက်ဖြင့် အထိမခံသလို....
လောဘစိတ်၊ဒေါသစိတ်တို့သည် သတိဥာဏ်ဖြင့် အထိမခံပေ။

--စားချင်ပါတယ်ဆိုတဲ့ အရသာများဟာ......
ရှေးယခင်က စားခဲ့ဖူးပေါင်း များလေပြီ။

Thursday, May 15, 2008

တုနှိုင်းမမီ(၁၂)

မြတ်ဗုဒ္ဓသည် တရားဒေသနာ ဟောဖေါ်ညွန်ကြားရာတွင် လူတို့၏ အဇ္ဈာသယနှင့်လျော်ညီစွာ လူ၊နတ်၊ဗြဟ္မာများ နားလည်သဘော ပေါက်စေရန် မြင်းသမားလာလျှင် မြင်းဥပမာ၊ နွားသမားလာလျှင် နွားဥပမာ၊ တံငါသည်လာလျှင် တံငါဥပမာ၊ ဇနီးမောင်နံနှင့်ပတ်သက်သာလျှင် အိမ်ထောင်ရေး အဆင်ပြေစေရန် ဓမ္မနှင့်လျော်ညီစွာအမျိုးမျိုးအဖုံဖုံဖြင့် ဓမ္မရေးရာများကို ကျွမ်းကျင်ပြောင်မြောက်စွာ ဟောကြားတော်မူခဲ့သည့်အပြင် ဓမ္မနှင့်ပတ်သက်လာလျှင် အကျိုးရှိမည်ဆိုပါက လူနတ်ဗြဟ္မာ မည်သူပင်ဖြစ်စေ သားတော်ရာဟုလာ ပမာကဲ့သို့မခြား စိတ်တော်ထားကာ ဟောကြားဆုံးမ ချေချွတ်တော်မူခဲ့ပါသည်။

ထိုသို့ မြတ်ဗုဒ္ဓဆုံးမတော်မူချက်များကိုပင်လျှင် “သာသနာ” ဟုခေါ်တွင်ကြပေသည်။ ထိုသာသနာကို လိုက်နာကျင့်သုံးသူ လူနတ်ဗြဟ္မာများသည် အိုနာသေ ဘေးဆိုးကြီးများမှ လွတ်မြောက်နိုင်သည့်အပြင် ရှေးကမ္ဘာပေါင်းများစွာကလည်း ထိုဘေးဆိုးများက လွတ်မြောက်ခဲ့သူများရှိခဲ့ပါသည်။ ယခုဘဒ္ဒကမ္ဘာတွင်လည်း လွန်ခဲ့သည့်နှစ်ပေါင်း(၂၅၀၀)က ပွင့်တော်မူခဲ့သည့် ဂေါတမမြတ်စွာဘုရားလက်ထက်တော်တွင် အိုနာသေဘေးက လွတ်ကင်းကာ ကျွတ်တမ်းဝင်တော်မူခဲ့ကြသည်မှာ မြတ်ဗုဒ္ဓ၏ ပိဋကတ်တော် မှတ်တမ်းအရ အရေအတွက်များလှပါပြီ။ မြတ်ဗုဒ္ဓအဆုံးအမကို လိုက်နာကျင့်သုံးသူများသည် ယခုလည်း ထိုဘေးဆိုးကြီးများမှ လွတ်မြောက်ဆဲ၊ နောင်လည်း လွတ်မြောက်ကြဦးမည်မှာ သေချာလှပါသည်။ ထို့ကြောင့် လောကတွင် တစ်ခြားမည်သည့် အဆုံးအမပင်ဖြစ်စေ မြတ်ဗုဒ္ဓ၏ အဆုံးအမဖြစ်သည့် သာသနာတော်ကြီးကို ယှဉ်နိုင်သည်(တုနိုင်းမီသည်)ဟူ၍ မရှိခဲ့ဖူးသကဲ့သို့ ယခုလည်းရှိမည်မဟုတ် နောင်လည်းရှိမည်မဟုတ်ပါချေ။
ထိုသာသနာတော်နှင့်ပတ်သက်၍ မြတ်ဗုဒ္ဓလက်ထက်တော်အခါက အဖြစ်အပျက်တစ်ခု ရှိခဲ့ဖူးပါသည်။ အခါတစ်ပါး မြတ်စွာဘုရားသည် နဠေရု အမည်ရှိသည့် တမာပင်ရင်းတွင် သီတင်းသုံးနေတော်မူစဉ် မဟာရာဒ အသူရာက “ အရှင်ဘုရား………အရှင်ဘုရားရဲ့ သာသနာတော်အတွင်းမှာ အရှင်ဘုရားရဲ့တပည့်သာဝကတွေဟာ ဘာကြောင့်များ ပျော်မွေ့နေကြတာလဲ ဘုရား” ဟု မေးလျှောက်ပါ သည်။ ထိုအခါ မြတ်စွာဘုရားက “ မဟာရာဒ………အံ့ဖွယ်(၈)ပါးနှင့်ပြည့်နှက်နေသည့် မဟာသမုဒ္ဒရာကြီးမှာ သင့်ရဲ့ အသူရာများ ပျော် မွေ့နေနိုင်ကြသလို အံ့ဖွယ်(၈)ပါးနှင့်ပြည့်စုံနေတဲ့ ငါဘုရားရဲ့ သာသနာတော်မှာ တပည့်သာဝကတွေဟာ ပျော်မွေ့နေနိုင်ကြပေတယ်” ဟု မိန့်တော်မူကာ ထိုအကြောင်းကို အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ်တွင် မြတ်စွာဘုရားဟောကြားတော်မူခဲ့ပါသည်။
အံ့ဖွယ်(၈)ဖြာ မဟာသမုဒ္ဒရာ
အစဉ်နက်ဝှမ်း
၁။ မဟာသမုဒ္ဒရာကြီးသည် ကမ်းပါးအစပ်ကစပြီး အစဉ်အတိုင်း တစ်လက်မ နှစ်လက်မ တစ်ပေ နှစ်ပေ တစ်ကိုက် နှစ်ကိုက် တစ်မိုင်နှစ်မိုင်စသည် တဖြေးဖြေး နက်ရှိုင်း နက်ရှိုင်း လာပါသည်။ ထိုသို့ နက်ရှိုင်းလာရာမှ မဟာသမုဒ္ဒရာကြီး၏ အလယ်ဗဟိုချက်မ(centre) နေရာတွင် သမုဒ္ဒရာရေပြင်ပေါ်မှ သမုဒ္ဒရာအောက်ကြမ်းပြင်အထိ နက်ရှိုင်းမှုသည် ယူဇနာပေါင်း ၈၄၀၀၀ အတိအကျရှိပါသည်။ (American Dictionary တွင် တစ်ယူဇနာ (၈)မိုင်နှုန်းဆိုသဖြင့် မိုင်ပေါင်း(၆၇၂၀၀၀)မိုင် အထိ နက်ရှိုင်းမှုရှိသည်ဟု ဆိုရပေမည်)။ မည်သို့ပင်ဖြစ်စေ တဖြေးဖြေး နက်ရှိုင်း နက်ရှိုင်း၍ သွားခြင်းသည်ပင်လျှင် မဟာသမုဒ္ဒရာကြီး၏ ပထမ အံ့ဖွယ်တစ်ပါး ဖြစ်ပါသည်။
ကမ်းကိုမလွန်
၂။ ဒုတိယအံ့ဖွယ်ကား မဟာသမုဒ္ဒရာရေသည် မည်သည့်အခါမျှ ကမ်းစပ်ကို ကျော်လွန်ခြင်းမရှိပေ။
ရွံဖွယ်ဆယ်ပစ်
၃။ မဟာသမုဒ္ဒရာကြီးတွင် ခွေးသေကောင်ပုပ်၊ မြင်းသေကောင်ပုပ်၊ဆင်သေကောင်ပုပ်၊ လူသေကောင်ပုပ်စသည့် အညစ်အကြေးများသည် မဟာသမုဒ္ဒရာ အလယ်သို့ ရောက်နေမည်ဆိုလျှင် လှိုင်းလုံးကြီးများက ပုတ်ခတ်သည့်အတွက်ကြောင့် ထိုအညစ်အကြေးများ ကမ်းစပ်သို့ ရောက်ရှိသွားရပါသည်။ မည်သည့်အညစ်ကြေးပင်ဖြစ်စေ မဟာသမုဒ္ဒရာရေပြင်တွင် မရှိနိုင်ပေ၊ ထိုကဲ့သို့ အညစ်ကြေးများသည် မဟာသမုဒ္ဒရာထဲရောက်လျှင် လိုင်းလုံးကြီးများ၏ ရိုက်ပုတ်မှုကြောင့် အလယ်တွင် တာရှည်ရပ်တည်နေနိုင်စွမ်းမရှိဘဲ ကမ်းစပ်သို့ ရောက်ကြရခြင်းသည်ပင်လျှင် မဟာသမုဒ္ဒရာ၏ တတိယမြောက် အံ့ဖွယ်တစ်ပါးဖြစ်ပါသည်။
တစ်မည်ဖြစ်ခြင်း
၎။ မြစ်ချောင်းများစွာမှ စီးဆင်းလာသော ရေများသည် နောက်ဆုံး မဟာသမုဒ္ဒရာထဲသို့သာ ရောက်ရှိကြပါသည်။ ထိုသို့ ရောက်ရှိသောအခါ ဤရေက ဧရာဝတိမြစ်ရေ၊ သံလွင်မြစ်ရေ၊ စစ်တောင်းမြစ်ရေ၊ မေခ မြစ်ရေ၊ မေလိခ မြစ်ရေဟု ခေါ်ဝေါ်၍မရနိုင်တော့ပါချေ။ အဘယ့်ကြောင့်နည်းဟူမူ သမုဒ္ဒရာထဲသို့ ရောက်ရှိသောအခါ ထိုထိုမြစ်ချောင်းများမှ စီးဆင်းသော ရေများသည် ရောနှောသွားကာ “သမုဒ္ဒရာရေ” ဟု အမည်တစ်ခုသာ တွင်ရပါတော့သည်။
ဤသည်ပင်လျှင် မဟာသမုဒ္ဒရာ၏ စတုတ္ထမြောက် အံ့ဖွယ်တစ်ပါးဖြစ်ပါသည်။
မယွင်းမတိုး
၅။ မဟာသမုဒ္ဒရာကြီးသည် မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့်ဖြစ်စေ၊ မြစ်ချောင်းအင်းအိုင်များမှ အဆက်မပြတ်စီးဆင်းနေ၍ဖြစ်စေ မည်သည့်အခါမျှ ပြည့်လျှံသွားသည်ဟူ၍ မရှိခဲ့ပေ၊ ထို့အပြင် မိုးခေါင်၍ဖြစ်စေ၊ မိုးခေါင်သောကြောင့် မြစ်ချောင်းအင်းအိုင်များမှ ရေမစီးဆင်းနိုင်သည့် အခြေအနေတွင်လည်း မဟာသမုဒ္ဒရာရေများသည် မည်သည့်အခါမျှ လျော့သွားခြင်းမရှိပေ။ ဤကဲ့သို့ ရေများ တိုးခြင်း၊လျော့ခြင်း မရှိခြင်းသည်ပင်လျှင် မဟာသမုဒ္ဒရာ၏ ပဉ္စမမြောက် အံ့ဖွယ်တစ်ပါးဖြစ်ပါသည်။
ဆယ်မျိုးရတနာ
၆။ ဆဋ္ဌမမြောက်အံ့ဖွယ်ကား မဟာသမုဒ္ဒရာကြီး၏ နက်ရှိုင်းသော နေရာများတွင် ရွှေငွေ၊စိန်၊ကြောင်၊ပုလဲ၊ သန္တာ၊နီလာ၊ ဂေါ်မုတ်၊မြ၊ ပတ္တမြား၊ ဥဿဖရား ဟူသည့် ရတနာဆယ်ပါး အမြောက်အများ ရှိပါသည်။
ရသာဆားတူး
၇။ ပင်လယ်မြစ်ချောင်းအင်းအိုင်များမှ စီးဆင်းလာသောရေများ၏ အရသာကား အမျိုးမျိုးအဖုံဖုံဖြစ်ပေမယ့် ထိုရေများ မဟာသမုဒ္ဒရာထဲ ရောက်ရှိသောအခါ ငံသောအရသာတစ်မျိုးတည်းသာရှိချေတော့သည်။ ဤကဲ့သို့ အရသာတစ်မျိုးတည်းသာ ရှိခြင်းသည်ပင်လျှင် မဟာသမုဒ္ဒရာ၏ သတ္တမမြောက် အံ့ဖွယ်တစ်ပါးဖြစ်ပါသည်။
ကြီးသူနေရာ
၈။ မဟာသမုဒ္ဒရာထဲတွင် အလွန်ကြီးမားသော ငါးကြီးများသာ နေထိုင်ရာဖြစ်ပေသည်။ ငါးကြီးနှင့်ပတ်သက်၍ မဟာ သမုဒ္ဒရာထဲ နေထိုင်သော ငါးကြီးများမှာ (၆)စင်းရှိသည်ဟု စာပေက ဖေါ်ပြသည့်အတွက် ဗဟုဿုတအလို့ငှါ ဖေါ်ပြပေးလိုက်ပါသည်။ (၁)တိမိရ အမည်ရှိငါးကြီးဖြစ်သည်၊ ထိုငါး၏ အရှည်မှာ ယူဇနာတစ်ထောင်၊ မိုင်၈၀၀၀ ရှည်လျားသည်။ (၂)တိပိင်္ဂလ အမည်ရှိငါးကြီးသည်လည်း တိမိရငါးကဲ့သို့ပင် အလျားတူညီကြသည်။(၃) တိမိရတိပိင်္ဂလ အမည်ရှိငါးကြီးသည်လည်း အထက်ပါငါးကြီးများနှင့် အလျားတူညီကြပေသည်။ (၄)အာနန္ဒာ အမည်ရှိငါးကြီးသည် အလျား ယူဇနာငါးရာ မိုင်(၄၀၀၀)ရှည်လျားပါသည်။(၅)တိမိအာနန္ဒ အမည်ရှိငါးကြီး၏ အလျားမှာလည်း ထို့အတူ မိုင်(၄၀၀၀)ရှည်လျားသည်။(၆)အဇ္ဇောရဟ အမည်ရှိငါးကြီး ၏ အလျားမှာလည်း ထို့အတူ ရှည်လျားပါသည်။ ဤကား မဟာသမုဒ္ဒရာထဲတွင် နေထိုင်ကြသည့် ငါးကြီး (၆)စင်းဖြစ် ပါသည်။ ထို့အပြင် အသူရာ ၊ နဂါး ၊ ဂန္ဓဗ္ဗနတ် ဆိုတာတွေလည်း ရှိကြပေသေးသည်။ ဤကဲ့သို့ ကြီးသူတို့၏ နေရာဖြစ်ခြင်းသည် မဟာသမုဒ္ဒရာကြီး၏ အဋ္ဌမမြောက် အံ့ဖွယ်တစ်ပါး ဖြစ်ပါသည်။ ဤကားမဟာသမုဒ္ဒရာ၏ အံ့ဖွယ်(၈)ပါးဖြစ်ပါး ဖြစ်ပါပေတော့သည်။
ထိုအကြောင်းကို မှတ်မိလွယ်စေရန်ဆောင်ပုဒ်လေးဖြင့် အကျဉ်းမှတ်ထားစေချင်ပါသည်။
ဆောင်ပုဒ်
အစဉ်နက်ဝှမ်း၊ ကမ်းကိုမလွန်၊
ရွံဖွယ်ဆယ်ပစ်၊ တစ်မည်ဖြစ်ခြင်း
မယွင်းမတိုး၊ ဆယ်မျိုးရတနာ၊
ရသာဆားတူး၊ ကြီးသူနေရာ အံ့ရှစ်ဖြာ မှတ်ပါ သမုဒ္ဒရာ(မှတ်ပါသာသနာ)။
အံ့ဖွယ်(၈)ပါးနှင့်ပြည့်စုံသည့် သမုဒ္ဒရာကဲ့သို့ သာသနာတော်ကြီးသည်လည်း အံ့ဖွယ်(၈)ပါးနှင့်ပြည့်စုံနေလေသည်။
သာသနာ အံ့ဖွယ်(၈)ပါး
၁။ သမုဒ္ဒရာသည် အစဉ်နက်ရှိုင်းသကဲ့သို့ ဘုရားသာသနာတော်အတွင်း တည်ရှိကြသည့် အကျင့်ဓမ္မများသည်လည်း တဖြေး တဖြေး နက်ရှိုင်းသွားပါသည်။ ငါးပါးသီလထက် ရှစ်ပါးသီလက နက်နဲပါသည်၊ ရှစ်ပါးသီလထက် ဆယ်ပါးသီလက ပို၍နက်နဲသည်၊ ဆယ်ပါးသီလထက် သာမဏေသီလက ပို၍ နက်နဲပါသည်၊ သာမဏေသီလထက် ရဟန်းသီလက ပို၍ ပို၍ နက်နဲပါသည်။ ထို့အတူ တစ်ရက်စောင့်ထိန်းသည့်သီလကုသိုလ်ထက် နှစ်ရက်စောင့်ထိန်းသည့် သီလကုသိုလ်က သာလွန်နက်နဲသကဲ့သို့ တစ်လစောင့်ထိန်းသည့် သီလကုသိုလ်ထက် တစ်နှစ်ပတ်လုံး စောင့်ထိန်းသည့် သီလကုသိုလ်က ပို၍ လေးနက်ပေသည်။ ထိုသီလအကျင့်ကနေ ဓူတင်အကျင့် စသည် တဖြေးတဖြေး နက်ရှိုင်း နက်ရှိုင်းသွားပါသည်။
သီလအခြေခံ၍ သမထဘာဝနာတစ်ခုတစ်ခု အားထုတ်သည့်အတွက် သမထကုသိုလ်ရရှိလာသောကြောင့် သီလကုသိုလ်ထက် သမထကုသိုလ်က ပို၍ နက်ရှိုင်းပါသည်။ ထိုမှတဆင့် သမထအားကောင်းလျှင် ပထမဈာန်ကနေ ဒုတိယဈာန်၊ ဒုတိယဈာန်ကနေ တတိယဈာန်၊ တတိယဈာန်ကနေ စတုတ္ထဈာန် စသည် ရောက်ရှိလျှင် တဖြေးဖြေး နက်ရှုင်း နက်ရှိုင်းလာခြင်းဖြစ်ပါသည်။
ဝိပဿနာတရားအားထုတ်နေသည့် ယောဂီများသည် သတိပဋ္ဌာန်တရားကို အစဉ်ဆက်မပြတ် ရှုမှတ်ပွားများစဉ် တစ်ရက်ပြီး တစ်ရက် ဘာဝနာကုသိုလ်တရားရရှိလာပေမည်။ ရက်များစွာကြာလာသည်နှင့်အမျှ ယောဂီ၏ ရှုမှတ်မှုသည်လည်း အစဉ်ဆက်မပြတ်ရှုမှတ် မည်ဆိုပါက စိတ်တည်ငြိမ်မှု အားကောင်းလာပေလိမ့်မည်၊ ထိုမှတဆင့် စိတ်တည်ငြိမ်မှု စွမ်းအားမြင့်မားလာလျှင် ၀ိပဿနာဥာဏ်များ ဖြစ်လာပေမည်။ ၀ိပဿနာဥာဏ်များ ရင့်ကျက်လာလျှင် မဂ်ဥာဏ်ဖိုလ်ဥာဏ်တိုင် ရောက်ရှိကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပေသည်။ ဤသည်ပင်လျှင် သီလကနေ သမာဓိ ၊သမာဓိကနေ ပညာ ၊ပညာကနေ ၀ိမုတ္တိရသ ဆိုသည့် လွတ်မြောက်မှု မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် တဖြေးဖြေး နက်ရှိုင်း နက်ရှိုင်း၍ လာပါသည်၊
ထိုကဲ့သို့ ကုသိုလ်တရားများ တဖြေးဖြေး နက်ရှိုင်းလာခြင်းသည်ပင်လျှင် သာသနာတော်၏ ပထမအံ့ဖွယ်တစ်ပါးဖြစ်ပါသည်။
၂။ သမုဒ္ဒရာရေသည် ကမ်းစပ်ကနေ လွန်ခြင်း(ကျော်တက်ခြင်း)မရှိသကဲ့သို့ တပည့်သာဝကများသည် မြတ်ဘုရားပညတ်တော်မူခဲ့သည့် ၀ိနည်းသိက္ခာပုဒ် စည်းကမ်းဘောင်ကို လွန်၍ မကျင့်ကြပေ။ မြတ်ဘုရား၏ တပည့်သာဝကများ ဖြစ်တော်မူကြသော သောတာပန်စသော အရိယာပုဂ္ဂိုလ် များသည် အသက်ဟူသော အကြောင်းကြောင့် ပညတ်တော်မူထားသည့် သိက္ခာပုဒ်ကို မည်သည့်အခါမျှ မကျူးလွန်ကြပေ။ ၀ိနည်းတော် သည် သာသနာတော်၏အသက်ဟု ဆိုသကဲ့သို့ အသက်နှင့်လဲပြီး သိက္ခာပုဒ်တော်ဆိုသည့် စည်းကမ်းဘောင်ကို မလွန်ဘဲ စောင့်ထိန်း တော်မူကြပေသည်။
ထိုကဲ့သို့ စည်းကမ်းဘောင်ကို မလွန်ဘဲ စောင့်ထိန်းခြင်းသည်ပင်လျှင် ဒုတိယမြောက် သာသနာတော်၏ အံ့ဖွယ်တစ်ပါး ဖြစ်ပါ သည်။
၃။ သမုဒ္ဒရာရေအလယ်တွင် လှိုင်းလုံးကြီးများက ရိုက်ပုတ်ထုတ်မှုကြောင့် အညစ်အကြေးမှန်သမျှ မရှိသကဲ့သို့ ခွေးသေကောင်ပုပ်နှင့်တူသည့် ဒုဿီလ(သီလမရှိ)ပုဂ္ဂိုလ်များကိုလည်း သီလရှိသည့် ရဟန်းကောင်း ရဟန်းမြတ်များက သာသနာထဲတွင် မထားတော့ဘဲ ထုတ်ပယ်ပစ်လိုက်ကြပါသည်၊ ထို့ကြောင့်သာသနာတော်တွင် ဒုဿီလပုဂ္ဂိုလ်ဟူသော အညစ်အကြေးများသည် မည်သည့်အခါမျှ မရှိပေ၊
ထိုကဲ့သို့ အညစ်အကြေးနှင့်တူသည့် သီလမရှိသည့်ပုဂ္ဂိုလ်များ သာသနာတော်တွင် မရှိခြင်းသည်လည်း သာသနာတော်၏ တတိယမြောက် အံ့ဖွယ်တစ်ပါး ဖြစ်ပါသည်။
၎။ များစွာသော မြစ်ချောင်းများက စီးဆင်းလာသောရေပင်ဖြစ်သော်လည်း သမုဒ္ဒရာထဲသို့ရောက်လျှင် သမုဒ္ဒရာရေ ဟု အမည်တစ်မျိုးသာရသကဲ့သို့ မင်း၊ ပုဏ္ဏား၊ သူဋ္ဌေး၊သူကြွယ်၊ ဆင်းရဲသား၊ကုန်သည်စသည်များ သာသနာတော်အတွင်း ၀င်ရောက်၍ ရဟန်းပြုကြသောအခါ မည်သူသည် မင်းရဟန်း၊ ပုဏ္ဏားရဟန်း၊ သူဋ္ဌေးသားရဟန်း၊ သူကြွယ်ရဟန်းစသည် အမည်အမျိုးမျိုးမကွဲတော့ဘဲ (အလွှာအသီးသီးခွဲခြားမှုမရှိဘဲ) “သာကီဝင်မင်းသား ဘုရားသားတော်” ဟူသည့် အမည်တစ်မျိုးသာ ဖြစ်သွားကြရပေသည်။
ထိုကဲ့သို့ မည်သည့်အမျိုးကပဲလာလာ သာသနာတော်တွင်းရောက်လျှင် အမည်တစ်မျိုးသာ ဖြစ်သွားရခြင်းသည်ပင်လျှင် သာသနာတော်၏ စတုတ္ထမြောက် အံ့ဖွယ်တစ်ပါး ဖြစ်ပါသည်။
၅။ သမုဒ္ဒရာရေသည် မြစ်ချောင်းများက အဆမတန်စီးဆင်း၍လည်း မည်သည့်အခါမျှ မတိုးလာသည့်အပြင် မိုးခေါင်၍လည်း မည်သည့်အခါမျှ လျော့သွားခြင်း မရှိသကဲ့သို့ သာသနာတော်ကြီးသည်လည်း ထို့အတူပင် နိဗ္ဗာန်မျက်မှောက်ပြုပြီး အငြိမ်းဓါတ်ကို ရယူသွားကြသည့် သူတော်ကောင်းကြီးများသည် မရေမတွက်နိုင်အောင် များပြားလွန်းလှပါသော်လည်း နိဗ္ဗာန်သည် မည်သည့်အခါမျှ ပြည့်လျှံသွားခြင်းမရှိသကဲ့သို့ လျော့သွားခြင်း(ကွက်လပ်ဖြစ်နေခြင်း)မရှိခဲ့ပေ။
ဤသည်ပင်လျှင် သာသနာတော်၏ ပဉ္စမမြောက် အံ့ဖွယ်တစ်ပါးဖြစ်ပါသည်။
၆။ သမုဒ္ဒရာရေ နက်ရှိုင်းသော နေရာများတွင် ရတနာဆယ်မျိုးရှိသကဲ့သို့ သာသနာတော်ကြီးတွင်လည်း ဗုဒ္ဓရတနာ၊ဓမ္မရတနာ၊ သံဃာ့ရတနာ၊ ဆိုပြီး ရတနာများ ရှိပေသည်။ သမုဒ္ဒရာအတွင်းရှိ ရတနာများမှာ မည်မျှများပြားစေကာမူ တန်ဖိုးဖြတ်နိုင်ပါသော်လည်း သာသနာအတွင်း ရတနာမြတ်သုံးပါးမှာမူကား တန်ဖိုးဖြတ်၍မရနိုင်လောက်အောင် တန်ဖိုးကြီးမားလှပေသည်။ ထိုရတနာမြတ်သုံးပါးရှိ ဓမ္မရတနာသည်လည်း သတိပဋ္ဌာန်လေးပါး၊ သမ္မပ္ပဓါန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ဗောဇ္ဈင်ခုနှစ်ပါး၊ ဗိုလ်ငါးပါး၊ မဂ္ဂင်ရှစ်ပါးစသည့် တန်ဖိုးမဖြတ်နိုင်သည့် ရတနာတွေလည်း ရှိပေသည်။
ထိုကဲ့သို့ သာသနာတော်အတွင်း တန်ဖိုးမဖြတ်နိုင်သည့် ရတနာများရှိနေခြင်းသည်ပင်လျှင် သာသနာတော်၏ ဆဋ္ဌမမြောက် အံ့ဖွယ်တစ်ပါး ဖြစ်ပါသည်။
၇။ သမုဒ္ဒရာရေ၏ ထုထယ်ပမာဏသည် မည်မျှများပြားစေကာမူ ထိုရေ၏အရသာကား ငံ သောအရသာ တစ်မျိုးသာ ရှိသကဲ့သို့ မြတ်ဘုရား၏ သာသနာတော်တွင်လည်း ပိဋကတ်သုံးပုံ နိယာယ်ငါးရပ် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်စသည့် မည်မျှများပြားစေကာမူ ၀ိမုတ္တိအရသာ တစ်မျိုးသဲာရှိပေသည်။ ဆိုလိုသည်မှာ သာသနာတော်အတွင်း ဓမ္မသည် အရေအတွက်များပြားလှသော်လည်း အရသာကား ၀ိမုတ္တိရသ ဆိုသည့် လွတ်မြောက်မှုအရသာ တစ်ခုတည်းပင်ဖြစ်ပါသည်။
ထိုအကြောင်းနှင့်စပ်၍ ယခုခေတ်တွင် မဟာစည်နည်း၊ မိုးကုတ်နည်း၊ စွန်းလွန်းနည်း၊ လယ်တီနည်း၊ အနာဂါမ်ဆရာသက်ကြီးနည်း၊ သဲအင်းဂူနည်းစသည့် နည်းပေါင်းများစွာရှိကြပါသော်လည်း ထိုနည်းနာနိဿယများစွာ၏ ဦးတည်ချက်ကား နိဗ္ဗာန်ဟူသည့် ၀ိမုတ္တိရသာ ပင်ဖြစ်ကြပေသည်။ သို့သော် နိဗ္ဗာန်ဦးတည်ချက်ရှိသည်ကားမှန်၏ လမ်းကြောင်းက မှန်ကန်မှုမရှိလျှင်လည်း ထိုနည်းလမ်းသည် မှားသောအကျင့်လမ်းသာလျှင်ဖြစ်ချေမည်။ ထိုထိုနည်းနာနိဿယများကို လူတို့အတွက် အမှား အမှန် ခွဲခြားသိစေရန် မည်သည့် ပေတံဖြင့် တိုင်းထွာ ဆုံးဖြတ်မည်နည်း။
အမေးရှိက အဖြေရှိရမည်၊ ဥပမာ Computer များတွင် ဆိုင်ရာ Software, Program များဖြင့် ပြဿနာမျိုးစုံကို ဖြေရှင်းကြရသကဲ့သို့ ယခုခေတ်ပေါ်ထွန်းနေသည့် နည်းနာနိဿယများစွာတို့၏ ပြဿနာများကို “သတိပဋ္ဌာန်”ဆိုသည့် Dhamma software ဖြင့် ဖြေရှင်းနိုင်ပေသည်။ မည်သည့်နည်းပင်ဖြစ်စေကာမူ သတိပဋ္ဌာန်ထဲ အကျုံးမ၀င်လျှင်(သတိပဋ္ဌာန်မပါလျှင်) ထိုနည်းမှာ မှားသည်ဟု ဆိုရပေမည်။ အဘယ့်ကြောင့်နည်းဟူမူ သတိပဋ္ဌာန်ပါဠိတော် နိဒါန်းတွင် “ဧကယာနော မဂ္ဂေါ”နိဗ္ဗာန်ရောက်နိုင်သည့် တစ်ကြောင်းတည်းသော လမ်းမှာ သတိပဋ္ဌာန်လေးပါး ဖြစ်သည်ဟု ဆိုထားသောကြောင့် မည်သည့်နည်းပင် ဖြစ်စေ အမှန်အမှားပြဿနာကို သတိပဋ္ဌာန် ဆိုသည့် ပေတံဖြင့် တိုင်းထွာနိုင်ပါသည်။ ထိုကြောင့်သတိပဋ္ဌာန်တရားလေးပါးကို အခြေတည်ထား သော တရားနည်းလမ်းမှန်သမျှသည် နိဗ္ဗာန်ရောက်နိုင်သည်ချည်းဟု မှတ်ယူရပေမည်။
ထိုသို့ သိနိုင်စေရန် စာရှုသူများ သတိပဋ္ဌာန်လေးပါးကို အရေးတကြီးလေ့လာသင့်ကြောင်း တိုက်တွန်းလိုပါသည်။ အချူပ်ဆိုရသော် မြတ်ဗုဒ္ဓဟောကြားတော်မူသည့်တရားများစွာရှိသော်လည်း ထိုတရားများ၏ ပန်းတိုင်မှာ ၀ိမုတ္တအရသာ တစ်ခုတည်းသာ ရှိခြင်းသည်ပင်လျှင် သာသနာတော်၏ သတ္တမမြောက်အံ့ဖွယ်တစ်ပါးပင် ဖြစ်ပါသည်။
၈။ သမုဒ္ဒရာထဲတွင် အလွန်ကြီးသော ငါးများနေထိုင်သကဲ့သို့ သာသနာတော်အတွင်းတွင်လည်း သောတာပန်၊သကဒါဂါမ်၊အနာဂါမ် ရဟန္တာ ဟုဆိုအပ်သော အရိယာပုဂ္ဂိုလ်များ နေထိုင်ကြပါသည်၊ ရဟန္တာပုဂ္ဂိုလ်ဟူသည် အကြီးဆုံး ငါး ပင်ဖြစ်သည်၊ ထိုကဲ့သို့ အရိယာ ပုဂ္ဂိုလ်ကြီးများသာ နေထိုင်နိုင်ခြင်းသည်ပင်လျှင် သာသနာတော်၏ အဋ္ဌမမြောက် နောက်ဆုံး အံ့ဖွယ်တစ်ပါး ပင်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ၏ သာသနာတော်ကား အံ့ဖွယ်မျိုးစုံ ဂုဏ်ပေါင်းစုံလှသောကြောင့် မည်သည့်အဆုံးအမပင်ဖြစ်စေကာမူ မြတ်ဗုဒ္ဓ၏ အဆုံးအမကို ယှဉ်နိုင်သည့် အဆုံအမဟူ၍ မပေါ်ပေါက်ခဲ့ဖူးသည့်အပြင် နောင်လည်းပေါ်ပေါက်လာနိုင်မှာ မဟုတ်သောကြောင့် တုနှိုင်းမမီ သာသနာတော်ကြီးဟု သာသနာတော်ကို ကြည်ညိုတတ်လာကြစေရန် ဆန္ဒမွန်ဖြင့် ရေးသားတင်ပြလိုက်ရပါတော့သတည်း။ ။

Sunday, May 11, 2008

မုန်တိုင်းကြားက ဘုန်းတန်ခိုးရှင်

(၂.၅.၂၀၀၈) နေ့ ည(၁၂)နာရီအချိန်ခန့်သည် မြန်မာနိုင်ငံအတွင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊မွန်ပြည်နယ်၊ကရင် ပြည်နယ်၊ များမှာ ပြည်သူအများအတွက် ကံဆိုးမိုးမှောင်ကျရောက်ခဲ့ရသောအချိန်အခါဖြစ်ပေသည်။
တစ်နာရီမိုင်၁၂၀နှုန်းတိုက်ခတ်နေသော လေပြင်းမုန်တိုင်းသည် အဆိုပါ တိုင်းနှင့်ပြည်နယ်များတွင် နေထိုင်သော လူများ၏ အသက်အိုးအိမ်များကို ရက်စက်စွာ ၀ါးမျိုပစ်ခဲ့သည်မှာ (၁၁.၅.၂၀၀၈)နေ့ဆိုလျှင် ၉ ရက်တိတိရှိခဲ့ပေပြီ။

နာဂစ်မုန်တိုင်းဒါဏ်ကြောင့် လူသိန်းနှင့်ချီ၍ သေဆုံးခဲ့သည်ဟု အွန်လိုင်းဂျာနယ်တစ်စောင်တွင် ဖတ်ခဲ့ရသည်။ မကြာသေးမီက E-mail ဖြင့် ပို့လိုက်သော ဓါတ်ပုံကို ကြည့်ခြင်းဖြင့် သေဆုံးသူများအနက် ကလေးငယ်များလည်း အလွန်များ ကြောင်း သိသာနိုင်ပေသည်။ ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးကြရခြင်းအပေါ် မည်သူကြောင့် မည်ဝါကြောင့် ဟု ကရုဏာဒေါသဖြင့် တရားခံရှာကြ အပြစ်ရှာကြပေမယ့် “မည်သူမပြု မိမိမှု” ဆိုသည့်အတိုင်း အမှန်အားဖြင့် အတိတ်က ကိုယ်ပြုခဲ့သော မကောင်းမှုကံများကြောင့် ဖြစ်ရသည် ဟုဆိုလျှင် ဗုဒ္ဓ၀ါဒအရ ဗုဒ္ဓဘာသာဝင်များ ငြင်းဆိုနိုင်မည် မထင်ပေ။
ရေဘေးနှင့်ရင်ဆိုင်ရသောအခါ ရတနာသုံးပါးဂုဏ်ကျေးဇူးကြောင့် ၀တ်ဖြူစင်ကြယ်နှင့်လူသူတော်များ လာရောက်ကယ်မသည့်အတွက် အသက်ချမ်းသာရာရကြသည်ဟု စာရေးဆရာများရေး၍ ဖတ်ကြရပေလိမ့်မည်၊ နာဂစ်မုန်တိုင်းကြောင့် လူပေါင်းများစွာသေဆုံးကြသော်လည်း ထိုသေဆုံးသူများထဲတွင် အသက်မသေပဲ အသက်ရှင်သန်ခဲ့သည့် စိတ်ဝင်စားဖွယ်ရာ အံ့သြဖွယ်ရာ ဘုန်းကံရှင်တစ်ဦး လည်းရှိခဲ့ပေသည်။ ထိုဖြစ်ရပ်မှန်ကို တယ်လီဖုန်းဖြင့် ပြောလာသောကြောင့် တင်ပြပေးလိုက် ရပါသည်။ ဖြစ်ပုံမှာ-
နာဂစ်မုန်တိုင်းကျရောက်သည့်နေ့မှစ၍ ရေတွက်လျှင် တစ်ပတ်တင်းတင်းပြည့်သည့်နေ့တွင် မော်လမြိုင်ကျွန်းမြို့အနီးတစ်ဝိုက် ကယ်ဆယ်ရေးများ လိုက်လံကယ်ဆယ်နေကြရာ တစ်နေရာတွင် သေဆုံးနေသော အလောင်းများကြားဝယ် တစ်လှုပ်လှုပ်ဖြင့်လုပ်ရှားနေသည်ကို တွေ့ရသောကြောင့် ဘာများပါလိမ့် ဟု လူများသွားရောက် ကြည့်ရှုရာ လူမမယ်ခလေးငယ်တစ်ဦး ဖြစ်နေသည်ကို အံ့သြစွာတွေ့ရှိခဲ့ကြသည်။ ခလေးသည် အရွယ်အားဖြင့် (၈)လသား အရွယ်ခန့်သာ ရှိသေးသည်၊ ခုနှစ်ရက်ပတ်လုံး နို့ငတ်သည့်ဒါဏ်ကြောင့် မေ့မြောသယောင်ယောင် အခြေအနေတွင် ရှိနေသည့်အပြင် ကလေး၏ ခန္ဓာကိုယ်လေးသည် ရေတွင် တစ်ပတ်တိတိ စိမ်နေခဲ့သည့်အတွက် နှုတ်ခမ်းလေးတွေ ပြာနမ်းနမ်း ဖြစ်နေသည်၊ သို့နှင့်လူအများက အသက်ရှင်နေသော ကလေးအား ကယ်ဆယ်ကာ ရန်ကုန်သို့ ပို့လိုက်ပါသည်၊ ယခုအခါ ရန်ကုန်မြို့ (၈)မိုင်ထိပ်က မော်ကျွန်းဘုန်းတော်ကြီးကျောင်းတွင် ပြုစုစောင့်ရှောက်ထားရာ အချိန်အနည်းငယ်အတွင်း ရယ်မောလာနိုင်သည်ဟု ဆိုသဖြင့် တကယ့်ဘုန်းရှင်ကံရှင်ပေပဲဟု ပြောဆိုရပေမည်။
နာဂစ်မုန်တိုင်းကြီးဟာ လူများစွာ၏ အသက်ကို ၀ါးမျိုနိုင်ခဲ့သော်လည်း (၈)လသားအရွယ် ဘုန်းကံရှင်ကလေး၏ အသက်ကိုတော့ မ၀ါးမျိုနိုင်ခဲ့ပေ၊ ဘုန်းကံရှိသော ကုသိုလ်ကံအားကြီးကြသောသူများသည် မည်သည့် အန္တရာယ်ဘေးဆိုးဖြင့် ရင်ဆိုင်ရပါစေ အသက်အန္တရာယ်မှ လွတ်ကင်းကြရသည်သာ မဟုတ်ပါလော။

Saturday, May 10, 2008

တုနှိုင်းမမီ(၁၁)

ချို,ချဉ်, စပ်, ဖန်,အငန်, အခါး ဟူသော အရသာ (၆)မျိုးသည် တစ်ခုနှင့်တစ်ခု တွဲယှဉ်ပေါင်းစပ်ထားလျှင်သော်လည်းကောင်း၊ အဆာစသည်တို့နှင့် တွဲစပ်ပေါင်းထည့်မှသော်လည်းကောင်း နှစ်သက်ဖွယ်အရသာကို ဖြစ်စေတတ်ကြ၏။ တန်ဆေး လွန်ဘေး ဟူသည့်အတိုင်း နှစ်သက်လွန်း၍ လိုအပ်သည်ထက်ပို၍ စားမိလျှင်လည်းကောင်း၊ ထားသင့်သည့်အချိန်ထက် ပိုလွန်ကာ ထားမိ၍သော်လည်းကောင်း လူကို ဘေးဥပါဒ် အန္တရာယ်ကို ဖြစ်စေတတ်သည်။

သစ္စာဆိုသည့် အရသာကား ထိုသို့မဟုတ် အခြားအဆာတွေကို တွဲယှဉ်ပေါင်းထည့်စရာမလို ပကတိပင်ကိုယ်က ကောင်းမြဲကောင်းနေပါသည်။ မည်မျှလောက်များများ မည်မျှပင်ကြာစေကာမူ အန္တရာယ်မဖြစ်တတ်သည့်အပြင် ကြာလေ ကောင်းလေ ဟောင်းလေသစ်လေပင်ဖြစ်ပါသည်။ ဤတွင် လောကနယ်ပယ်၌ ပြန့်နှံ့နေသည့် သစ္စာတရားရှိသကဲ့သို့ ဓမ္မနယ်ပယ်တွင်လည်း သစ္စာတရားများ ပြန့်နှံ့၍နေပေသည်။
လောကနယ်ပယ်တွင် ပြန့်နှံ့နေသော သစ္စာသည် “ကတိသစ္စာ တည်သောအခါ နွယ်မြစ်သစ်ပင် ဆေးဖက်ဝင်” ဟူသည့်အတိုင်း ကတိသစ္စာတည် သောအခါ တန်ဖိုးမရှိသည့် နွယ်မြက်သက်ပင် များသည်ပင်လျှင် ဆေးဖက်ဝင်နိုင်ကာ အနာရောဂါပျောက်နိုင်ပေသည်။
သစ္စာအရသာ၌ တည်ခဲ့လျှင် တသွင်သွင် စီးဆင်းနေသော မြစ်ကြီးအတွင်းက ရေအလျဉ်သည် ရပ်သွားကာ ရေကို မြေကြီးသဖွယ်ပြုကာ တစ်ဖက်ကမ်းသို့ ကူးမြောက်နိုင်သေး၏။
မြတ်စွာဘုရားလက်ထက်တော်အခါက မဟာကပ္ပိနမင်းနှင့်နောက်ပါအမတ်တစ်ထောင်တို့သည် ကုက္ကုဋ၀တီပြည်ကနေ သာဝတ္ထိပြည်သို့ ဘုရားဖူးရန်သွားကြရာတွင် လမ်းခရီး၌ အပရစ္ဆာမြစ်ကို ရောက်ရှိသောအခါ မဟာကပ္ပိနမင်းက “ရတနာသုံးပါးဂုဏ်ကျေးဇူးကြောင့် ရေသည် ရေမဟုတ်သကဲ့သို့ ဖြစ်စေသတည်း” ဟု သစ္စာအဓိဋ္ဌာန်ကာ ဘုရားဂုဏ်တော်ကို နှလုံးသွင်း၍ ထိုမြစ်ကိုကူးသောအခါဝယ် မြင်း၏ ခွါကိုတောင်မှ ရေမစိုဘဲ တစ်ဖက်ကမ်းသို့ ကူးမြောက်နိုင်ခဲ့ကြပေသည်၊ တစ်ဖန် နီလ၀ါဟနာမြစ်ကို ရောက်သောအခါတွင်လည်း ရှေးနည်းအတိုင်း သစ္စာအဓိဋ္ဌာန်၍ တရားဂုဏ်တော်နှလုံးသွင်းကာ အောင်မြင်စွာဖြတ်ကျော်ခဲ့သလို နောက်ဆုံး စန္ဒဘာဂမြစ်ကို ကူးဖြတ်သောအခါတွင်လည်း သစ္စာအဓိဋ္ဌာန်ဖြင့် သံဃဂုဏ်တော်ပွား၍ အောင်မြင်စွာဖြတ်ကူးနိုင်ခဲ့ပါသည်။ မြစ်ကို ကူးဖြတ်ရာ၌ ဖေါင်မပါ သင်္ဘောမပါဘဲ အဆင်ပြေစွာ မြစ်သုံးစင်းကို ဖြတ်ကူးနိုင်ခြင်းသည် မဟာကပ္ပိနမင်း၏ သစ္စာအဓိဋ္ဌာန်အရသာအစွမ်းကြောင့် ဖြစ်ပါသည်။
ထိုမျှသာမက ပရိတ်တော်လာ ဘုရားအလောင်းတော် ငုံးမင်း၏ သစ္စာအရသာကလည်း ကြားရသူအဖို့ သနားစရာကောင်းလှသလို ကြည်ညိုစရာ၊ အံ့သြစရာလည်းကောင်းလှပေသည်။ ဘုရားအလောင်းတော် ငုံးမင်းဖြစ်စဉ်က တောမီးကြီးလောင်ကျွမ်းစဉ် မိခင်ဖခင်များက အသက်ဘေးကို ကြောက်ရွံ့သဖြင့် မီးဘေးလွတ်ရာသို့ ထွက်ပြေးသွားခဲ့လေပြီ၊ အလောင်းတော် ငုံးမင်းတစ်ကောင်တည်းသာ တောထဲ၌ ကျန်ခဲ့ပါသည်။ သူနေသည့် ပတ်ဝန်းကျင်တွင် တောမီးကြီးလောင်လျှက်ရှိရာ ပြေးမလွတ်ဖြစ်နေစဉ် ငုံးမင်းက “ ငါ၏ မိခင်ဖခင်များသည် အသက်ဘေးကို ကြောက်လှသဖြင့် မီးနှင့်ဝေးရာ အခြားသို့ ထွက်ပြေးသွားကြခဲ့လေပြီ၊ ငါ့မှာ ငယ်သေး၍ ပျံလည်းမပျံနိုင်၊ ငယ်သေး၍ သွားလည်းမသွားနိုင်ပေ၊ ဤမှန်ကန်သော သစ္စာစကားကြောင့် တောမီးကြီး ငြိမ်းပျောက်ပါစေသတည်း” ဟု အဓိဋ္ဌာန်လိုက်ရာ ဘုရားအလောင်းတော် ငုံးမင်း၏ သစ္စာအရသာကြောင့် စကားနားလည်သည့်ပမာ တောမီးကြီးသည် တစ်ခဏချင်းပင် ငြိမ်းပျောက်သွားလေတော့၏ ၊ ထိုသစ္စာအရသာကြောင့် အလောင်းတော် ငုံးမင်းသစ္စာဆိုခဲ့သည့် နေရာတွင် ကမ္ဘာတည်သမျှကာလပတ်လုံး မီးဘေးမှ လွတ်ကင်းလျှက် ရှိပါသည်။
နောက်သစ္စာအရသာတစ်ခုကား ဘုရားလောင်းတော် မျောက်မင်းဖြစ်စဉ်က ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါသည်။ ထိုစဉ်က ဘုရားအလောင်းတော်သည် မျောက်ပေါင်း ရှစ်သောင်းကို ရှေ့သွားခေါင်းဆောင်ပြု၍ အုပ်ချူပ်ရသော မျောက်မင်း ဖြစ်ခဲ့ဖူးပါသည်၊ တစ်နေ့သ၌ သူတို့နေထိုင်ကျက်စားရာ တောတစ်နေရာတွင် ရေကန်ကြီးတစ်ခုကို မြင်သောအခါ မျောက်အပေါင်းသည် ကန်ရေကို မသောက်ကြသေးဘဲ သူတို့၏ခေါင်းဆောင် ဘုရားအလောင်းတော်မျောက်မင်းအလာကို စောင့်မျှော်နေကြပါသည်။ မျောက်မင်းရောက်ရှိလာသောအခါ ရေကန်၏ အခြေအနေကို စုံစမ်းပါသည်။ ရေကန်ထဲသို့ အဆင်းခြေရာသာမြင်ရပြီး အတက်ခြေရာ မမြင်ရသောကြောင့် “ဧကန္တ ဒီရေကန်သည် ဘီးလူးစောင့်သော ကန်ဖြစ်ရမည်” ဟုတွေးကာ ကန်ထဲသို့ မျောက်များကို မဆင်းခိုင်းခဲ့ပေ၊ သို့နှင့် ရေကန်စောင့်သော ဘီလူးသည် မျောက်များ မဆင်းလာသောကြောင့် နှလုံးမသာမယာဖြစ်ကာ ရေကို နှစ်ခြမ်းခွဲ၍ ကုန်းပေါ်တက်လာပြီး မျောက်များအား“ဘာပြုလို့များ ရေကန်ထဲမဆင်းရတာလဲ” ဟုမေးရာ “ကျုပ်တို့ဆင်းရင် သင်စားတာခံရလိမ့်မယ် ဒါကြောင့် ကျုပ်တို့ ကန်ထဲမဆင်းခြင်းဖြစ်ပါတယ်” ဟုမျောက်မင်းက ပြန်ဖြေသောအခါ ဘီလူးက “ရေကန်ထဲဆင်းလာတဲ့သတ္တ၀ါမှန်သမျှ တစ်ကောင်မှ အလွတ်မပေးခဲ့ဖူးဘူး၊သင်တို့ဆင်းရင်လည်း စားရမှာပဲ” ဟုပြောရာ အသင် ဘီလူးမစားနိုင်အောင် ကျုပ်တို့ ရေကန်ထဲမဆင်းဘဲ ရေကို သောက်နိုင်အောင် ကြိုးစားမယ်” ဟုဆိုကာ ဖြည့်ကျင့်ခဲ့သော ပါရမီသစ္စာအဓိဋ္ဌာန်ဖြင့် သစ္စာဆိုကာ ရေကန်အနီး အဆစ်ပါသည့် ကျုရိုးကို ယူ၍ ပါးစပ်ဖြင့် မှုတ်ထုတ်လိုက်ရာ ကျုရိုးအတွင်း၌ အဆစ်မရှိတော့ပဲ တစ်ပေါက်တည်းဖြစ်သွားရလေတော့သည်။ ဤသို့ဖြင့် မျောက်အပေါင်းတို့သည် ကျူရိုးတို့နှင့် ကုန်းပေါ်ကနေ၍ ကန်ထဲရှိရေကို သောက်သုံးကြရသည့်အပြင် ဘီလူးစားမည့် အန္တရာယ်မှလည်း လွတ်ကင်းခဲ့ပါသည်။
ထိုအချိန်မှစ၍ ဒကရက္ခဘီလူးစောင့်သော ရေကန်အနီးမှ ကျူပင် ကျူရိုးတို့သည် ဤဘဒ္ဒကမ္ဘာပတ်လုံး အဆစ်မပါ အခေါင်းတစ်ခုတည်း တည်ရှိကြပါသည်။
ကမ္ဘာတည်သ၍ တည်ရှိမည့် ကပ္ပဋ္ဌိတိ လေးမျိုးကို ဤနေရာတွင် ဗဟုဿုတအလို့ငှါ ဖေါ်ပြပေးလိုပါသည်။ ထိုလေးမျိုးမှာ-
(၁)။ လဗိမာန်၌ သိကြားမင်း နှိပ်ခဲ့သည့် ယုန်ရိပ်သည် ဤကမ္ဘာပတ်လုံး တည်နေမည်။
(၂)။ ဘုရားအလောင်းငုံးမင်း သစ္စာပြုရာအရပ်တွင် တစ်ကမ္ဘာပတ်လုံး မီးမလောင်ပေ။
(၃)။ ဃဋိကာရအိုးထိန်းသည်နှင့် မိ+ဘတို့နေသည့် အိမ်နေရာတွင် ဤကမ္ဘာပတ်လုံး မိုး ဘယ်လောက်ရွာရွာ မိုးမစိုပေ။(အကျယ်ကို တုနှိုင်းမမီ ၁၀)တွင်ဖေါ်ပြပြီး။
(၄)။ ဒကရက္ခဘီလူးစောင့်သော ရေကန်ကို ၀န်းရံ၍ ပေါက်နေသောကျူရိုးတို့သည် တစ်ခုတည်းသော အပေါက်ရှိခြင်း တို့ဖြစ်ပါသည်။
သစ္စာအရသာ၏ အစွမ်းထက်မြက်မှုသည် ယခင်ကသာမဟုတ်သေး ယခုမကြာသေးမီ အင်းဝခေတ်အတွင်းတွင် သစ္စာနှင့်ပတ် သက်၍ ထင်ရှားသော သမိုင်းမှတ်တိုင်တစ်ခု ရှိခဲ့ဖူးပါသည်။ စိတ်ဝင်စားဖွယ်ရာ ကောင်းလွန်းလှ၍ တင်ပြပါဦးမည်။
အင်းဝခေတ် သာလွန်မင်းတရားကြီးလက်ထက်တွင် တောင်ဖီလာဆရာတော် ဟူ၍ ထင်ရှားပေါ်ထွန်းခဲ့ဖူးပါသည်။ ထိုမထေရ်သည် တောင်ဖီလာတောရ၌ သီတင်းသုံးတော်မူစဉ် စစ်ကိုင်း၊ပင်းယ၊ အင်းဝ တစ်ကြောတွင် ထိုအချိန်က မိုးအလွန်ခေါင်ကာ အစာရေစာများ ငတ်ပြတ်ခဲ့ကြသောကြောင့် ထိုနယ်တစ်ဝိုက်တွင် မကောင်းမှုဒုစရိုက်များ အလွန်ပေါများနေသည့်အတွက် အချိန်မတော် သွားလာရဲသူ မရှိသလောက်ပါပေ။
တစ်နေ့ နေ၀င်ရီတယောအချိန် အကာလအခါမဲ့တွင် ဆံပင်ဖားလျားချဖြင့် ၀တ်ထားသော အ၀တ်များ စုတ်ပြတ်ကာ ဒုက္ခအပူမီးများတောက်လောင်နေသော ဒကာမတစ်ဦး ဆရာတော်ထံ ရောက်ရှိလာပါသည်။ သူမက လမ်းခရီးတွင် ဒုက္ခဖြစ်လာသောကြောင့် ကျောင်းတွင် တစ်ညတာ တည်းခိုခွင့်ပြုပါရန် လျှောက်ထားသောအခါ ဆရာတော်သည် မာတုဂါမနှင့် တစ်ညတာ အတူနေမည့်အရေးကို ၀ိနည်းတော်အရ အလွန်ဝန်လေးသော်လည်း ဒုက္ခဖြစ်သူကို နှင်လွတ်ရန်မှာလည်း ခက်နေသည်ဖြစ်၍ ကျောင်းတွင် မာတုဂါမနှင့် တစ်မိုးတစ်ယံတည်းတွင် အတူနေ၍ မဖြစ်နိုင်ကြောင်း ပြောသောအခါ သူမ၏ အားကိုးလွန်းသော မျက်နှာကို တွေ့မြင်ရသောကြောင့် မတတ်သာဘဲ ကျောင်း၏ အပြင်ဘက် စကြန်တွင် တစ်ညတာ နေခွင့်ပြုလိုက်ပေသည်။ ညအချိန်တွင် ဆရာတော်သည် တစ်မိုးတစ်ယံတည်းဖြစ်နေ၍ လုံးဝမအိပ်ဘဲ သူမကြောင့် ငါသည် ဘာဝနာအလုပ်ကို ညလုံးပေါက် ရှုမှတ်ရပေသည် ဟု တွေးကာ တစ်ညလုံး တရားရှုမှတ်နေလေတော့သည်။(သူတော်ကောင်းကြီးများ၏ စိတ်နေသဘောထားသည် အတုယူဖွယ်ကောင်းလေစွ)
မကြာမီ သူမသည် အပြင်ဘက်တွင် နေရသည်မှာ ကြောက်စရာကောင်းလှ၍ ကျောင်းခန်းအထဲတွင် နေခွင့်ပေးပါမည့်အကြောင်း အပြင်ကနေ ပိတ်ထားသော တံခါးကို လက်ဖြင့်ခေါက်ကာ သနားစဖွယ်အကူအညီတောင်းလာသောကြောင့် မတတ်သာရကား သူမအား ကျောင်းခမ်းအထဲသို့ ၀င်ခွင့်ပေးကာ ဆရာတော်သည် ကျောင်းအပြင်ဖက်တွင် တစ်ဖန်သီတင်းသုံးတော်မူပါ တော့သည်။ မနက်ပိုင်း မိုးသောက်ယံရောက်လုနီးနီးအချိန်သို့ ရောက်သောအခါ သူမသည် ဆရာတော်အနည်းသို့ကပ်ကာ ယခုပင် ခြေသလုံးကို သိုင်းဖက်တော့မည်ဟန်ဖြင့် “ကယ်တော်မူပါ” ဟုသနားစဖွယ်တောင်းပန်နေပြန်သောကြောင့် ဆရာတော်သည် အကြံရကာကျောင်းနံရံတွင် ထိုးစိုက်ထားသည့် ဒန်ပူသတ်သည့် ဓါးမကိုယူကာ သူ့ခြေသလုံးကို ဓါးဖြင့် မွန်းပါလေတော့သည်။ ခြေသလုံးတွင် သွေးများဖြာထွက်လာသည်ကို မြင်ရသောအခါတွင်မှ “ ဆရာတော်ဘုရား…..တပည့်တော်မ မှားပါပြီဘုရား၊ ထိုအမှုကိစ္စအတွက် ခွင့်လွတ်တော်မူပါဘုရား” ဟု လျှောက်ကာ မနက်လင်းသည်နှင့် သူမထွက်ခွါသွားပါလေတော့သည်။
သူမသည် မင်းသမီးတစ်ယောက်ဖြစ်ကာ ရှင်ဘုရင်ထံရောက်လျှင် “ မှန်လှပါဘုရား……..အရှင်မင်းကြီး စေခိုင်းသည့်အတိုင်း ဆရာတော်၏ အကျင့်သီလကို တပည့်တော်မ ဖျက်ဆီးခဲ့ပါပြီဘုရား” ဟု ကြောက်လှသောကြောင့် အမှန်အတိုင်းမပြောဘဲ လိမ်လည်၍ လျှောက်တင်လေတော့သည်။ ထိုသတင်းသည် တစ်ခဏချင်း လျှင်မြန်စွာ တောမီးပမာပျံ့နှံ့သွားလေရာ မကြာမီ မင်းကြီးသည် နောက်ပါ မူးကြီးမတ်ရာ မောင်းမမိဿံများနှင့်အတူ အလှူပေးလေဟန် ပြုကာ ဆရာတော်ကျောင်းအနီးသို့ ရောက်ရှိလာပါတော့သည်။ သို့နှင့် ဆရာတော်သည် ရောက်ရှိလာသော ပရိသတ်များ၏ သံသယကို ဖြေဖျောက်နိုင်ရန် “ယခုအချိန်တွင် ငါ့အား သစ္စာမှတစ်ပါးအခြား အားကိုးစရာဟူ၍ မရှိတော့”ဟု တွေးကာ “ ငါ၏ သီလပျက်စီးခဲ့ပါမူ ဤဓါးမသည် ချသောခဏတွင် ရေ၌ မြုပ်ပါစေသား၊ သီလစင်ကြယ်ပါမူ ဓါးမသည် ရေပေါ်တွင် ကူးစေသား” ဟု သစ္စာအဓိဋ္ဌာန်ပြု၍ ဓါးမကို ရေတွင်ချလိုက်ရာ ဓါးမသည် လူစကားနားလည်သည့်ပမာ ရေပေါ်တွင်ပေါ်ကာ ငါးတစ် ကောင်ကဲ့သို့ ကူးခတ်သွားလေတော့သည်။ ယခုအချိန်အထိ တောင်ဖီလာတောရအနီးတွင် ဓါးမကူးကန် ဟူ၍ ရှိနေပေသေးသည်။ ဆရာတော်၏ သစ္စာအစွမ်းထက်ပုံမှာ အံ့မခမ်းရုံမျှမက မည်သည့်အရာနှင့်မျှလည်း တုနှိုင်း၍မမီနိုင်ပါချေ။ ဤသို့ဖြင့် တုနှိုင်းမမီသစ္စာအရသာ၏ အစွမ်းပကားကား ထူးဆန်းအံ့သြဘွယ်ရာ ကောင်းလှပေသည်။
ထို့အတူ ဓမ္မအင်ပါယာကြီးတွင်လည်း မြတ်ဗုဒ္ဓ ထုတ်ဖေါ်တော်မူခဲ့သော တုနှိုင်းမမီ ဓမ္မသစ္စာတရားများလည်း ယခုထက်တိုင် ထင်ရှားရှိနေဆဲဖြစ်သည်။ ဓမ္မသစ္စာတရားများအား အမှန်တကယ် ဓမ္မကို အသုံးပြုသူတိုင်း တွေ့မြင်ခဲ့ကြသည်မှာ ယခုထိတိုင်ပင် ဖြစ်ပါသည်။
ဓမ္မသစ္စာတရား၏ အဓိပ္ပါယ်မှာ သဘာဝအမှန်တရားဖြစ်၏။ ထိုတရားများသည် ဤကမ္ဘာတွင်မက ရှေးကမ္ဘာများစွာကတည်းက ရှိနှင့်နေပြီးဖြစ်သည့်အပြင် ထိုတရားတို့သည် မည်သည့်အခါမျှ ဟောင်းနွမ်းသွားသည်ဟူ၍ မရှိဘဲ အမြဲတမ်း သစ်လွင်တောက်ပနေသည့်အပြင် မည့်သည့်အခါမျှ update လုပ်စရာမလိုပေ။
ကမ္ဘာအဆက်ဆက် မြတ်ဗုဒ္ဓဘုရားရှင်တို့၏ ကြိုးပမ်းတော်မူချက်ဖြင့် ပြန်လည်ဖေါ်ထုတ်တော်မူခဲ့ကြကာ ဤယခုအခါတွင်လည်း ဂေါတမမြတ်စွာဘုရားရှင်က ပြန်လည်ဖေါ်ထုတ်တော်မူခဲ့သဖြင့် ယခုလို လူနတ်ဗြဟ္မာများသိခွင့်ရနေကြပေသည်။ သိခွင့်ရသည်နှင့်အမျှ ဆင်းရဲအဆုံးသို့ရောက်ရှိကာ လောကမှ ထွက်မြောက်တော်မူခဲ့ကြသည့် သူတော်ကောင်းကြီးများ၏ အရေအတွက်သည်လည်း မနည်းလှတော့ပေ။ ထိုကြောင့် လောကလူသားများအတွက် တကယ့် တုနှိုင်းမမီ သဘာဝအမှန်တရား ဟုပြောလျှင် မှားနိုင်မည်မထင်ပေ။ ထိုသဘာဝအမှန်တရားကား အရေအတွက်အားဖြင့် လေးမျိုးရှိပါသည်။

(၁) ဆင်းရဲခြင်း အမှန်တရား၊
ထိုသစ္စာတရားကို သိရန်အတွက် ဦးစွာ မိမိရရှိထားသည့် ဘ၀ခန္ဓာကို မိမိကိုယ်တိုင် သုတေသနပြုလုပ်ကာ သဘာဝ တရားများကို တွေ့မြင်ရန် လေ့လာရပါသည်။ ဤသည်ကိုပင် တရားအားထုတ်သည်ဟုခေါ်ကြပါသည်။ ယောဂီသည် တရားရှုမှတ်မှု အချိန်ကာလ ကြာလာသောအခါ ရှုသိစရာအာရုံနှင့် ထိုအာရုံကိုရှုသိသောစိတ် ဤအရာနှစ်ခုမှတစ်ပါး မည်သည့်အရာကိုမျှ မတွေ့ ရပေ၊ သွားသည့်အခါတွင် သွားသည့်အာရုံနှင့် ထိုအာရုံအပေါ်သိစိတ်၊ ထိုင်သည့်အခါတွင် ထိုင်သည့်အာရုံနှင့် ထိုင်သိစိတ်၊ ရပ်သည့်အခါတွင်လည်း ရပ်သည့်အာရုံနှင့်ရပ်သည့်စိတ်၊လျောင်းသည့်အခါတွင်လည်း လျောင်းသည့်အာရုံနှင့်လျောင်းသိစိတ်၊ စားသည့်အခါတွင် စားသည့်အာရုံနှင့်စားသိစိတ်၊ မြင်သိအခါတွင်မြင်သည့်အာရုံနှင့်မြင်သိစိတ်၊ ကြားသည့်အခါတွင် ကြားသည့်အာရုံနှင့်ကြားသိစိတ်၊ မည်သည့်အချိန်မှာပင်ဖြစ်စေ ရှုသိစရာအာရုံနှင့် ထိုအာရုံအပေါ်ရှုသိစိတ် ဤနှစ်မျိုးမှလွဲ၍ ငါ၊သူတစ်ပါး၊ယောင်္ကျား၊မိန်းမဟူ၍ မရှိပေ၊ ဤတွင် ရှုသိစရာအာရုံကား ရုပ်တရားဖြစ်ပြီး၊ ရှုသိစိတ်က နာမ်တရားဖြစ်ပါသည်။ ထိုရုပ်နာမ်တရားကိုပင် ဘ၀ ဟုခေါ်ကြပါသည်။ ထိုအမှတဆင့် ရှုမှတ်မှုအား မြင့်တက်လာသောအခါ ဖြစ်ပေါ်လာသော အာရုံမှန်သမျှကို ရှုမှတ်နေသော ယောဂီမှာ အာရုံတည်းဟူသော အကြောင်းတရားကြောင့် ရှုသိစိတ် ဟူသည့် အကျိုးတရားဖြစ်ပေါ်လာရတာပဲ ဟု ရုပ်နာမ်ကြောင်းကျိုးကို ရှုသိဆဲတွင် သိမြင်လာရပေသည်။(စဉ်းစားတွေးတော၍ သိသည့် သုတမယဥာဏ်မဟုတ်သည်ကို သတိပြုပါ)။
ထိုမှတစ်ဆင့် ရှုမှတ်မှုစွမ်းရည် မြင့်မားလာသောအခါ ရုပ်နာမ်တရားတို့၏ အစ၊အလယ်၊အဆုံး သုံးပါးလုံးကို တွေ့မြင်လာကာ ဖြစ်ပေါ်သမျှသည် ကုန်သွားသည်ချည်းဖြစ်၍ မည်သည့်အရာမျှ မတည်မြဲခြင်း၊ ပေါ်ပြီးနောက်ပျောက်နေသည့်အတွက် ဆင်းရဲခြင်း၊ သူ့အလိုလိုပေါ်ပြီး သူ့အလိုလိုပျောက်သွားသည့်အတွက် ကိုယ့်အလိုသို့မလိုက်ခြင်း ဟု သိမြင်ရာကနေ ရုပ်နာမ်သဘာဝတရားများသည် မပြတ်ဒလပ်စပ် ဖြစ်ပျက်နေရာ မည်သည့်အခါတွင် ရပ်စဲသွားမည်ကို မသိနိုင်ပေ ။ ယောဂီသည် ရုပ်နာမ်တရားတို့၏ မပြတ်ဖြစ်ပျက်မှုကို များများသိမြင်လေလေ ဘ၀ဆင်းရဲကို သိမြင်လေလေဖြစ်ပေသည်။ ထိုဘ၀ဆင်းရဲခြင်းအမှန်တရားသည် ရုပ်နာမ်တရားတို့၏ မပြတ်ဖြစ်ပျက်မှုပင်ဖြစ်ပေတော့သည်။ ဘ၀ဆင်းရဲမှုကို များများသိမြင်လေလေ ဆင်းရဲခြင်းမှ လွတ်ဖို့ရာနီးလေလေ ဖြစ်သောကြောင့် ဆင်းရဲသည့် သဘာဝအမှန်တရားကို သိချင်သပဆိုလျှင် တရားရှုမှတ်ခြင်းဖြင့် ဘ၀ကို ဓမ္မဖြင့် သုတေသနပြုရမည်ဟု သတိချပ်သင့်ပေသည်။
၂။ ဆင်းရဲကြောင်းအမှန်တရား
ဆင်းရဲကြောင်းတရားဆိုသည်မှာ ဘ၀ခန္ဓာအသစ်ဖြစ်ပေါ်ကြောင်း သမုဒယတဏှာ ပင်ဖြစ်၏ “ယာယံ တဏှာ ပေါနောဗ္ဘ၀ိကာ” တဏှာ လောဘတရားသည် ဘ၀အသစ်ကို တစ်ဖန်ဖြစ်စေတတ်၏ ဟုပြဆိုထားရာ ဘ၀ခန္ဓာအသစ်ဖြစ်ကြောင်း ဆင်းရဲကြောင်းအမှန်တရားမှာ တဏှာလောဘ ပင်ဖြစ်ပါသည်၊ ထိုလောဘကိုပင်လျှင် သမုဒယသစ္စာ ဆင်းရဲကြောင်းအမှန်တရားဟုခေါ်ပါ သည်။
၃။ ဆင်းရဲချူပ်ခြင်းအမှန်တရား
ဆင်းရဲဖြစ်ကြောင်း တဏှာတရားကို ဓမ္မနှင့် ပယ်သတ်ခြင်းဖြင့် တဏှာချူပ်လျှင် ဆင်းရဲချူပ်ငြိမ်းသည် ။ ဤသည်ကိုပင် နိရောဓ သစ္စာ ဆင်းရဲချူပ်ခြင်းအမှန်တရားဟု ခေါ်ပါသည်။
၎။ ဆင်းရဲချုပ်ကြောင်းအမှန်တရား
ထိုအမှန်တရားကား ဆင်းရဲ ချူပ်ငြိမ်းကြောင်းဖြစ်သည့် ပုဗ္ဗဘာဂပဋိပဒါ မဂ္ဂင်ကို ခေါ်ပါသည်၊ ပုဗ္ဗဘာဂ- မဂ်၏ရှေးအဖို့၊ ပဋိပဒါ -ကျင့်ရမည့်၊ မဂ္ဂ-လမ်းဖြစ်သည်။ မဂ်၏ရှေးအဖို့ ကျင့်ရမည့် အကျင့်တရားမှာ မဂ္ဂင်(၈)ပါး အကျင့်တရား ဖြစ်ပါသည်။ ထိုမဂ္ဂင်(၈)ပါး အကျင့်တရားကို မည်သို့ အသုံးပြုမည်နည်း။ အသုံးပြုပုံကား သတိပဋ္ဌာန်တရားကို လက်တွေ့ကျင့်သုံးခြင်းပင်ဖြစ်ပါသည်။ ဤနေရာ၌ အကျဉ်းချူံးကာ နားလည်လောက်ရုံမျှ ဖေါ်ပြပေးပါမည်။
ယောဂီသည် တရားရှုမှတ်မည်ကြံသောအခါ လူဆိုလျှင် ငါးပါး၊ရှစ်ပါး၊သီလဆောက်တည်ရသကဲ့သို့၊ သာမဏေဆိုလျှင် သာမဏေသီလ၊ရဟန်းဆိုလျှင် ရဟန်းသီလ လုံခြုံအောင် စောင့်ထိန်းကြရပါမည်။ ထိုစောင့်ထိန်းသော သီလတရားများသည် သီလမဂ္ဂင်မည်၏။
ယောဂီသည် ရှုမှတ်ရမည့် အာရုံထင်ရှားဖြစ်ပေါ်လာသောအခါ ထိုအာရုံကို ရှုမှတ်နိုင်စေရန် ကြောင့်ကြစိုက်ပေးခြင်းသည် သမ္မာဝါယာမ မဂ္ဂင်မည်၏၊ အာရုံပေါ်တိုင်း အမှတ်ရနေခြင်းသည် သမ္မာသတိမဂ္ဂင် မည်၏။ အာရုံအပေါ်တွင် ရှုသိစိတ်ကပ်၍ တည်နေခြင်း သည် သမ္မာသမာဓိမဂ္ဂင် မည်၏၊ ဤကား သမာဓိမဂ္ဂင်သုံးပါးဖြစ်ပါသည်။
တရားရှုမှတ်သောအခါ ရှုမှတ်စိတ်ကို အာရုံပေါ်သို့ ရောက်အောင် တင်ပေးရပါသည်၊ ဤသည်ကိုပင် သမ္မာသင်္ကပ္ပမဂ္ဂင် ဟုခေါ်၏။ အာရုံနှင့်ရှုသိစိတ်တွေ့ဆုံတိုင်း အမှန်အတိုင်းသိတာက သမ္မာဒိဋ္ဌိမဂ္ဂင်မည်၏။
အချူပ်ဆိုရသော် သတိပဋ္ဌာန်တရားပွားများခြင်းသည်ပင်လျှင် မဂ္ဂင်ရှစ်ပါးအကျင့်ဟုခေါ်ပါသည်။ ထိုအကျင့်တရားများကို ကျင့်သုံးခြင်းဖြင့် သဘာဝအမှန်တရားများကို အဆင့်ဆင့် သိမြင်မျက်မှောက်ပြုကာ လောကအဆုံး(ဆင်းရဲအဆုံး)ကို ရောက်ကြရသော ကြောင့် သဘာဝအမှန်တရားဆိုသည့် အရိယာသစ္စာတရားသည် သစ္စာတရားမှန်သမျှတို့တွင် တုနှိုင်းမမီသော သစ္စာတရားဖြစ်ကြောင်း တင်ပြရေးသားလိုက်ရပါတော့သတည်း။

တုနှိုင်းမမီ(၁၀)

နောက်တစ်ခု တုနှိုင်းမမီ ဥစ္စာပစ္စည်းကား လူသားတို့၏ အရည်အသွေးတစ်ခုဖြစ်သည့် ကိုယ်ကျင့်တရားဖြစ်ပါသည်။ ထိုကိုယ်ကျင့်တရားနှင့်စပ်လျဉ်း၍ တုနှိုင်းမမီ(၃)တွင် သီလအရိပ် ဆိုပြီး ရေးသားခဲ့ပြီးပါပြီ၊ သို့သော် ပို၍ပြည့်စုံသွားအောင် ကျန်တာလေးတွေကို ဆက်လက်ရေးသားပေးပါဦးမည်။

ကိုယ်ကျင့်တရားသည် ၀ါရိတ္တသီလနှင့်စာရိတ္တသီလ ဟုနှစ်မျိုးရှိပေသည်။ ၀ါရိတ္တဆိုသည်မှာ တားမြစ်ထားခြင်းဖြစ်သည်။ အဘယ်ကြောင့် တားမြစ်ရပါသနည်းဟူမူ ဥပမာ- မီးကို ကိုင်လျှင် ပူလိမ့်မည်၊ ပူမှာစိုး၍ မကိုင်ပါနှင့် ဟု တားမြစ်ထားသလို သူတစ်ပါးအသက် မသတ်ပါနဲ့ သတ်လို့ရှိလျှင် ပါဏာတိပါတ၏ ခါးသီးသော တုံ့ပြန်မှုကို ခံရပေလိမ့်မည်။ ထို့ကြောင့် ပါဏာတိပါတ စတာတွေကို မလုပ်ပါနှင့် ဟုတားမြစ်ထားတာကို ၀ါရိတ္တသီလ ဟုခေါ်ပေသည်။ စာရိတ္တသီလဟူသည် ကျင့်ရမည်ဟု သတ်မှတ်ထားသည့် လူသားတို့၏ ဆရာဝတ်၊ သားသမီးဝတ်၊ မိဘ၀တ်၊ တပည့်ဝတ်၊ လင်ကျင့်ဝတ်၊မယားကျင့်ဝတ်စသည့် ကျင့်ဝတ်ဆိုင်ရာများကို ကျင့်သုံးခြင်းသည် စာရိတ္တသီလဖြစ်ပါသည်။
ဤတွင် ၀ါရိတ္တသီလနှင့်ပတ်သက်၍ (ပါဏာတိပါတ ဝေရာမဏိ) သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ ဟု ဆောက်တည်ရုံမျှနှင့် မပြည့်စုံနိုင်ပေ၊ အဘယ့်ကြောင့်နည်း သီလဆောက်တည်ထားသော်လည်း အသက်အန္တရာယ်ကို အကာအကွယ်ယူရန်ဟုဆိုကာ အသက်သေစေနိုင်သည့် လက်နက်တွေကို မိမိလက်ဝယ် ထားရှိမည်ဆိုပါကလည်း ပါဏာတိပါတ သီလ မပြည့်စုံနိုင်သည်ကို သတိထားရပေမည်။ အဒိန္နဒါနာ သူတစ်ပါးပစ္စည်းကို ခိုးခြင်းမှရှောင်ကြဉ်ပါသည်ဟု စောင့်ထိမ်းထားသော်လည်း အရှင်မပေးသော ပစ္စည်းကို အပ်တစ်ချောင်းမျှပင်ဖြစ်စေ မသိဘဲ ရယူလိုသောစိတ်ဖြင် ကိုင်ရွှေ့လိုက်မည်ဆိုက အဒိန္နဒါနာ သိက္ခာပုဒ် မပြည့်စုံနိုင်သည်ကို သတိထားရပါမည်။ ကာမေသုမိစ္ဆာစာရ နှင့်ပတ်သက်ပြီး ယောင်္ကျားဆိုလျှင် သတ်မှတ်ထားသော အမျိုးသမီး(၂၀)ကို မသွားလာဘဲ ရှောင်ကြဉ်မှသာလျှင် ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်ပြည့်စုံနိုင်ပေသည်။ အမျိုးသမီးဆိုလျှင် တစ်ခြားယောင်္ကျားကို စိတ်နှင့်မျှ မပြစ်မှားမှသာလျှင်ဲ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် ပို၍ ပြည့်စုံပါသည်။ လိမ်ပြောခြင်းမှ ရှောင်ကြဉ်သော မုသာဝါဒသိက္ခာပုဒ်ကို စောင့်ထိမ်းထားရုံမျှမက (သစ္စ၀ါဒီ) မှန်၍အကျိုးရှိသောစကားကို ပြောဆိုမှသာလျှင် မုသာဝါဒသိက္ခပုဒ် ပြည့်စုံနိုင်ပေသည်။ အရက်သေစာသောက်စားခြင်းသည်လည်း စောင့်ထိမ်းရုံမျှမဟုတ် ကိုယ်တိုင်လည်း မူးယစ်စေတတ်သည့် အရာများကို၊ ထမင်းစားခါနီး ဟုဆိုကာ အကြောင်းပြ၍ ဆေးဖြစ်ဝါးဖြစ်လောက်လည်း မမှီဝဲသင့်ပေ။ နည်းနည်းသောက်လျှင် ဘာမှမဖြစ်နိုင်ပါဘူးဆိုသူတွေဟာ မမူးသော်လည်း ကိုယ်ကျင့်သိက္ခာကျသွားခြင်း စိတ်ထွေပြားစပြုလာခြင်း၊ အမှန်ကိုမဆုံးဖြတ်နိုင်ခြင်းတို့ကြောင့် ကိုယ့်အရည်အသွေးတွေ ကျဆင်းသွားရလေတော့သည်။
ဆိုလိုသည်မှာ သီလ (morality) ကိုဆောင်တည်ရုံမျှဖြင့် မပြည့်စုံနိုင်၊ ကိုယ်တိုင်လည်း သီလတရားကို ကျင့်သုံးမှသာလျှင် ပြည့်စုံနိုင်ပေသည်။ ကိုယ်ကျင့်တရား ထိန်းသိမ်းစောင့်ရှောက်မှုကာလ ကြာမြင့်လာလေလေ ကိုယ်အရည်သွေး မြင့်မားလာလေလေဖြစ်ပေသည်၊ ထိုမှတစ်ဆင့် မြင့်မားလာသည့် ကိုယ်အရည်အသွေးကို အခြေခံကာ ၀ိပဿနာဘာဝနာတရားကို လက်တွေ့ ပွားများခြင်းဖြင့် ၀ိမုတ္တိရသ ဟူသည့် ပန်းတိုင်သို့ ရောက်ရှိနိုင်မည်မှာ မလွဲပေ၊ ထို့ကြောင့် လူတော်လူကောင်းတစ်ယောက် ဖြစ် စေရန်(အရည်အသွေးမြင့်မားသည့်လူတစ်ယောက်ဖြစ်စေရန်) ကိုယ်ကျင့်တရားနှင့်ပြည့်စုံရပါမည်။
ဟိရီ သြတ္တပ္ပ (Shame to do evil, hiri ) (Fear to do evil, attapa)
လူ့အရည်အသွေးကို မြင့်မားလာစေနိုင်သော ကိုယ်ကျင့်တရားများ လုံခြုံပြည့်စုံစေရန်အတွက် ဟိရီ သြတ္တပ္ပ တို့သည် အခြေခံကျသော တရားများဖြစ်ပေသည်။ မကောင်းမှုပြုရမှာ ကိုယ့်ကိုယ်ကို ရှက်နေခြင်းသည် ဟိရီ မည်၏ ထိုဟိရီ တရားထားခြင်းသည် မိမိကိုယ်ကို လေးစားခြင်းဖြစ်၏။ အရှက်တရားကြောင့် မကောင်းမှုပြုလုပ်ခြင်းမှ ဝေးကွာသွားခြင်း ဖြစ်ပါသည်။ သြတ္တပ္ပတရားသည် မကောင်းမှုပြုလုပ်လျှင် ပတ်ဝန်းကျင်၏ ကဲ့ရဲ့ ရှုတ်ချမှု အပြစ်တင်မှုကို စိုးရိမ်ကြောက်လန့်နေသည်၊ ထိုသြတ္တပ္ပတရား ထားခြင်းသည် ပတ်ဝန်းကျင်ကို လေးစားခြင်းဖြစ်၏။ ဤသို့ဖြင့် စိုးရိမ်ကြောက်လန့်မှုတို့ကြောင့် မကောင်းမှုပြုလုပ်ခြင်းမှ ဝေးကွာသွား ခြင်းပင်ဖြစ်ပါသည်။
ထိုတရားနှစ်ပါးသည် လောကလူသားများအား အရှက်၊အကြောက်ဟူသော စည်းကမ်းဘောင်အတွင်းကနေ မကျော်လွန်မိစေရန် စောင့်ရှောက်သည့်အပြင် မကောင်းမှုများမှ ရှောင်ကြဉ်ကာ လူသားလောကကို မပျက်စီးရအောင် စောင့်ရှောက်ပေးတတ်သောကြောင့် လောကပါလတရား (GUARDIAN OF THE WORLD) ဟုခေါ်ပါသည်။ လောကတွင် အမေနှင့်သား၊ အဖေနှင့်သမီး၊ မောင်နှင့်နှမ၊ သားနှင့် သမီး များအဖြစ်ဖြင့် နေရာမှန်ရပ်တည်နေနိုင်ကြသည်မှာ ထိုလောကပါလတရားနှစ်ပါးကြောင့်ပင်၊ အကယ်၍ ထိုလောကပါလတရားများ မရှိလျှင် လူသားတို့သည် မတွေးဝံ့သည့် အပြုအမူများကို ပြုလုပ်လာနိုင်သည် ၊ တိရစ္ဆာန်လောကတွင် လောကပါလတရား မရှိသောကြောင့် အမေနှင့်သား၊ အဖေနှင့်သမီး၊ မောင်နှင့်နှမ၊ သားနှင့် သမီး မှန်းမသိကြဘဲ ဖေါက်လွဲဖေါက်ပြန် ဖြစ်နေကြသည်၊ ထိုကြောင့် လူသားများပင် ဖြစ်သော်လည်း ထိုတရားနှစ်ပါးမရှိလျှင် တိရစ္ဆာန်နှင့်မည်သို့မျှ ထူးခြားမည် မဟုတ်ပေ။ ထို့ကြောင့် လောကကြီးကို သာယာစိုပြေစွာ အလှဆင်ပေးနိုင်ပြီး လူသားများအား လူတော်လူကောင်းတစ် ယောက်ဖြစ်စေရန် အထောက်အပံ့ပေးနိုင်သောကြောင့် ထိုလောကပါလတရားနှစ်ပါးသည် လူသားများအတွက် မရှိမဖြစ် ပြည့်စုံရမည့် တရားဖြစ်ပါသည်။ နောက်တစ်ခုပြည့်စုံရမှာက သုတ ဆိုသည့် အကြားအမြင်ပါ။
သုတ အကြားအမြင်နဲ့ပတ်သက်၍ တုနှိုင်းမမီ(၄)တွင် အကျယ်တ၀င့်ဖေါ်ပြပြီးဖြစ်၍ ဤတွင် မဖေါ်ပြတော့ပြီ။
စာဂ (Charity)
စာဂဟူသည် စွန့်ကြဲခြင်း လှူဒါန်းခြင်းတို့ဖြစ်သည်၊ စွန့်ကြဲခြင်းနှင့်လှူဒါန်းခြင်းသည်စွန့်လွတ်တာခြင်းအတူတူပင်ဖြစ်သော်လည်း သုံးစွဲသည့်နေရာဌာနအားဖြင့် မတူညီကြပေ၊ သိက္ခာဝါတော်ကြီးသော ပုဂ္ဂိုလ်က မိမိအောက်ငယ်သော သူအား ပေးကမ်းလျှင် စွန့်ကြဲပေးကမ်းသည်ဟု သုံးစွဲသကဲ့သို့ သိက္ခာဝါတော်ငယ်သောသူက ကြီးသောသူအား ပေးကမ်းလျှင် လှူဒါန်းသည်ဟု ခေါ်ဝေါသုံးစွဲကြသည်။ လူများက သံဃာတော်များကို ဆိုလျှင် လှူဒါန်းသည်ဟု ခေါ်ဝေါ်သုံးစွဲကြသလို လူသားအချင်းချင်းဆိုလျှင် ပေးကမ်းစွန့်ကြဲ သည်ဟု ခေါ်ဝေါ်သုံးစွဲကြသည်၊ မည်သို့ပင်ဆိုစေ စာဂတရား၏ သဘောကား စွန့်လွတ်မှုပင်ဖြစ်ပါသည်။
စာဂတရားနှင့်ပြည့်စုံသော လူတစ်ယောက်ကို ပတ်ဝန်းကျင် မိတ်ဆွေသင်္ဂဟများက ချစ်ခင်ကြပါသည်၊ အားကိုးကြပါသည်။ လူတစ်ယောက်ဟာ ရပ်ကွက်အတွက်ဖြစ်စေ၊ မြို့ရွာအတွက်ဖြစ်စေ လိုအပ်ရာရာ ပစ္စည်းများကို စွန့်လွတ် လှူဒါန်းနေလျှင် ထိုသူ့ကို မြို့ရွာနေလူများက ချစ်ခင်ကြသည်သည့်အပြင် ကိုယ်ပြောလိုက်သည့်စကားကိုလည်း ရိုသေစွာလိုက်နာကြကာ သြဇာတိက္ကမ ရှိသည်။ စာဂတရားမရှိဘူးဆိုပါလျှင် ‘ ဒီလူ ကပ်စီးနှဲလိုက်တာ’ ဟုဆိုကာ မည်သူမှ မိတ်ဆွေမဖွဲ့ကြသည့်အပြင် လူချစ်လူခင်လည်း မရှိတော့ပေ။ ပြောလိုက်သောစကားသည်လည်း အခွန်းတစ်ရာပြော၍ တစ်ခွန်းအရာမထင်ပေ။ ထို့ကြောင့် စာဂတရားသည် လူသားတို့အလယ်တွင် အစွမ်းထက်မြက်လှပေ သည်။
စာဂနှင့်ပတ်သက်၍ စိတ်ဝင်းဝင်စားဖွယ်ရာ အဖြစ်အပျက်တစ်ခုပြောပါဦးမယ်၊ ကဿပဘုရားရှင် လက်ထက်တော်က ဃဋိကာရ အမည်ရှိ အိုးဖုတ်သမားသည် ဘုရားသာသနာနှင့် လွန်စွာရင်းနှီးခဲ့ပါသည်။ တစ်နေ့သ၌ ကျောင်းတော်တွင် မြက်မိုးကုဋီကျောင်း တစ်ဆောင် ဆောက်လုပ်ရာ သက်ငယ်အမိုး လိုနေသည့်အတွက် ရဟန်းတော်များသည် ဃဋိကာရအိုးဖုတ်သမား၏ အိမ်က သက်ငယ်အမိုးကို သွားရောက်ဖြုတ်ကြစဉ် မျက်မမြင် မိဘနှစ်ပါးက “ ဒို့အိမ် အမိုးတွေလာဖြုတ်ကြတာ ဘယ်သူတွေလဲ” ဟု မေးသောအခါ “ ကျောင်းက ကိုယ်တော်တွေပါ ဒကာကြီး ဒကာမကြီး” ရဟန်းတော်များက ပြန်ဖြေပါသည်။ မျက်မမြင်မိဘနှစ်ပါးက “ ကျောင်းက ကိုယ်တော်တွေဆို ဖြုတ်ကြ……..ဖြုတ်ကြ” ဟု ပြောကြပါသည်။ ဃဋိကာရအိုးဖုတ်သမားသည် တောထဲက ပြန်လာ သောအခါ “ သားရေ…..မင်းကျောင်းက ကိုယ်တော်တွေ မြက်မိုးကုဋီကျောင်း ဆောက်လုပ်ရာမှာ သက်ငယ်အမိုး မလောက်သည့် အတွက် မင်းအိမ်က အမိုးကို လာဖြုတ်ကြပါတယ်” ဟုမိဘများကပြောသောအခါ ဃဋိကာရလည်း လွန်စွာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ ထိုကဲ့သို့ သူတို့ မိသားစု၏ ထက်သန်သောစေတနာဖြင့် စွန့်လှူလိုက်ရသောကြောင့် ဤဘဒ္ဒကမ္ဘာပတ်လုံး ဃဋိကာရအိုးထိန်းသည် မိသားစု နေခဲ့သည့်အိမ်နေရာတွင် အပြင်ဘက်က မည်မျှပင် မိုးရွာရွာ ယခုအချိန်အထိ မိုးမစိုဘူး။ ဤကား စာဂတရား၏ စွမ်းအားမြင့်မားပုံအခြင်းရာ ဖြစ်ပါသည်။
ထို့ပြင် ဒါနတော ဘောဂ ၀ါ ဟောတိ - စွန့်ကြံပေးကမ်းလှူဒါန်းဝေငှ မြတ်ဒါနကြောင့် ဖြစ်လေရာဘ၀ မျက်နှာမငယ်ဘဲ အထက်တန်းကျကျ ဖြစ်ရသည်။ ထို့ကြောင့် နိဗ္ဗာနံ ပါပကံ မူလံ = စွန့်ကြဲပေးကမ်းလှူဒါန်းမှုသည် နိဗ္ဗာန်ရောက်ကြောင်း မူလအစ တရားကောင်းတစ်ခုဖြစ်ပေသည်၊ ဘ၀ သံသရာကျင်လည်ရာတွင် ထိုစာဂတရား ခေါင်းပါးသောကြောင့် အများနှင့်မတူ ဖြစ်လေရာဘ၀ အဆင့်အတန်းနိမ့်ကျစွာနေရသည့်အပြင် ပစ္ဆိမဘ၀ိက ဟူသည့် နောက်ဆုံးဘ၀ရောက်သည့်တိုင် နိမ့်ကျသောဘ၀ဖြင့် အရိယာရဟန္တာဖြစ်တော်မူရပေသည်။ ထို့ကြောင့် စာဂသည် ဘ၀သံသရာတွင် အများနှင့်မတူ အဆင့်အတန်းမြင့်မားပြီး နိဗ္ဗာန်တိုင်အောင် ပေါက်မြောက်စေနိုင်ကြောင်း အထောက်အပံ့ကောင်း ဖြစ်သောကြောင့် တုနှိုင်းမမီသည့် ဥစ္စာတစ်ခုဟု ရေးသားလိုက်ရပါသည်။
ပညာ (Knowledge)
ပညာသည် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်သော အသိဥာဏ် ဖြစ်ပါသည်။ ထိုအသိဥာဏ်နှင့် ပတ်သက်၍ ဤနေရာတွင် သမ္ပဇဉ်တရား လေးပါးကို ပြောချင်ပါသည်။ သမ္ပဇည ၏ လိုရင်း အဓိပ္ပါယ်မှာ “အသိဥာဏ်” ပင်ဖြစ်ကြောင်း မဟာစည်ဆရာတော်ဘုရား ကြီး ရေးသားတော်မူခဲ့သည့် မဟာသတိပဋ္ဌာနသုတ်နိဿယ စာမျက်နှာ (၈၃-၈၄) မှတ်ချက်အဓိပ္ပါယ်တွင် ဖေါ်ပြထားပါသည်။ (သမ္ပဇည) အသိဥာဏ်သည် (၄)မျိုးရှိပါသည်။
၁။ အပြောအဆို အပြုအမူ စိတ်အကြံများအနက် တစ်ခုခုသည် အကျိုးရှိ/မရှိ ဆိုသည်ကို ဦးစွာ စဉ်းစားဆင်ခြင်ရပါသည်။ ဒီလုပ်ငန်းကို လုပ်လျှင် အကျိုးရှိနိုင်သည် ဟု သိရှိပါက ထိုအလုပ်ကို ပြုလုပ်ခြင်းဖြင့် ကိုယ့်ဘ၀ ကောင်းကျိုးချမ်းသာကို ဖြစ်စေနိုင်ပါသည်။ အကယ်၍ အကျိုးမရှိဟု သိရှိပါက ထိုအလုပ်ကို မလုပ်ဘဲ နေရမည်ဖြစ်ပါသည်။ ထိုသို့ အကျိုးရှိ/မရှိကို စဉ်းစားတွေးတောသည့် အသိဥာဏ်ကို သတ္ထကသမ္ပဇဉ် ဟုခေါ်ပါသည်။
၂။ အလုပ်တစ်ခုသည် အကျိုးရှိသော်လည်း လုပ်သင့်/မလုပ်သင့် စဉ်းစားဆင်ခြင်ရပါမည်။ အကျိုးမြတ်အများကြီး ရရှိမည့်လုပ်ငန်းတစ်ခုဖြစ်သော်လည်း အသက်အန္တရာယ်နှင့် မုချတွေ့ကြုံရနိုင်သည်ဟု သိလျှင် မည်မျှကောင်းကျိုးရမည် ဆိုစေဦးတော့ မလုပ်သင့် ဟု ဆင်ခြင်စဉ်းစားပြီး မလုပ်ပါနှင့်၊ အမျီုးသမီးတစ်ယောက်အား တရားစကားပြောပေးခြင်းဖြင့် အကျိုးရှိမည်ဟု သိသော်လည်း တရားစကား ပြောကြမည့် ထိုအမျိုးသမီးနှင့် ဆိတ်ကွယ်ရာတွင် နှစ်ယောက်ထဲ ဖြစ်ခဲ့ပါက အကျိုးရှိသည်ကို သိပေမယ့် မသင့်တော်သော ကြောင့် မပြုလုပ်ရပေ။ အကျိုးလည်းရှိမည် လုပ်လည်းလုပ်သင့်သည့်အရာကိုတော့ အသိဥာဏ်ဖြင့် စဉ်းစားကာ ပြုလုပ်ရပါမည်။ ထိုသို့ အကျိုးရှိသော်လည်း သင့်/မသင့် ကို ဆင်ခြင်စဉ်းစားသည့် အသိဥာဏ်သည် သပ္ပာယသမ္ပဇဉ် ဟုခေါ်ပါသည်။
ထိုတရားနှစ်ပါးသည် လောကရေးရာ /ဓမ္မရေးရာ နှစ်ပါးစလုံး ကျေးဇူးများပေ၏ ထိုတရား (၂)ပါးနှင့်ပြည့်စုံလျှင် လောကတွင် ကြီးပွားတိုးတက်စေနိုင်၏၊ ဓမ္မရေးရာတွင် သမထ ၀ိပဿနာအရာ၌ သမဓိ ပညာ တို့ကို လျင်မြန်စွာ ပြည့်စုံနိုင်ပေ၏၊ ထိုသမ္ပဇည တရား(၂)ပါး သည် သမထလည်းမဟုတ် ၀ိပဿနာလည်းမဟုတ်၊ သမထ၀ိပဿနာ၏ အခြေခံ အထောက်အပံ့မျှသာ ဖြစ်ချေ၏ ထိုသမ္ပဇဉ်(၂)ပါးကို ပါရိဟာရိကပညာ ဟု ၀ိသုဒ္ဓိမဂ်၌ ခေါ်ဆိုထားပါသည်။
၃။ ၀ိပဿနာတရားအားထုတ်နေသော ယောဂီမှာ ဥပါဒါနက္ခန္ဓာငါးပါးဟူသော ၀ိပဿနာ၏ အာရုံ၌ မပြတ်နှလုံးသွင်းမှု ရှုမှတ်မှုသည် ဂေါစရသမ္ပဇဉ် ဟုခေါ်ပါသည်။ သွားရပ်ထိုင်လျောင်းတို့တွင် မည်သည့်အမူအရာမျိုးကို မဆို သတိပဋ္ဌာန်လေးပါးတရားနှင့်တကွ ထိုအာရုံလေးပါးကိုပင် ယောဂီ၏ ကျက်စားရာနယ်ပယ်အပိုင်ဖြစ်သောကြောင့် ဂေါစရ ဟုလည်းကောင်း၊ ထိုလေပါး၌ မပြတ်သိမှတ်မှု အသိဥာဏ်ကိုပင် ဂေါစရသမ္ပဇဉ် ဟု ခေါ်ဆိုရပါသည်။ အချူပ်ဆိုရသော် ယောဂီသည် ၀ိပဿနာတရားအားထုတ်ရာတွင် မပြတ်အမှတ်သတိဖြင့် ရှုမှတ်မှုဖြင့် ပြည့်စုံခြင်းသည်ပင်လျှင် ဂေါစရာသမ္ပဇဉ် နှင့်ပြည့်စုံသည်ဟု ဆိုရပါသည်။ နိဗ္ဗာန်လိုလား ယောဂီများ သည် ဆိုခဲ့ပြီးသော ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံသထက်ပြည့်စုံအောင် ကြိုးစားမည်ဆိုပါလျှင် တရားထူးရနိုင်ပါကြောင်း အာဠိန္ဒကကျောင်းနေ မဟာဖုဿဒေ၀မထေရ်အကြောင်းကို အကျဉ်းမျှ ဖေါ်ပြပေးပါမည်။
မဟာဖုဿဒေ၀မထေရ်သည် ၁၉ နှစ်ပတ်လုံး ဆွမ်းခံကြွသောအခါ ရှုမှတ်မှုဖြင့်ကြွတော်မူပါသည်၊ ရှုမှတ်မှုလွတ်သွားလျှင် ထိုလွတ်သွားသော နေရာသို့ တဖန်ပြန်လာပြီး ရှုမှတ်မှုဖြင့် တဖန်ပြန်သွားလေ၏ ထိုကဲ့သို့ ရှုမှတ်မှုလွတ်ခဲ့သည်ထင်ရသော နေရာတိုင်းတွင် တဖန်ပြန်လာကာ ရှုမှတ်မှု(ဂေါစရသမ္ပဇဉ်)ဖြင့်ပြည့်စုံစေရန် အထူးကြိုးစားလျှက် တရားရှုမှတ်လာရာ အနှစ်(၂၀)မြောက် အတွင်းမှာ ရဟန္တာ ဖြစ်တော်မူခဲ့ပါသည်။
၎။ လမ်းမှား၍ မျက်စိလည်နေသောသူသည် အမြင်ရှင်းကာ လမ်းမှန်ရောက်သကဲ့သို့ ခန္ဓာငါးပါးရုပ်နာမ်တရားအပေါ်ဝယ် အသိရှင်းအမြင်ရှင်းသွားသည်ကိုပင် အသမ္မောဟသမ္ပဇဉ် ဟုခေါ်ပေသည်။
ရှင်းလင်းပါဦးအံ့၊
ယောဂီသည် သွား ရပ် ထိုင် လျောင်း စသည်တို့၌ မပြတ်နှလုံးသွင်းရှုမှတ်လျှက် ကနေ ရှုမှတ်မှုစွမ်းရည် မြင့်မားလာလျှင် ဖြစ်ပေါ်သမျှသော သဘောတရား အာရုံတစ်ခု၊ ထိုအာရုံကို သိနေတာကတစ်ခုဟု ခန္ဓာတွင် သိမြင်လာပါသည်၊
ထိုမှတစ်ဖန် ရှုမှတ်မှုဥာဏ်စွမ်းအား မြင့်မားလာသောအခါ ဖြစ်ပေါ်သမျှသော သဘောတရားများသည် ပေါ်လာပြီးနောက် ပျောက်ပျက်သွားသည်ဟု ရှုမှတ်ဆဲတွင် တီဗွီဖန်သားပြင်၌် မြင်ရသလို ပြတ်သားစွာ အသိအမြင်ရှင်းသွားပါသည်။ ထိုသို့ မပြတ်ရှုမှတ်ဆဲတွင် အသိရှင်းသွားသည်ကိုပင် အသမ္မေဟသမ္ပဇဉ် ဟုခေါ်ဆိုရပါသည်။ ထိုအသိအမြင်ရှင်းသည့် အသမ္မေဟသမ္ပဇဉ်သည် မပြတ်ရှုမှတ်မှု (ဂေါစရသမ္ပဇဉ်)အတွင်းမှာသာ ဖြစ်နိုင်သည်၊ တွေးတော၍ဖြစ်စေ၊ ရှုမှတ်မှုကွာဟနေ၍ဖြစ်စေ အသိဥာဏ်မဖြစ်လာနိုင်ဟူလို။
အချုပ်ဆိုရသော် အသိဥာဏ်ဟူသည့် ပညာသည် လောဘ ဒေါသ မောဟ စသောကိလေသာများ မဖြစ်စေရန် ထိန်းချုပ်(Control) ပေးနိုင်သောကြောင့် လူသားများအား စိတ်စွမ်းရည်မြင့်မားစေပါသည်။ ထို့ကြောင့် အသိဥာဏ်သည် လူသားများအတွက် မည်သည့်အရာနှင့်မျှ တုနှိုင်း၍ မမီနိုင်အောင်ပင် အစွမ်းထက်လှပေသည်။
ဖေါ်ပြခဲ့ပြီးသည့် ဥစ္စာ (၇)မျိုးသည် လူ့အရည်အသွေးကို မြင့်မားစေပြီး အထွဋ်အထိပ်သို့ ရောက်စေနိုင်သောကြောင့် စာဖတ်သူများသည် ထိုတုနှိုင်းမမီ ဥစ္စာ (၇)မျိုးကို ရယူသုံးစွဲခြင်းဖြင့် အရည်အသွေးမြင့်မားသည့်ဘ၀တိုင် လျှောက်လှမ်းနိုင်ကြသည့် လူတော်လူကောင်းများ ဖြစ်ကြပါစေကြောင်း ရေးသားလိုက်ရပါတော့သတည်း။

Twitter Delicious Facebook Digg Stumbleupon Favorites More