Friday, August 10, 2007

“တုနှိုင်း မမီ (၂)

ယနေ့ကမ္ဘာကြီး၌ အိုင်တီနည်းပညာသည် လျှင်မြန်သော အဟုန်ဖြင့် တိုးတက် လျှက်ရှိရာ International network (Internet) ဆိုသည့် အပြည်ပြည်ဆိုင်ရာ ကွန်ယက်ချိတ်ဆက်မှု ဖြင့် ကမ္ဘာကြီးတစ်ခုလုံးကို ရွာလေးတစ်ရွာအလား ထင်မှတ်ရလောက်အောင် ကမ္ဘာ့အရှေ့ ခြမ်းမှ အနောက်ခြမ်းသို့ E mail ဖြင့်သော်၎င်း၊ g talk ,VZ0chat, yahoo masanger, skype စသည်တို့ဖြင့် ချက်ခြင်းပင် webcam နှင့် ရုပ်မြင်၍ဖြစ်စေ ၊ စာရိုက်၍့ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ ဆက် သွယ်၍ ရနေပါပြီ။ ထို့ကြောင့် ရှေးယခင်ီက ကမ္ဘာကြီးသည် အလွန်ကျယ်ဝန်းသည်ဟု ဆိုရသော်ငြားလည်း ယနေ့ အိုင်တီခေတ်ကြီးတွင် အလွန် ကျဉ်းမြောင်းသွားလေပြီဟု ဆိုရ ပါမည်။
တစ်ခါက ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ၊ Internet connection ရက်ပိုင်းလောက်ပြတ်တောက်သွားရာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာနှင့် ဆက်သွယ်ပြတ်တောက်ခဲ့ရသည့်အတွက်“Internet မရှိလျှင် သူမြန်မာနိုင်ငံကနေ အမြန်ထွက်ခွာမှ ဖြစ်မည် သို့မဟုတ်ပါက စီးပွားရေးအဆက်အ သွယ်ပြတ်ကုန်တော့မှာ ဖြစ်သည့်အကြောင်း၊ Internet မရှိလျှင် သူ့တွင် အလွန်နစ်နာကြောင်း” ပြောဆိုခဲ့ဖူးသည် ၊ ဤသည်ကို ကြည့်ခြင်းဖြင့် ယနေ့ခေတ်၌ လူသားများအ တွက် Internet သည် အလွန်အရေးပါအ ရာရောက်သည့်အပြင် မရှိမဖြစ်သော အရာတစ်ခုလည်း ဖြစ်နေသည်။


အကယ်၍ လူသားတို့အတွက် Internet သည် မရှိမဖြစ် လိုအပ်သော အရာတစ်ခုဖြစ်နေပြီဆိုလျှင် လွန်ခဲ့သော ထောင်စုနှစ် နှစ်ခုကျော်ကျော်တုန်းကလည်း အင်တာနက်ကို လိုအပ်လိမ့်မည်ဟု တွေးတောစရာပင်။
ထိုခေတ်ဆီက အင်တာနက်ဆိုတာ မပေါ်ပေါက်သေးပါ ၊ သို့သော်လည်း အင်တာနက် ထက် အဆပေါင်းများစွာ စွမ်းရည်မြင့်မားပြီး လောက၌ မည်သည့်အရာနှင့်မျှ တုနှိုင်း၍ မရနိုင်သော အရာတစ်ခု ကား တကယ်ဖြစ်ပေါ်ခဲ့လေသည်။ ထိုအရာကား တစ်ခြားမဟုတ် … မြတ်ဗုဒ္ဓ၏ သဗ္ဗညုတ ဥာဏ် တော်ကြီးပင်ဖြစ်သည်။ ယနေ့ခေတ် အင်တာနက်၏ ဆယ်သွယ်နိုင်သော ဧရိယာမှာ ကမ္ဘာတစ်ဝန်း လောက်မျှသာဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတ ရွှေဥာဏ်တော်သည် ဤကမ္ဘာတွင်းသာမက စကြ်ာဝဠာ ကမ္ဘာပေါင်းများစွာသို့လည်း ဆက်သွယ်နိုင်သည်။ အင်တာနက် အတွက် အသုံးပြုရ သည့် power လျှပ်စစ်စွမ်းအားများလည်းမလို၊ computer လည်းမလို။ softwere တွေကို update လည်းလုပ်ပေးစရာ မလို။ virus ကူးစက်ရန်အကြောင်းလည်းမရှိ။ လူသားများစွာတို့၏ ယခုဖြစ်ဆဲ ဘ၀များကိုလည်း တစ်ခဏခြင်းသိမြင်နိုင်သည့်အပြင်၊ လွန်ခဲ့သော အတိတ်ကာလဆီမှ မရေမတွက်နိုင်သော ဘ၀များစွာက အဖြစ်အပျက်တွေကို အလိုရှိလျှင် အလိုရှိသလောက် တီဗွီ ဖန်သားပြင်တွင် ကြည့်ရသလိုမျိုး တိကျမှန်ကန်သော အဖြေများကို ပေးစွမ်းနိင်သည့် အရာကား ပုဗ္ဗေနိဝါသာနုဿတိဥာဏ် ဟုဆိုရမည့် အစွမ်းထက်သော အင်တာနက်ပင်တည်း။
ထိုမှ်ျမက နောင်ဖြစ်လတ္တံ့သော အဖြစ်အပျက်များကိုလည်း လိုအပ်ရင် လိုအပ်သကဲ့သို့ တိ ကျမှန်ကန်စွာ သိနိုင်ပါသည်။ ထိုအရာကား မြတ်ဗုဒ္ဓ၏ အနာဂတံသဥာဏ်တော်ပင် ဖြစ်ပါသည်။ ယခုဖြစ်ဆဲကာလတွင်လည်း လူ့ပြည် သာမက နတ်ပြည် ၊ ဗြဟ္မပြည်တိုင်အောင်လည်း သိမြင်နိုင်သကဲ့သို့၊ ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ စတဲ့ ဒုဂ္ဂတိဘုံများကိုလည်း တိကျစွာ သိမြင်နိင်စွမ်းရှိပါသည်။ ဆိုခဲ့ပြီးသည်တို့ကား လွန်ခဲ့သော နှစ်ပေါင်း၂၅၀၀ ကျော်ကာလက တကယ်ရှိခဲ့သည့် စွမ်းအားထက်မြက်သော မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင် အင်တာနက်ပင်တည်း။
သို့ဖြင့် ယနေ့ ခေတ်မှီပါသည်ဆိုသော အင်တာနက်သည် ခေတ်ဟောင်းဆီက အင်တာနက်ထက် အဘယ့်ကြောင့် ဤမျှလောက်ကွာခြားပြီး အဆင့်နိမ့်နေရပါသနည်း။
ရှင်းဦးအံ့၊ ယနေ့ခေတ် အင်တာနက် ပေါ်ပေါက်လာရန်အတွက် ပေးဆပ်ရသော အရင်း အနှီး ပမာဏကား လူသားတို့၏ ဦးနှောက်ဥာဏ်နှင့် တီထွင်ပြီး ကိန်းဂဏန်းနှင့် ကာလအားဖြင့် အတိုင်းအတာတစ်ခု အထိ အရင်းအနှီး ရှိရမည်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင်အင်တာနက်ရရှိရန်အတွက် မြတ်ဗုဒ္ဓသည် အလောင်းတော်ဘ၀ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကာလတိုင်အောင် လူတကာပြုနိုင်ခဲသော ပါရမီတော်များကို ဖြည့် ဆည်းခဲ့ရပါသည်။ သမုဒ္ဒရာရေ မည်မှ်ျပင်များပြားစေကာမူ မြတ်ဘုရားအလောင်းတော် လှူဒါန်းခဲ့သော အသွေးတော်၏ အရေအတွက်ကိုကား မမှီနိုင်ပါ။ မိုးကောင်းကင်က ကြယ်တာရာများ မည်မျှ များပြားစေကာမူ လှူဒါန်းခဲ့သော မျက်လုံးတော်၏ အရေအတွက် ကိုကား မမှီနိုင်ပါ။ မြင့်မိုရ်တောင်ကြီးသည် ယူဇနာ ရှစ်သောင်းလေးထောင် မြင့်မားစေကာမူ လှူဒါန်းခဲ့သော ဥုတ်ခေါင်းတော်များစုပုံထားသည့် မြင့်မားမှုကိုကား မမှီနိုင်ပါ။ ကမ္ဘာမြေကြီးသည် မည်မျှပင် ထုထယ်ကြီးမားစေကာမူ လှူဒါန်းခဲ့သော အသားတော်၏ ထုထယ်ကိုကား မမှီနိုင်ပါချေ။ ယနေ့ခေတ် Internet တွင် website data တွေ သန်းပေါင်းများစွာ ဘီလျံပေါင်းများစွာမက ရှိပါသော်လည်း ဆန်းကြယ်နက်နဲမှုအရာမှာမူကား မြတ်ဗုဒ္ဓ၏ ကိုယ်ပိုင် website တွင်လွတ်တင်ထားသည့် သုတ်၊ ၀ိနည်း ၊ အဘိဓမ္မာ၊ တည်းဟူ သော ပိဋကတ်သုံးပုံကို မမှီနိုင်ပါ။
ဤကဲ့သို့ တုနှိုင်းမမှီ ကွာခြားလွန်းမက ကွာခြားလွန်းလှသည့်အကြောင်းမှာ သွေးနှင့်ချွေးနှင့်ပေး ဆပ်ရင်းနှီးခဲ့ရသော မြတ်ဗုဒ္ဓ၏ ပါရမီတော်ကြောင့်ပင်ဖြစ်ပါကြောင်း ။
မြတ်ဗုဒ္ဓ၏ ပါရမီတော်အဟုန်၊ ဂုဏ်တော်အစုံ၊ သဗ္ဗညုတရွှေဥာဏ်တော်ဂုဏ်တို့ကို အာရုံ ပြု၍ ဗုဒ္ဓာနုဿတိဘာဝနာများ ပွားများနိုင်ကြစေရန် ရည်ရွယ်လျှက် မဟာဂန္ဓာရုံဆရာတော်ဘုရား ကြီး အရှင်ဇနကာဘိဝံသ ၏ လင်္ကာလေးကို နိဂုံးချူပ် ဖေါ်ပြလိုက်ရပါသည်။ ။



သဗ္ဗညုတဥာဏ်တော်၏ အစွမ်း

၁။ သိရန်မှန်က,မကျန်ရအောင်,လုံးဝစုံလင်,အကုန်မြင်,သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်။
၂။ သိသည့်တရား ၊ များအပြား၌ ၊ ဟောထားစဖွယ် ၊ နည်းသွယ်သွယ်ကို ၊ ခြယ်လှယ်စုံ လင် ၊ အကုန်မြင် ၊ သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
၃။ ကျွတ်ထိုက်ကြပေ ၊ များဝေနေ၏ ၊ ဣနြေ္ဒစရိုက် ၊ သူ့အကြိုက်ကို ၊ နှိုက်ချွတ်စုံလင် ၊ အ ကုန်မြင် ၊ သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
၎။ ဥာဏ်တော်စွမ်းပကား ၊ ဤသုံးပါးကြောင့် ၊ အများဝေနေ ၊ ကျွတ်လွတ်စေဖို့ ၊ မနေမနား ၊ သက်တော်အားဖြင့် ၊ ကြီးမားလေဘိ ၊ ရှစ်ဆယ်ပြည့်၍ ၊ ပရိနိဗ္ဗာန် ၊ စံသည့်တိုင် အောင် ၊ သယ်ယူဆောင် ၊ ဘုန်းခေါင် ငါတို့ဘုရားတည်း ။ ။


“စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ”

ဦးကောဝိဒ (မြိတ်)
19, July, 2007, 12:52 AM ရေးသားပြီးစီးးသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More